သောက်ရေးမပါတဲ့ လောဂျစ်
Vol. 57 Ch. 849
လင်းရီ လျန်ရူရွှယ် နောက်သို့လိုက်၍ သူမ ရုံးခန်းထဲ ရောက်ရှိလာခဲ့သည်။ ထိုနေရာကို ရောက်တော့ သူ မျက်နှာဖုံးချွတ်၍ တံခါး လော့ခတ်လိုက်လေသည်။
“ နင်က ငါ အလုပ်လုပ်တဲ့ နေရာထိတောင် လာရဲတဲ့အထိ ရဲတင်းနေတယ်ပေါ….”
“ ဒီလို ပွဲတော်ရက်မျိုးမှာ ချစ်ရတဲ့ အရာရှိကြီးတွေနဲ့ မိဘတွေဆီကို လေးစားမှု ပြရမယ်လေ…”
“ ဟမ့်… နင့်လေသံက ဘာလို့ ဝတ်ကျေတမ်းကျေ သဘောမျိုး ပေါက်နေတာ…”
“ အဲ့လောက်ထိ အကျအန ကောက်မနေစမ်းပါနဲ့ကွာ… သူများတွေဆို ငါ့လို သိတတ်တာတောင် မဟုတ်ဘူး…”
လျန်ရူရွှယ် လင်းရီကို မျက်လုံးလှိမ့်ပြလိုက်ပြီး “ ပန်းသီး တစ်လုံးတည်းပေါ့လေ…”
“ တခြား ဘာလိုချင်သေးလို့…”
“ လက်ဆောင်ပေါ့ဟဲ့… နင်ငါ့ကို တကယ်ကြီး ပန်းသီး တစ်လုံးပဲ ပေးလို့ကတော့ နင့်ရဲ့ လင်းယွမ်အုပ်စုကို ချိတ်ပိတ်စာ လာကပ်ပစ်မယ်…”
“ မ…မလုပ်ပါနဲ့… မြို့တော်ဝန်လျန်ကလည်း စိတ်ကြီးပဲ… ငါလည်း ဒီကို လက်ဆောင်ပေးဖို့လာခဲ့တာပါကွ…”
လင်းရီ အိတ်ထဲမှ လက်ဝတ်တန်ဆာကို ထုတ်လိုက်ပြီး “ ကြိုက်လား..”
“ ဟာရီဝင်စတန်…. ဈေးမပေါဘူးနော…”
“ သိရင်ပြီးရော… နောင်ကျ ငါ့ကုမ္ပဏီကိုသာ ပြဿနာ လာမရှာနဲ့…”
“ ဟမ့်…. အဲ့တာကတော့ နင့် အပြုအမူတွေကို စောင့်ကြည့်ရသေးတာပေါ့….”
လျန်ရူရွှယ် ဘူးကို ဖွင့်လိုက်ပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။
ဤနားတောင်းက တော်တော်လေးကို အဆင်ပြေလှသည်။ မထင်မရှားရှိသောကြောင့် လူတို့ သတိပြုမိရန် ခက်ခဲလှ၏။
“ နင် ရည်ရွယ်ချက်ရှိရှိ ဒီလိုပုံစံ ရွေးခဲ့တာမလား…”
“ အင်း.. ငါ အစကတော့ စိန်လက်စွပ် ဝယ်ပေးမလို့ပဲ… ဒါပေမယ့် မျက်စိထဲ တအားထင်းနေလို့ ဒါပဲ ယူခဲ့လိုက်တာ..”
“ ငါလည်း လက်စွပ် မလိုချင်ပါဘူး… ဒါက ကွက်တိပဲ….”
“ လက်စွပ်က သည့်ထက် ပိုလှတာပေါ့…”
“ ဟင့်အင်း…သူ့ အဓိပ္ပာယ်က အရမ်းလေးနက်လွန်းတော့ ငါမလိုချင်ဘူး…”
“ ဘယ်လို သောက်ရေး မပါတဲ့ လောဂျစ်ကြီးလဲ….”
“ နင့်ရဲ့ ပထမဆုံး ဇနီး ဖြစ်လာမယ့်သူကိုပဲ လက်စွပ်ပေးတာ ပိုကောင်းတယ်… ငါတို့မှာက အဲ့လို ရင်းနှီးပတ်သက်မှုမျိုးလည်း ရှိမနေဘူးလေ…ဒါကြောင့်မို့ လက်စွပ်ဆိုရင် ငါလက်မခံနိုင်ဘူး…”
“ မင်းလည်း ချီးပေဦးနှောက်နဲ့ပဲ…”
“ နင်ကမှ ချီးပေ…”
လင်းရီ လျန်ရူရွှယ်ကို လျစ်လျူရှုလိုက်ပြီး နေ့လည်စာဘူးကို ဖွင့်၍ စားသောက်ရန် ဟန်ပြင်လိုက်၏။
“ ဟဲ့… နင့် ပန်းကန်ကျတော့ အသားတွေနဲ့ ပြည့်နေပြီးတော့မှ ဘာလို့ ငါ့ပန်းကန်ထဲကျ ဟင်းသီးဟင်းရွက်တွေပဲ ရှိနေတာ….”
“ အာလူးနဲ့ ကြက်ဥခလောက်ကြော်… ဟင်းနုနွယ်၊ မြေပဲ … မင်းလိုချင်တဲ့ ဟင်းက အဲ့တာတွေ မဟုတ်ဘူးလား…. ဘာဆိုင်လို့ ငါ့ လာအပြစ်တင်နေတာ…”
“ နင် အရမ်းလွန်တယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ တခြား ကောင်လေးတွေဆို လက်ဆောင်ပေးရင် ယဉ်ယဉ်ကျေးကျေး၊ ချော့ချော့မြူမြူ…. နင် နည်းနည်းလေး သိမ်မွေ့လို့ မရဘူးလား…”
“ သူတို့ အိပ်ရာထဲရောက်ဖို့က သူတို့ ပါတနာပေါ် မူတည်နေတာလေ… ငါက မင်းနဲ့လည်း အိပ်လို့ရမှာမှ မဟုတ်တာ.. ဘာကိစ္စ ညင်သာနေရမှာလဲ..” လင်းရီ ပြောလိုက်ပြီး “ ရော့…. ငရုတ်ပွသီးလည်း စားကောင်းတယ်…. အတွင်းအပူလျှော့ပေးတယ်…”
ထိုသို့ ပြောလိုက်သော်လည်း လင်းရီ ငရုတ်ပွသီးနှင့်အတူ အသားအများအပြား လျန်ရူရွှယ်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
“ ဟုတ်တယ်လေ… တကယ်လို့ နင်က မညင်သာဘူးဆိုရင် ငါနဲ့ အတူအိပ်ဖို့ကို စဉ်းတောင် မစဉ်းစားနဲ့…” လျန်ရူရွှယ် ပြောလိုက်သည်။
“ အဲ့တာဆိုရင်တော့ ဆုံးရှုံးရမှာက မင်းပဲလေ…”
“ ဘာပဲပြောပြော… နင့်မှာ အချိန်သိပ်မကျန်တော့ဘူးလို့ ငါသတိပေးပြီးသွားပြီ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ရန်ကျင်းမှာ ငါ့ကို ပိုးပန်းနေသူတွေက အများကြီးပဲ …. တစ်နေ့ ငါ သူတို့ထဲက တစ်ယောက်နဲ့ ဖြစ်ရင်ဖြစ်သွားမှာပဲ….”
“ မင်းမြေလင် ပြန်ပြောစမ်း…” လင်းရီ ရုတ်ချည်း အော်ဟစ်လိုက်၏။
လျန်ရူရွှယ်မှ ရှော့ခ်ရသွားခဲ့ပြီး အနည်းငယ် အပြစ်ရှိသလို ခံစားသွားခဲ့ရကာ “ ဘာလို့ လူကို လာအော်နေတာလဲ…. ငါက ဒီတိုင်း စနောက်နေတာကို….”
“ ငါယီးမှ မစားတော့ဘူး..” လင်းရီ တူကို ချ၍ ထွက်ခွာရန် ဟန်ပြင်လေသည်။
“ ဟိတ် ဟိတ်… လင်းရီ… နင်ဘာတွေ ဖြစ်နေတာလဲလို့…” လျန်ရူရွှယ် မတ်တပ်ရပ်၍ လင်းရီ လက်မောင်းကို ဆွဲလိုက်ရင်း “ ငါက ဒီတိုင်း စနောက်နေတာကို ဘာလို့ အဲ့လောက်ထိ တယူသန်ကြီး ဖြစ်နေတာလဲ….”
“ လာမပြောနဲ့… သွားပြီ…”
“ စိတ်မဆိုးနဲ့လေ….” လျန်ရူရွှယ် လင်းရီပါးကို ခပ်ဖွဖွ နမ်းလိုက်ပြီး “ ဒီလောက်ဆို လုံလောက်ပြီလား…”
“ ဆိုရုံလေးပေါ့…”
လျန်ရူရွှယ် မျက်လုံးလှိမ့်လိုက်မိသည်။
“ အစုတ်ပလုတ်ကောင်… စောင့်နေ… ငါလည်း နင့်ကို ပေးစရာရှိတယ်..”
သူမ ရုံးခန်းစားပွဲသို့ ပြန်လာရင်း အံ့ဆွဲကို ဖွင့်၍ အထဲမှ အမည်းရောင်အိတ်ကို ဆွဲထုတ်လိုက်သည်။
လင်းရီ မျက်ခုံးလှုပ်သွားခဲ့၏။
ဒါလည်း တိုက်ဆိုင်သွားတာပဲလား… ဘာလို့ နောက်တစ်ခုလဲ….
“ ငါ မနေ့တုန်းက ဈေးဝယ်ထွက်တုန်း နင့်ဖို့ ဆိုပြီး ဝယ်လာခဲ့ပေးတာ…. နင်သာ ဝတ်စုံနဲ့ ဝတ်လိုက်မယ်ဆိုရင် သေချာပေါက် ကြည့်ကောင်းမှာပဲ…. အမ်…. နင့်အမူအရာက ဘာကြီးလဲ…. သဘောမကျဘူးလား…”
“ ခံစားသွားရလို့ပါကွာ… မင်းက ငါ့စိတ်ကို ဖတ်ထားသလားတောင် အောက်မေ့ရတယ်… အရင်ခါးပတ်က ကြွက်ကိုက်သွားလို့ အသစ်ဝယ်မလို့ စဉ်းစားနေတာ….”
“ အတည်ကြီးလား…. နင်ငါ့ကို အရူးလုပ်နေတာတော့ မဟုတ်ပါဘူးနော….”
“ အတည်ပေါ့ဟ…” လင်းရီ မျက်ရည်လဲ့နေသည့် မျက်ဝန်းတို့ဖြင့် ပြောလိုက်သည်။ သူ၏ အမူအရာမှာ တော်တော်လေးကို ခံစားနေရသည့်ပုံ ပေါက်နေသည်။
“ နင်ကြိုက်တယ်ဆိုရင် ပြီးရော…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ကောင်းပြီ… ငါမွန်းလွဲပိုင်းကျ လုပ်စရာရှိသေးတယ်… နင်ဒီမှာ မနှောင့်ယှက်နေရင်တော့ အကောင်းဆုံးပေါ့… တကယ်လို့ သူများတွေ မြင်ကုန်ရင် ကောင်းမှာ မဟုတ်ဘူး…”
"အေးအေး ... "
လျန်ရူရွှယ် သူ့အတွက် ဝယ်ပေးထားသည့် ခါးပတ်ကို ကြည့်ရင်း လင်းရီ သူ့နှလုံးသား အေးခဲနေသလို ခံစားလိုက်ရ၏။
' ငါမှာက ခါးတစ်ခုပဲ ရှိတာပါဟ…. ဘာလို့ လူတွေက ဒီခါးပတ်လောက် လာလာပေးနေကြတာ…'
ခါးပတ်ကို ဝှက်ပြီးနောက် လင်းရီ ချောင်ရန်အုပ်စုထံသို့ မောင်းလာခဲ့သည်။ ကားပါကင်တွင် ရပ်ထားပြီးနောက် ကျီချင်းရန် ဆင်းအလာကို ဂိမ်းဆော့ရင်း ထိုင်စောင့်နေလေသည်။
နှစ်ပွဲကစားပြီးနောက် ကျီချင်းရန် ဓာတ်လှေကားထဲမှ ထွက်လာခဲ့၏။
သူမက မီးခိုးရောင် သားမွေး အနွေးထည်နှင့် အနက်ရောင်ဂျင်းကို ဝတ်ဆင်ထားကာ ဒေါက်မြင့်ဖိနပ်ကို စီးနင်းထား၏။
ကျီချင်းရန် မှန်ပြတင်းပေါက်ကို ခေါက်လိုက်ပြီး လင်းရီရှေ့ တစ်ပတ်လှည့်ပြလိုက်ကာ “ ဘယ်လိုနေလဲ…. အချိန်အကြာကြီး ရွေးပြီးတော့မှ ဒီအဝတ်တွေ ဝတ်လာခဲ့တာနော်… ဘယ်လိုလဲ.. ကြည့်ကောင်းတယ်မလား…”
“ ချင်းရန်… မင်းကတော့ ပိုပိုပြီး ဆိုးသွမ်းလာပြီ..” လင်းရီ မှ ပြောလိုက်ပြီး “ မနေ့တုန်းကကျ ဘောင်းဘီအရှည်နဲ့ ခြေနင်းနဲ့… ဒီနေ့ကျ ခြေကျင်းဝတ်ကို ဖော်ထားတယ်ပေါ့..”
“ အာ…. ငါက ဒီဝတ်စုံနဲ့ဆို ပိုပြီး ပိန်တဲ့ပုံ ပေါက်သလားလို့…”
“ ငါပြောပြမယ်… တကယ်လို့ ခြေထောက် အအေးပတ်သွားရင် မြုံသွားတတ်တယ်… တကယ်လို့ မင်း အမွှာလေး မမွေးပေးနိုင်လို့ကတော့ ငါတို့ စကားကောင်းပြောရတော့မယ်…”
“ အာ… အဲ့လောက်ကြီးတောင်လား…”
“ အဲ့လောက်ကြီးတောင်မှပေါ့…. ငါ ဝီချက်မှာ ဖော်လိုလုပ်ထားတဲ့ ဒေါက်တာတစ်ယောက် ရေးထားတာပဲ…”
“ ဒါဆိုငါ ခြေအိတ်သွားဝတ်လိုက်ဦးမယ်..” ကျီချင်းရန် အလျင်အမြန်ပဲ သူမ အခန်းထဲသို့ ခပ်သွက်သွက် လျှောက်သွားပြီး နှုတ်မှ တီးတိုး ရေရွတ်လိုက်၏။
“ ငါ သူ့အတွက် ဝဝတုတ်တုတ်လေး မွေးပေးချင်သေးတယ်လေ…”
နောက်ထပ် နာရီဝက်မျှ ကြာအောင် စောင့်ဆိုင်းပြီးနောက် ကျီချင်းရန် ပြန်ထွက်လာခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ဘွတ်ခြေနင်း စီးထားပြီး ခရီးသည်ထိုင်ခုံပေါ်သို့ ဝင်ထိုင်လိုက်၏။
“ ခု အဆင်ပြေသွားပြီမလား…”
“ အင်း…. ပိုကောင်းသွားပြီ…”
“ ခစ်ခစ်… “ ကျီချင်းရန် ရယ်မောလျက် “ ကဲ အခု နင် ငါ့ကို ဘယ်လဲ ခေါ်သွားမှာ…”
“ အရင်ဆုံး တစ်ခုခု သွားစားကြတာပေါ့…. ငါ စားပွဲတစ်လုံး ဘွတ်ကင်လုပ်ထားတယ်…”
သို့နှင့် လင်းရီ ကျီချင်းရန်ကို ပြင်သစ် စားသောက်ဆိုင်သို့ ခေါ်သွားပြီး ညနေစာ သွားစားလိုက်သည်။
စားသောက်ဆိုင်ထဲတွင်တော့ လူများ ကြိတ်ကြိတ်တိုးလို့နေသည်။ အကယ်၍ လင်းရီ၏ အဆက်အသွယ်တို့ကြောင့်သာ မဟုတ်ပါက အချိန်တိုအတွင်း စားပွဲတစ်လုံး ကြိုမှာထားရန်မှာ အင်မတန် ခက်ခဲလိမ့်မည်ဖြစ်၏။
ကျီချင်းရန်ကတော့ ဇိမ်ပြေနပြေ သုံးဆောင်နေပြီး စားသောက်ပြီးစီးရန် နှစ်နာရီကျော်မျှ ကြာမြင့်သွားခဲ့သည်။
စားသောက်ပြီးနောက် နှစ်ယောက်အတူ ရုပ်ရှင်သွားကြည့်ကြမည်။ ယင်းကလည်း ကျီချင်းရန် အလိုရှိသည့် အဓိက အချက်ပင်။ စားသောက်ပြီး ရုပ်ရှင်ကြည့်ရသည်က ခရစ်စမတ်ကို ပို၍ ပြီးပြည့်စုံသွားစေသည်။
လက်ဆောင်ပစ္စည်းကတော့.... ကျီချင်းရန် ထိုကဲ့သို့ အသေးအမွှားလေးကို ဂရုစိုက်မနေချေ။ လင်းရီ သူမကို အချိန်ပေးပြီး အဖော်ပြုပေးနေသည်နှင့် ဘာမျှ ထပ်မလိုအပ်တော့။
တစ်ဖက်တွင်တော့ လင်းရီမှာ သူ့အတွေးထဲ၌ သူ ယနေ့ည ဟုန်းရမ်းထိအောင် ရိုက်နိုင်မည့် အခွင့်အရေး ရှိနိုင်မည်လောဟု စူးစမ်းချင်နေမိ၏။
“ ဘယ်ဇာတ်ကား ကြည့်ချင်လဲ.. ဒီည ပြမယ့် ကားတွေအကုန်လုံးအတွက် လက်မှတ် ကြိုဖြတ်ထားပြီးသား… ကြိုက်တဲ့တစ်ခု ရွေးလိုက်..”
လင်းရီ ဖုန်းကို ကိုင်ရင်း ကျီချင်းရန် ကားထဲ၌ ကြည့်မည့် ဇာတ်ကားကို ရွေးချယ်မှုပြုလိုက်၏။
“ The Champion ဆိုတဲ့ ရုပ်ရှင်ကြည့်ကြတာပေါ့… ငါကြားတာတော့ တော်တော်လေး ရင်ထဲရောက်စေတဲ့ကားဆိုပဲ….”
“ ကောင်းပြီလေ… ဒါဆိုလည်းငါ တစ်သျှူးတွေပါ တစ်ခါတည်း ဝယ်ထားရတော့မှာပေါ့..”
“ ငါမငိုပါဘူးနော်…”
“ ဒါဆိုလည်း ငိုတဲ့ တခြား ကောင်မလေးကို ပေးလိုက်လို့ ရတာပဲလေ….”
“ ဟွန့်…နင် အဲ့လိုလုပ်ရဲရင် နင့်ကို ညိုအောင် ဆွဲဆိတ်ပစ်လိုက်မယ်..”
နှစ်ယောက်သား ဝမ်တ ရုပ်ရှင်မြို့တော်သို့ မောင်းနှင်သွားခဲ့ပြီး ပြသမည့် နေရာထဲသို့ ချောချောချူချူဖြင့် ရောက်ရှိသွားခဲ့သည်။
“ ရီ… ငါ ပြောင်းဖူးစားချင်လို့… နည်းနည်းလောက် ဝယ်ပေးလို့ရလား…”
“ ရတယ်လေ ..."
“ အကြီးဆုံး ဝယ်ခဲ့နော်… ပြီးတော့ နှစ်ဘူးဝယ်ခဲ့…”
“ နှစ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ငါမှ ပေါက်ပေါက် မကြိုက်တာ…”
“ ဒါပေမယ့် ငါကြိက်တယ်လေ… တစ်ခုတည်းနဲ့ မဝလို့…”