← Chapters

နင်ငြိမ်းချမ်းမှ ငါလည်း ငြိမ်းချမ်းမယ်

Vol. 57 Ch. 846

နင်ငြိမ်းချမ်းမှ ငါလည်း ငြိမ်းချမ်းမယ်

Vol. 57 Ch. 846

“ သေချာတဲ့ ရှုထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင်တော့ အဲ့တာက ဟုတ်တယ်..” လင်းရီ ပြောလိုက်ပြီး “ ဒါ‌ပေမယ့် ကျွန်တော်မှ အစ်မရီကို ချစ်သူလို့ သဘောမထားတာ….. “

“ နင် ဒီလိုမျိုး တွေးနေမယ်ဆိုတာ အစ်မက ကြိုသိနေတယ်လေ… ဒါကြောင့်မို့…..”

“ အဲ့ဒီတော့… ကိစ္စတွေက ဆန်းကြယ်တဲ့ အနေအထားမှာပဲ ရှိနေတာ ပိုမကောင်းဘူးလား..”

“ အဲ့တာကြောင့်မို့လည်း အစ်မက နင့်ကိုယ်စား အားလုံး ပြင်ဆင်ထားပေးတာပေါ့..” ဝမ်ရင်းမှ ချစ်စဖွယ် ပြောဆိုလိုက်ရင်း “ တစ်လောတုန်းကမှ ပစ္စည်းတွေ အများကြီး ဝယ်ထားသေးတယ်… မောင်လေးရီ ကြည့်ဖို့ အစ်မ ဝတ်လာခဲ့ပြမယ်…”

ထိုသို့ ပြောပြီးနောက် ဝမ်ရင်း သူမ အိပ်ခန်းထဲသို့ ပြန်ဝင်သွားခဲ့ကာ ဆယ်မိနစ်မျှ ကြာပြီးနောက် ပြန်ထွက်လာခဲ့သည်။

သူမမှာ ညအိပ်ဝတ်ရုံကို ဝတ်ဆင်ထားနေသော်လည်း အတွင်း၌ ဘာမျှ မခံထားချေ။

ဖြည်းညင်းစွာဖြင့် ဝမ်ရင်း ဝတ်ရုံ၏ ကြိုးကို‌ဖြေချလိုက်၏။ အထဲရှိ ဒီဇိုင်းကို မြင်တော့ လင်းရီ တော်တော်လေး ကြက်သေသေသွားခဲ့သည်။

“ ဒါဝတ်တာနဲ့ ဘာမှမဝတ်တာ ဘာကွာခြားသွားလို့…”

“ ခစ်ခစ်… ဘာလို့လဲ မောင်လေးရီက အရမ်းတွေ စိတ်မရှည်ဖြစ်နေလို့လား…”

“ ဒါကြီးကတော့ မမျှတဘူးနော… ကျွန်တော့်ကို တာဝန်မယူပေးဘဲ ကြိုက်သလို စနောက်နေတာ…”

“ အစ်မရင်းက ဥက္ကဌကျီ ပြီးမှ စားရမယ်ဆိုပေမယ့် တခြားနေရာတွေမှာ သူ့ထက် အရင် စားလိုက်တာတော့ စည်းမျဉ်းတွေကို ဆန့်ကျင်ရာ မရောက်ဘူးမလား…”

“ ဘယ်လိုနေရာလဲ….”

“ အိုက်ယား…. ဘာမှမပြောနဲ့… တိတ်တိတ်လေး ခံစားကြည့်လိုက်….”

ပြောပြီးနောက် ဝမ်ရင်း လင်းရီ ခြေထောက်နှစ်ချောင်းကြား ဒူးထောက်၍ ………………………..

…………………………………………

နှစ်နာရီ ကြာပြီးနောက် လင်းရီ ဝမ်ရင်းအိမ်ထဲမှ တက်ကြွ ဖျတ်လတ်စွာဖြင့် ထွက်လာခဲ့ကာ ဟွာရှန်းဆေးရုံသို့ မောင်းနှင်လာခဲ့၏။

လီချူးဟန် ဆေးရုံ၌ ရှိမရှိ စစ်ဆေးကြည့်ရန်က ပို၍ပင် လွယ်ကူသေးသည်။ သူဝီချက်မှ တစ်ဆင့် သူမ ဆေးခန်းထိုင်မထိုင် တစ်ချက်ကြည့်လိုက်သည်နှင့် အတပ်သိနိုင်လေသည်။

သို့သော်လည်း လင်းရီ လီချူးဟန်ကို တိုက်ရိုက်သွားမရှာပေ။ ထိုအစား သူ ရှစ်လွှာရှိ အတွင်းလူနာဌာနသို့ သွားလိုက်သည်။

ဤနေရာသို့ တစ်ဖန်ပြန်ရောက်ချိန်၌ ရင်းနှီးနေသည့် အငွေ့အသက်တို့က လင်းရီအဖို့ မနေ့တစ်နေ့ကလိုပင်။

“ဒါရိုက်တာလင်း… ဒီကို ပြန်လာပြီပေါ့…” လင်းရီကိုမြင်တော့ နာ့စ်များမှ ဝိုင်းရံလိုက်ကြပြီး နွေးထွေးစွာဖြင့် ကြိုဆိုလေသည်။

လင်းရီ ပြုံး၍ ခေါင်းညိမ့်လိုက်ပြီး “ ငါလည်း ဘာမှ လုပ်စရာ မရှိတာနဲ့ ဒီကိုတစ်ချက် လာလည်တာ….”

“ ဟီးဟီး… ရှင် ဒါရိုက်တာလီကို လာတွေ့တာ မဟုတ်ဘူးလား… ဒါပေမယ့် ဒေါက်တာက ခု ပြင်ပလူနာ ဆေးခန်းမှာ… တွေ့ချင်ရင် အဲ့ဒီကို သွားမှ အဆင်ပြေမှာပဲ…”

“ မလိုဘူး… ဒီမှာပဲ စောင့်မယ်… ဒါပေမယ့် ဘယ်သူ့ကိုမှ ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့ဦး… ငါအခု ဒီရောက်နေတာကို ဒါရိုက်တာလီ မသိစေနဲ့…. နားလည်လား…”

“ ကျွတ် ကျွတ်… ကျွန်မတို့ကို နှုတ်ပိတ်ချင်တယ်ဆိုရင် ဒီလို လွယ်လွယ်နဲ့တော့ ဘယ်ရမှာ.. တစ်ခုခုနဲ့ပိတ်ရမယ်လေ…”

“ မပူနဲ့…. နင်တို့အတွက် ကော်ဖီနဲ့ အချိုတွေ မှာထားပေးပြီးသား… ခဏဆို ရောက်လာတော့မှာ…”

“ ဟီးဟီး… ဒါရိုက်တာလင်းက ကျွန်မတို့ကို ဆိုးဆိုးရွားရွားကြီး ဆက်ဆံမှာ မဟုတ်ဘူးဆိုတာ သိသားပဲ…”

နာ့စ်များနှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ လီချူးဟန်၏ နားနေခန်းထဲသို့ ရောက်လာခဲ့သည်။

သူမက ဤနေရာ၌ အမြဲတမ်း နေ့လည်စာ လာစားလေ့ရှိသောကြောင့် ဤနေရာ၌ လာစောင့်နေသည်က မှန်ကန်သည့် ရွေ့ကွက်ပင်။

လင်းရီ မျှော်လင့်ထားသည့်အတိုင်း မွန်းတည့် ၁၂ နာရီဝန်းကျင်၌ သူ လီချူးဟန်နှင့် နာ့စ်တစ်ယောက် စကားပြောသံများကို ကြားလိုက်ရသည်။

လင်းရီ တံခါးဝ၌ တိတ်ဆိတ်စွာ ရပ်နေရင်း လီချူးဟန် ဝင်လာမည်ကို စောင့်ဆိုင်းနေသည်။

ချလပ်..

တံခါးပွင့်သွားခဲ့ပြီး လင်းရီ လီချူးဟန်၏ မျက်လုံးနှစ်ဖက်ကို အလျင်အမြန် ဖုံးအုပ်လိုက်ကာ တံခါးကို သူ့ခြေထောက်ဖြင့် ပြန်ပိတ်လိုက်၏။

ထိုအခိုက်အတန့်တွင်တော့ လီချူးဟန်၏ ကိုယ်မှာ ရုတ်ချည်း တုန်ခါသွားခဲ့သည်။ သို့သော်လည်း မကြာမီ သူမ၏ ကိုယ်နေဟန်ထားကို ပြန်လည်ရရှိသွားကာ “လင်းရီလား….”

“ ဟမ်…. ငါမှန်း ဘယ်လိုလုပ်ပြီးသိလဲ…”

“ နင့်ရဲ့ ကိုယ်နံ့ကို ရင်းနှီးနေပြီးသားမို့လေ…”

“ ဟင်း…. ပျင်းဖို့ ကောင်းလိုက်တာ… ငါကတော့ မင်းကို စပရိုက်ပေးနိုင်ပြီပေါ့….”

လီချူးဟန် လင်းရီကို အားတောင့်အားနာ ဖြစ်စွာဖြင့် ကြည့်လိုက်ပြီး “ နင် မပျော်လို့လား… ဒါဆို နောက်တစ်ခေါက် ပြန်လုပ်ကြမယ်လေ…”

“ ဘာမပျော်စရာ ရှိလို့လဲ…” လင်းရီ လီချူးဟန်၏ ပါးကို ဖျစ်ညစ်လိုက်သည်။

လင်းရီ တစ်ခုသတိထားမိသည်မှာ သူ လီချူးဟန်နှင့် ချစ်တင်းနှောပြီးကတည်းက သူမ၏ အမူအရာမှာ အများကြီး သိမ်မွေ့လာခဲ့သည်။

အချိန်အများစုတွင် ရှက်ရွံ့နေတတ်ပြီး ယခင်ကကဲ့သို့ စက်ရုပ်လို ခံစားချက်မျိုးနှင့် လီချူးဟန် မဟုတ်တော့ချေ။

“ ခရစ်စမတ် ရောက်တော့မယ်လေ… ငါမင်းဖို့ လက်ဆောင် ယူလာခဲ့ပေးတာ… ကြိုက်မကြိုက် ကြည့်ကြည့်လိုက်ဦး…”

“ နင်ဒီလိုတွေ ဝယ်ပေးစရာ မလိုပါဘူး… ငါ့ကို လာတွေ့တာနဲ့တင် လုံလောက်နေပြီကိုပဲ…”

“ ငါက ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်နိုင်မှာ… တခြားသူတွေတောင် လက်ဆောင်ရကြသေးတာ မင်းလည်း တစ်ခု ရရမှာပေါ့..”

ညင်သာပြီး အရည်ပျော်ကျသွားစေမည့် အပြုံးတစ်ခုက လီချူးဟန် မျက်နှာထက် ပွင့်လန်းလာခဲ့၏။

ဝမ်ရင်းကဲ့သို့ ဘူးအသေးစားလေးကို သူမ မထိ။ ဘေးရှိ ပန်းသီးကိုသာ ရိုးရှင်းစွာ ကောက်ကိုင်လိုက်ရင်း အပြစ်ကင်းစင်စွာ ပြုံးလျက် “ ငါ ပန်းသီး အရမ်းကြိုက်တယ်…”

“ မြည်းကြည့်ကြည့်…”

လီချူးဟန် ချက်ချင်းမစားပဲ လင်းရီ နှုတ်ခမ်းအနားသို့ တေ့ပေးကာ “ နင်အရင် တစ်ကိုက်ကိုက်….”

“ ဘာလို့ … ငါက မင်းဆီ လက်ဆောင်ပေးတာကို ဘာလို့ ငါ့ပြန်လာပေးနေတာ…”

“ ဘာလို့ဆို နင် ငြိမ်းချမ်းမှ ငါက ငြိမ်းချမ်းမှာမို့လို့လေ….”

အဆိုပါ စကားလုံးတို့က လင်းရီ ရင်ဘက်ထဲရှိ အရှိုက်တည့်တည့်ကို ထိမှန်သွားစေသည်။ ထိုအခါမှ လီချူးဟန်မှာ သူ့ကို သူမ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ခံယူထားကြောင်း နားလည်လိုက်တော့သည်။

သူသာ မရှိပါက ကမ္ဘာလောကကြီးမှာ အထီးကျန်ဆန်သည့် သင်္ချိုင်းသဖွယ် ဖြစ်နေပေလိမ့်မည်။

လင်းရီ တစ်ကိုက်ကိုက်လိုက်ပြီး ဝမ်ရင်းပြုခဲ့သည်ကို အတုခိုးကာ လီချူးဟန်၏ နှုတ်ခမ်းနား ဖိကပ်လိုက်ရင်း “ အတူတူ ငြိမ်းချမ်းကြတာပေါ့…”

လီချူးဟန် မျက်နှာလေး ရဲပတောင်းခတ်သွားခဲ့ပြီး “ အွန်း…”

ပန်းသီးစားပြီးနောက် လီချူးဟန် Van Cleef မှ ဘူးကို ဖွင့်လိုက်၏။

သူမ၏ တုံ့ပြန်မှုမှာ ဝမ်ရင်းကဲ့သို့ ချဲ့ကားမနေသော်လည်း မျက်ဝန်းထဲရှိ ကြည်နူးပီတိများကတော့ ရှောင်လွှဲ၍ မရနိုင်ချေ။

“ ငါ ဝတ်ပေးမယ်….”

“ အွန်း…”

လီချူးဟန် နောက်ကျောပေးလိုက်ပြီး သူမ၏ ကော်လံကို ဆွဲတင်လိုက်၏။ လင်းရီ သူမအတွက် လည်ဆွဲ ဝတ်ပေးမည်ကို စောင့်မျှော်နေလေသည်။

ထိုစဉ် လီချူးဟန်မှ မျက်ရည်များ ဝေ့သီနေကြောင်း လင်းရီ သတိမူမိလိုက်၏။

“ ဟော…. ဘာမှလည်း ထွေထူးမဟုတ်တာကို ဘာလို့ ငိုနေပြန်တာ…”

လီချူးဟန် ပြန်လှည့်လာခဲ့ပြီး လင်းရီကို ညင်သာစွာ ပွေ့ဖွက်ရင်း “ ငါ့အမေကလွဲရင် ဘယ်သူမှ ငါ့အပေါ် ဒီလောက်ထိ မကောင်းပေးခဲ့ဖူးဘူး…”

“ အရူးမလေး… လူကြီးဖြစ်နေပြီကို မျက်ရည်ကျနေသေးတာလား….”

လီချူးဟန် ဘာမျှ ပြန်မပြော။ တိတ်ဆိတ်စွာဖြင့် မျက်ရည်များကို ပြန်သုတ်လိုက်၏။ လင်းရီ ရင်ခွင်ထဲ အချိန်အကြာကြီး နေပြီးတော့မှသာ သူမ ပြန်လွှတ်လိုက်သည်။

သူမအတွက်တော့ လင်းရီ၏ ရင်ခွင်က အနွေးထွေးဆုံးသော နားခိုရာပင်။

“ ငါ…. ငါလည်း နင့်အတွက် လက်ဆောင် ပြင်ထားပေးတယ်…”

ပြောပြီးနောက် လီချူးဟန် အဝတ်ဗွီရိုကို ဖွင့်ပြီး အိတ်အမည်းရောင် အသေးလေးတစ်ခုကို ထုတ်လာခဲ့၏။

‘ ဟမ်… အဲ့အိတ်က ဘာလို့ ဝမ်ရင်းသူ့ပေးတဲ့ လက်ဆောင်နဲ့ တူနေရတာ….’

“ ငါ ပစ္စည်းတွေလည်း မရွေးတတ်တော့ ဒါလေးပဲ ယူလိုက်တယ်… နင် ကြိုက်မလားတော့ မသိဘူး…”

“ ကြိုက်တာပေါ့.. မဟုတ်လည်း ခုတလော ခါးပတ်မရှိသေးလို့ ဝယ်ရင်ကောင်းမလားလို့ စဉ်းစားနေတာ…. ချူးဟန်.... မင်းက ငါ့နှလုံးသားလေးကို သိနေတာပဲ...."

လင်းရီ၏ သရုပ်ဆောင် အရည်အချင်းဖြင့် ဆိုပါက လီချူးဟန်ကို လှည့်ဖျားရန်မှာ ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

လင်းရီ နှစ်သက်နေသည်ကို မြင်တော့ လီချူးဟန် ညင်သာစွာ ပြုံးလိုက်၏။ အနည်းငယ် ရူးကြောင်ကြောင် နိုင်နေသော်လည်း အဆိုပါ အမူအရာလေးကပဲ ပို၍ ချစ်စရာကောင်းနေတော့၏။

“ နင် စားပြီးသွားပြီလား…”

“ မစားရသေးဘူး…”

“ ငါ ဒါကို ကန်သင်းကနေ ယူလာခဲ့တာ…. နင် စားကြည့်ကြည့်…” လီချူးဟန် ပြောလိုက်ပြီး “ တကယ်လို့ နင် မကြိုက်ဘူးဆိုရင် ငါ တခြားဟာ မှာပေးမယ်…”

“ မင်းကျတော့ကော…”

“ ငါ မဆာသေးဘူး… နင် အရင်စားလှည့်…” လီချူးဟန် ပြောလိုက်ပြီး “ ဒီနေ့ လုပ်စရာ သိပ်မရှိတော့ နောက်ကျမှ စားလည်းရတယ်…”

“ ဒါဆိုလည်း အတူစားကြတာပေါ့…”

“ နင်က ဘယ်တော့မှ မတင်းတိမ်နိုင်ဘူးပဲ…”

“ အမှန်ပဲလေ…”

နှစ်ယောက်သား နေ့လည်စာ စားပြီးနောက် လင်းရီနှင့် လီချူးဟန်မှာ အချင်းချင်း ပွေ့ဖက်နမ်းရှိုက်ရင်း နှုတ်ဆက်လိုက်ကြ၏။ ထို့နောက် လင်းရီ ဆေးရုံမှ ထွက်လာခဲ့ကာ လင်းယွမ်အုပ်စုသို့ ဦးတည်လိုက်လေသည်။

ကျန်သည့် နေ့လည်ခင်းတစ်ခင်းလုံးကတော့ လင်းရီစိတ်မှာ ပျင်းရိငြီးငွေ့နေသည်။ ည မှောင်မလာခင်အထိ လျှောက်ပတ်သွားနေလိုက်ပြီး အချိန်တန်တော့ ချောင်ရန်အုပ်စုထံသွား၍ ကျီချင်းရန်ကို အလုပ်မှ ကြိုလိုက်၏။

အိမ်သို့ ပြန်လာပြီးနောက် ကျီချင်းရန် လင်းရီကို အမှုသိပ်မထား၊ သူမ၏ ကိုယ်ပိုင် ကိစ္စများနှင့်သာ အလုပ်များနေလေသည်။

ကျီချင်းရန် မည်မျှ လျှို့ဝှက်နေသည်ကို မြင်တော့ သူမ၏ စိတ်နေစရိုက်အရ သူ့အတွက် ခရစ်စမတ် လက်ဆောင် ပြင်ဆင်နေခြင်း ဖြစ်မည်ဟု လင်းရီ ခန့်မှန်းကြည့်လိုက်သည်။

လင်းရီလည်း ဘာမှမမေးပဲ ငြိမ်ဆိတ်၍သာနေလိုက်၏။ အကယ်၍ သူက မေးခဲ့လျှင်တောင် သူမက ပြောပြလိမ့်မည် မဟုတ်သောကြောင့်လည်း ဖြစ်လေသည်။

ညဘက်ခြမ်း ဘာမျှ လုပ်စရာမရှိတော့ လင်းရီ ဖုန်းထုတ်၍ ရှောင်ထျန်နှင့် ဂိမ်းအတူကစားကာ အနားယူလိုက်၏။

ထိုအတောအတွင်း ကျီချင်းရန်မှာ လင်းရီကို နှောင့်ယှက်ရန် ရောက်မလာခဲ့ချေ။

လင်းရီကလည်း ပျော်ရွှင်စွာ အားလပ်နေပြီး လဲလျောင်းမှေးစက်နေလိုက်၏။

ချလပ်…

ညသန်းခေါင်ယံ အချိန်၌ အခန်းတံခါးမှာ အလိုအလျောက် ပွင့်လာခဲ့၏။

ကျီချင်းရန် ခြေဖျားထောက်ရင်း ခြေသံလုံလုံဖြင့် ကုတင် ခေါင်းရင်းဘက်သို့ ရောက်လာခဲ့ကာ သူမ လက်ထဲရှိ ပစ္စည်းများကို ချပြီး တိတ်တဆိတ် ပြန်ဆုတ်ခွာသွားလိုက်၏။

“ ဒီရောက်နေပြီးမှတော့ ထွက်မသွားနဲ့တော့လေ…” လင်းရီ ကျီချင်းရန်၏ လက်မောင်းကို ဆွဲပြီး ကုတင်ပေါ်သို့ ဆွဲချလိုက်၏။

All Chapters