← Chapters

နင့်ကြောင့် မိတ်ကပ်တွေ ပျက်ကုန်ပြီ

Vol. 57 Ch. 850

နင့်ကြောင့် မိတ်ကပ်တွေ ပျက်ကုန်ပြီ

Vol. 57 Ch. 850

“ အားပါးပါး… အများကြီးပဲ… မင်း အဲ့တာတွေ အများကြီးစားပြီး ဝိတ်တက်လာမှာ မကြောက်ဘူးလား….”

ကျီချင်းရန် ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး လင်းရီနား အနားသို့ တိုးကပ်၍

“ နင်ပဲ ငါအမြဲတမ်းဝိတ်တက်နေတာကို လိုချင်နေတာ မဟုတ်ဘူးလား… နင်ပဲ အဲ့လို ပြောပြောနေတာလေ….”

“ ကျွတ်.... မင်းပြောသလိုမျိုးဆို ငါ နောက်ထပ် တစ်ဘူး ထပ်ဝယ်ခဲ့ပေးမယ်…”

“ ခစ်ခစ်… ငါ သုံးဘူးလုံးကြီးတော့ ကုန်အောင် မစားနိုင်ပါဘူး..ဒါပေမယ့် အိမ်ယူသွားပြီး စားလို့ရတယ်…”

“ ကောင်းပြီ… ငါဒီနေ့ မင်းကို အဝ စားခိုင်းပစ်မယ်…” လင်းရီ ကျီချင်းရန် ဗိုက်ကို ပွတ်ရင်း ပြောလိုက်၏။

ထို့နောက် မုန့်ရောင်းနေသည့် နေရာသို့ သွား၍ ပေါက်ပေါက်ဆုပ် သုံးဘူးနှင့် ရေဘူးနှစ်ဘူး ဝယ်ယူလိုက်သည်။ ပြီးလျှင် ကျီချင်းရန်နှင့်အတူ ဇာတ်ကားပြသမည့် အခန်းထဲသို့ ရောက်လာခဲ့လေသည်။

ဇာတ်လမ်း အစတုန်းကတော့ ကျီချင်းရန်မှာ တော်တော်လေး အဆင်‌ပြေနေသေး၏။သို့သော်လည်း ဇာတ်လမ်း တစ်ဝက်လောက် ရောက်သည်နှင့် ကျီချင်းရန်မှာ အထိန်းကွပ် မဲ့စွာဖြင့် စတင် ငိုကြွေးတော့သည်။

လင်းရီ ဘေး၌ အေးဆေး ထိုင်ကြည့်နေရင်း ကူကယ်ရာမဲ့နေသည့် လေသံဖြင့်

“ ပြောတော့ မငိုဘူးဆို… မငိုလို့ပဲ တော် တော်တော့တယ်..”

“ ဘာလို့ဆို အရမ်းခံစားရလို့လေ…” ကျီချင်းရန်မှ ငိုသံသဲ့သဲ့ဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် အဟင့်... ဆက်ငိုလို့ မရတော့ဘူး… ဆက်ငိုရင် မိတ်ကပ်တွေ ပျက်ကုန်တော့မှာ… “

မှန်ပေ၏။ ကျီချင်းရန် ဂရုအစိုက်ဆုံးကတော့ သူမ မျက်နှာပေါ်ရှိ မိတ်ကပ်ကိုပင်။

ရုပ်ရှင်ကြောင့် ကျီချင်းရန်မှာ ပေါက်ပေါက် ဘူးတစ်ဝက်မျှသာ စားလိုက်ရသည်။

“ ကဲ ပြီးပြီ … ပြန်ကြစို့….”

မျက်ရည်များကို သုတ်ရင်း ကျီချင်းရန် မိတ်ကပ် ပြန်ပုတ်ကာ ထွက်ခွာရန် ဟန်ပြင်လေသည်။

“ မိတ်ဆွေတို့…. ခဏလောက်လေး ထပ်နေပေးလို့ ရမလားခင်မျ….”

နှစ်ယောက်သား ထွက်ခွာတော့မည့် အချိန်တွင် လင်းရီတို့ ရှေ့တန်းမှ ကောင်လေးတစ်ယောက် ရုတ်ချည်း မတ်တပ်ရပ်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။

သူ့လက်ထဲတွင်လည်း အနီရောင် နှင်းဆီပန်းစည်းကို ကိုင်ထားလေသည်။

နှင်းဆီပန်း ကိုင်ထားသည့် ကောင်လေးကို မြင်တော့ ကျီချင်းရန် စိတ်လှုပ်ရှားစွာဖြင့် လင်းရီ လက်မောင်းကို ဆွဲလိုက်ပြီး “ ရီ… ကြည့်လိုက်… တစ်ယောက်ယောက်တော့ လက်ထပ်ခွင့်တောင်းတော့မယ်နဲ့ တူတယ် … ဒီလိုမျိုး ရိုဆန်တဲ့ မြင်ကွင်းနဲ့ ကြုံရမယ်လို့တောင် ထင်မထားဘူး..”

“ ဘာဆန်းလို့…. ခရစ်စမတ်ကို…. တစ်ယောက်ယောက်တော့ ဒီလိုအချိန်မှာ သေချာပေါက် ရှေ့ထွက်ပြီး ပရိုပို့စ် လုပ်ကြမှာပဲ…”

“ အွန်း.. ဟုတ်ပါတယ်လေ…”

ကျီချင်းရန်မှ ရှေ့ဆုံးတန်းရှိ ကောင်လေးကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေလိုက်၏။ သူမ ဇာတ်ကားကြည့်စဉ်ကထက်ပင် ပို၍ စိတ်လှုပ်ရှားနေတော့သည်။

ထိုအခါ ကောင်လေး ဘေး၌ ထိုင်နေသည့် မိန်းကလေးမှာ လုံးဝ ကြက်သေသေသွားလေသည်။ သူမ ပုံစံ ကြည့်ရသလောက်တော့ ကောင်လေး ထိုသို့ ပြုလုပ်မည်ဟု မမျှော်လင့်ထားသလောက် ရှိ၏။

“ လီလီ…. ငါ နင့်ကို ဟိုးတုန်းကတည်းကနေ သဘောကျနေခဲ့တာ… အရမ်း ရုတ်တရက် ဆန်လွန်းသွားတယ်ဆိုပေမယ့် ငါ သည့်ထက်ပိုပြီး မစောင့်နိုင်တော့ဘူး.. ငါ ဒါကို သေချာလေး စိတ်ပြင်ဆင်ပြီးတော့မှ ဆုံးဖြတ်ခဲ့တာ… ကျေးဇူးပြုပြီး .... မင်း ငါ့မိန်းကလေး ဖြစ်လာပေးနိုင်မလား…”

ပြောရင်းဖြင့် ကောင်လေးမှ သူ့အိတ်ကပ်ထဲရှိ စိန်လက်စွပ်ဘူးကို ဆွဲထုတ်လိုက်သည်။

စိန်လက်စွပ်ကို မြင်တော့ ရောက်နေကြသည့် လူတိုင်း အံ့အားတကြီးဖြင့် အာမေဋိတ်သံများ အသီးသီး ညံသွားခဲ့တော့၏။

“ ဘုရားဘုရား… ကြီးလိုက်တဲ့ စိန်လက်စွပ်ကြီးပါလား… ဒီကောင်လေးက သေချာပေါက် ချမ်းသာတဲ့ ဒုတိယမျိုးဆက်ပဲ ဖြစ်ရမယ်…”

“ အူး…. ကောင်မလေး အရမ်းကံကောင်းတာပဲနော်….”

“ ဟဲ့ နင်မြင်လား… ကြည့်ပြီး သေချာလေး သင်ယူ…” မိန်းကလေး တစ်ယောက်မှ သူ့ဘေးရှိ လက်တွဲဖော်ကို ကြုံကြိုက်တုန်း လက်ချာပေးလိုက်သေးသည်။

“ အဲ့လောက်တော့ ငါလည်း လုပ်တတ်ပါတယ်ဟ… ဒါပေမယ့် အဲ့လောက်ကြီးတဲ့ စိန်လက်စွပ်ကတော့ ငါလည်း မတတ်နိုင်ဘူးဟာ….”

“ အဲ့လောက် ကြီးစရာ မလိုပါဘူး…တကယ်လို့ ဆန်စေ့လောက်‌လေးပဲ ဆိုရင်တောင် နင်နဲ့ လက်ထပ်ပေးမယ်…”

“ ဟီးဟီး… အဲ့လောက်ကတော့ ပြဿနာ မရှိဘူး…”

“ လျိုပင်း…. နင် ဘာလုပ်နေတာလဲ… နင် ငါ့ကို လူမြင်ကွင်းမှာ သပ်သပ် အရှက်လာခွဲနေတာလား…”

ကောင်မလေး၏ စကားလုံးများက လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။ ရုပ်ရှင်ရုံထဲရှိ နွေးထွေးပြီး ရိုမန်တစ်ဆန်နေသည့် လေထုမှာလည်း ရုတ်ချည်းဆိုသလို ကိုးရို့ကားယား အသွင်သို့ ကူးပြောင်းသွားခဲ့တော့သည်။

“ ဒါမှမဟုတ် နင်ထင်နေတာ နင်က သူဌေးသားဖြစ်တိုင်းနဲ့ပဲ ငါက သဘောတူလိမ့်မယ်လို့ နင်ထင်နေတာလား…” ကောင်မလေးမှ အေးတိအေးစက် ခက်ထန်စွာ ပြောဆိုလိုက်ပြီး “ နင် ရှင်းအောင် တစ်ခါတည်းမှတ်သွားလိုက်… ငါ နင့်ကို သူငယ်ချင်းလိုပဲ သဘောထားတယ်… အဲ့ဒီထက်လည်း မပိုနိုင်ဘူး… နင့်ဘက်က နားလည်မှု မလွဲဖို့ မျှော်လင့်တယ်….”

ပြောပြီးနောက် ကောင်မလေးမှ သူမ အိတ်ကို လွယ်ရင်း ရုပ်ရှင်ရုံထဲမှ ဒေါနှင့်မောနှင့် ထွက်ခွာသွားခဲ့သည်။

ထိုအခိုက်အတန့်၌ ရုပ်ရှင်ရုံထဲရှိ လေထုမှာ တော်တော်လေးကို ကိုးရို့ကားယား နိုင်နေသည်။ လူတိုင်း ကံဆိုးရှာသူ ကောင်လေးအတွက် စိတ်မကောင်း ဖြစ်နေမိကြ၏။

ကောင်လေးက ရုပ်ခံလေးလည်း ရှိတယ်… ပိုက်ဆံလည်း ရှိတယ်.. ကောင်မလေးနဲ့လည်း လုံးဝလိုက်ဖက်ညီနေတာပဲ…. ဒါကို ဟိုမိန်းကလေးကလည်း ဘာလို့ သဘောမတူလိုက်တာ… ပြီးတော့ ဒီလာပြီးတော့ ရုပ်ရှင်တောင် အတူကြည့်ပြီးနေပြီကိုပဲ…

အဆိုးဆုံး အပိုင်းကတော့ ကောင်လေးကို လူမြင်ကွင်း၌ အရှက်ရသွားစေခြင်းပင်။ ကျီချင်းရန်ပင် ကောင်မလေးဘက်က နည်းနည်းလေး လွန်သည်ဟု ခံစားနေမိတော့၏။

“ ဟားဟား....ကျုပ်တော့ လူတိုင်းရှေ့မှာ လူပြက်ကြီး လုပ်ပြမိပြီထင်တယ်…” ကောင်းလေးမှ ခါးသီးစွာ ပြုံးလိုက်သည်။

သို့သော်လည်း နောက်တစ်စက္ကန့်ကြာတော့ သူ၏ အမူအရာမှာ ဒရာမာ ဆန်ဆန် ပြောင်းလဲသွားခဲ့ပြီး “ အခြေအနေက နည်းနည်းလေး ကိုးရို့ကားယား ဆန်တယ်ဆိုရင်တောင် ဘာဖြစ်တုန်း.... ကျုပ်က အတည်ကြီး ပရိုပို့စ် လုပ်နေတာမှ မဟုတ်တာ… ဒီတော့ အဆင်ပြေပါတယ်…”

ယင်းက ရောက်ရှိနေကြသည့် လူတိုင်းကို ရှုပ်ထွေးသွားစေခဲ့သည်။

ဘာလား…..ဟာသလာလုပ်နေတာလား...

ကောင်လေးမှ ပြုံးလိုက်ပြီး ပန်းစည်းနှင့် လက်စွပ်ကို လင်းရီထံ ကမ်းပေးလိုက်ကာ “ ပရိုပို့စ် လုပ်မှာ ကျုပ်မဟုတ်ဘူး… ခု ဒီလူပဲ…”

လင်းရီ နှင်းဆီနှင့် လက်စွပ်ကို ကမ်းယူလိုက်ပြီး ကျီချင်းရန်ထံ ကမ်းပေးလိုက်၏။

“ ပျော်ရွှင်ဖွယ် အားလပ်ရက်လေး ဖြစ်ပါစေ ချင်းရန်..”

အဆိုပါ အလှည့်အပြောင်းက လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပြီး ဆယ်စက္ကန့်ကျော်လောက်ကြာမှ ဘာဖြစ်နေလဲ ဆိုတာ နားလည်သွားကြတော့၏။

ဟော့ဒီအချောလေးက သူ့ကောင်မလေးအတွက် စပရိုက် စီစဉ်ထားတာပဲ ဖြစ်ရမယ်…”

“ လက်ခံလိုက်…”

“ လက်ခံလိုက်…”

“ လက်ခံလိုက်…”

အားပေးမှုများအလယ်တွင် ကျီချင်းရန် အချိန် အတော်ကြာမှ သူမက ယခု မြင်ကွင်း၏ အဓိကဇာတ်ဆောင် အမျိုးသမီးဖြစ်နေကြောင်း သတိပြုမိလိုက်တော့သည်။ ကြည်နူးမှုများက ချုပ်ထိန်းမရစွာဖြင့် မျက်ရည်အသွင် ကူးပြောင်းလာကာ မျက်နှာထက် စီးကျလာခဲ့တော့၏။

“ အစ်မကျီ… ဘာတွေ စောင့်နေတာ…. မြန်မြန် တစ်ခုခု ပြောလိုက်လေ…”

ထိုအသံကို ကြားတော့ ကျီချင်းရန် အလျင်အမြန် လှည့်ကြည့်လိုက်မိ၏။

ဟော်ယွမ်ယွမ်နှင့် လင်းရီ၏ ညီကို သုံးယောက်မှာလည်း ရုပ်ရှင်ရုံ၏ ထောင့်တစ်နေရာ၌ ထိုင်နေသည်ကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရလေသည်။

“ နင်တို့တွေ ဒါ ပူးပေါင်းကြံစည်ထားတာမလား..” ကျီချင်းရန် မျက်ရည်များကို သုတ်ရင်း ပြောလိုက်လေသည်။ သူမ၏ ရင်ဘက်ကြီးမှာလည်း ရူးသွပ်စွာ ခုန်ပေါက်နေတော့၏။

“ ဖြစ်စဉ်က အရေးကြီးလို့လား… ရလဒ်ကောင်းရင် ပြီးရောမဟုတ်ဘူးလား…”

“ မုန်းတယ်… နင့်ကြောင့် ငါ့မိတ်ကပ်တွေ ပျက်စီးကုန်ပြီ…”

“ ဆိုတော့ သဘောတူလား.. မတူဘူးလား…” လင်းရီ ပြုံးလိုက်သည်။

“ ဝတ်ပေးလေ…”

တိုက်ရိုက် မပြောဆိုသော်ငြား ရောက်နေကြသည့် လူတိုင်း သူမ လက်ဆန့်တန်းလိုက်သည်ကို မြင်တွေ့လိုက်ကြ၏။

လူတိုင်း၏ အကြည့်အောက်တွင် လင်းရီ ၁၈ ကာရက်မျှရှိသည့် စိန်လက်စွပ်ကို ကျီချင်းရန် လက်ပေါ် ဝတ်ဆင်ပေးလိုက်ပြီးနောက် ပြင်သစ်အနမ်း ပေးလိုက်သည်။

စိန်လက်စွပ်ကြီးကို မြင်တော့ ရောက်နေကြသည့် မိန်းကလေးတိုင်း မနာလိုအားကျစိတ်များ ဖြစ်ပေါ်နေကြလေသည်။

အကယ်၍ ယခုလို အခြေအနေကြောင့်သာ မဟုတ်ပါက စိန်မှာ အတုကြီးဟု သူမတို့ ထင်မိပေလိမ့်မည်။

အတန်ကြာတော့ ကျီချင်းရန်မှ လင်းရီကို တွန်းထုတ်လိုက်ပြီး “ သွားကြစို့… ဒီမှာ လူတွေ အများကြီးပဲ…” လင်းရီ လက်ကို ကိုင်ထားရင်း သူမ ခေါင်းမဖော်တမ်း ရှက်ရွံ့စွာဖြင့် ဆိုလိုက်လေသည်။

သူကလေး အင်မတန်ရှက်ရွံ့နေမည်ကို လင်းရီသိ၏။ ထို့ကြောင့် သူမလက်ကို ဆုပ်ကိုင်ရင်း ရုပ်ရှင်ရုံထဲမှ ဦးဆောင်ထွက်လာခဲ့လိုက်သည်။

“အစ်ကိုကြီးလင်း…. စွန်းလန်းတယ်ဗျာ…. အလှည့်အပြောင်းတွေက လူတိုင်းကို အိပ်မက်မက်နေသလားဆိုပြီးတော့တောင် ဟာခနဲ ဟင်ခနဲ ဖြစ်သွားလောက်တဲ့အထိပဲ… “ လျန်ကျင်းမင် ပြောလိုက်၏။

“ ငါဖြစ်စေချင်တာလည်း အဲ့လိုပဲလေ..”

“ အစ်မကျီ ဘယ်လောက်တောင် ဟပ်ထိနေလဲ ကြည့်စမ်းပါဦး… ငိုတောင် ငိုနေလိုက်သေး….” ဟော်ယွမ်ယွမ်မှ ရွှတ်နောက်နောက် ပြောဆိုလိုက်ပြီး “ အဲ့ဒီ စိန်လက်စွပ်ကြီးက တော်တော်လေး တန်ကြေးကြီးမှာပဲနော်…”

“ လိုချင်လား… လိုချင်ရင် ကောင်းကြီးကိုပြော… ငါတို့ကို လာမကြည့်နဲ့…”

“ ဘာကြည့်စရာ ရှိလို့..” ကောင်းကျုံးယွမ်မှ ကာကွယ်ပြောပေးလိုက်ပြီး “ ငါ မနက်ဖြန် အဲ့ဒီ့ထက် ဈေးပိုကြီးတဲ့ စိန်လက်စွပ် ဝယ်ပေးမယ်…”

“ မဝယ်နဲ့ မဝယ်နဲ့..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဘော့စ်လို တိုင်ကွန်းပဲ အဲ့လိုကြီးတဲ့ စိန်လက်စွပ်ကြီး ဝယ်မှာ… ငါ့အထင်တော့ အစ်မကျီက ဘော့စ် မျက်နှာမပျက်အောင် အားတင်းပြီး ဝတ်ထားတယ် ထင်တာပဲ… “

“ ဘယ်သူပြောလဲ… ငါ ကြိုက်ပါတယ်နော်…”

ဤတစ်ကြိမ်တွင်တော့ လင်းရီပင် ဝင်ပါနေရန် မလိုတော့ချေ။ ကျီချင်းရန်မှ သူ့ကိုယ်စား ကာကွယ်ပေးသွားခဲ့၏။

“ ကောင်းပြီ… ချစ်ကြည်နူးပြနေတာလေးတွေ ခဏရပ်ပြီး ဒီနေ့လို နေ့ကောင်းရက်သာမှာ တစ်နေရာသွားပြီး ကဲလိုက်ကြစို့…” ချင်းဟန်မှ လက်ခုပ်တီးရင်း အားလုံးကို ဆော်ဩလိုက်၏။

“ ငါတို့လို မိန်းမရှိတဲ့ သူတွေကတော့ မကဲနိုင်ဘူးဟေ့… အိမ်ပြန်ပြီး ကိုယ့်ဇနီးကိုယ် အဖော်ပြုပေးရမယ်..”

လင်းရီ : အရိပ်ပြ အကောင်မြင်စမ်း

All Chapters