နည်းနည်းလေးပိုပြီး ဂရုစိုက်ပေးလို့ မရဘူးလား
Vol. 57 Ch. 851
" ငလူးကောင်... ငါကတော့ မနက်ကနေ ညအထိ အလုပ်ရှုပ်နေလိုက်ရတာ.... ဒီနေ့လို အထူးနေ့မှာ ညီကိုတွေ စုပြီး ကဲကြမယ်လို့ တေးထားပါတယ်ဆိုနေမှ..." ချင်းဟန် မကျေမနပ်ဖြစ်စွာ စောဒကတက်လိုက်သည်။
"ဘယ်တတ်နိုင်မှာ... ဒီနေ့ကလည်း အထူးနေ့မို့လို့လေ... နောက်နေ့မှ မင်းစိတ်ကျေနပ်တဲ့ အထိ အတူသောက်ပေးမယ်.... "
"ရီ.... နင်တို့ ဒီလိုမျိုး အတူဆုံဖို့ဆိုတာလည်း လွယ်တာမှ မဟုတ်တာ... ဒီနေ့ သူတို့နဲ့ အတူ ပျော်လိုက်တာက ပိုမကောင်းဘူးလား..."ကျီချင်းရန်မှ တီးတိူးလေသံဖြင့် ပြောလိုက်ပြီး " ရှေ့ရက်တွေတုန်းကလည်း နင် တစ်၀က်တစ်ပျက်နဲ့ ထပြန်သွားခဲ့တော့ ချင်းဟန်တို့တောင် ဘာမှ သိပ်မပျော်လိုက်ရဘူး..."
ကျီချင်းရန် နိုက်ကလပ်လိုနေရာမျိုးကို စိတ်မ၀င်စားသော်လည်း လင်းရီ သူ့သူငယ်ချင်းများရှေ့၌ မျက်နှာ မပျက်စေချင်သောကြောင့်သာ ယခုလို ပြုမူနေရခြင်းပင်။
" မလိုပါဘူးကွာ... ငါတို့ မပါလည်း သူတို့ချည်း သပ်သပ် ကဲလို့ရသေးတယ်... တကယ်တမ်း ငါတို့ ပါခဲ့ရင် အဲ့ကောင်တွေ စိတ်လွတ်ကိုယ်လွတ် ပျော်နိုင်မှာတောင် မဟုတ်ဘူး.... "
ချင်းဟန်နှင့် လျန်ကျင်းမင်လည်း လင်းရီ ဟုန်းရမ်း ရိုက်နိုင် မရိုက်နိုင်က နောက်ထပ် ခြေလှမ်းပေါ်တွင် မူတည်နေကြောင်း နားလည်လေသည်။ ထို့ကြောင့် ယခုကိစ္စကို တဖျစ်တောက်တောက် ပြောဆိုမနေတော့ချေ။
"သွားမယ်ဆိုလည်း အမြန်လစ်ကွာ... ငါနဲ့ လျန်ကြီးက မိန်းကလေးတစ်ချို့ ခေါ်ထားပြီးသား... မိုးလင်းတဲ့ထိ ဝုန်းတော့မှာ... မင်းတို့ ပါရင်တကယ်ကြီး အဆင်မပြေဘူး..."
" မြင်လား... ငါဘာပြောထားလဲ... ဒီကောင်တွေ ငါတို့ မပါရင် ပိုကြိုက်ပါတယ်လို့... "
ကျီချင်းရန် အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်သည်။
ဤနည်းဖြင့် သူမလည်း အိမ်သို့ ပြန်နိုင်ပေမည်။
အခြားသူများနှင့် ပါတီနွှဲရသည်ထက် အိမ်ပြန်ပြီး လင်းရီနှင့် နှစ်ယောက်အတူ ရှိရမည်ကို ပို၍ နှစ်သက်လေသည်။
အုပ်စုမှာ ကိုယ်စီလမ်းခွဲ၍ လင်းရီနှင့် ကျီချင်းရန်တို့လည်း ကျိုကျုံးဗီလာထံ ပြန်လာခဲ့ကြသည်။
သို့သော်လည်း အိမ်ထဲသို့ ၀င်လျှင် ၀င်ချင်း ကျီချင်းရန် သူမအိတ်ကို ကောက်ပစ်လိုက်ပြီး လင်းရီ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ယှက်နွယ်လိုက်ကာ သွယ်လျသည့် ခြေတံများကတော့ ခါးကို ကုပ်တွယ်ထားသည်။ လင်းရီလည်း ယခု အခွင့်အရေးကို အသုံးချ၍ သူမ ပြုတ်မကျစေရန် ထိန်းထားပေးလိုက်လေသည်။
Mua.....
"ခရစ်စမတ် လက်ဆောင် အတွက် ကျေးဇူးပဲနော် ရီ.. ငါအရမ်း သဘောကျတယ်... "
လက်တွေ့တွင်တော့ ကျီချင်းရန် နှစ်သက်သည်မှာ နှင်းဆီပန်းများနှင့် ၁၈ ကာရက်ရှိသည့် စိန်လက်စွပ်ကြီးကိုလည်း မဟုတ်။ လင်းရီ သူမအတွက် ဒုက္ခခံပြီး ပြင်ဆင်ထားပေးသည့် စပရိုက်ကိုပင်။
အထူးသဖြင့် သူမတို့ ရုပ်ရှင်ရုံတွင် ရှိစဉ်က အများသူငှာ၏ မနာလို အားကျသည့် အကြည့်တို့က သူမရင်ထဲ၌ လတ်လတ်ဆတ်ဆတ် စွဲကျန်ရစ်နေသေးလေသည်။
သူမအတွက် ရုပ်ရှင် ပိတ်ကားပေါ်ရှိ မြင်ကွင်းပေါ်က အပြင်၌ လက်တွေ့ဖြစ်လာသည်ဟု ခံစားလိုက်ရ၏။
လင်းရီ ရယ်မောလျက် ကျီချင်းရန်ကို ဆိုဖာပေါ် တင်လိုက်ပြီး သူမကို အောက်၌ ဖိကပ်ထားလိုက်၏။
အဆိုပါ ဖြစ်စဉ်အတွင်း ကျီချင်းရန်ဘက်မှ ရုန်းကန်ခြင်း မပြုသလို လင်းရီကိုသာ ရွှန်းလဲ့သော အကြည့်တို့ဖြင့် ကြည့်နေလေသည်။
"ဒီတော့ လင်းကတော်က ကျေးဇူးတုံ့ပြန် ပေးသင့်တယ် မဟုတ်ဘူးလား... "
ပြောရင်းဖြင့် လင်းရီ၏ လက်ဝါးကြီးမှာ နေရာအနှံ့ လျောက်ပတ် စူးစမ်းကြည့်တော့၏။
ကျီချင်းရန်လည်း လင်းရီ၏ အဆုပ်အနှယ် ပြုစုယုယမှုတို့အောက်၌ ရင်တလှပ်လှပ် ဖြစ်နေကာ အသက်ရှူ မ၀ ဖြစ်လာခဲ့တော့သည်။
" နင်.... နင်ငါ့ကို ဘယ်လိုမျိုး တုံ့ပြန်စေချင်လဲ... "
" မင်း ဘယ်လိုထင်လဲ... "
" နင်... နင် ဆက်ပြီး မအောင့်အီးနိုင်တော့ဘူးလား.... "
ကျီချင်းရန်၏ ယခုအခြေအနေမှာ ရဲမှည့်နေသည့် မက်မွန်သီးကဲ့သို့ ဖြစ်နေပြီး အသာအယာ ထိတွေ့လိုက်လျှင်တောင် ချိုမြသည့် အရည်တို့ စီးကျလာနိုင်သည်။
"အင်း... "
"အဲ့တာဆို လုပ်လိုက်တော့... "
ကျီချင်းရန် မျက်လုံးကို တင်းတင်းကြပ်ကြပ် မှိတ်ထားပြီး နှုတ်ခမ်းကိုလည်း ဖြူဖျော့သည် အထိ ကိုက်ထား၏။ သူမ၏ ကိုယ်လေးက တဆတ်ဆတ် တုန်ခါလျက် ရှိနေသည်။
သို့သော်လည်း အချိန်အတော်ကြာအောင် လင်းရီဘက်မှ မလှုပ်ရှားလာခဲ့သည်ကို သတိပြုမိတော့ သူမ မျက်လုံးလေးကို ဂရုတစိုက်နှင့် ဖွင့်ကြည့်လိုက်၏။
" နင် ... နင် ပြောတော့ မရတော့ဘူးဆို.. ငါ အဆင်သင့်ဖြစ်နေပြီလေ.... "
လင်းရီ ကျီချင်းရန်၏ မျက်နှာကို အသာအယာ ပွတ်သပ်လိုက်ပြီး " ငါတော့ မင်း အဆင်သင့်ဖြစ်ပြီလို့ မထင်သေးဘူး... "
" မ.. မဟုတ်တာ.. ငါ.. ငါ ဒီတိုင်း နည်းနည်းလေး စိတ်လှုပ်ရှားနေလို့... "
" သေချာလား.... "
"ငါ..... "
ကျီချင်းရန် ရပ်တန့်သွားပြီးနောက် " ငါ့ကို ရှေးရိုးစွဲတယ်လို့ နင် ဆိုချင်ဆို.. ဒါပေမယ့် ငါ လက်ထပ်ပြီးတဲ့အထိ စောင့်ချင်သေးတယ်ဟာ... ဒါပေမယ့် နင့်ဘက်က ဘယ်လိုမှ မထိန်းနိုင်တော့မှာကို စိုးရိမ်တယ်... "
" ငါမှတ်မိပါသေးတယ်.. အရင်တုန်းကဆို မင်းဘက်ကပဲ ဒီလိုမျိုး ဖြစ်အောင် အရင်အစပျိုးပေးတာ မဟုတ်ဘူးလား... "
" မဟုတ်ပါဘူး..."ကျီချင်းရန် အရှက်သည်းနေသည့် အမူအရာဖြင့် ပြန်ဖြေလိုက်ပြီး " အဲ့တုန်းက ငါ ရာသီလာနေတော့ ဘာမှ မဖြစ်နိုင်ဘူးဆိုတာ သိလို့လေ.. အဲ့တာကြောင့် နင့်ကို တမင်စနေတာ... "
လင်းရီ ရယ်ရအခက် ငိုရ အခက် ဖြစ်သွားခဲ့ပြီး " ဆိုတော့ မင်းက အကြံနဲ့ပေါ့..... "
" မဟုတ်ပါဘူး..."ကျီချင်းရန်မှ ပျော့ပျောင်းညင်သာစွာ ခွန်းတုံ့ပြန်လာခဲ့ပြီး " တကယ်လို့ နင်တကယ်ကြီး မထိန်းနိုင်တော့ဘူးဆိုရင် ငါတို့ လုပ်လို့ရတယ်... နင်ငါ့အပေါ် ညင်ညင်သာသာလေး ဆက်ဆံပေးမယ်ဆိုတာ ငါယုံတယ်... "
" အင်း..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး " ဒါပေမယ့် မင်းစိတ်ကို အပြည့်အ၀ ပြင်ဆင်ပြီးပြီလို့တော့ ငါမထင်ဘူး... မဟုတ်ရင် ငါ့ဘက်က အတင်းအဓမ္မ လုပ်ယူမိသလိုမျိုး ခံစားရလိမ့်မယ်... "
" နင်... နင် သေချာစဉ်းစားနော်... နင့်မှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်... တကယ်လို့ ခု လွဲချော်သွားခဲ့ရင် နောက်ထပ် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး... "
လင်းရီ ခေါင်းညိမ့်၍ လက်ခံလိုက်ပြီး " ဒီလိုကိစ္စမျိုးက မလောလည်း ရတယ်... ဒီရဲ့ လက်စွပ်နဲ့ ငါ့ရဲ့ ကျန်တဲ့ ဘ၀တစ်လျှောက်လုံး မင်းကို ကာကွယ်ပေးဖို့ တာ၀န်ရှိသွားပြီ... "
" လင်းရီရယ်.... "
ကျီချင်းရန် မတ်တပ်ရပ်ပြီး လင်းရီကို တင်းကြပ်စွာ ဖက်ထားမိတော့၏။ မျက်ရည်များကလည်း စမ်းချောင်းအသွင် ပါးနှစ်ဖက်ထက်မှ စီးကျလာလေသည်။
သူမ ငယ်ရွယ်စဉ်ကတည်းက နတ်သမီးပုံပြင်များကို ဖတ်ရှုရင်း လှပပြီး ရိုမန်တစ်ဆန်သည့် အချစ်ဇာတ်လမ်းများ အကြောင်း အမြဲတစေ စိတ်ကူးယဉ်ခဲ့သည်။
ကံဆိုးစွာဖြင့် လက်တွေ့လောကကြီးက ပရမ်းပတာဆန်လွန်းပေသည်။ မင်းသားနှင့် မင်းသမီး ဇာတ်လမ်းမှာ နတ်သမီး ပုံပြင်များထဲ၌သာ တည်ရှိ၏။
သို့တိုင်အောင် ကျီချင်းရန် သူမကိုယ်သူမ ကံကောင်းသည်ဟု ခံစားနေရဆဲပင်။
အဘယ်ကြောင့်ဆိုသော် သူမကို တစ်သက်လုံး ကတိတည်ပေးနိုင်မည့် ယောက်ျားတစ်ဦးနှင့် ဆုံတွေ့ခဲ့ရသောကြောင့် ဖြစ်၏။
"အရူးမလေး... လူကြီးဖြစ်နေပြီကို ဘာလို့ ငိုနေသေးတာ... "
" ငိုချင်လာလို့လေ... ငါလည်း မငိုချင်ပါဘူး... "
လင်းရီ သူမနောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်၏။ မည်သည့် စကားကိုမျှ မဆို။ တိတ်တဆိတ် အဖော်ပြုပေးခြင်းက စကားအခွန်းပေါင်း ထောင်သောင်းပြောသည်ထက် သက်ရောက်မှုရှိ၏။
" အိုး ဟုတ်သားပဲ.. ငါ မေ့တော့မလို့... "ကျီချင်းရန် လင်းရီရင်ခွင်ထဲမှ ရုန်းထွက်ရင်း မျက်ရည်များကို ဖယ်ရှားလိုက်၏။
" ဘာကိုလဲ... "
" အဲ့ဒီ ဂျက်ဖာပုံးကြီး အပြင်ကို ငါနင့်အတွက်ဆိုပြီး သပ်သပ်ပြင်ထားပေးတဲ့ လက်ဆောင် နောက်တစ်ခု ရှိသေးတယ်... "
" ဒါက ဒဏ္ဍာရီလာ နှစ်ထပ်ကွမ်း လက်ဆောင်ပေးခြင်းလား...."
"ဒါပေမယ့် နင်ငါ့ကို ပေးတဲ့ လက်ဆောင်နဲ့ ယှဉ်ရင်တော့ ငါပေးမယ့် လက်ဆောင်က လုံလောက်အောင် မကောင်းဘူးနော်... "
" အရေးမကြီးပါဘူး... စိတ်ရင်းနဲ့ ပြင်ဆင်ထားပေးတယ်ဆိုကတည်းကရင် လုံလောက်ပြီးသားပါ... "လင်းရီ နှစ်သိမ့်လိုက်ပြီး " ဈေးဆိုတာ တန်ဖိုးဖြတ်လို့ရတယ်... ဒါပေမယ့် အရေးကြီးဆုံးက နောက်ကွယ်က လေးနက်မှုပဲ... အဲ့တာက တန်ဖိုးဖြတ်လို့ မရဘူး..."
"ဒါဆို စောင့်နေ... ငါ နင့်အတွက် ယူလာခဲ့ပေးမယ်... "
ကျီချင်းရန် ဆိုဖာပေါ်မှ ထလိုက်ပြီး သူမ အခန်းထဲသို့ ပြန်၍ အနက်ရောင် အိတ် အသေးစားလေးကို ထုတ်လာခဲ့သည်။
တူညီသည့် ပစ္စည်းကို မြင်တွေ့လိုက်ရတော့ လင်းရီ အမူအရာမှာ လဲပြိုသွားခဲ့တော့သည်။
မင်းတို့ လေးယောက် စုပြီးများ တိုင်ပင်ထားကြသလားကွာ...
တကယ်ကြီး တစ်ပုံစံတည်းတွေ လက်ဆောင်လာပေးနေကြတယ်...
ငါတစ်ယောက်တည်းကတောင် မတူညီတဲ့ လက်ဆောင်လေးမျိုး ပေးနိုင်သေးတာကို ဘာလို့ အကုန်လုံးက ဒီခါးပတ်ပဲ လာပေးနေကြတာ...
နည်းနည်းလေးပိုပြီး ဂရုစိုက်ပေးလို့ မရဘူးလား...
"ငါလည်း ဟိုရောက်တော့ ဘာ၀ယ်ရမှန်း မသိတာနဲ့ နောက်ဆုံး ဒီခါးပတ် ၀ယ်လိုက်တာပဲ.. နင်သာ ၀တ်စုံပြည့်နဲ့ဆိုရင် အရမ်း ကြည့်လို့ကောင်းမှာ... "
" ချင်းရန် .. မင်းငါ့စိတ်ကို အရမ်းနားလည်တာပဲ... ငါလည်း ခါးပတ်လိုနေတာနဲ့ အတော်ပဲ...ခု မင်း လက်ဆောင်ပေးလိုက်တော့ ပိုလို့တောင် အဆင်ပြေသွားပြီ..."
" ခစ်ခစ်.... "
" ဒါဆို ငါ ရေသွားချိုးလိုက်ဦးမယ်နော်..."ကျီချင်းရန် ပါးကို ခပ်ဖွဖွ နမ်းလိုက်ပြီး " စောင့်နေ.. ဒီည အတူတူ အိပ်ကြမယ်.... "
" ကောင်းပြီလေ.... "
ကျီချင်းရန် အပေါ်ထပ်ရှိ ရေချိုးခန်းထဲသို့ ၀င်သွားခဲ့ပြီး လင်းရီကတော့ သူမ ပေးခဲ့သည့် ခါးပတ်ကို ဗလာကျင်းသည့် မျက်၀န်းတို့ဖြင့် ကြည့်နေသည်။
၀မ်ရင်းနှင့် လီချူးဟန်တို့နှစ်ယောက်လုံးကတော့ အဆင်ပြေ၏။
သူမတို့ နှစ်ယောက်လုံးက လင်းရီ ရင်ဘက်ထဲ၌ ကျီချင်းရန်၏ ဖြစ်တည်မှုကို မည်သို့မျှ စိတ်ထဲမထားချေ။
သို့သော်လည်း လျန်ရူရွှယ် ဘက်ခြမ်းကတော့ ကိုင်တွယ်ရ ခက်ခဲလောက်၏။
သူမ၏ မိသားစုက သူမကို အခြား အမျိုးသမီးတစ်ဦးနှင့် ယောက်ျားတစ်ယောက်ကို ဝေမျှခွင့် ပြုလိမ့်မည် မဟုတ်ကြောင်းကို ယနေ့ လျန်ရူရွှယ်၏ သဘောထားမှ တစ်ဆင့် ထိုးထွင်းသိမြင်နိုင်သည်။
လင်းရီ ခေါင်းကုတ်လိုက်၏။
" ငိုးမ.. ဒီဒုက္ခကလည်း မသေးပြန်ဘူးပဲ......”