← Chapters

ဖရဲသီးစားဖို့သက်သက်! ၂

Vol. 9 Ch. 135

ဖရဲသီးစားဖို့သက်သက်! ၂

Vol. 9 Ch. 135

စာအောက်တွင် မဲနှိုက်ရမည့်ခလုတ်ဖြစ်သည်။

''ကံစမ်းကြည့်တာပေါ့'' ကောင်မလေးက ကောင်လေးနားကပ်ပြီး တိုက်တွန်းလိုက်၏။

ကောင်လေးကခေါင်းညိတ်ပြီး စောင့်ကြည့်နေလိုက်သည်။ ဘာပဲဖြစ်ဖြစ် မနေ့ညကဗီဒီယိုကြည့်ပြီး သူ့ကောင်မလေးနဲ့ မြို့ထဲကအပြေးလာခဲ့ရတာလေ။

ကောင်လေးက 'မဲနှိုက်မည်'ကို နှိပ်လိုက်သည်။ ကံစမ်းခွင့်တစ်ကြိမ်ကုန်သွားပြီး ရလဒ်ပေါ်လာ၏: ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်!

''ရှင်က လာဘ်မကောင််းဘူး... နောက်တစ်ခုကို ကျွန်မနှိုက်မယ်'' အလှလေးက ချက်ချင်းသူ့ကောင်လေးဖုန်းကိုယူပြီး မဲနှိုက်မည်ကိုနှိပ်လိုက်သည်။

ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်!

ဒီရလဒ်ပဲထွက်လာသဖြင့် အလှလေးက ကသိကအောက်ဖြစ်သွားသည်။ သူမက သူ့ကောင်လေးအား_ ''အဲဒါရှင့်ကြောင့်... ရှင့်ကံဆိုးတာတွေ ကူးကုန်တာ''

ကောင်လေးက ချက်ချင်းခါးခါးသီးသီးဖြစ်သွား၏။

သူ့ကိုဘာလို့အပြစ်တင်တာလဲ?

သူကမချိပြုံးပြုံး၍ အလှလေးကိုကြည့်ကာ_ ''ကလေးရယ် အားလုံးကိုယ့်အမှားပါ... ပန်းပင်လယ်ကိုအရင်ကြည့်ရအောင်နော်... ဒီကပြန်မှ ကျန်တာသုံးပြီး မဲနှိုက်ကြမယ်လေ... ဒီနေ့မင်းသေချာပေါက်ဖရဲသီးစားရစေမယ်''

အလှလေးက ထိုစကားကြားလျှင် မျက်စောင်းထိုးပြီး သူ့လက်မောင်းကိုပျော်ပျော်ရွှင်ရွှင်ပြန်တွဲကာ သုံးပွင့်ဆိုင်ပန်းပင်လယ်ထဲလျှောက်သွားလိုက်လေသည်။

...

သူမလည်း သူ့ကောင်လေးကိုမြတ်နိုးသည်။ သူ့ကိုယ်သူစိတ်မြန်လက်မြန်နှင့် တစ်ခါတလေယုတ္တိမရှိမှန်းလည်းသိသည်။ ဘယ်သူမှ သူ့ကောင်လေးလို သူမကိုအလိုမလိုက်နိုင်ပေ။

အချိန်ကုန်လာသည်နှင့်အမျှ ဒီနေ့စံအိမ်ကိုရောက်လာသောခရီးသည်များ အရင်ထက်ပိုများများလာ၏။

အထင်ရှားဆုံးသက်သေမှာ ပန်းပင်လယ်လက်မှတ်အရောင်းကောင်တာပင်။ မနက်ပိုင်းလက်မှတ် ၆၅၀ သတ်မှတ်ထားရာ အားလုံးရောင်းကုန်သွား၏။ လက်မှတ်ရသေးလားမေးသူများပင်ရှိသည်။

သို့သော် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထဲဝင်ရန် လူအရေအတွက်ကန့်သတ်ထား၏။ မနက်ပိုင်း လူ ၆၅၀ ဖြစ်ပြီး အုပ်စုခွဲ၍ဝင်ရသည်။ သူတို့ကမြန်မြန်အောင်မြင်ရန်စိတ်စောနေသောကြောင့် ပန်းပင်လယ်ခရီးသွားအတွေ့အကြုံကို သိပ်စိတ်ရောက်ခြင်းမရှိချေ။

ဒီနေ့အခြေအနေက ခရီးသည်အများစုကို ညည်းတွားစေသည်။

''ငါတို့ဘာလုပ်ရမလဲ? မနက်ပိုင်းပန်းပင်လယ်လက်မှတ်ဝယ်မရတော့ဘူး... စံအိမ်မှာ ဘာသုံးရမလဲ?''

''ငါမဲ ၈ ခါနှိုက်ပြီးပြီ... ခုထိမပေါက်သေးဘူး... မြက်ခင်းလျှောနဲ့တောတွင်းစွန့်စားခန်းကို ငါဘယ်နှစ်ခါကစားနေရမှာလဲ?''

''ပန်းပင်လယ်လက်မှတ်က ဒီလောက်မြန်မြန်နဲ့ကုန်သွားပြီလား?''

''ချင်းလင်စံအိမ်မှာ တခြားဘာသုံးစရာရှိသေးလဲ? ငါရှုံးတာ ၁၀ ကြိမ်မကတော့ဘူး... အသီးတွေ အစားအသောက်တွေလည်း ထပ်မစားနိုင်တော့ဘူး''

“…”



မဲပေါက်သူများလည်း ရှိသည်ပေါ့။

အရောင်းစင်တာတွင် လှပသောအမျိုးသမီးတစ်ဦးက ဆေးဖက်ဝင်ပျားရည်ခွက်ကြီးတစ်ခွက်ကိုဝယ်နေသည်။ ပထမအကြိမ်မဲနှိုက်လိုက်ရာ သူမကအံ့သြစွာနှင့်အော်လိုက်၏_ ''ဟား ဟား... ရှောင်တိ... ငါမဲပေါက်ပြီ... ကြီးမြတ်သောသာယာပျော်ရွှင်ဖွယ်ကိုရသည့်အတွက် ဂုဏ်ယူပါသည်တဲ့!''

သူမဘေးမှ ရှောင်တိဟုခေါ်သော အခင်ဆုံးသူငယ်ချင်းက_ ''ငါကျတော့ ဘာလို့နှစ်ကြိမ်လုံးမပေါက်တာလဲ?''ဟု မကျေမနပ်ပြောလိုက်သည်။

သူမပြောပြီးပြီးချင်း လှပသောအမျိုးသမီးက ထပ်အော်လိုက်ပြန်၏_ ''ဟား ဟား... ထပ်ပေါက်ပြန်ပြီ... တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ... နှစ်ခါစားရမှာပေါ့''

''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?'' ရှောင်တိက သူ့အခင်ဆုံးသူငယ်ချင်းကို စိတ်တိုလာသည်။

လှပသောအမျိုးသမီးက သူ့ကိုနှစ်သိမ့်လိုက်၏_ ''ငါနှစ်ခါပေါက်တာ ရှောင်တိ... ငါဒီနေ့ နင့်ကိုတာဝန်ယူတယ်''

ထိုမြင်ကွင်းက ခရီးသည်အတော်များများကို အားကျစေသည်။

ဘယ်လောက်တောင် ကံကောင်းလိုက်လဲ?

''ဘယ်လိုဖြစ်ပြီး နှစ်ခါဆက်တိုက်ပေါက်တာလဲ?''

''ငါ ၅ ခါနှိုက်တာတောင် မပေါက်သေးဘူး... ဒါ...''

“…”

ခပ်ထွားထွားနှင့် မျက်မှန်တပ်ထားသော လူတစ်ယောက်က အရောင်းစာရေးဆီရောက်လာပြီး မေးလိုက်သည်_ ''ညီမချောလေး... အရောင်းစင်တာထဲမှာ စျေးအကြီးဆုံးက ဘာလဲ?''

မိန်းကလေးက တက်တက်ကြွကြွနှင့် မိတ်ဆက်ပေးလိုက်၏_ ''လူကြီးမင်း... ကျွန်မတို့မှာ ထူးရှယ်ဖရဲသီးတွေရှိပါတယ်... တစ်ကတ်တီကို ယွမ် ၂၀၀ ပါ''

''အဲဒါကိုထုပ်သွားလို့ရမလား?'' ထိုလူက ထပ်မေးလိုက်၏။ သူအရောင်းစင်တာမှာ အစားများသွား၍ ထပ်မစားနိုင်တော့။

“ရတာပေါ့'' မိန်းကလေးက ခေါင်းညိမ့်လိုက်သည်။

.

ထူးရှယ်မျိုးအားလုံး ပါဆယ်ထုပ်ခွင့်မရှိ။ စံအိမ်မှာသာစားဖို့သတ်မှတ်ထားသော်လည်း တစ်ကတ်တီ ယွမ် ၂၀၀ တန် ထူးရှယ်ဖရဲသီးမှာ ခြွင်းချက်ဖြစ်သည်။

ထိုစကားကြားသည်နှင့် သူကတုံ့ဆိုင်းမနေ။ ချက်ချင်းထူးရှယ်ဖရဲသီးကိုသွားသယ်၍ မိန်းကလေးကိုချိန်ခိုင်းလိုက်၏။

''၁၂.၃ ကတ်တီပါ လူကြီးမင်း... ၂၄၆၀ ယွမ်ကျပါတယ်'' မိန်းကလေးက ဖရဲသီးကိုချိန်ကြည့်ပြီး ပြောလိုက်သည်။

သူကကုတ်စကင်န်ဖတ်၍ ငွေပေးချေလိုက်၏။ အစီအစဉ်ငယ်လေးက သူမဲ ၄၉ စောင်ရကြောင်းပြထားသည်။

ထိုလူက ချက်ချင်းပင် မဲနှိုက်မည်ကို အသည်းအသန်နှိပ်တော့၏။

ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်!

ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်!

…

ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်!

အားလုံး 'ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်' ချည်းပင်။



ထိုလူက နောက်ဆုံးမဲကိုနှိုက်လိုက်ရာ 'ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်!' ပဲဖြစ်နေသည်။ သူကချက်ချင်းစိတ်တိုသွားပြီး_ ''သောက်... မပေါက်ပြန်ဘူး... ဒီနေ့ငါကျီးကန်းကိုဝင်တိုက်ထားသလား အောက်မေ့ရတယ်...''

သူကကျိန်ဆဲ၍ ထူးရှယ်ဖရဲသီးထပ်ယူပြီး မိန်းကလေးကိုချိန်ခိုင်းလိုက်သည်။

သူ့မှာ ပိုက်ဆံမရှားဘူး။

သူဌေးဖြစ် ခွေးဖြစ်ပဲ။

မဲမပေါက်မချင်း သူခေါင်းအေးအေးတွေးနိုင်မည်မဟုတ်။

မိန်းကလေးကလည်း ကံခေလွန်းသောခရီးသည်ကိုကြည့်ရင်း အာစေးမိနေသည်။

တကယ်တော့ သူမတွေးမိသည်က ဖရဲသီးချင်းအတူတူပဲလေ။ ဒီဖရဲသီး ယွမ် ၂၄၀၀ ကျော်ဖိုးနဲ့တင် အဆင်ပြေနေပြီပဲ။ ဟိုဖရဲသီးတစ်စိတ်လေးကိုစားဖို့မလိုတော့ဘူးမလား?

သို့သော် နောက်ထပ်ခရီးသည်တစ်ဦးက ထူးရှယ်ဖရဲသီးသွားယူလာ၍ သူမအံ့သြရပြန်သည်။

ထိုလူက သူများတွေကိုအတွေးပေါက်စေသည်ထင်သည်။ ဘယ်လိုသုံးရမလဲဟု ဦးနှောက်စားခံမည့်အစား ဒီထူးရှယ်ဖရဲသီးတွေကို တန်းသုံးတာက ပိုအဆင်ပြေသည်လေ။

ကိုယ်တွေ့မဟုတ်ဘဲ ထိုလူတွေ၏တစ်ယူသန်အတွေးမှာ နားလည်ရခက်လေသည်။

စံအိမ်ဧည့်ခန်းမထဲတွင်_

မနက်ပိုင်းအတွက်ကန့်သတ်ထားသော သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လက်မှတ်များရောင်းကုန်သွားပြီကို ချင်လင်သတိထားသည်။ အခုလက်မှတ်ဝယ်မရတဲ့ခရီးသည်အားလုံး အရောင်းစင်တာတွင်စုနေကြပြီ။

ချင်လင်အံ့သြမိသည်မှာ အရည်အသွေး ၂ ဖရဲသီးအလုံး ၃၀ ကျော် မြန်မြန်ရောင်းထွက်သွားခြင်းပင်။

တစ်လုံးတစ်လုံးကို ယွမ် ၂၀၀၀ ကျော်သည်။ ခါတိုင်းခရီးသည် ၁၅၀၀ ကို တစ်နေ့ ၂၅ လုံးသာရောင်းရ၏။

အခုဘယ်လောက်မှမကြာသေးဘူးမလား?

ကြည့်ရတာ ဒီနေ့လူတွေက ပိုက်ဆံကိုသိပ်ဂရုစိုက်ပုံမပေါ်ဘူး။ ဒီလူတွေက ဖရဲသီးဘုရင်နောက်လိုက်ပြီး အယောက် ၆၀၀ ထဲကတစ်ယောက်ဖြစ်ချင်နေပုံပဲ။

ဘာပဲဖြစ်ဖြစ် သူတို့က အရည်အသွေး ၂ ဖရဲသီးကိုအကြိမ်ကြိမ်ဝယ်နိုင်လေသည်။

သူသိချင်တာက ဒီလူတွေပြန်တဲ့အခါ ဟိုဖရဲသီးအရသာက အရည်အသွေး ၂ နဲ့အတူတူပဲလို့ တွေးမိကြမလားဆိုတာပင်။

သူတို့နောင်တရကြမလား?

ထိုအတွေးနှင့် ချင်လင်က နေ့လယ်ပိုင်းတွင် ဂိမ်းထဲမှအရည်အသွေး ၂ ဖရဲသီးတစ်သုတ်ထုတ်ယူရန် စီစဉ်လိုက်သည်။

ဒီနေ့ရောင်းအားက စံချိန်သစ်ချိုးနိုင်တော့မည်။

သို့သော် နေ့လယ်မရောက်ခင် ကောင်းယောင်ယောင်ပြေးလာပြီး အစီရင်ခံသည်_ ''သူဌေး... ဒီနေ့အရောင်းစင်တာမှာ ခရီးသည်တွေအများကြီးဝယ်ကြပါတယ်... အရောင်းစင်တာထဲကပစ္စည်းတွေပြတ်တော့မယ်... နေ့လယ်ဆိုကုန်လောက်ပြီ''

ချင်လင်ကခေါင်းညိမ့်ပြီး ညွှန်ကြားလိုက်သည်_ ''သိပြီ... ဘာတွေဘာတွေလိုတယ်ဆိုတာ ငါ့ကိုတွက်ချက်ကြည့်ပေး... တင်သွင်းတဲ့သူကိုနေ့လယ်ကျ အားချင်းပို့ခိုင်းလိုက်မယ်''

အရောင်းစင်တာထဲတွင် အများဆုံးမှာ သစ်သီးနှင့် လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်များဖြစ်သည်။ ဒီလိုအရာတွေအတွက် ကုန်ပစ္စည်းထားချိန်မှာ တစ်ရက်သာဖြစ်၏။ စံအိမ်တွင် လှောင်မထားပေ။

ဒီလိုပွဲမျိုးကျင်းပတာလည်း ပထမဆုံးအကြိမ်ဖြစ်ပြီး ထင်ထားတာထက်ပိုပေါက်နေ၏။ စံအိမ်တွင် အတွေ့အကြုံမရှိပါချေ။ နောင်ဒီလိုပွဲမျိုးလုပ်လျှင် ကြိုတင်ပြင်ဆင်ထားရပေမည်။ အရေးတကြီးကုန်ပို့ရန်လူရှာလို့မဖြစ်ပေ။

ကောင်းယောင်ယောင်စာရင်းယူလာသောအခါ ချင်လင်လည်း လင်ဖုန်းတို့တင်သွင်းသူအုပ်စုကို ဖုန်းဆက်လိုက်သည်။

မဟုတ်ရင် အရောင်းစင်တာမှာ နေ့လယ်ပိုင်းရောင်းစရာမရှိပါက ကြောင်တောင်တောင်ဖြစ်နေလိမ့်မည်။

လင်ဖုန်းတို့တင်သွင်းသူများကလည်း ချင်းလင်စံအိမ်အတွက် အမြန်ဆုံးစီစဉ်ပေးကြ၏။

သူတို့အတွက် ချင်းလင်စံအိမ်က ပုံမှန်ဝယ်လက်တစ်ခုဖြစ်၍ ဘယ်သူမှ လျစ်လျူရှုမထားရဲပေ။

All Chapters