အချစ်ကြောင့်
Vol. 57 Ch. 847
“ အား….”
ကျီချင်းရန် အော်ဟစ်လိုက်ပြီး မတုံ့ပြန်နိုင်မှီ လင်းရီ၏ အိပ်ယာပေါ်သို့ လဲလျက်သား ကျသွားခဲ့တော့၏။
“ ငါက နင်အိပ်ပြီ ထင်နေတာ..”
“ မီးတွေ ပိတ်ထားတာနဲ့ပဲ အိပ်ပြီလို့ ဘယ်သူပြောလဲ…” လင်းရီ သွယ်လျသည့် ခါးကို ဖက်ထားလိုက်ရင်း “ ပြောစမ်း…. ဘာလို့ ငါ့အခန်းထဲကို တိတ်တိတ်လေး ခိုးဝင်လာခဲ့တာ… လိမ်လို့ကတော့ ဒီည အပြစ်ပေးရမယ်…”
“ ရှူး…တိုးတိုး… ငါလာချင်လို့ လာတာ မဟုတ်ဘူး… စန်တာက ငါ့ကို စေလွှတ်လိုက်လို့….”
“ အာ…. သူက ဘာလို့ မင်းကို လာခိုင်းတာလဲတဲ့..”
“ ဘာလို့ဆို နင့်အတွက် လက်ဆောင်ပြင်ထားလို့လေ….”
ယခုလိုအချိန်ရောက်နေပြီးမှတော့ ကျီချင်းရန် ဆန်းကြယ်ချင်သယောင် မဆောင်ချင်တော့ချေ။
လင်းရီမှာ ထက်မြက်သူ တစ်ဦးဖြစ်ပြီး သူမ၏ ရည်ရွယ်ချက်ကို ဟိုးယခင်ကတည်းကပင် သတိထားမိနေကာ ယနေ့လို သူမ ရောက်လာမည်အား ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေခြင်း ဖြစ်လောက်၏။
ထို့ကြောင့် သူမဘက်မှ ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ကာ သူမ၏ ကတ်ကို စားပွဲပေါ် ချပြလိုက်တော့သည်။
လင်းရီ မီးခလုတ်ကို ဖွင့်လိုက်၏။ ထိုအခါ ကြမ်းပြင်ပေါ်၌ ဂျက်ဖာပုံးကြီး တစ်ခု ရှိနေလေသည်။ အရွယ်အစားကတော့ ကျီချင်းရန်လို မိန်းကလေး တစ်ယောက်အတွက် တော်တော့်ကို မသေးငယ်လှချေ။
သို့နှင့် သူ ဘူးကို မ၍ ကုတင်ပေါ်တင်လိုက်၏။ ထိုအခါ ပုံးက တော်တော်လေး ဝိတ်ရှိနေကြောင်း လင်းရီ သတိပြုမိလိုက်သည်။
လင်းရီ သိချင်စိတ်ပြင်းပြစွာဖြင့် ဖွင့်ကြည့်လိုက်တော့ အထဲတွင် ပစ္စည်းအသေးစားလေး များစွာ ပါဝင်နေသည်။
ကျီချင်းရန် ကုတင်ပေါ်တွင် စိတ်လှုပ်ရှားစွာဖြင့် ဒူးတုပ်ထိုင်လိုက်ပြီး ရောင်စုံဓာတ်ပုံ ကတ်သလောက်ကို ပုံးထဲမှ ထုတ်ယူလိုက်၏။
“ နင့်ကို ပြမယ်… ဒီပုံတွေ အကုန်လုံးက ငါ ဟိုး ကလေးတုန်းက ပုံတွေလေ…. ဒီပုံတွေကို ဘယ်သူမှ မမြင်ဖူးသေးဘူးနော်…ဒါက အထူးလျှို့ဝှက်ချက်…”
ကတ်သလောက်ထဲတွင် ဓာတ်ပုံအများအပြားရှိနေပြီး သူမ ဖွင့်လိုက်တော့ အများစုမှာ ပြုတ်ကျလာခဲ့သည်။
ဓာတ်ပုံများမှ တစ်ဆင့် ကျီမိသားစုမှာ အတော်လေး ချမ်းသာသည့် မိသားစု ဖြစ်ကြောင်း သိနိုင်ပေသည်။
လင်းရီတွင်တော့ သူ့ ငယ်စဉ်တုန်းကပုံ တစ်ပုံမျှ ရှိမနေချေ။ အစောဆုံး ဓာတ်ပုံကတော့ သူ ဂေဟာ၌ ခြောက်နှစ်သား အရွယ်တုန်းက ရိုက်ဖူးသည့် အုပ်စုလိုက် ဓာတ်ပုံမျှသာ ရှိ၏။
ထိုအချိန်တွင်တော့ ကျီချင်းရန်မှာ မာစီးတီးကားပေါ်သို့ ရောက်နှင့်နေချေပြီ။
“ ပြောကြတာတော့ သုံးနှစ်သားလောက်ရောက်ရင် လူကြီး ဖြစ်လာမည့် အစိတ်အပိုင်းတွေရဲ့ ပထမဆုံး အရိပ်အမြွက်ကို ပြကြတယ်ဆိုတာ မှန်နေတာပဲဟ….. ကြည့်စမ်း.. ဒီတင်ပါးဆို လုံးတစ်နေတာပဲ…”
“ ခစ်ခစ်… မွေးရာပါလေ.. ငါလည်း ဘယ်တတ်နိုင်မှာ….”
ကျီချင်းရန် ဓာတ်ပုံများကို ကိုင်ရင်း သူမ၏ ကလေးဘဝ အကြောင်းကို စမြုံ့ပြန်နေတော့၏။
အကုန်လုံးက ငြီးငွေ့ဖွယ်ရာ ဖြစ်နေသော်လည်း လင်းရီကတော့ ရွှင်မြူးသည့် အမူအရာဖြင့် နားထောင်လျက်သားရှိနေသည်။
စိတ်ထဲတွင်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ပို၍ ခိုင်မာလာပြီဟု ခံစားနေမိတော့၏။
“ အမ်… ကြယ်တွေပါလား… ဘယ်ကောင် မင်းကို ပေးထားတာ..” လင်းရီ မေးမြန်းလိုက်သည်။
“ ခစ်ခစ်… ဒါက သူများပေးတာ မဟုတ်ဘူး… ငါက သူများကို ပေးမလို့…”
“ မင်းက သူများကို ပေးမယ်… ယောက်ျားလေးလား… ဘာလို့ မပေးလိုက်တာ…”
“ ဆိုပါတော့…” ကျီချင်းရန် ပြုံးလိုက်၏။
“ မင်းပေးတဲ့လက်ဆောင်ကို ငြင်းတဲ့ကောင်လည်း ရှိသေးတယ်ပေါ့…”
“ မလောစမ်းပါနဲ့… ငါ အဲ့ဒီသူ နင့်ကို ပြပေးမယ်…ငါတော့ တော်တော်လေး ကြည့်ကောင်းတယ်လို့ ထင်တာပဲ…”
သို့နှင့် ကျီချင်းရန် ဂျက်ဖာပုံးကြီးထဲ တစ်ဖန် မွှေနှောက်လိုက်ပြီး ဓာတ်ပုံ ကတ်သလောက် နောက်တစ်ခုကို ထုတ်ခဲ့ပြန်သည်။
ပုံများကတော့ အလယ်တန်း တတိယနှစ်တုန်းက ပုံပင်။ အဆိုပါပုံများ၏ အရည်အသွေးကလည်း သိသိသာ ကြည်လင်ပြတ်သားနေသည်။
“ ကြည့်ကြည့်… သူပဲ…” ကျီချင်းရန် လူတစ်ယောက်ကို လက်ညိုးထိုးပြလိုက်၏။
“ ဒီလောက်တောင် အသက်ကြီးတယ်လား…”
“ ခစ်… သူက ငါ့ သင်္ချာဆရာလေ…. အရမ်းကြည့်ကောင်းတယ် မလား.. အဲ့ဒီတုန်းကဆို ငါတို့ တစ်တုန်းလုံးရဲ့ အသည်းစွဲပဲ… ငါလည်း အဲ့တုန်းကသင်္ချာအမှတ်ဆို အမြဲတမ်း ပထမ…” ကျီချင်းရန် ရှက်ကိုးရှက်ကမ်း ဖြစ်နေခြင်း မရှိပဲ ပြောဆိုနေပြီး “ ငါ ကြယ်လေး နည်းနည်းခေါက်ပြီး ဆရာများနေ့မှာ လက်ဆောင်ပေးမလို့ကို သူက လက်မခံဘူးလေ…. အဲ့တုန်းက တော်တော်လေးတောင် ဝမ်နည်းမိသွားတယ်…”
လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေပြီး “ သူများတွေ စောစောစီးစီး ချစ်ကျွမ်းဝင်တာက သက်တူရွယ်တူလောက်ပါပဲ.. မင်းကျမှ ဘာလို့ သင်္ချာဆရာကို သွားစိတ်ဝင်စားနေရတယ်လို့…”
“ အဲ့ကောင်လေးတွေက တအား ကလေးဆန်လွန်းတယ်လေ… ငါ့အကြိုက်မဟုတ်ဘူး…”
“ ဆိုတော့ မင်းက အသက်ကြီးကြီးတွေပဲ စိတ်ဝင်စားတယ်ပေါ့…”
“ အမှန်ပဲ… မဟုတ်ရင် နင့်ကို အခွင့်အရေးပေးပါ့မလား…”
“ ငါ့ကို တကယ်ကြီး အိုနေပြီလို့ ပြောနေတယ်ပေါ့…. တကယ်လို့ ဒီညမှ သင်ခန်းစာ မပေးဘူးဆိုရင် ငါ ဘယ်လောက်ထိ သန်စွမ်းနေလဲဆိုတာ မင်းသိမှာ မဟုတ်တော့ဘူး…”
“ ခစ်ခစ်…”
ကျီချင်းရန် ခိုးခိုးခစ်ခစ်ရယ်မောလိုက်ရင်း “ လင်းရီ… နင် မလုပ်နဲ့လို့…”
နှစ်ယောက်သား ခေတ္တမျှ နပန်းသတ်ပြီးနောက် ကျီချင်းရန် ပုံးထဲမှ ပစ္စည်းအများကို ထပ်မံထုတ်ယူလိုက်၏။
အများစုမှာ ဟောင်းနွမ်းလွန်း၍ အဝါရောင် သမ်းနေသော်လည်း တစ်ခုချင်းစီတိုင်းက ကျီချင်းရန်အတွက် အဓိပ္ပာယ်ပြည့်၀လေသည်။
သူမအတွက်တော့ ဤသည်က ငယ်ဘဝတစ်ခုလုံးနှင့် ငယ်ရွယ်မှုပင်။ ယခု အချိန်တွင်တော့ သူမ အနှီပစ္စည်းများကို သူမ ရှေ့ရှိ လူသို့ ကမ်းပေးတော့မည် ဖြစ်၏။ သူမ၏ အနာဂတ်လည်း အပါအဝင်ပင်။
“ နင်လည်း ပြောပြလေ.. နင် ငယ်ငယ်တုန်းက ဘာပျော်စရာတွေမှ မလုပ်ခဲ့ဘူးလား…”
ကျီချင်းရန်မှ လင်းရီရင်ခွင်ထဲ ခိုနားရင်း မေးမြန်းလိုက်၏။
“ ရှိခဲ့တာပေါ့.. ငါဆို လန်ထျန်း ဂေဟာရဲ့ သုံးနှစ်ဆက်တိုက် သေးပေါက် ချန်ပီယံ… " လင်းရီမှ ဂုဏ်ဆာနေသည့် လေသံဖြင့် အသံဖိဖော့ မှန်ကန်စွာ ပြောလိုက်ပြီး "ပြီးတော့ နယ်နယ်ရရတောင် မဟုတ်ဘူးနော်… နောက်ဆုံးကျ ငါလည်း ပြိုင်ဘက်ကင်းသွားပြီး အဲ့လောကကနေ အနားယူလိုက်ပါပြီ… ဒါပေမယ့် ငါ့ရဲ့ ဒဏ္ဍာရီတွေကတော့ ဒီနေ့ထိ ပျံ့နှံ့နေဆဲပဲ….”
“ ဟင်… ဘယ်သူ အဝေးဆုံး ပေါက်နိုင်လဲ … အဲ့လိုလား…”
“ဒါပေါ့ကွ…. အကြိမ်တိုင်း ပြိုင်ဘက်တွေကို အပြတ်သတ် ချေမှုန်းပြီးမှ အနိုင်ယူခဲ့တာ…”
ကျီချင်းရန် ရွှင်မြူးသွားခဲ့တော့၏။
အချို့အရာများကို မိန်းကလေးများ အမှန်တကယ် နားမလည်နိုင်ချေ။ ထိုအထဲတွင် ယောက်ျားလေးများ၏ ငယ်ဘဝ ပျော်ရွှင်မှုကလည်း တစ်ခု အပါအဝင်ဖြစ်၏။
“ လင်းရီ…. ငါနင့်ကို အရမ်း ကိုယ်ရေးကိုယ်တာဆန်တဲ့ မေးခွန်းတစ်ခု မေးလို့ရမလား….”
“ ဘယ်လောက်ထိရှည်လဲ သိချင်တာလား…. မစိုးရိမ်နဲ့…. မင်းအတွက် လုံလောက်တဲ့ထိ ရှည်တယ်…”
“ အာ …. ရှည်တယ်…” ကျီချင်းရန် သဘောပေါက်သွားခဲ့ပြီး “ ကောင်စုတ်… ဘာတွေ လျှောက်ပြောနာ… ငါဆိုလိုချင်တာ အဲ့သဘောမျိုး မဟုတ်ဘူး….”
“ ဒါဆို ဘာလဲ…”
“ ငါ မေးရင် နင်စိတ်မဆိုးရဘူးနော်…”
“ ငါ့မိဘအကြောင်း မေးမှာတော့ မဟုတ်ဘူးမလား….”
“ ဟင်… နင်ဘယ်လို သိတာ….”
“ မဟုတ်ရင် မင်းဘက်က မေးခွန်းမေးဖို့ကို ဒီလောက်ထိ စကားပလ္လင်ခံဖို့ လိုနေမှာလားတဲ့…”
“ ငါက တစ်ခုလေးပဲ သိချင်တာ…” ကျီချင်းရန် ပြောလိုက်ပြီး “ နင့်ရဲ့ လက်ရှိ အစွမ်းအစနဲ့ဆိုရင် နင်သူတို့ကို ရှာဖွေနိုင်တဲ့ အရည်အချင်း ရှိနေပြီလေ…”
“ အင်း… ငါသိတယ်..”
“ အဲ့တော့……… နင့်မှာ ရှာဖို့ ရည်ရွယ်ချက်လေး မရှိဘူးလား…ဒါမှမဟုတ် နင်သူတို့ကို မုန်းတီးနေတာလား…”
“ မမုန်းပါဘူး…” လင်းရီ ပြောလိုက်ပြီး “ ဘာခံစားချက်မှ မရှိဘူးလို့ ပြောရင် ပိုမှန်မှာပေါ့…. သူစိမ်းတွေလိုပါပဲ…”
“ အာ… နင်အဲ့လို လုပ်လို့မရဘူးလေ… သူတို့သွေးတွေက နင့်ကိုယ်ထဲ စီးဆင်းနေတာကို….. နင်ဒီတိုင်း ပစ်ထားလို့ မရတဲ့ တစ်ချို့ကိစ္စတွေကလည်း ရှိနေသေးတယ်….”
ဤမေးခွန်းက ကျီချင်းရန်ကို အချိန်အတော်ကြာအထိ စိတ်အနှောင့်အယှက် ပေးနေခဲ့၏။
ယခင်တုန်းက လင်းရီ၏ အထောက်အထားကို တစ်စုံတစ်ယောက်မှ စုံစမ်းစစ်ဆေးနေပြီး ရလဒ်အနေဖြင့် ကျီချင်းရန်မှာ အဆိုပါ ကိစ္စရပ်အပေါ် တော်တော်လေး တွေးပူစိုးရိမ်နေလေသည်။
မည်သို့ပင်ဆိုစေ လာရောက်စုံစမ်းသူများက စစ်တပ်ဘက်မှ ဖြစ်နေခဲ့၏။ သာမန် မိဘမဲ့များ ဆိုပါက ထိုသို့ ဆက်ဆံခြင်း ခံရလိမ့်မည် မဟုတ်ချေ။
“ ဒါကျ…. ငါ သူတို့ကို မုန်းလည်း မမုန်းဘူး… တကယ်လို့ တစ်နေ့နေ့ တစ်ချိန်ချိန် သူတို့နဲ့ ပြန်ဆုံဖြစ်ခဲ့ရင်တောင် အတူထိုင်ပြီး တစ်ခွက်တစ်ဖလား သောက်ဖို့က ပြဿနာ မရှိဘူး…”
“ သေချာလို့လား…. နင်က ပေါ်တင်ကြီး မျက်နှာချင်းဆိုင်နိုင်တယ်ပေါ့…”
“ ဒါပေါ့…”
“ ဘာလို့လဲ…. ငါက နင်သူတို့ကို မုန်းတီးနေလိမ့်မယ်လို့ ထင်ထားတာ…”
“ အချစ်(မေတ္တာ)ကြောင့်လေ…”
“ အချစ် ….”
“ အင်း…. ငါ့အမေက ဒီလိုမေးခွန်းတွေ ဖြေရတာကို သဘောမကျဘူးဆိုပေမယ့် ငါ့အဖေကတော့ မတူဘူး.... အရည်လေး နည်းနည်း ဝင်တာနဲ့ သူ့နှုတ်သူ လုံအောင် မထိန်းနိုင်ဘူး…. ဒါကြောင့်မို့ မတော်တဆ သုံးလေးကြိမ်လောက်အထိ ပြောပြဖူးတယ်…” လင်းရီ ပြန်လည်တမ်းတနေဟန်ဖြင့် “ အရင်တုန်းက … ငါ့ရဲ့ သွေးရင်း အမေ ငါ့ကို ဂေဟာဆီ လာပို့တုန်းကပေါ့… ငါ့အဖေပြောတာ သူမ တော်တော်လေး ငွေကြွေးခဲ့တယ်ဆိုပဲ… ပြီးတော့ ပိုက်ဆံ တစ်ထောင်တောင်မှ ပေးခဲ့သေးတယ်… အဲ့ဒီခေတ်က တစ်ထောင်ဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး… အဲ့တာနဲ့တင် ငါ့မိသားစုက ချမ်းသာဆိုသာ သက်သေပြဖို့ လုံလောက်တယ်…နောက်ပြီး ငါကိုယ်တိုင်ကလည်း ကျန်းမာနေပြီးတော့ ငါ့ဉာဏ်ရည်ဉာဏ်သွေးကလည်း ပုံမှန်ပဲလေ… တစ်ချို့ ထူးခြားတဲ့ အကြောင်းပြချက်တွေကြောင့်သာ မဟုတ်ရင် သူတို့က ငါ့ကို စွန့်ပစ်ခဲ့မှာ မဟုတ်ဘူး…”
“ နင် အရင်တုန်းက ဒီလိုမျိုး စိတ်ဓာတ် မပွင့်လင်းပါဘူး… “
“ အင်း…. အရင်တုန်းကတော့ အစွန်းရောက်တဲ့ လူငယ်လေးပေါ့… ဒါပေမယ့် ဥက္ကဌကျီရဲ့ လွှမ်းမိုးသင်ပြမှုတွေ အောက်မှာ ဩဝါဒငါးရပ် ၊ အလှတရား လေးပါးနဲ့ မေတ္တာသုံးရပ်ကို လေးစားလိုက်နာတဲ့ လူတော်လူကောင်းလေး ဖြစ်သွားခဲ့ပြီလေ…ဒါကြောင့်မို့ ငါ့အတွေးတွေက ပိုပြီးတော့ အကောင်းမြင်ဝါဒီ ဆန်လာခဲ့တာ…”
“ ခစ်ခစ်…” ကျီချင်းရန် ရင်ခွင်ထဲ တိုးဝှေ့ပြီးနောက် လင်းရီ မျက်နှာကို ကိုင်ရန် ပြန်လှည့်လာခဲ့ပြီး “ မစ္စတာလင်းတောင် ရင့်ကျက်လာခဲ့ပြီပဲ…”
( ဩဝါဒ ငါးရပ်၊ အလှတရား လေးပါးနဲ့ မေတ္တာသုံးရပ်က သိမ်းရှောင်ဖင် 邓小平 ရေးဆွဲထားခဲ့တဲ့ မူဝါဒပါ
ဩဝါဒ ငါးရပ် _ အပြုမူကောင်း ရှိခြင်း၊ ရိုးသားစွာ စကားဆိုခြင်း ၊ ကျန်းမာစွာနေထိုင်ခြင်း၊ နိုင်ငံစည်းမျဉ်းများကို လေးစားလိုက်နာခြင်း၊ အလုပ်ကြိုးစားခြင်း။
အလှတရားလေးပါး -စိတ်၏လှပမှု၊ ဘာသာစကား၏ လှပမှု( ရေး၊ဖတ်၊ပြော ၊ပေါင်းသင်းဆက်သွယ်)၊ ရုပ်သွင်ပြင်၏ လှပမှု၊ ပတ်ဝန်းကျင်၏ လှပမှု။
မေတ္တာသုံးရပ် - မိခင်မြေကို ချစ်မြတ်နိုးခြင်း……. ကျန်တာကတော့ ရှာကြည့်လိုက်ကြပါ…
五讲四美三热爱 )