ငါ cymer ရဲ့ စတော့တွေကို လိုချင်တယ်…
Vol. 57 Ch. 842
ကွန်ပျူတာမှ ရမ္မက်နိုးကြွသည့် အသံများ ထွက်ပေါ်လာသည့် အချိန်၌ စားသောက်ဆိုင် ထဲရှိ လူတိုင်း ရှော့ခ်ရသွားကြတော့၏။ ၎င်းတို့အားလုံး ဒုတိယထပ်တို့ မျှော်ကြည့်လိုက်ကြလေသည်။
ဒီရဲ့ အလှလေးက ရူးနေတာလား..
လူမြင်ကွင်း မီချယ်လင်းကြယ်သုံးပွင့်ဆိုင်ကြီးမှာ ဒီလို ဇာတ်ကားတွေကို အသံ အကျယ်ကြီးဖွင့်ပြီးကြည့်နေတယ်…
ဒါနဲ့ ဘာလို့ အမျိုးသမီးအသံက နှစ်ယောက်တောင်ဟ…
ကွန်ပျူတာပေါ်ရှိ မြင်ကွင်းကို မြင်တော့ အဲလစ် မယုံကြည်နိုင်ဖွယ် ပြူးကျယ်သွားခဲ့တော့သည်။
ယင်းက သူမကို ထိတ်လန့် တုန်လှုပ်သွားစေရုံသာမက အတော်လေးလည်း ဆွံ့အသွားခဲ့စေသည်။
ဒီရဲ့ ဇာတ်ကားက တကယ်ကြီး သူမတို့ရဲ့ ကမ္ဘာ့နံပါတ်တစ် နေရာကိုဆုံးရှုံးစေနိုင်တဲ့ အစွမ်းအစ ရှိနေတယ်တဲ့လား….
“ အာ… ဆောတီး ဆောတီး … drive မှားပေးမိတာ…”
လင်းရီ အလျင်အမြန် ပြန် ဆွဲဖြုတ် လိုက်ပြီး သူ့အိတ်ကပ်ထဲရှိ အခြား တစ်ခုကို ထုတ်ပေးလိုက်၏။
“ ဒီဟာမှ အမှန်…”
အဲလစ် လင်းရီ ပေးသည့် USB drive ကို ထပ်မံ ကမ်းယူလိုက်၏။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သတိအပြည့် ကပ်ထားလေသည်။
သို့သော်လည်း USB ကို ဖွင့်လိုက်သည့် အချိန်တွင်တော့ သူမ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
“ ဒါက ချစ်ပ် ၃.၀ အတွက် အခြေခံအရင်းကုတ်ပဲ… ပြီးတော့ ငါတို့ဘက်က မူပိုင်ခွင့် တင်ပြီးသွားပြီ… ဘာကိုဆိုလိုချင်လဲဆိုတာ ထွေထူး ရှင်းပြစရာတော့ မလိုဘူးမလား….” လင်းရီ ပြုံးလိုက်ပြီးနောက် “ တကယ်လို့ ငါသာ ဒီရဲ့ Drive လေးကို AMD ဆီ ရောင်းလိုက်မယ်ဆို ဘာဖြစ်မယ်လို့ ထင်လဲ..”
“ ချစ်ပ် ၃.၀ နည်းပညာ…”
အဲလစ်သာမက ကျောက်ဝန်၏ အမူအရာမှာလည်း တော်တော်လေးကို ထိတ်လန့်တုန်လှုပ်သွားခဲ့၏။
Intel က အဲ့ဒီနည်းပညာကို ဖန်တီးနေတာ နှစ်နှစ်ကျော်နေပြီ မဟုတ်ဘူးလား… ဒါပေမယ့် ခုထိ အောင်မြင်မှု မရှိလာသေးဘူးလေ… အဲ့တာကို သူက ဘယ်လိုလုပ်လိုက်တာ…
“ မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး… လုံရှင်းရဲ့ အရွယ်အစားက Intel ကို လုံးဝ မယှဉ်နိုင်ဘူး… ပြီးတော့ ခု လုံရှင်းက မိုဘိုင်းစနစ်ဘက်ကို အာရုံစိုက်နေတာ… ချစ်ပ် ၃.၀ နည်းပညာကို ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
“ မင်း ထင်နေတာ ငါ့လုံရှင်းက နေ့တိုင်း သောက်သုံးမဝင်တဲ့ဟာတွေပဲ လုပ်နေတယ်လို့ ထင်နေတာလား….” လင်းရီ ပြုံးလိုက်ပြီး “ ဒါမှမဟုတ် မင်းထင်နေတာ ငါက မြှောက်ကားကြီးလောက်ပဲ လုပ်တတ်ပြီး ကျန်တာ ဘာမှာ နားမလည်တဲ့ကောင်လို့ ထင်နေတာလား…”
အဲလစ် သူမခေါင်းကို ရုတ်ချည်းမော့လိုက်ပြီး သူမ မျက်ဝန်းထဲတွင်တော့ မယုံကြည်နိုင်ခြင်းတို့က ရေးထိုးထားကာ “ ဖြစ်နိုင်တာ…. ဒါကို ရှင် ဖန်တီးခဲ့တာလား….”
လင်းရီ ပခုံးတွန့်လိုက်ပြီး “ အဲ့တာ အရေးလား… ခု မင်းသိထားရမှာက မင်း ခုကြည့်နေတာ ချစ်ပ် ၃.၀ နည်းပညာရဲ့ ကုတ်တွေ ဆိုတာပဲ..”
ကျောက်ဝန် တိတ်ဆိတ်သွားခဲ့၏။
လင်းရီ အချိန်အကြာကြီး ငြိမ်နေသည်က အကြောင်းမဲ့မဟုတ်။ ပြန်လည် တိုက်ခိုက်ရန် အရှိန်ယူနေခြင်းပင်။
သို့သော်လည်း ယခုလို အရာမျိုးကို ဖော်ထုတ်လာလိမ့်မည်လို့တော့ သူမ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။
ဒီကတ်က ဗုံးကို ထုတ်ပြတာလောက် မရိုးရှင်းတော့ဘူး…
နျူလက်နက်ကို ပြလိုက်တာနဲ့တောင် ပိုပြီး ဆင်တူနေတယ်….
ဒီရဲ့ ပစ္စည်းကိုသာ AMD ဆီ ရောင်းချလိုက်လို့ကတော့ ကမ္ဘာ့ ချစ်ပ်နယ်ပယ်ရဲ့ တည်ဆောက်ပုံက ပြောင်းလဲသွားတော့မယ်…
လင်းရီကတော့ လင်းရီပါပဲ… သူ့လက်ထဲမှာ ဘယ်လို ဝှက်ဖဲတွေကိုင်ထားလဲဆိုတာ ဘယ်သူကမှ မသိကြဘူး…
တကယ်လို့ ကံကောင်းရင်တော့ Intel က အမှုန့်ကြိတ်ခံရုံလောက်ပဲပေါ့..
ကံမကောင်းလို့ကတော့ အမှုန့်လေးတောင် မကျန်ခဲ့မှာကို စိုးရိမ်မိတယ်….
အဲလစ်ရဲ့ လက်ရှိ အမူအရာက သက်သေပဲ…
“ ကောင်းပြီလေ… ခု ကျွန်မတို့ တစ်တန်းတည်းထိုင်ပြီး ကိစ္စကို သေချာလေး ဆွေးနွေးကြတာပေါ့..” အန်ဒီ ပြောလိုက်ပြီး “ မစ္စတာလင်း… ရှင်က ထက်မြက်တဲ့ စီးပွားရေး သမားကောင်းတစ်ယောက်… ကျွန်မတို့ဘက်က တရားစွဲဆိုမှုပြုထားတယ်ဆိုပေမယ့် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ ရှိမနေဘူးဆိုသာ ရှင်လည်း သိပါတယ်… ဒီတော့ ရှင် ဒီကိစ္စကို စိတ်ငြိမ်ငြိမ်ထားပြီး ကြည့်နိုင်မယ်လို့ မျှော်လင့်တယ်…”
“ မင်းက ငါ့ကို ဘယ်လိုမျိုး စိတ်ငြိမ်ငြိမ် ထားစေချင်နေတာ…” လင်းရီ ပေးလိုက်ပြီး “ ကျောက်ဝန်လို အကြံပေးမျိုးကလည်း မင်းဘေးနားမှာ ရှိနေတယ်… ပြီးတော့ မင်းဆို ငါ့ရှေ့မှာ ဟန်ရေးပြဖို့ သမုဒ္ဒရာကို ဖြတ်ကျော်ပြီး လာခဲ့သေးတယ်… ခု စိတ်မတည်ငြိမ် ဖြစ်နေတာက မိန်းကလေး အဲလစ်ပဲ မဟုတ်ဘူးလား…”
“ မစ္စတာလင်းကို အဲ့လိုမျိုး အတွေးပေါက်သွားစေဖို့ မရည်ရွယ်ပါဘူး…” အဲလစ်၏ အရှိန်အဝါမှာ ယခင်ကထက် များစွာ လျော့နည်းသွားခဲ့ပြီး “ ခု ကျွန်မတို့ ချစ်ပ် ၃.၀ အကြောင်း ပြောကြရအောင်လား…”
“ ကောင်းပြီလေ… မင်းပြော… ဒီကိစ္စကို ဘယ်လိုဆွေးနွေးညှိနှိုင်းဖို့ စီစဉ်ထားလဲ… ငါမင်းကို အခွင့်အရေး တစ်ခုပေးမယ်…”
“ လုံရှင်းရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် ရှင်တို့ဘက်က ဒီနည်းပညာကို ပိုင်ဆိုင်ထားရင်တောင် လောလောဆယ် သုံးလို့မရသေးဘူးဆိုတာ ရှင်သိပါတယ်… ဒီတော့ ကျွန်မတို့ဆီ ရောင်းပေးမယ်ဆို ဘယ်လိုထင်လဲ…”
“ ဒါပေမယ့် ငါက ပိုက်ဆံ မက်နေတဲ့ ကောင်မှ မဟုတ်တာ….”
“ မစ္စတာလင်းက တကယ်ကြီး ပိုက်ဆံကို စိတ်မဝင်စားဘူးပေါ့…” အဲလစ်မှ အင်မတန် ချဲ့ကားသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ရှင်က ချမ်းသာပြီးသားဆိုတာ ကျွန်မသိတယ်… ဒါပေမယ့် ဟွာရှတစ်ခုလုံးမှာ မသိသူ မရှိသေးတဲ့သူတော့ မဟုတ်သေးဘူး.. အချမ်းသာဆုံးဆိုတဲ့ ခေါင်းစဉ်နဲ့ ရှင်က အဝေးကြီးမှာ ရှိနေပါသေးတယ်…”
လင်းရီ ခေါင်းသာ တွင်တွင်ခါရမ်းလိုက်ရင်း “ ငါ့ကိုလည်း အရင်က တစ်စုံတစ်ယောက်မေးခဲ့ဖူးတယ်… ဟွာရှမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ဖို့ စိတ်ဝင်စားလားတဲ့…ဒါပေမယ့် ငါငြင်းခဲ့တယ်… ဒါကြောင့်မို့ ငါ့ကို မင်းစိတ်ကူးထဲမှာရှိတဲ့ စက်မှုလုပ်ငန်းရှင်တွေရဲ့ ပေတံနဲ့ လာမတိုင်းနဲ့… ရေလိုသုံးရင်တောင် သုံးမကုန်တဲ့ ပိုက်ဆံတွေ ငါ့မှာ ရှိထားပြီးသား…”
“ ဒါဆို ရှင့်ဘက်က ဘယ်လို ဖြစ်ချင်လဲ မစ္စတာလင်း ... ရှင် စဉ်းစားထားတာကို ပြောကြည့်လေ…”
“ ဖလှယ်မယ်…”
“ ဖလှယ်မယ်လား…. မစ္စတာလင်းက ဘာကို လိုချင်တာ…”
“ Cymer ရဲ့ စတော့….”
အဲလစ်၏ မသိမသာ အမူအရာပြောင်းသွားခဲ့ပြီးနောက် မယိမ်းယိုင်သည့် လေသံဖြင့် “ အဲ့တာတော့ လုံးဝ မဖြစ်နိုင်ဘူး… Cymer နဲ့ ကျွန်မတို့က ကုမ္ပဏီ နှစ်ခု …. သူတို့ရဲ့ရှယ်ယာကို ရှင်နဲ့ လဲလှယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး….”
“ အဲ့လိုလား… ကြည့်ရတာတော့ ငါမင်းကို ခက်ခဲတဲ့ အခြေအနေရောက်အောင် တွန်းပို့မိသွားတယ်နဲ့ တူတယ်….”
“ မစ္စတာလင်းက နားလည်ပေးတော့လည်း ကောင်းတာပေါ့….ခု ကျွန်မတို့ တစ်ခြား အခြေအနေအကြောင်း ပြောကြစို့…”
“ ငါ့ရဲ့ ဒီနေ့ အချိန်ဇယားက ပြည့်နေပြီးသား… နောက်နေ့မှ စကားဆက်ပြောကြတာပေါ့… ငါ AMD က လူတွေနဲ့လည်း ချိန်းထားသေးတယ်.. သူတို့ဘက်က ဘာကမ်းလှမ်းနိုင်လဲ ကြည့်ကြည့်တာပေါ့….”
“ မစ္စတာလင်း… ရှင်အဲ့လို လုပ်လို့မရဘူး…”
“ ငါ မင်းအဘိုး အုတ်ဂူကို သွားတူးမလို့ လုပ်နေတာလည်း မဟုတ်ဘူး… ဘာကိစ္စ လုပ်လို့ မရရမှာ…” လင်းရီ ကျိန်ဆဲလိုက်ပြီး “ ငါမင်းကို စကားပြောဖို့ အခွင့်အရေး ပေးပြီးသွားပြီ… ဒါပေမယ့် မင်းက သောက်အဓိပ္ပာယ် မရှိတာတွေပဲ လာပြောနေတယ်… မင်းထင်နေတာ လူတိုင်းကို ငတုံးများ မှတ်နေတာလား…”
ကျောက်ဝန် လင်းရီကို ကြည့်လိုက်ပြီး လင်းရီ၏ ထူးခြားသည့် ဝိသေသက တည်တည်ငြိမ်ငြိမ်နှင့် ရင်ထဲရောက်အောင် စကားပြောနိုင်ခြင်း ဖြစ်မည်ဟု ခံစားနေမိ၏။
သူမ ယောက်ျားသားများစွာနှင့် စကားပြောဆိုခဲ့ဖူးသည့် တိုင်အောင် လင်းရီမှာ တစ်မူထူးခြားနေစမြဲပင်။
လင်းရီ ထိုသို့ ပြောပြီးနောက် အဲလစ် မည်သည့် စကားတို့မျှ ဆက်မဆိုဝံ့တော့ချေ။ လက်ရှိ အခြေအနေ၌ သူမက အရေးနိမ့်နေသည့် အနေအထားမှ ဖြစ်၏။
“ ငါ့အထင် … မင်းတို့ Intel ရဲ့ ဓာတ်ခွဲခန်းကနေ ဒီပစ္စည်းက သိပ်မကြာခင် ရလဒ် ထွက်လာတော့မယ် ဟုတ်တယ်မလား… တကယ်လို့ ငါ ဒါကို AMD ဆီ ရောင်းလိုက်မယ်ဆိုရင်တောင် မင်းတို့အပေါ် ကြီးကြီးမားမား ဘာသက်ရောက်မှု ရှိမှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်း တစ်ခုသိထားရမှာက…. မင်းတို့ အင်ဂျင်နီယာတွေ နှစ်နှစ်ကျော်လောက် အလုပ်လုပ်ခဲ့ရပေမယ့် ငါကတော့ အချိန် သုံးလပဲ ယူခဲ့တယ်.. မင်းတို့ရဲ့ လက်ရှိ စွမ်းဆောင်ရည်နဲ နောက် ချစ်ပ် ၄.၀ နည်းပညာကို ဖန်တီးဖို့ ဆို အနည်းဆုံး နှစ်နှစ်ကြာမယ်… ငါကတော့ အများဆုံး လဝက်လောက်ပဲ… လွန်ကျွံရင် တစ်နှစ်ပေါ့… ငါသာ ဆန္ဒရှိရင် မင်းတို့ရဲ့ ထုတ်ကုန်တွေက AMD ထက် မျိုးဆက်တစ်ဆက်(generation) နောက်ကျနေအောင် လုပ်လို့ရတယ်… ဆိုတော့ မင်းဆုံးဖြတ်….. ဆုံးဖြတ်ဖို့ အချိန် လဝက်ပေးမယ်….”
ပြောပြီးနောက် လင်းရီ ကွန်ပျူတာမှ USB drive ကို ဆွဲဖြုတ်လိုက်ပြီး လှည့်ထွက်သွားခဲ့တော့၏။
“ ဒါရိုက်တာလင်း… နင် ဒီအတိုင်းပဲ ထွက်သွားတော့မှာလား….” ကျောက်ဝန် မတ်တပ်ရပ်ပြ မေးမြန်းလိုက်၏။
“ မိမိုက်သလို လုပ်ပြီးသွားပြီလေ… ဘာပြုလို့ ဆက်နေနေရဦးမှာ…”
လင်းရီထွက်ခွာသွားခဲ့ပြီးနောက် ကျောက်ဝန် အဲလစ်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။
သူမဘက်က ပြောရန် လိုအပ်သည်များကို ပြောခဲ့ပြီးဖြစ်သော်လည်း တစ်ဖက်သူမှ ခေါင်းမာမာနှင့် ပြောသမျှကို နားမဝင်ခဲ့ချေ။ ယခုတော့ အရာအားလုံးက လွန်လေချေပြီ။
“ ငါဘာပြောခဲ့လဲ.. နင်အခုတော့ ယုံပြီမလား…” ကျောက်ဝန်ပြောလိုက်ပြီး “ သူ့ရဲ့ ပေါ့ပြက်ပြက် ၀သီကြောင့်နဲ့ နင်သူ့ကို အထင်သွားမသေးနဲ့… လင်းရီက နင်သွားရှုပ်လို့ရတဲ့ လူစားမျိုးထဲမှာ မပါဘူး…”
“ ငါ အထင်သေးမိသွားတယ်… သူက ဒီလောက်ထိ ထူးချွန်နေလိမ့်မယ်လို့တောင် ထင်မထားဘူး…”
“ နင် အထင်သေးမိတာ ကိစ္စမဟုတ်ဘူး… နင်က သူနဲ့ လယ်ဗယ်တူကို မဟုတ်တာ…”
“ မဟုတ်ဘူး… ငါသာ ဆန္ဒရှီရင် သူငါ့ကို ဒီလိုမျိုး ထပ်ခြိမ်းခြောက်လို့ ရမှာမဟုတ်ဘူး..” အဲလစ် ပြောလိုက်ပြီး “ ခု ငါတို့ရဲ့ သုတေသန လုပ်ငန်းတွေကို အရှိန်အဟုန် မြင့်မယ်… အဲ့တာဆို ဒီလိုမျိုး ထပ်ဖြစ်တော့မှာ မဟုတ်ဘူး…”
“ နင့်ကို ခြိမ်းခြောက်လို့ မရဘူးပေါ့….”
အဲလစ် ပြုံးလိုက်ပြီး “ ငါ့ လက်တော့က တခြားသူတွေရဲ့ ပစ္စည်းနဲ့ မတူဘူး… ငါ အဲ့ဒီ ဖိုင်တွေကို စစ်ဆေးနေတဲ့ တစ်ချိန်တည်းမှာပဲ အဲ့ဒီ ကုတ်တွေကို ငါ့ရဲ့ စက်ထဲ ကော်ပီကူးပြီးသွားပြီ.. ငါသာ ဆန္ဒရှိရင် ပြန်ဖော်လို့ရတယ်… အဲ့လိုသာဆို လွယ်လွယ်လေးနဲ့ ချစ်ပ် ၃.၀ နည်းပညာကို ရနိုင်သွားမယ် မဟုတ်ဘူးလား…”
“ တကယ်ကြီး….” ကျောက်ဝန် အံ့အားသင့်စွာဖြင့် အသံမြင့်မိသွားခဲ့၏။
ထင်ထားတဲ့အတိုင်းပါပဲ… သာလွန်သူတွေရဲ့ နည်းပညာကတော့ သူမ စိတ်ကူးထားတာထက်တောင် ကျော်လွန်နေပြီ….
“ ဒါပေါ့… အမှန်ပဲ… နင် မယုံဘူးဆိုရင် ဒါကို တစ်ချက်ကြည့်လိုက်…”
အဲလစ် သူမ ကွန်ပျူတာကို ဖွင့်လိုက်ပြီး “ အကုန်ဒီမှာ……”
သူမ စကားမဆုံးခင် အဲလစ်နှင့် ကျောက်ဝန်တို့ နှစ်ဦးလုံး ပါးစပ်လေး ပွင့်အာလျက် ကျောက်ရုပ်ကြီးကဲ့သို့ မျက်တောင် ခတ်ရန်ပင် မေ့လျောသွားကြတော့သည်။
အဲလစ် စခရင်ကို ဖွင့်သည့် အခိုက်အတန့်၌ ကွန်ပျူတာ စခရင်မှာ အပြာရောင်ပြောင်းသွားခဲ့ပြီး ဟွာရှ စာလုံးများက ဝဲပျံနေလေသည်။
“ သောက်ရူးတွေ… ဟမ့်… ငါ့ရဲ့ ကုတ်ကိုများ ကူးချင်နေကြတယ်ပေါ့…”