တစ်စုံတစ်ဦးက ခင်များကိုယ်စား ထမ်းပိုးထားပေးလို့ နေမှာပေါ့
Vol. 57 Ch. 843
ထိုမျှမကသေး၊ အဲလစ် နားမလည်မည် စိုးသောကြောင့် အောက်တွင်လည်း အင်္ဂလိပ်စာလုံးတို့ဖြင့် ဘာသာပြန်ကလည်း ထည့်ထားပေးသေးသည်။
ကျောက်ဝန် အောက်နှုတ်ခမ်း ကိုက်လိုက်မိ၏။
ဒါက နည်းနည်းလေးတော့ ရင်ကွဲချင်စရာပဲ…
“ မဖြစ်နိုင်တာ…. ဒါ ငါ့ရဲ့ တစ်ကိုယ်ရည်သုံး ကွန်ပျူတာလေ…. ခု အင်တာနက်တောင် ချိတ်ထားတာ မဟုတ်ဘူး…. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ…”
ကျောက်ဝန် အန်ဒီ၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်ပြီး “ နင် ပထမဆုံး ထည့်လိုက်တဲ့ USB Drive ကြောင့်ဖြစ်မယ်… မဟုတ်ရင် သူ့လိုလူမျိုးက ချစ်ပ် ၃.၀ နည်းပညာ ပါတဲ့ Drive ကို စိတ်ချလက်ချ ကမ်းပေးလာလိမ့်မယ်လို့ ထင်နေတာလား… နောက်ပြီးတော့ ခုဆို နင့် ကွန်ပျူတာထဲက အချက်အလက်တွေတောင် အဲ့ကောင် ခိုးယူသွားပြီးလား မသိဘူး…. အထဲမှာ ဘာ အရေးကြီးတာမှ မပါပါစေနဲ့လို့သာ ဆုတောင်းထားပေတော့….”
အဲလစ် ပြောစရာ စကား ကင်းမဲ့နေတော့၏။ သူမ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး ယုံကြည်နိုင်ရန် ခက်ခဲနေကာ “ ဒါဘယ်လိုလုပ်ပြီး …”
“ အရာရာတိုင်းကို ကာကွယ်ထားလို့ မရဘူးဆိုတဲ့ ဟွာရှ စကားပုံက အကြောင်းမဲ့မှ မဟုတ်တာ…”
……………………….
စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်၏။ အချိန်မှာ ည ခုနစ်နာရီခွဲနေချေပြီ။ သို့သော်လည်း သူ ကျီချင်းရန်ထံ ဖုန်းမခေါ်ချေ။
သန်ဘက်ခါဆိုလျှင် ခရစ်စမတ်ရောက်ပြီ ဖြစ်သောကြောင့် သူ့ဘက်က လက်ဆောင်အရင် ကြိုပြင်ထားရန် လိုအပ်၏။
သေစမ်း…. သူ တစ်ပြိုင်တည်း လေးယောက်အတွက် လက်ဆောင် ပြင်ထားပေးရမှာ….
ဘာလို့များ ကောင်းကင်ဘုံက သူ့လို ကြင်နာတတ်တဲ့ လူငယ်လေးကို ဒီလို ဒုက္ခတွေ ဆောင်ကြဉ်းပေးရတာလဲကွာ….
လင်းရီ GPS ကို ဖွင့်၍ အနီးရှိ တိုင်းစကွဲသို့ မောင်းနှင်သွားလိုက်၏။ ထို့နောက် ဓာတ်လှေကားမှ တစ်ဆင့် လေးလွှာသို့ တက်လာခဲ့လိုက်သည်။
ယခု အလွှာက လက်၀တ်လက်စားများ ရောင်းသည့် နေရာဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း တစ်ဆယ်အတွင်း ဝင်သည့် စတိုးဆိုင်ကိုယ်စားလှယ်များက ယခုအလွှာတွင် ပေါင်းစည်းနေလေသည်။
တစ်စုံတစ်ယောက်၌ ငွေသာ အလုံအလောက် ရှိသရွေ့ ကျိုးဟိုင်၌ မရနိုင်သည့် ပစ္စည်း မရှိချေ။
“ သပ… အဲ့ဒီ ဓာတ်လှေကားထဲက ကောင်လေးကို ကြည့်စမ်း… အရမ်း မချောလွန်းဘူးလား…”
“ ခရစ်စမတ်လည်း ရောက်တော့မယ်… ပြီးတော့ ကောင်လေးက တစ်ယောက်တည်း.. ကြည့်ရတာ သူ့ကောင်မလေးအတွက် တိတ်တိတ်လေး လက်ဆောင် ဝယ်ပေးမလို့နဲ့တူတယ်…”
“ ဒါဆို ငါတို့ သေချာပေါက် ဆွဲခေါ်မှ ဖြစ်မယ်…. အရမ်းချောတဲ့ အစ်ကိုလေးကို ဆိုင်နားခေါ်ပြီး အနီးကပ်ကြည့်ရတာ ပိုမကောင်းဘူးလား…”
“ ဒါပေမယ့် သူ့ပုံစံက တအား ငယ်သေးတယ်ဟ… ဟာရီဝင်စတင်ရဲ့ ပစ္စည်းတွေက ဈေးမပေါဘူး… ငါတော့ သူတတ်နိုင်မယ်လို့ မထင်…”
“ အဲ့တာ အရေးကြီးလို့လား… ပိုအရေးကြီးသာ အချောလေးကို အနီးကပ်ကြည့်ခွင့်ရဖို့ပဲလေ…”
“ ကျွတ် ကျွတ်… ကောင်မ…. ငါတော့နင်ပြောတာကို သဘောကျသွားပြီ…”
သူမပြောနေစဉ် ဆံပင်အရှည်နှင့် ဆိုင်အကူ မိန်းကလေး တစ်ဦးမှ လင်းရီထံ လက်ဝှေ့ယမ်းပြရင်း “ အချောလေး… နင် လက်ဆောင်ပေးဖို့ ဝယ်ချင်ရင် ဟာရီဝင်စတင်ကို လာပြီး တစ်ချက်ကြည့်လှည့်… နင့်ကို အထူးအတွင်းဈေးနဲ့ ရောင်းပေးလိုက်မယ်…”
လင်းရီ လှမ်းကြည့်လိုက်တော့ ဟာရီဝင်စတင်( Harry Winston)မှ မိန်းကလေး ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။
သူ ဖက်ရှင်နယ်ပယ်မှ မဟုတ်သော်လည်း အမျိုးသမီး ဘရန်းများနှင့် ပတ်သက်၍ကတော့ တော်တော်လေး တီးမိခေါက်မိ ရှိပေသည်။
Harry Winston နှင့် Van Cleef & Arpels (ဗန်ကလိ အေအာပယ်လ်) တို့မှာ လက်ဝတ်တန်ဆာ နယ်ပယ်၌ ထိပ်တန်း ဘရန်းနာမည်များ ဖြစ်၏။ လင်းရီအတွက်တော့ သူတို့၏ အဆင့်အတန်းက အခြား ဘရန်းများကို နိမ့်ချ၍ ကြည့်ရန် လုံလောက်သည်အထိ အရည်အချင်းပြည့်မှီလေသည်။
Hermes က Luxury fashion နယ်ပယ်၌ ထိပ်ဆုံးမှ ရပ်တည်နေသကဲ့သို့ပင်။
“ အစ်ကိုလေး… ငါတို့ရဲ့ Van cleef စတိုးကိုလည်း လာကြည့်လှည့်ပါဦး… ပစ္စည်းအသစ် နှစ်ခုတောင်မှ ရောက်ထားတယ်… နှစ်ခုလုံးက အကန့်အသတ်နဲ့ ထုတ်ထားတာတွေချည်းနော်..”
“ ဒါဆို လာပြီး ကြည့်ပေးရမှာပေါ့…”
လင်းရီ Van Cleef ဘရန်းအပေါ်၌ အမြင်ကောင်းတစ်ချို့ရှိ၏။
အထူးသဖြင့် ချက်ချင်း လက်ငင်း ဂန္တဝင်ဖြစ်သွားစေခဲ့သည့် Fou-leaf clover ( ကံကောင်းခြင်းပင်) အဆင်တန်ဆာကိုပင်။
တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် မနက်ဖြန်က ရုံးပိတ်ရက် ဖြစ်နေလေသည်။ ထို့ကြောင့် သူ ဝယ်ပြီးသည်နှင့် ဝမ်ရင်းထံ အရင် ပို့ပေးရမည်ဖြစ်၏။
ခရစ်စမတ် အချိန်အခါတွင်တော့ အနည်းငယ် အားလပ်ချိန် ပေးသင့်လေသည်။
“ သပပဲ… အဲ့ ခွေးမ… တကယ်ကြီး ငါတို့ရဲ့ အစ်ကိုလေးကို ဖျားယောင်းသွားတယ်ပေါ့..”
“ ဟိုး ဟိုး…. တကယ်လို့ နောက်တစ်ခေါက် အချောလေး ရှိလာခဲ့ရင် နင်တို့ကိုပေးမယ်လေ… “
“ ဟွန့်… ငါ ဒီမှာ အလုပ်လုပ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး… ဒီရဲ့ အစ်ကိုလေးထက် ပိုချောတဲ့ နောက်တစ်ယောက် ရှိနိုင်ဦးမယ်ဆိုတာ မယုံဘူး…”
“ သိဘူးလေ…တို့က အဲ့တာတွေ စိတ်မ၀င်စားဘူး…”
“ အစ်ကိုလေး…. နင် အရမ်းကြီး ဘက်မလိုက်နဲ့လေ… ဒီဘက်ကိုကော ဘာလို့ လာမကြည့်တာ.. ငါတို့ရဲ့ Harry Winston က သူတို့အောက် မနိမ့်ပါဘူးနော်…”
“ မပူနဲ့… ဒီမှာပြီးရင် မင်းတို့ဆီကို လာခဲ့မယ်…”
“ အိုကေ.. ဒါဆို မျှော်နေမှာနော်…”
ပြုံးလျက် ခေါင်းညိမ့်ရင်း လင်းရီ သူ့ကိုယ်သူ မောလ်ထဲ လှည့်ပတ်ကြည့်သည်ဟု မထင်ပဲ စွန့်စားခန်း ထွက်သည်ဟု ခံစားနေမိ၏။
Van Cleef က ကမ္ဘာ့ထိပ်တန်း လက်ဝတ်တန်ဆာ ဘရန်းများထဲမှ တစ်ခုဖြစ်သည့် အလျောက် ဈေးနှုန်းကလည်း လုံးဝ ဟာသမဟုတ်ချေ။
သာမန် သူဌေးအများစုမှာ ဤနေရာသို့ ရောက်လာပြီး ဝင်းဒိုးရှော့ပင်း ပြုရုံမျှသာ တတ်နိုင်ပေသည်။ အထဲရှိ ပစ္စည်းများ၏ ဈေးနှုန်းက ၎င်းတို့ တတ်နိုင်သည့် အတိုင်းအတာအတွင်း၌ ရှိမနေချေ။
သို့သော်လည်း ကျိုးဟိုင်ကဲ့သို့ နိုင်ငံတကာ မြို့ကြီးပြကြီး၌ အမည်မဖော်လိုသည့် ပုန်းလျှိုးကွယ်လျှိုး တိုင်ကွန်းများက ဒုနဲ့ဒေးပင်။
ခရစ်စမတ် နီးကပ်လာသည့် အကြောင်းနှင့် ဆက်စပ်လိုက်တော့ ဤအလွှာသို့ ရောက်လာသူ လူအများစုက အမျိုးသားချည်းများသာ ဖြစ်နေကြလေသည်။
သို့သော်လည်း စုံလင်နေသည့် ဘရန်းများကို လိုက်ပတ်ကြည့် ၊ ခေါင်းအကြိမ်ကြိမ်ကုတ်ရင်း တူညီသည့် စကားတစ်ခွန်းက အားလုံး၏ ရင်ဘက်ထဲ၌ ရှိနေကြသည်။
‘ ငါ ဘာဝယ်သင့်လဲ..’
လင်းရီကို ကြိုဆိုပြီးနောက် ဆိုင်အကူ မိန်းကလေးမှ မျက်နှာ ရဲရဲလေးဖြင့် မေးမြန်းလာခဲ့ပြီး “ လူကြီးမင်းက ကောင်မလေးကို လက်ဆောင်ပေးဖို့ လာရွေးတာလား မသိဘူး…”
“ အင်း… ဟုတ်တယ်…”
“ ဒါဆို လောလောလတ်လတ်ကမှ ကျွန်မတို့ဆိုင်ကို အသစ်ရောက်ထားတဲ့ ပစ္စည်းအသစ် နှစ်ခုရှိတယ်… လူကြီးမင်းကို အဲ့ပစ္စည်းလေး ပြပေးရင်ကော…”
“ အဆင်ပြေတာပေါ့…”
လင်းရီ၏ လက်ဆောင် အရွေးခက်သည့် အခက်အခဲကြောင့်သာ မဟုတ်ပါက အချိန်အတော်ကြာကတည်းကပင် ဈေးဝယ်ထွက်၍ ပြီးနေချေပြီ။
အမျိုးသမီး ဝန်ထမ်းမှ လင်းရီကို ကောင်တာ အတွင်းဘက်ခြမ်းသို့ ခေါ်လာခဲ့ပြီး ညင်သာသည့် လေသံဖြင့် “ လူကြီးမင်းရှင့် … ဒါက Van Cleef ရဲ့ ခရစ်စမတ်အတွက် အထူးသီးသန့် ထုတ်ထားတဲ့ Four-leaf clover ပလတ်တီနမ် ဗားရှင်းလေးပါ.. ပြီးတော့ အကန့်အသတ်နဲ့ပဲ ရောင်းချတာပါ… ကျိုးဟိုင် တစ်ခုလုံးမှာတောင် အစုံ ၂၀ ပဲ ရှိတယ်… ခု ရှစ်စုံတော့ ရောင်းထွက်ပြီးသွားပြီ.. တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါရှင့်..”
“ ၁၈ သန်း.... နည်းနည်းတော့ ဈေးကြီးတာပဲ..” လင်းရီ ရေရွတ်လိုက်ပြီး “ ဒါပေမယ့် ဒီဇိုင်းကတော့ တော်တော်လေးကို သဘောတွေ့စရာပဲ… တကယ်လို့ ဈေးကြီးတယ်ဆိုရင်တောင် ကြီးစေတော့… ငါ ယူမယ်…”
“ အာ….”
ဆိုင်ထဲရှိ လူတိုင်းမှ လင်းရီကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြ၏။
“ ဟေ့ ဘာလို့ ငါ့ကို အဲ့လို လာကြည့်နေကြတာ…. ငါက ဒီပစ္စည်းဝယ်ဖို့ အရည်အချင်း မပြည့်မှီလို့လား… ကြိုတင် အချိန်းအချက် ပြုဖို့ လိုသေးတာလား….”
“ မဟုတ်… အဲ့သဘောမျိုး မဟုတ်ပါဘူး…”
အမျိုးသမီး ဆိုင်ဝန်ထမ်းမှ အထစ်ထစ် အငေါ့ငေါ့ဖြင့် ဆိုလျက် “ လူကြီးမင်း အကြည့်မှားနေတယ်နဲ့တူတယ်… သူက ၁၈သန်း မဟုတ်ပါဘူး… ၁.၈ သန်းပါ…”
“ ဆိုတော့ ၁.၈ သန်းပေါ့…. ဒါဆို ပိုလို့တောင် တုံ့ဆိုင်းနေစရာမလိုဘူး… ယူမယ်…”
ဘေးပတ်ပတ်လည်မှ လူတိုင်း လျှို့ဝှက်စွာဖြင့် ရှော့ခ်ရသွားခဲ့ကြတော့၏။
ဒီရဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်က ဘယ်ကနေ ရောက်လာခဲ့တာ…
၁၈ သန်းပေးရတဲ့ လက်ဝတ်တန်ဆာကိုတောင် မဆိုင်းမတွ ဝယ်ယူနိုင်နေတယ်…
“ လူ…လူကြီးမင်းက ကတ်နဲ့ ရှင်းမှာလား… ငွေသားနဲ့ ရှင်းမှာလားရှင့်…” ဆိုင်ဝန်ထမ်းမှ အစမ်းသဘောဖြင့် မေးမြန်းလိုက်သည်။
“ အေးဆေးပေါ့… ငါ နောက်တစ်ခု ဝယ်ဦးမှာ…” လင်းရီ ပြောလိုက်ပြီး “ မင်းပြောတာ ပစ္စည်းအသစ် နှစ်ခုရှိတယ်မလား… ဘယ်မှာလဲ နောက်တစ်ခုက…”
“ ရှင်က နောက်တစ်ခု ထပ်ဝယ်ချင်နေသေးတယ်..” အမျိုးသမီး ဝန်ထမ်းမှ ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး “ အမ်… လူကြီးမင်း စိတ်တော့ မရှိနဲ့နော်… ပရော်ဖက်ရှင်နယ် အရောင်းသမ တစ်ယောက်အနေနဲ့ ကျွန်မ အကြံပြုချင်တာ ခရစ်စမတ် လက်ဆောင်အတွက်ဆို တစ်ခုတည်းပေးတာပဲ ကောင်းတယ်… တကယ်လို့ ပိုဝယ်လိုက်မယ်ဆိုရင် အဲ့တာက လူကြီးမင်းအပေါ် အကျိုးသက်ရောက်………….”
“ မင်းပြောချင်တာ တကယ်လို့ ငါက ပစ္စည်းတွေ အများကြီး ဝယ်လိုက်ရင် သူဌေးလက်သစ်လေးနဲ့ တူသွားမယ်လို့ ပြောချင်နေတာလား…”
( သူဌေးလက်သစ်ဆိုတော့ ကြွားချင် ဝါချင်တဲ့ သဘောနဲ့ပေါ့ဗျာ..)
“ မ… မဟုတ်ပါဘူး… ကျွန်မ ဆိုလိုချင်တာ အဲ့ဒီ သဘောမျိုး မဟုတ်ပါဘူး… ရှားပါးတဲ့ ပစ္စည်းတွေက တန်ဖိုးရှိတာ သဘာဝပဲလေ…”
“ အင်း.. မင်းမမှားပါဘူး… ငါ ဝယ်ချင်တယ်ဆိုတာကလည်း လက်ဆောင်ပေးရမယ့်လူက တစ်ယောက်ထက် ပိုနေလို့ပဲ… ဘာပဲဆိုဆို ငါ့ဘက်ကတော့ ညီတူမျှတူ ဆက်ဆံပေးရမယ်လေ…”
“ ဟင်…”
ဆိုင်ထဲရှိ အမျိုးသားများအားလုံး လင်းရီကို အားကျ မနာလိုဖြစ်နေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ကြ၏။
တစ်ပြိုင်တည်း နှစ်ယောက်ပေါ့….
ဒီကောင်ကြီးက ငိုးကျလောက်အောင် ကောင်းချီးပေးခံထားရတာပဲကွ….
“ လူကြီးမင်း.. ဒီဘက်ကြွပါရှင့်..” အမျိုးသမီးဝန်ထမ်းမှ လင်းရီကို တစ်ခြား ကောင်တာတစ်ခုထံ ကြိုဆိုလိုက်ပြီး “ ဒါက Zenith စီးရီးအသစ် နောက်ဆုံး စုစည်မှုပါရှင့်…သူ့တန်ဖိုးကတော့ ၁.၉၈ သန်းပါ…”
“ ကောင်းပြီ… ငါ ဒီနှစ်ခု ယူမယ်… ထုပ်ပေးဦး… ပြီးတော့ ငါ့မှာ သုံးဆယ်ရာခိုင်နှုန်း ဒစ်စကောင့်ပေးတဲ့ မန်ဘာကတ်လည်း ရှိသေးတယ်… အဲ့တာပါ ပေါင်းပြီး ဘယ်လောက်ကျလဲ ကူတွက်ပေးဦး…”
ဆိုင်အကူဝန်ထမ်း အမျိုးသမီးမှ လင်းရီထံ၌ စိန်အဆင့် အဖွဲ့ဝင်ကတ် ရှိနေသည်ကို အထူးတလှယ်လုပ်၍ အံ့အားသင့် မနေတော့ချေ။
လက်ဝတ်တန်ဆာအတွက်တောင် တစ်ခါတည်းနဲ့ လေးသန်းလောက် သုံးသွားတဲ့လူမှာ စိန်အဆင့် အဖွဲ့ဝင်ကတ် ရှိနေတာ ဆန်းသလား…
“ ဟိုလေ… တစ်စိတ်လောက် ညီကို… မင်းက တစ်ပြိုင်တည်း မိန်းကလေး နှစ်ယောက် ထားနိုင်တယ်ဆိုတော့ လုံးဝ အမေးဇင်းပဲ..”
လင်းရီ ကတ်ဖြတ်သည်ကို စောင့်နေခိုက် သက်လတ်ပိုင်း အစ်ကိုကြီးတစ်ဦးမှ နှုတ်ခွန်းဆက်လာခဲ့၏။
“ အဆင်ပြေပါတယ်… အချိန်ကို ဘယ်လိုစီမံထိန်းချုပ်ရမလဲဆိုတာ သိရင် ခင်များလည်း ကျုပ်လို ဖြစ်လာလိမ့်မယ်…”
“ လေသံ နားထောင်ကြည့်တာနဲ့ ဒိတ်တဲ့နေရာမှာ ဆရာကျတယ်ဆိုတာ ရှင်းနေတာပဲ… ညီကိုရဲ့တိုင်မင်တွေက စံနမူနာ ထားရလောက်မယ်နဲ့တူတယ်…”
“ ပါရမီပါတာ ပြောရမှာပေါ့..”
“ ဒါဆို ငါ တစ်ခုလောက် အကြံဉာဏ် တောင်းချင်လို့ ရလား…”
လင်းရီ သက်လတ်ပိုင်း အမျိုးသား လက်ကို ကြည့်လိုက်ပြီး “ ခင်များ လက်ဆောင် ရွေးပြီးသွားပြီး မဟုတ်ဘူးလား… ဘာမေးချင်သေးလို့..”
“ လက်ဆောင်ရွေးတဲ့ ကိစ္စ မဟုတ်ဘူး… ဒီတိုင်း ခုတလော ငါ့ကို တော်တော်လေး စိတ်ဒုက္ခပေးနေတဲ့ ပြဿနာ တစ်ခုကြောင့်မို့လို့ကွာ..” သက်လတ်ပိုင်းလူမှ ခေါင်းကုတ်လိုက်ပြီး “ အမျိုးသမီးတွေက အသက်သုံးဆယ်မှာ ဝံပုလွေ… လေးဆယ်မှာ ကျားသစ် အဲ့လို မပြောကြဘူးလား….ဒါပေမယ့် ငါ့အိမ်က ကျားမကြီးက ဘာလို့ အရမ်း သိမ်မွေ့နေတာ….”
အင်း….ဒါကတော့ ကိုယ့်လူ ...
လင်းရီ သက်လတ်ပိုင်းလူ၏ ပခုံးကို လေးလေးနက်နက် ပုတ်လိုက်ပြီး “ အဲ့လောက်ထိငြိမ်းချမ်းနေတဲ့ ဘဝကြီးဆိုတာ မရှိဘူး.. တစ်စုံတစ်ယောက်က ခင်များကိုယ်စား ဝန်ထုပ်ဝန်ပိုးတွေကို ကြိုပြီး ထမ်းပိုးထားပေးလို့နေမှာပေါ့…”