← Chapters

ဖရဲသီးစားဖို့သက်သက်!

Vol. 9 Ch. 134

ဖရဲသီးစားဖို့သက်သက်!

Vol. 9 Ch. 134

တကယ်တော့ ဗီဒီယိုမှာပြောချင်တဲ့အဓိကအချက်က တျန့်နန်နာမည်ရဖို့မဟုတ်သော်လည်း 'ဒီနှစ်ကမ္ဘာ့အကြီးဆုံးဖရဲသီး'အကြောင်းပြောထားခြင်းဖြစ်သည်။ သူတို့စံအိမ်ကဖရဲသီးနှစ်လုံးကို ကမ္ဘာ့အကြီးဆုံးဖရဲသီးဖြစ်လာအောင် အတင်းမြှောက်ပြောထားသေး၏။

သူပြောချင်တဲ့ပုံစံက: ညီအစ်ကို... ငါဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်လို့... မင်းကိုလည်း နာမည်ကျော်အောင်လုပ်ပေးမယ်... ဒါရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာပဲလေ။

ဒီလိုအားစိုက်ထုတ်မှုသက်သာစေသော ကြော်ငြာနည်းမျိုးကိုလည်း ချင်လင်တက္ကသိုလ်တွင်သင်ခဲ့ဖူးသည်။ သူဖရဲသီးဘယ်ကဝယ်လဲ ဘယ်သူမှလာမေးမည်မဟုတ်သလို သူလည်းဇာတ်လမ်းဆင်ရန်မလိုပါချေ။ ဒီလိုပဲ ပြည်သူတွေကို ထင်မှတ်စေလိုက်မည်။

ချင်လင်က ထိုအကြောင်းတွေးကြည့်ပြီး နာမည်ရရန်ကြိုးစားထားသည့်တျန့်နန်ဗီဒီယိုကို လျစ်လျူရှုထားလိုက်သည်။

ဒီလိုအခြေအနေမှာ တစ်ဖက်သားက အချောင်လုပ်ချင်ရင်လည်း ရှိပါစေတော့။

ယိနန်ဗီဒီယိုတင်ပြီးနောက် ပြည်သူတွေက ချင်းလင်စံအိမ်မှဖရဲသီးနှစ်လုံးကို ပိုစိတ်ဝင်စားသွားကြသည်။

အကြောင်းမှာ ကမ္ဘာ့အဆင့်ထဲဝင်နေသောကြောင့်ပင်။ ဒီနှစ်ကမ္ဘာ့လူဦးရေ ၇ ဘီလီယံကျော်ရှိသော်လည်း အယောက် ၆၀၀ သာ ထိုဖရဲသီးကိုစားနိုင်ပေမည်။

၇ ဘီလီယံကျော်ထဲကမှ အယောက် ၆၀၀ တည်းတဲ့။ နောက်ပြီး ဘယ်သာမန်လူမဆို ဒီအယောက် ၆၀၀ ထဲကတစ်ယောက်ဖြစ်နိုင်နေသည်။ အရင်ဒါမျိုးတွေက အထူးပုဂ္ဂိုလ်တွေရဲ့စားပွဲမှာပဲရှိနိုင်တာမလား?

ကမ္ဘာမှာ အယောက် ၆၀၀ တည်းဆိုတဲ့အချက်က ပိုကြီးကျယ်လာပုံရသည်။ ဒီအကြောင်းလုံးဝကြွားချင်စရာဟုခံစားရ၏။

ထို့ကြောင့် လည်ပတ်ချင်သူများက ပိုပြီးစိတ်ပါသည်ထက်ပါလာကြသည်။

ညပိုင်းတွင်_

ချင်လင်ထံ ချင်ရန်ဆီမှဖုန်းဝင်လာကာ ဟူဖေး၏ QR ကုတ်မဲနှိုက်သည့်အစီအစဉ်ပြီးကြောင်း ပြောလာသည်။ သူ့ဆီကိုပို့ပြီး ညွှန်ကြားချက်အတိုင်း လိုက်လုပ်ရန်သာ။

အစီအစဉ်ရပြီးနောက် ချင်လင်က ကွန်ပျူတာဘားပေါ်တင်ပြီး ထိုအစီအစဉ်နှင့်စံအိမ်အဖွဲ့အစည်းစနစ်ကိုချိတ်ဆက်လိုက်သည်။



......

သည်လိုနှင့် ခရီးသည်က ငွေပေးချေသည့်အခါ ပေးချေမှုပြည့်ပါက မဲထုတ်ပေးမည်ဖြစ်သည်။ အကြောင်းမှာ ပန်းပင်လယ်လက်မှတ်ဝင်ကြေးကိုလည်း ယွမ် ၅၀ သတ်မှတ်ထားခြင်းကြောင့်ဖြစ်၏။

မဲနှိုက်စနစ်မှာ ခရီးသည်ငွေပေးချေလိုက်သည့်အခါ မဲနှိုက်အစီအစဉ်ပေါ်လာမည်ဖြစ်သည်။

ဤသည်က စံအိမ် QR ကုတ်နှင့်ချိတ်ဆက်ပြီးမှပေါ်လာမည်ဖြစ်၏။ ပွဲပြီးလျှင် အစီအစဉ်လည်းပိတ်သွားမည်။ ဤအစီအစဉ်ငယ်လေးမှာ စံအိမ် QR ကုတ်မဖတ်မချင်းထပ်ပေါ်လာမည်မဟုတ်ချေ။

ခရီးသည်များမဲနှိုက်ပြီးလျှင် အစီအစဉ်ဖျက်သိမ်းခြင်းကိုပိတ်လိုက်ရုံသာ။ ဘာမှသက်ရောက်မှုမရှိ။ သုံးစွဲမှုအပေါ်မူတည်သော မဲနှိုက်နိုင်သည့်အကြိမ်အရေအတွက်ကိုလည်း မဲနှိုက်အစီအစဉ်တွင်ဖော်ပြထားမည်။

ခရီးသည်များက ထိုအစီအစဉ်ငယ်မှတဆင့် သူတို့ကိုယ်တိုင်မဲကိုရွေးချယ်နိုင်ပေမည်။ မဲပေါက်ပြီဆိုလျှင် ငွေကိုင်က အစီအစဉ်ငယ်မှအချက်အလက်များကို စကင်န်ဖတ်စက်နှင့် စကင်န်ဖတ်ပြီး ခရီးသည်က ဖရဲသီးယူနိုင်ပေမည်။

စကင်န်ဖတ်ပြီးသည်နှင့် မဲနှိုက်နိုင်သည့်အကြိမ်အရေအတွက်ကိုဖျက်လိုက်သည်။ ဒုတိယအကြိမ်ထပ်နှိုက်ခွင့်မရှိပေ။

နောက်ပြီး အစီအစဉ်ငယ်တွင် ကျန်ရှိသည့်မဲပေါက်မည့်သူအရေအတွက်ကိုလည်း အချက်ပြထားသည်။

ထိုအစီအစဉ်ကို ဒီတစ်ခေါက်မဲနှိုက်ရုံသာမက နောင်မဲနှိုက်လျှင်လည်း အသုံးပြုနိုင်၏။

''ဆုအရေအတွက်သတ်မှတ်မယ်?''

ချင်လင်က အစီအစဉ်ကိုစတင်လုပ်ဆောင်လိုက်သည်။

ပထမဆုနှင့်ဒုတိယဆုကြား ခြားနားထားခြင်းမရှိ။ သူက တစ်ကိုချက်ချင်းရွေးလိုက်သည်။

''မဲပေါက်ကြောင်းအချက်ပေးနာမည်သတ်မှတ်ပါ!''

ချင်လင်ကခဏတွေးပြီး ကီးဘုတ်ပေါ်စရိုက်လိုက်သည်_ ''ကမ္ဘာ့အကြီးဆုံးသာယာပျော်ရွှင်မှုအတွက် ဂုဏ်ယူပါတယ်!''

သတ်မှတ်ပြီးနောက် ချင်လင်က ကျောက်မိုချင်းကို ဆယ်ကြိမ်မက စမ်းသပ်ခိုင်းလိုက်သည်။ အားလုံးအဆင်ပြေမှ သူစိတ်သက်သာရာရသွား၏။

ကျောက်မိုချင်းက မဲပေါက်ကြောင်းအသိပေးစာကိုမြင်လျှင် စလိုက်သည်_ ''ကမ္ဘာ့အကြီးဆုံးသာယာပျော်ရွှင်မှု? ချင်လင်... ဒါကြီးက...''

သူမကအတွန့်တက်ချင်သော်လည်း သင့်တော်မည့်စကားလုံးရှာမရဖြစ်နေသည်။



သို့သော် ချင်လင်ကဂရုမစိုက်။ အခုအားလုံးက ဒီဖရဲသီးတွေကို ဒီနှစ်ကမ္ဘာမှာအကြီးနှစ်လုံးလို့သိထားကြပြီပဲ။ လူ ၇ ဘီလီယံထဲမှာမှ အယောက် ၆၀၀ ပဲစားနိုင်မှာလေ။ ဒါကမ္ဘာ့အကြီးမြတ်ဆုံးမဟုတ်လို့ ဘာလဲ?

ထို့နောက် ချင်လင်လည်း စံအိမ်မှပန်းပင်လယ်လက်မှတ်ရောင်းသူ၊ ငွေကိုင်၊ စားပွဲထိုးတို့ကိုခေါ်ပြီး မဲနှိုက်အစီအစဉ်အကြောင်းရှင်းပြလိုက်သည်။

အစီအစဉ်အတွင်း သူတို့က ခရီးသည်များကိုလမ်းညွှန်ရပေမည်။ ခရီးသည်များနားမလည်ခဲ့ရင်လည်း သူတို့ကဖြေပေးရမည်။

…

ညကုန်ဆုံးသွားသည်။

ထင်ထားသည့်အတိုင်း စံအိမ်မှာအရှိန်ကောင်းနေသည်။ ခရီးသည်အများကြီး ခါတိုင်းထက်စောရောက်နေကြ၏။ မနေ့ကမပြန်ဘဲ ဆက်နေကာ ဒီနေ့မဲနှိုက်ချင်ကြသောခရီးသည်များပင်ရှိသည်။

ကမ္ဘာမှာ အယောက် ၆၀၀ ပဲစားနိုင်မယ့်ဖရဲသီးဘုရင်ကို ဒီနှစ်ခရီးသွားဟန်လွှဲစားနိုင်ခဲ့ရင် ထူးထူးခြားခြားအောင်မြင်မှုတစ်ခုလို့ ဆိုနိုင်မည်မဟုတ်ပါလား?

ခရီးသည်များက စံအိမ်ရောက်ရောက်ချင်းလုပ်သည့်အရာက ခန်းမထဲသွား၍ မဲနှိုက်သည့်အသေးစိတ်အချက်ကိုနားလည်အောင်ဖတ်ခြင်းပင်။

ဖရဲသီးကြီးကို ခန်းမအလယ်တွင် ခင်းကျင်းပြသထားပြီဖြစ်သည်။

ချန်တပေက လုံခြုံရေးတချို့နှင့်စောင့်ကြပ်နေပြီး ဘယ်သူမှအနားကပ်ခွင့်မရပေ။

ထိုမြင်ကွင်းကိုမြင်လျှင် တချို့ခရီးသည်များက ကောင်းယောင်ယောင်နှင့်တခြားစားပွဲထိုးများကိုမေးကြသည်။

''ညီမ... ဒီနေ့ဘယ်လိုမဲနှိုက်ရမှာလဲ?''

''ဘယ်အချိန်စနှိုက်မှာလဲ?''

“…”

ကောင်းယောင်ယောင်က ထိုခရီးသည်များကို ဖရဲသီးနှစ်လုံးအတွက် ဒီလောက်တက်ကြွမည်မထင်ထားသော်လည်း သူမလည်း ထိုဖရဲသီးကြီးကို မြည်းကြည့်ချင်နေသည်။

မေးခွန်းများနှင့်ကြုံရသောအခါ သူမကပြုံးပြီးဖြေလိုက်၏_ ''ဒီနေ့မဲနှိုက်တာကို နှစ်လှည့်ခွဲထားပါတယ်... နေ့လည်ပိုင်းအဖွဲ့နဲ့ ညနေပိုင်းအဖွဲ့ပါ... ဖရဲသီးတစ်လုံးအဖွင့်တိုင်း အားလုံးငွေရှင်းပြေစာနဲ့ QR ကုတ်စကင်န်ဖတ်လိုက်ရင် မဲနှိုက်အစီအစဉ်ပေါ်လာပါလိမ့်မယ်... ယွမ် ၅၀ သုံးတိုင်း မဲနှိုက်အစီအစဉ်ကနေ မဲတစ်ခုထုတ်ပေးမယ်... မဲပေါက်တယ်ဆိုရင် ပေါက်တဲ့အချက်အလက်နဲ့ရယူနိုင်ပါတယ်...''

အခြေအနေကိုနားလည်သွားတဲ့ခရီးသည်တွေက တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲမှထွက်ကာ ပန်းပင်လယ်လက်မှတ်ဝယ်ရန်သွားကြသည်။ ပန်းပင်လယ်လက်မှတ်တစ်စောင်ကို မဲတစ်ခါနှိုက်လို့ရ၏။

စကတ်တိုတို ခြေထောက်ရှည်ရှည်နှင့် အလှလေးတစ်ဦးက သူ့ကောင်လေးလက်ကိုတွဲပြီး ပန်းပင်လယ်ထဲပြေးနေသည်။

လက်မှတ်ရောင်းသူက လက်မှတ်များကို အပြုံးနှင့်ပေးလိုက်ရင်း_ ''စုစုပေါင်း ယွမ် ၁၀၀ ပါ... ကုတ်စကင်န်ဖတ်ပြီး ပေးနိုင်ပါတယ်... အချိန်ကျရင် အစီအစဉ်ငယ်လေးပေါ်လာပြီး မဲနှစ်စောင်အလိုအလျောက်ထုတ်ပေးပါလိမ့်မယ်''

ကောင်လေးက ချက်ချင်းဖုန်းထုတ်၍ QR ကုတ်စကင်န်ဖတ်ပြီးပေးလိုက်သည်။ ထင်ထားသည့်အတိုင်း ငွေပေးချေလိုက်သည်နှင့် ဖုန်းတွင် အစီအစဉ်ငယ်အသိပေးစာပေါ်လာ၏။ ထိုပေါ်တွင်ရေးထားသည်က 'မဲနှစ်စောင်ရရှိပါသည်'တဲ့။

All Chapters