ဖရဲသီးက ရေပန်းစားရှာဖွေမှုထဲပါလာနိုင်မလား?!
Vol. 9 Ch. 132
ချန်တပေနှင့်လုံခြုံရေးအစောင့်များကအံ့သြသွားကြပြီး ဖရဲသီးများကိုစရွှေ့လိုက်သည်။
ဒီလောက်ကြီးတဲ့ဖရဲသီးကိုရွှေ့ရတာ အလွန်ခက်၏။ သူတို့အုပ်စုက နည်းလမ်းမျိုးစုံနှင့် အားတော်တော်စိုက်၍ တစ်လုံးကိုချလိုက်သည်။ ဖရဲသီးကအလွန်ကြီးနေသဖြင့် လှည်းနှင့်တစ်ကြိမ်တစ်လုံးသာသယ်နိုင်၏။
ဖရဲသီးကြီးကိုလှည်းပေါ်တင်ပြီးနောက် အစောင့်နှစ်ယောက်ကတွန်းဖို့တာဝန်ယူလိုက်သည်။ ချန်တပေက ဂရုစိုက်သယ်ဖို့သတိပေးနေစဉ် သူတို့ကထိန်းထားကြ၏။
လှည်းက ကားပါကင်မှထွက်လာသည်နှင့် ခရီးသည်များ၏အာရုံကို ချက်ချင်းဖမ်းစားသွားတော့သည်။ မမြင်မရှိ ဖရဲသီးကအတော်ကြီးနေ၏။
''သူတို့က ဖရဲသီးသယ်နေတာလား?''
''ဟုတ်သလိုပဲ!''
မြင်သူတိုင်းက မယုံနိုင်အောင်ဖြစ်နေကြသည်။
ဖရဲသီးကို ဧည့်ခန်းထဲပို့သောအခါ အထဲမှာလည်း ခရီးသည်တွေအများကြီးရှိနေ၏။ လုံခြုံရေးအစောင့်တွေ အတူတကွသွင်းလာရသော ဖရဲသီးကိုမြင်လျှင် မနေနိုင်ဘဲ ဖုန်းများထုတ်ကာ ဓာတ်ပုံရိုက်ကြတော့သည်။
သူတို့ဘဝမှာ ဒီလောက်ကြီးတဲ့ဖရဲသီးကိုမမြင်ခဲ့ဖူး။ လုံးမယုံနိုင်စရာဖြစ်နေသည်။
''ကြီးလိုက်တဲ့ ဖရဲသီးကြီး!''
''ငါ့ဘဝမှာဒီလောက်ကြီးတဲ့ဖရဲသီး တစ်ခါမှမမြင်ဖူးဘူး''
...

''ဖရဲသီးက ဒီလောက်အထိကြီးနိုင်မှန်းမသိခဲ့ဘူး''
“…”
ချန်တပေက ဘေးမှနေ၍ လုံခြုံရေးအစောင့်များကို သေချာကြီးကြပ်နေသည်။ သူတို့ ဖရဲသီးကိုခိုက်မိလိုက်လေမလား၊ ခွဲမိလိုက်လေမလား စိုးရိမ်နေ၏။
ကျောက်မိုချင်းကအံ့သြစွာနှင့် ကောင်တာအပြင်ထွက်လာသည်။
လင်းဖန်၏မျက်လုံးများမှာ ကျွတ်ကျမတတ်။
သူမက တောင်သူတစ်ဦးဖြစ်သော်လည်း သူမဘဝမှာ ဒီလောက်ကြီးတဲ့ဖရဲသီးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။
ကောင်းယောင်ယောင်က ခရီးသည်များကဲ့သို့ ဖုန်းထုတ်၍ ဓာတ်ပုံများရိုက်နေလေပြီ။ ဒီလောက်ကြီးတဲ့ဖရဲသီးက သေချာပေါက် like တွေအများကြီးရမှာပဲ။
ကျောက်မိုချင်းက ချင်လင်နားကပ်သွားကာ မေးလိုက်သည်_ ''ချင်လင်... ဒီလောက်ကြီးတဲ့ဖရဲသီးကြီး ဘယ်ကရတာလဲ?''
ချင်လင်က သူဇာတ်လမ်းဆင်ထားသည့်အတိုင်းထပ်ပြောလိုက်၏_ ''ကိုယ်အဆက်အသွယ်ရှာပြီး ဒီထူးရှယ်ညဖရဲသီးတွေကို ပို့ခိုင်းလိုက်တာ''
ကျောက်မိုချင်းကခေါင်းညိမ့်ကာ_ ''အကြီးကြီးပဲ... ဒါ တျန့်နန်က ရေနက်ဖရဲသီးမလား?''
''ကိုယ့်မိန်းမက တကယ်တော်တယ်'' ချင်လင်ကလက်လှမ်း၍ ကျောက်မိုချင်းခါးကိုသိုင်းဖက်လိုက်သည်။ သူ့လက်ဖဝါးနှင့် သူမ၏နူးညံ့သောခါးကိုနှစ်ချက်ပွတ်သပ်လိုက်ပြီး ရှင်းပြခြင်းမရှိ၊ ငြင်းပယ်ခြင်းလည်းမရှိချေ။
ကျောက်မိုချင်းက ချင်လင်ကိုမျက်လုံးလှန်ကြည့်ကာ မေးလိုက်သည်_ ''ဒီဖရဲသီးကို ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ?''
ချင်လင်ကရှင်းပြလိုက်၏_ ''ဒါကိုနာမည်ကျော်ဖို့အသုံးချမှာ... သတို့သမီးခန်းနဲ့ရွက်လွှင့်လုပ်ငန်းတွေက စတော့မယ်... အဲဒီအချိန်ကျရင် လူ ၁၅၀၀ ကန့်သတ်စရာမလိုတော့ဘူး... ဒီတော့ အရင်ဆုံး စံအိမ်လူဦးရေတိုးအောင်လုပ်ရမယ်''
ကျောက်မိုချင်းက ခေါင်းညိမ့်ကာ_ ''အမှန်ပဲ... စီရင်စုက ကျွန်မတို့ကိုအထောက်အပံ့တွေအများကြီးပေးထားတာ... ကျွန်မတို့အကောင်းဆုံးလုပ်ရမယ်... ဒါပေမဲ့ ဖရဲသီးတွေအတွက် ဘယ်လိုပွဲစီစဉ်မလဲ? မဲဖောက်ပေးမှာလား?''

ချင်လင်ကပြုံးပြီး_ ''မိုချင်း... ကိုယ်တို့စိတ်ချင်းဆက်နေတာပဲ... မင်းနဲ့ကိုယ်အမြင်တူတယ်... ကိုယ်ကမဲဖောက်ပေးဖို့စီစဉ်နေတာ... ပန်းပင်လယ်လက်မှတ်တစ်စောင်နဲ့ မဲတစ်ကြိမ်နှိုက်နိုင်တယ်... ယွမ် ၅၀ အသုံးပြေစာပြနိုင်ရင် နောက်တစ်ကြိမ်နှိုက်လို့ရမယ်... မဲပေါက်တဲ့သူကို စိတ်ထားတဲ့ဖရဲသီးတစ်ခွက်အလကားပေးမယ်... အချိန်တန်ရင် ဒီနှစ်အကြီးဆုံးဖရဲသီးဆိုတဲ့ကြွေးကြော်သံနဲ့ဆို ခရီးသည်တွေက မဲပေါက်တဲ့သူဖြစ်ချင်ကြမယ်ဆိုတာ ကိုယ်ယုံတယ်''
သို့သော် ကျောက်မိုချင်းကအကြံပြုလိုက်သည်_ ''ဖရဲသီးကိုစိတ်နေရမှာ ဒုက္ခများပါတယ်... အသီးခြစ်ဇွန်းသုံးကြတာပေါ့... အဲဒါ ပိုအဆင်ပြေတယ်... အချိန်ကျရင် ဖရဲသီးကိုနေရာမှာတင်ခွဲပြီး နေရာမှာတင်ခြစ်ကြမယ်... ခရီးသည်တွေလည်း ဝင်ပါသလိုခံစားရတယ်လေ''
''ကိုယ့်မိန်းမက စိတ်ကူးကောင်းတယ်'' ချင်လင်က မချီးကျူးဘဲမနေနိုင်တော့။
''ဒါပေမဲ့ မဲပေါက်တဲ့သူဘယ်လိုရွေးမလဲ?'' ကျောက်မိုချင်းက ထပ်မေးလိုက်သည်။
ချင်လင်ကပြုံး၍ ပြောလိုက်၏_ ''QR ကုတ်စကင်န်ဖတ်တာပေါ့... တို့ရဲ့တရားဝင်အကောင့်ကို like လုပ်ထားမှ မဲနှိုက်ခွင့်ရှိမယ်''
မဲဖောက်ပေးတဲ့နည်းအများကြီးရှိသည်.. စာရွက်၊ ဘောလုံး၊ ဆုံလှည့်ခြင်း စသဖြင့်။ ထိုထဲတွင် QR ကုတ်စကင်န်ဖတ်ခြင်းမှာ အဆင်အပြေဆုံးဖြစ်၏။ မဲနှိုက်ရာတွင်ထင်ရှားသောနည်းတစ်မျိုးလည်းဖြစ်သည်။
အတော်များများက QR ကုတ်မဲနှိုက်ခြင်းမှာ နောက်ခံစီးပွားရေးကထိန်းချုပ်ထားတာဖြစ်နိုင်သည်ဟုလည်း သံသယဝင်ကြ၏။ ဒီအတွက်စိတ်ပူစရာမလို။ ဘာပဲဖြစ်ဖြစ် စီးပွားရေးလှုပ်ရှားမှုများကို ထိန်းသိမ်းထားရမည်။ သူတို့က လူတွေကို ဆုအားလုံးချက်ချင်းယူသွားခွင့်မပေးချေ။
တကယ်တော့ ဒါ QR ကုတ်မှမဟုတ်။ မဲဖောက်ပေးတဲ့ဘယ်သူမဆို ထိန်းကြပေမည်။ စာရွက်ခဲခြစ်နည်း၊ ဘောလုံးရွေးချယ်နည်းတွေလည်း အတူတူပင်။ အမှန်တကယ် ဒီမဲဖောက်နည်းတွေရဲ့အစပိုင်းမှာ ပထမဆုနှင့်တချို့ဆုကြီးများ ပါတောင်မပါပေ။ ရောင်းချသူက တစ်ခုချင်းထုတ်သင့်သည်ဟုထင်သောကြောင့်ပင်။ မဟုတ်လျှင် နောက်ဆက်ပြီး မဲနှိုက်နိုင်မည်လည်းမဟုတ်။
နောက်ပြီး ဆုရွေးချယ်ပေးနိုင်သည့်လုပ်ငန်းဆိုကတည်းက အတော်လေးသိတတ်ကျေပွန်ပြီဖြစ်သည်။ ထိန်းချုပ်နိုင်သည်ဖြစ်စေ မထိန်းချုပ်နိုင်သည်ဖြစ်စေ သိပ်အများကြီးတောင်းဆိုရန်မလို။ သူ့အလုပ်ယူနီဖောင်းထဲက ဘာမှတောင်မရဘဲ သူ့ IQ ကိုအဆုံးစွန်ထိဖိအားပေးသော မဲပေါက်သူလိုမနေသင့်။
အတည်ပြုပြီးနောက် ချင်လင်လည်း လုပ်စရာနှစ်ခုရှိနေသည်။ တစ်ခုက ဖရဲသီးခွက်ပင်။
သူက ဘူးခွံကုမ္ပဏီမှကျန်းရှစ်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။
ရုံချန်းစက်မှုဇုံအတွင်း ကျန်းရှစ်မှာ ထုတ်လုပ်ရေးလမ်းကြောင်းမှထုတ်ထားသော ပန်းအိုးကိုစစ်ဆေးကြည့်နေသည်။ ပန်းအိုးအောက်ခြေတွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ပုံကိုမြင်နိုင်ပြီး ''ချင်းလင်သုံးပွင့်ဆိုင်ဇီးပန်းပင်''ဟူသော စာလုံးမှာလည်း ခံ့ခံ့ညားညားပုံပေါက်နေ၏။
ဤတစ်သုတ်မှာ အရင်ချင်းလင်စံအိမ်ကမှာထားသော ပန်းအိုး ၁၀၀၀၀ နောက်ဆုံးအသုတ်ဖြစ်သည်။ နောက်ထပ် ၅၀၀ ပို့ပြီးလျှင် ဤအော်ဒါအပြီးသတ်ပြီဟုဆိုနိုင်၏။
အရင်အိုး ၉၅၀၀ ကို သူကိုယ်တိုင်စောင့်ကြည့်ခဲ့သဖြင့် နောက်ဆုံး ၅၀၀ ကိုလည်း ဘာမှအမှားအယွင်းအဖြစ်မခံနိုင်။
ချင်းလင်စံအိမ်က နို့လက်ဖက်ရည်ခွက်အော်ဒါဆက်ပေးနေလျှင် မကြာမီသူကားကောင်းကောင်းဝယ်နိုင်တော့မည်ဟု တွေးမိသည်။
ချင်လင်ဆီမှဖုန်းရသောအခါ ကျန်းရှစ်ကချက်ချင်းကိုင်ပြီး မေးလိုက်၏_ ''ဥက္ကဌချင်... အရင်ပန်းအိုးတွေက ပြဿနာများရှိလို့လား?''
ချင်လင်က တန်းပြောလိုက်သည်_ ''ပန်းအိုးကိစ္စမဟုတ်ပါဘူး... ဥက္ကဌကျန်း... နောက်ထပ်သန့်စင်ပြီးခွက်လေးတွေလုပ်ပေးပါဦး... ရေကတ်တီတစ်ဝက်စာလောက်ထည့်နိုင်တယ်ဆိုရပြီ... ပြီးတော့ ချင်းလင်စံအိမ်တံဆိပ်ရောပဲ... အဲဒါကိုမနက်ဖြန်သုံးမယ်''
ကျန်းရှစ်က အလုပ်သစ်လမ်းမြင်သည်နှင့် ပြုံးပြုံးနှင့်ကတိပေးလိုက်၏_ ''မပူပါနဲ့ ဥက္ကဌချင်... ကျွန်တော်အခုပဲစီစဉ်လိုက်ပါ့မယ်''
ချင်လင်က ကျန်းရှစ်နှင့်ဖုန်းပြောပြီးနောက် ချင်ရန်စတူဒီယိုကိုမောင်းသွားလိုက်သည်။ QR ကုတ်မဲနှိုက်ဖို့က ဘာမှမခက်။ အထူးစနစ်တွေရှိသည်ဆိုသော်လည်း သူ့လိုအပ်ချက်အရ အစီအစဉ်ကိုဆန်းသစ်ချင်သည်ဆိုပါက ကျွမ်းကျင်သူနဲ့မှဖြစ်မည်လေ။