မျှော်လင့်မထားသည့် တွေ့ဆုံမှု
Vol. 57 Ch. 844
“ အာ….”
သက်လတ်ပိုင်း အစ်ကိုကြီးမှာ သဘောမပေါက်သည့် အသွင်ဖြင့် တဒင်္ဂမျှကြာအောင် ကြက်သေသေသွားခဲ့သည်။
“ လူကြီးမင်း… ရှင့်ရဲ့ ပစ္စည်းတွေကို ထုပ်ပိုးပေးပြီးပါပြီ… ဒါကတော့ လူကြီးမင်းရဲ့ ကတ်ပါ… ကျေးဇူးပြုပြီး လက်ခံပေးပါရှင့်…”
လင်းရီ ခေါင်းညိမ့်၍ လက်ခံလိုက်ပြီး Van Cleef ထဲမှ ထွက်လာခဲ့ကာ ဟာရီဝင်စတင်ထံ သွားရန် ဟန်ပြင်လေသည်။
“ အစ်ကိုလေး…. နင်က အရမ်း မျက်နှာလိုက်တာပဲ… ပြောတော့ ငါတို့ ဆိုင်ကိုလည်း လာခဲ့မယ်ဆို....ခုကျတော့ နင့်ပစ္စည်းတွေကို Van Cleff မှာတင် တစ်ခါတည်း ဝယ်ပစ်လိုက်ပြီ…”
“ ဟုတ်ပါ့… ပြီးတော့ တစ်ပြိုင်တည်း နှစ်ခုကြီးများတောင်… တစ်ခုလေးလောက်တော့ တို့ဆီမှာ ဝယ်ပါဦးလား…”
“ ငါ နှစ်ခုတည်းဝယ်မယ်လို့ ဘယ်သူပြောလဲ..” လင်းရီ ပြောလိုက်ပြီး “ ငါ လေးခု ဝယ်မှာ… သူတို့ဆီက နှစ်ခု ဝယ်ခဲ့ပြီးပြီဆိုတော့ မင်းတို့ ဆိုင်မှာလည်း နှစ်ခု ဝယ်မယ်.. ညီတူမျှတူပေါ့… မကျေနပ်ဘူးလား….”
“ အာ…. လေးခု… အစ်ကိုလေး… နင် အဲ့လောက်အများကြီး ကိုင်တွယ်နိုင်လို့လား…”
“ ငါ အခု တစ်နေ့ ပုံမှန် လေးနာရီအချိန်ရတယ်ဆိုတော့ ပြဿနာ မရှိပါဘူး..”
“ ဝေါင်း… အစ်ကိုလေး… နင်က လုံးဝ အမေးဇင်းပဲ… လာလာ.. မြန်မြန်လာခဲ့…”
ဆိုင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးမှ လင်းရီကို လက်ယက်၍ ကြိုဆိုလိုက်ပြီး " အစ်ကိုလေး .. နင်က အဲ့ဒီမှာ လက်ကောက်နဲ့ ဆွဲကြိုးဝယ်ခဲ့တယ်ဆိုတော့ ငါတို့ ဆိုင်မှာ လက်စွပ်တွေ ကြည့်မယ်ဆိုရင်ကော…”
“ အင်း… ကောင်းသားပဲ…”
“ ဘယ်လောက်သုံးမယ်လို့ စိတ်ကူးထားလဲ….”
“ မရှိဘူး…” လင်းရီ ပြောလိုက်ပြီး “ ကြီးကြီးလေးတွေပဲ လိုချင်တယ်….” (ကိန်းဂဏန်း)
“ ဟီးဟီး… ဘယ်လောက်ထိ ကြီးတာလိုချင်လို့လဲ… ငါ့ရဲ့ 37B ဆိုရင်ကော… အဆင်ပြေလောက်လား…”
“ မရဘူး… အနည်းဆုံးတော့ 36D လောက်မှ…”
“ အဲ့လိုဆိုရင်တော့ တို့ရဲ့ ဆိုင်မန်နေဂျာကြီး ဝင်ပါရမယ့် အချိန်ပဲထင်တယ်… ဟားဟား…”
ဆိုင်အကူ ဝန်ထမ်းများနှင့် ခေတ္တမျှ စနောက်ပြောဆိုပြီးနောက် လင်းရီ ကောင်တာသို့ ရောက်ရှိလာခဲ့၏။
“ အစ်ကိုလေး… နင်ဒါလေးကို တစ်ချက် ကြည့်ကြည့်လိုက်….ဒါက ငါတို့ဆိုင်ရဲ့ ရတနာ… ပလတ်တီနမ်အောက်ခံနဲ့ ၁၈ ကာရက်ရှိတဲ့ အဠဂံ စိန်လက်စွပ်…. ဒါပေမယ့် တန်ဖိုးကတော့ နည်းနည်းလေးကြီးတယ်…”
လင်းရီ ဈေးကို တစ်ချက်ဖတ်ကြည့်လိုက်တော့ “ ဒေါ်လာငါးသန်း….”
“ အွန်း…. ဈေးမပေါဘူးနော်…” ဆိုင်ဝန်ထမ်း အမျိုးသမီးမှ အပြစ်ရှိဟန်ဖြင့် ဆိုလိုက်ပြီး “ ဒါပေမယ့် ဆိုင်မှာ တခြားစတိုင်တွေလည်း ရှိပါသေးတယ်လေ… အစ်ကိုလေးကို မိတ်ဆက်ပေးလို့ရတယ်…”
“ မလိုတော့ဘူး…ဒါနဲ့တင် အဆင်ပြေပြီ..” လင်းရီ ပြောလိုက်ပြီး “ ဒါက ဒီတိုင်း ခရစ်စမတ် လက်ဆောင်လေးပဲ… လက်ထပ်ခွင့်တောင်းမှာမှ မဟုတ်တာ… အဲ့လောက်ထိ ဂျေးများနေစရာ မလိုပါဘူး…”
လင်းရီ၏ တည်ငြိမ်နေသည့် လေသံကို ကြားမိတော့ ဆိုင်ဝန်ထမ်း အမျိုးသမီး နှစ်ဦးမှာ အနှီ အစ်ကိုလေးက သောက်ရမ်းချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူတစ်ဦးဖြစ်ကြောင်း သေချာသွားစေတော့၏။
ကျီချင်းရန်အတွက် လက်ဆောင်ကို ရွေးချယ်ပြီးနောက် နောက်ဆုံး ကျန်နေသည်ကတော့ လျန်ရူရွှယ် အတွက်ပင်။
သို့သော်လည်း လင်းရီစိတ်ထဲ အနည်းငယ် လွန်ဆွဲနေသည်။
ယခုလို တန်ဖိုးကြီး ပစ္စည်းများက သူမနှင့် သင့်လျော်ခြင်း မရှိချေ။ အတိအကျ ဆိုရသော်သူမ၏ ရာထူးကြောင့် ဖြစ်လေသည်။ မဟုတ်ပါက အကျင့်ပျက် ခြစားနေသူတစ်ဦးအဖြစ် အထက်လူကြီးများ၏ စွပ်စွဲခြင်းကို ခံရလောက်၏။
သို့သော်လည်း သူပေးသည့် လက်ဆောင်က ဈေးပေါနေ၍လည်း မဖြစ်ပြန်ချေ။ တန်ဖိုးကြီးသော်လည်း ဈေးမရှိဟု ထင်ရသည့် ပစ္စည်းမျိုး ဖြစ်ရန် လိုအပ်၏။
ဤသည်က နည်းနည်းလေးတော့ အခက်တွေ့စရာပင်။
ဆိုင်ထဲ လှည့်ပတ်ကြည့်ပြီးနောက် လင်းရီ ကောင်တာထဲရှိ အပြာရောင် နားတောင်းတစ်စုံကို မျက်စိသွားကျမိ၏။
“ ဒါလေးက ဘယ်လောက်လဲ…”
“ ဒီဟာလေးကလည်း ပလတ်တီနမ် အဆင်တန်ဆာလေးပါပဲ… ဒါပေမယ့် တောင်အာဖရိက စိန်ပြာလေးပေါ့.. တစ်ခုစီကို တစ်ကာရက်စီ ရှိပါတယ်… တန်ဖိုးကတော့ ယွမ် ၅.၃ သန်း ရှိတယ်…”
“ ကောင်းတယ်… မဆိုးဘူး… ကြည့်ရတာ အတုနဲ့ တော်တော်လေး ဆင်တယ်… ဒါလေးယူမယ်….”
“ အာ….”
အကယ်၍ သာမန်လူတစ်ဦးကသာ ယခုလို ပြောလာခဲ့မည်ဆိုပါက ဆိုင်ဝန်ထမ်း အမျိုးသမီးမှ ရှူးရှူးရှားရှား ဖြစ်သွားနိုင်သည်။
သို့သော်လည်း လင်းရီကတော့ သာမန်လူမဟုတ်။ သူက ဥစ္စာပေါ ရုပ်ချော သူဌေးသားလေးပင်။
“ အစ်ကိုလေး…. ငါတို့က ဟာရီဝင်စတန်ရဲ့ လိုင်စင်ရထားတဲ့ ဆိုင်ပါနော်… တို့က အတုတွေ ဘယ်တော့မှ မရောင်းပါဘူး…” ဆိုင်ဝန်ထမ်းအမျိုးသမီးမှ ရှင်းပြလိုက်ပြီး “ ဒါပေမယ့် ဒီက လူတွေကတော့ စိန်ပြာနဲ့ သိပ်မရင်းနှီးကြတော့ အတုလို့ ယူဆဖို့ များတယ်…”
“ ငါလိုချင်တာလည်း အဲ့တာပဲလေ… သူမရဲ့ အထောက်အထားက နည်းနည်းလေး ထူးခြားနေတော့ မျက်စိထဲ ထင်းနေမယ့် ပစ္စည်းတွေဆို ဝတ်လို့ သိပ်အဆင်မပြေဘူး…”
“ အာ…. ဘယ်လောက်တောင် ထူးခြားနေလို့….”
“ လျှောက်မမေးနဲ့… မဟုတ်ရင် မင်းတို့ဆိုင် အပိတ်ခံနေရဦးမယ်…” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။
“ မထင်ပေါင်…တို့ဆိုင်က တိုင်းစကွဲထဲမှာ ပါတယ်လေ….”
“ တကယ်လို့ သူမသာ မပျော်မရွှင် ဖြစ်သွားခဲ့ရင် တိုင်းစကွဲတစ်ခုလုံးကိုပါ ပိတ်ချလိုက်လို့ရတယ်… မင်းတို့ဆိုင်လောက်ကတော့ ဘာမှ မဟုတ်သေးဘူး…”
ဟာရီဝင်စတန်၏ ဝန်ထမ်းများမှာ မျက်လုံးပြူး မျက်ဆံပြူးများ ဖြစ်ကုန်ကြ၏။
တိုင်းစကွဲတစ်ခုလုံးကို ပိတ်ချပစ်ဖို့ဆိုရင် ဘယ်လောက်တောင် အာဏာရှိဖို့ လိုအပ်လိုက်မလဲ…
“ ကဲ… ဒီတိုင်းပဲ ရပ်မနေနဲ့… သွားပြီး ကတ်သွားဖြတ်ချည်….”
“အိုး… အိုကေ..အိုကေ… ခဏစောင့်ဦးနော်… အစ်ကိုလေးအတွက် သေချာ သပ်သပ်ရပ်ရပ်လေး ထုပ်ပိုးပေးလိုက်မယ်…”
ဆယ်မိနစ်ကြာပြီးနောက် ပစ္စည်း အားလုံးကို ထုပ်ပိုးပြီးစီးပြီး ဖြစ်ပြီး လင်းရီမှ ဂရုတစိုက်ရှိစွာဖြင့် စာတိုလေးပင် ရေးလိုက်သေးသည်။ အကြောင်းအရာက တစ်ဖက်သူကို သူမည်မျှ အလေးထားကြောင်း ကျစ်လျစ်သိပ်သည်းစွာဖြင့် ရေးဖွဲ့ထားပြီး Van Cleef မှ ပေးသည့် ဝန်ဆောင်မှုထက်ပင် သာလွန်၍ ကောင်းမွန်နေတော့၏။
သို့သော်လည်း ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကာကွယ်ရန်အတွက် လင်းရီ နာမည်စာလုံး အစလေးများကို အသုံးပြုခဲ့သည်။
ဈေးဝယ်ထွက်ပြီးနောက် လင်းရီ ရှာမတွေ့နိုင်သည့် ကား၏ ထောင့်တစ်နေရာ၌ လက်ဆောင်ပစ္စည်းများကို ဝှက်ထားလိုက်၏။ ထို့နောက် သူ ကျီချင်းရန်ကို ဖုန်းခေါ်လိုက်သည်။
“ အေး ချင်းရန် ... ငါ ခုလေးတင် အလုပ်ပြီးလို့… မင်းဘာစားချင်လဲ… လမ်းကြုံဝယ်ခဲ့ပေးမယ်လေ…”
“ ငါ ခုထိ အိမ်ပြန်မရောက်သေးဘူး…ဒါပေမယ့် ငါ မုန့်လုံးရေပေါ် စားချင်တယ်… နင် ဝယ်ခဲ့ပေးမလား…”
“ ဟမ်… မင်းက ဘာလို့ ပြန်မရောက်သေးတာ…”
“ ယွမ်ယွမ်နဲ့ငါ ခုလေးတင် စားပြီးလို့ မြစ်ဘက် လမ်းလျှောက်ထွက်နေတာလေ… နင် လာချင်လား…”
“ ငိုးပဲ… အဲ့ ဟော်ယွမ်ယွမ်က ဘာအချိုးချိုးတာ… သူ့မှာ ကောင်လေး ရှိနေရဲ့သားနဲ့ ငါ့မိန်းမကိုပါ လက်ဝါးကြီး အုပ်ချင်နေသေးတာလားကွ…” လင်းရီ ရွှတ်နောက်နောက် ပြောဆိုလိုက်၏။
‘မိန်းမ ‘ ဟူသည့် စကားလုံးကို ကြားတော့ ကျီချင်းရန် ပြုံးရွှင်သွားခဲ့ပြီး “ အဓိကက ငါတို့ ဒီလိုမျိုး ဈေးဝယ်မထွက်ရတာ တော်တော်လေး ကြာနေပြီလေ.. ဒါကြောင့်မို့ နည်းနည်းလေး နောက်ကျအောင် နေလိုက်တာ…”
“ နေရာပို့လိုက်… ငါ အခု လာခဲ့မယ်…”
“ အွန်း အွန်း…”
ဖုန်းချပြီးနောက် လင်းရီ မောလ်အောက်ထပ်သို့ သွား၍ ကျီချင်းရန်အကြိုက် မုန့်လုံးရေပေါ် တစ်ချို့ ဝယ်လိုက်၏။ ထို့နောက် သူမ ပို့ပေးသည့် တည်နေရာ အမှတ်အသားအတိုင်း မြစ်ကမ်းနံဘေးသို့ ရောက်ရှိလာလေသည်။
ကျီချင်းရန်ကတော့ မနက်မှ ဝတ်ဆင်ထားသည့် အဝတ်အစားများအတိုင်း လေကာ အင်္ကျီ နှင့် အပြာရောင် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး ဘွတ်ဖိနပ် သေးသေးလေးကိုလည်း စီးနင်းထားသေးသည်။
မြစ်ကမ်းနံဘေး၌ လေတို့က ညင်သာစွာဖြင့် တိုက်ခတ်နေလျက်ရှိပြီး လူတိုင်း၏ အကြည့်ကလည်း သူမအပေါ်၌ ရှိနေလေသည်။
ဟော်ယွမ်ယွမ်လည်း မီးခိုးရောင် လေကာအင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသောကြောင့် သူမ၏ ဝတ်စုံဒီဇိုင်းက ကျီချင်းရန်နှင့် ကွာခြားမနေချေ။
“ ရီ… မြန်မြန်လာလေ… ငါနင့်ဖို့ဆိုပြီး ဆန်ကိတ်ဝယ်ထားပေးတယ်… အရမ်း အရသာရှိတယ်..”
လင်းရီကို မြင်တော့ ကျီချင်းရန်မှ အပြေးအလွှား ရောက်လာခဲ့ပြီး အရသာရှိသည့် မုန့်ဘူးကို သူ့ထံ ကမ်းပေးလိုက်၏။
“ ဟင်… ငါ့ရဲ့ မုန့်လုံးရေပေါ်ကော…”
“ အိမ်ကျမှ စားတော့… ဒီမှာ လူတွေ အများကြီးပဲ …”
ကျီချင်းရန်မှ ချစ်စဖွယ် အပြုအမူလေးဖြင့် လက်ညိုးတစ်ချောင်းထောင်ပြလိုက်ပြီး “ တစ်လုံးတည်းလေ… ငါ တိတ်တိတ်လေး စားမှာပါ…”
“ အဲ့လိုလည်း မရဘူး… တကယ်လို့ ဟော်ယွမ်ယွမ် မြင်သွားရန် သူမင်းဆီကနေ လုစားနေလိမ့်မယ်… ငါတို့ အိမ်ရောက်မှ အတူတူ တိတ်တိတ်လေး စားကြမယ်… ဟုတ်ပြီလား...”
“ ဟေ့ ဟေ့ .. အဲ့ဒါဘာသဘောလဲ… ကျွန်မရဲ့ ငယ်ရွယ်မှုတွေကို ရှင့် ကုမ္ပဏီပေါ်မှာ ပေးဆပ်ထားတာနော်… အဲ့တာကို မုန့်လုံးလေး တစ်လုံးလောက်တောင် မသဒ္ဓါချင်ဘူးပေါ့…” ဟော်ယွမ်ယွမ်မှ မကျေမနပ် အော်ဟစ်လိုက်သည်။
“ တကယ်လို့ မင်းစားချင်ရင် ကောင်းကြီးဆီသွားလေ… ငါ့ဆီကို မလာခဲ့နဲ့…”
“ ကျွန်မတော့ တကယ်ကို နားမလည်တော့ဘူး… ဘာလို့များ အစ်မကျီက ရှင့်လို လူမျိုးကို စိတ်ဝင်စားသွားပါလိမ့်… ဟမ့်… အစ်မကျီကိုတောင် နှမြောမိတယ်…” ဟော်ယွမ်ယွမ်မှ စောဒကတက်လိုက်၏။
“ ဟာသပဲ… ငါလည်း ဒါပဲ မေးချင်နေတာ…. ”
“ ဆိုတော့ ရှင်လည်း အစ်မကျီအတွက် လုံလုံလောက်လာက် မကောင်းသေးဘူးလို့ ထင်တယ်ပေါ့….”
“ မဟုတ်တာ… ငါမေးချင်နေတာ…. ကောင်းကြီးက ဘယ်လိုဖြစ်ပြီးတော့များ မင်းကို စိတ်ဝင်စားသွားပါလိမ့်လို့…”
“ သပ… ကျွန်မလည်း လူကြိုက်များတဲ့ သူပါနော်…”
“ ကဲ ကဲ … နှစ်ယောက်လုံး ငြင်းခုန်မနေကြနဲ့တော့…” ကျီချင်းရန်မှ ထုံးစံအတိုင်း ကြားထဲမှ ဝင်ဖြန်ဖြေရင်း “ နင်တို့ နှစ်ယောက်က ဆုံလိုက်တိုင်း ဘာလို့ ဒီလိုပဲ ဖြစ်နေကြတာ… တကယ်တည်း….”
“ အစ်မကျီ… သွားစို့… သူ့ကို လျစ်လျူရှုထားလိုက်…”
ဟော်ယွမ်ယွမ်မှ ကျီချင်းရန် လက်မောင်းကိုချိတ်ရင်း ရှေ့မှ ထွက်သွားခဲ့၏။ လင်းရီလည်း ရွေးချယ်စရာ မရှိ။ သူမတို့နောက်မှ လိုက်ရလေသည်။
သူလည်း ပျော်ရွှင်စွာ လမ်းလျှောက်ရင်း ဝီချက် သုံးနေလိုက်၏။
ခေတ္တမျှ ကြာပြီးနောက် လင်းရီ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့၏ ခြေလှမ်းများက ရုတ်ချည်း ရပ်တန့်သွားခဲ့ကြောင့် လင်းရီ သတိမူမိသွားသည်။
သူ လှမ်းမျှော်ကြည့်လိုက်တော့ မလှမ်းမကမ်း ဆယ်မီတာ အကွာအဝေး၌ အနက်ရောင် ဝတ်စုံနှင့် ရပ်နေသည့် အမျိုးသားတစ်ဦးကို လင်းရီ အံ့အားသင့်စွာ မြင်တွေ့လိုက်ရသည်။
ထိုသူက မျက်မှန်တပ်ထားပြီး တစ်ချိန်တည်း၌ ဟော်ယွမ်ယွမ်ကို ငေးကြည့်နေလေသည်။
‘ ဟမ်….’
ဒါ ဟော်ယွမ်ယွမ်ရဲ့ အချစ်ဦး ရည်းစားဟောင်းကြီး ချိုးရွှီချိန် မဟုတ်လား…. သူတို့ တကယ်ကြီး ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ပက်ပင်းတိုးမိကြတယ်တဲ့လား….