အသက်လုတိုက်ပွဲ
Vol. 007 Ch. 676
ရှီစွမ်းအင်ကိုယ်တိုင်က သဘာဝ၏မျှတသော အစီအစဉ် ပါဝင်သည်။ သူတို့ကား လုံးဝ ကွဲပြားခြားနားသော အဆင့်တစ်ခုတွင် ရှိ၏။ ထို့ကြောင့် စွမ်းအားအမြင့်ဆုံး နိုဘယ်ပင်လျှင် ရှီတန်ခိုးရှင် တစ်ယောက်နှင့် ယှဉ်နိုင်စွမ်း မရှိပေ။ ပိုင်လွေလီ နိုဘယ်အဆင့်၏ အမြင့်ဆုံးတွင် ရှိနေစဉ်ကပင် သူက အဆင့်အနိမ့်ဆုံးရှီကို အနိုင်ရအောင် ကြံဆောင်နိုင်ခဲ့၏။ ထိုတိုက်ပွဲက သူ့အား တစ်ဟုန်ထိုး နာမည် ကျော်ကြားစေခဲ့သည်။ သို့သော်လည်း ယခု ရီဖူရှင်းတို့အုပ်စုက ရှီတန်ခိုးရှင် လေးယောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ရတော့မည်။ မြန်မြန်ဆန်ဆန်ပင် ရီဖူရှင်းက သူ၏လူဝံဝိညာဉ်၊ ထောင်ကျန်းခန္ဓာတို့ကို အသက်သွင်းလိုက်၏။ ဧရာမလူဝံကြီးက လေဟာနယ်ထဲ ဝင့်ကြွားစွာ ရပ်ကာ ရီဖူရှင်းက ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ဆုပ်ကိုင်သည်တွင် အားကောင်းသော ခုခံခြင်းစွမ်းအားတစ်ခု ပေါ်လာသည်။ သူတို့အုပ်စုအား အစစ်အမှန် ကြယ်စုများက ကာကွယ်ထားသလို ကြောက်မက်ဖွယ် ထောင့်ဖြတ် အလင်းတန်းများ ကျဆင်းလာသော အခါတွင်လည်း ကြယ်စင်စုများအား အက်ကွဲရာများသာ ဖြစ်ပေါ်စေခဲ့၏။ အလင်းတန်းများက ကြယ်များကို ဖျက်ဆီးနိုင်စွမ်း မရှိပေ။
ထိုအခိုက်တွင် ဗာမီလီယန်မီးငှက်က ရုတ်တရက် ဆင်းသက် လာသည်တွင် ကြယ်စုများက တစ်ဖန် ဝုန်းခနဲ ပေါက်ကွဲပျက်စီး သွားကြသည်။ သို့သော်လည်း ရီဖူရှင်းက ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို မြှောက်လိုက်သည်တွင် နှင်တံက ဧရာမအသွင် ဖြစ်သွားပြီး ကောင်းကင်ကို ဖုံးအုပ်သွား၏။ နှင်တံက ကောင်းကင်ထံသို့ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို သယ်ဆောင်ကာ ရိုက်နှက် တိုက်ခိုက်သည်။
ကျယ်လောင်စွာ မြည်ဟည်းသံနှင့်အတူ ဖျက်ဆီးအားက လေဟာနယ်ကို ခွင်းကာ ဗာမီလီယန်မီးငှက်ကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေ၏။ သို့သော်လည်း ပိုမိုပြင်းထန် အားကောင်းသော စွမ်းအားတစ်ခုက ကောင်းကင်မှ ဆင်းသက်လာကာ အရာခပ်သိမ်းကို ပျက်စီးခြင်းပုံရိပ်အဖြစ် ပြောင်းလဲစေတော့မည် ထင်ရ၏။
ယန်ကျန်းက ကောင်းကင်ထက်ကို ခုန်တက်ကာ ဟိန်းဟောက် လိုက်သည်။ ဝံပုလွေလက်သည်းကို သုံးကာ ယန်ကျန်းက ကောင်းကင်ထက်မှ ချွီလင်ထံသို့ တိုက်ရိုက် ခုန်ဝင်သွား၏။ ချွီလင်ကား ကြီးမားသော အသွင်ရှိသည်။ အလွန် စွမ်းအားဖြင့်သော ဝံပုလွေ လက်သည်းဖြင့်ပင် ယန်ကျန်းက ချွီလင်နှင့် ထိတွေ့ ရင်ဆိုင်မိသည်နှင့် အစစ်အမှန် နတ်ဘုရား သတ္တဝါဆန်း တစ်ကောင်ကို တိုက်ခိုက်ရသည်နှင့် မခြားသည့် ခံစားချက်ကို ရသည်။ သဒ္ဓိဝင် လက်နက်ဖြင့်ပင် ယန်ကျန်းကား မည်သို့မှ မတတ်နိုင်ဘဲ သွေးတစ်ပွက်အန်ကာ ရှီတန်ခိုးရှင် တစ်ယောက်၏ တိုက်ခိုက်မှုကို ပြန်လည်ခုခံရန်ပင် ရုန်းကန်ရသည်။
ပိုမိုအားကောင်းသော ဖျက်ဆီးအားတစ်ခု သူတို့ထံကို ကျဆင်းလာပြန်သည်။ အလွန်လင်းလက်သော ပုဆိန်ရှည်များ ကောင်းကင်ကင်တွင် ဖြစ်ပေါ်လာနေကာ ပုဆိန်ရှည်တစ်ခုစီက ပေတစ်ရာခန့် ရှည်လျားပေ၏။ သူတို့က ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်၍ ကောင်းကင်မှ ဆင်းသက် လာကြသည်။ ထိုအခိုက်တွင် ပုဆိန်ရှည်များ အားလုံးက ရီဖူရှင်းထံကို တစ်ကြိမ်တည်း ဆင်းသက်လာကြကာ သူ့အား လုံးဝ ဖျက်ဆီးရန် ကြိုးစားသည်။ ကြည့်ရသည်မှာ သူတို့၏အရေးအကြီးဆုံး တာဝန်က ရီဖူရှင်း ဖြစ်နေဟန်ရ၏။
တဘုန်းဘုန်း မြည်သံများနှင့်အတူ သွေးကြောမများ ပွင့်သွားကာ အလင်းတန်းများက ယူချင်း၏ ခန္ဓာကိုယ်မှ ဖြာထွက်လာကြသည်။ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာစွမ်းအားများ သူ့ထံမှ ထွက်ပေါ်လာကာ သူ့မျက်လုံးများကလည်း သွေးနီရောင်ထလာ၏။ သူကား လုံးဝ နောက်ဆုတ်ရန် စိတ်ကူးမရှိတော့ပေ။ ဤတိုက်ပွဲတွင် နောက်ဆုတ်ခြင်းက အသက်အသေခံခြင်းနှင့် အတူတူဖြစ်သည်ကို သူ နားလည်သည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အမြင့်ဆုံး အနေအထားသို့ မြှင့်တင်ထားသော ရီဖူရှင်းအတွက်လည်း အတူတူဖြစ်သည်။ ရွှေရောင်မီးတောက်များ ခန္ဓာကိုယ်တွင် ရစ်ပတ်လွှမ်းခြုံလျက် နတ်ဘုရား အလင်းတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ထိုအခိုက်တွင် ရီဖူရှင်း၏အမူအရာက အမှန်တကယ်ပင် သုန်မှုန်နေသည်။ ဤကဲ့သို့ အသက်လုတိုက်ပွဲတွင် သူ၏ လျှို့ဝှက်စွမ်းအားများကို ထိန်းထားရန် မရှိတော့ပေ။ သူ၏အသက် ဆုံးရှုံးသွားပါက စွမ်းအားများကို လျှို့ဝှက်ထားလျှင်ကော မည်သို့ အဓိပ္ပာယ် ရှိတော့မည်နည်။
“ဂျီယူ… အစ်ကို၇… အောက်ကို ဆင်းပြီး လင်းအာကို ကာကွယ်ပေး…” ရီဖူရှင်းက ပြောသည်။ ဟွာဂျီယူ၏ခန္ဓာကိုယ်မှ ရောင်စဉ်ခုနစ်သွယ် လင်းလက်နေကာ အားကောင်းသော စိတ်စွမ်းအားဖြင့် လေထဲမှ ပုဆိန်ရှည်များကို တားဆီးသည်။ ရတနာပုလဲ၏ အထောက်အပံ့ဖြင့်ပင် သူမကား ပုဆိန်ရှည်၏တိုက်ခိုက်မှုကို တားဆီးရန် မစွမ်းနိုင်ဘဲ ရှိနေသည်။
ရီဖူရှင်းနှင့် ယူချင်းတို့က လေထဲကို ပြိုင်တူ ခုန်တက်သွားကာ သူတို့ နှစ်ယောက်လုံးက ထောင်ကျန်း ခန္ဓာကိုယ်ကို အသက်သွင်းပြီး သွေးကြောမများကို ဖွင့်ကာ အကြီးမားဆုံးသော ခွန်အားများကို ထုတ်ဖော်လိုက်ကြ၏။
“သွား…” ရီဖူရှင်းက သူ၏နှင်တံကို ထုတ်လိုက်ကာ ဧကရာဇ်အသိက နှင်တံထဲကို စီးဝင်သွားပြီး လက်နက်၏ အမြင့်ဆုံးရနိုင်သော စွမ်းအားကို အသက်ဝင်စေသည်။ သူတို့အနီး ပတ်ဝန်းကျင်က အေးစက်လာနေသည်။ ရီဖူရှင်းအထက်တွင်ကား စေတီက ရွှေရောင်များ လင်းလက်ကာ တားဆီးသည်။ ပုဆိန်ရှည်က သူတို့ထံကို ဆင်းသက်လာသည့်တိုင် ခုခံမှုများကို ဖြတ်ကျော်နိုင်စွမ်း မရှိပေ။
လေထဲတွင် ရှီတန်ခိုးရှင်များက ရီဖူရှင်းနှင့် ယူချင်းတို့ သူတို့ထံကို ပျံသန်းလာသည်ကို မြင်ပြီး မျက်လုံးများက ထက်ရှသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် ရီဖူရှင်းတို့ နှစ်ယောက်ကား ဇီဝကမ္မ ပြောင်းလဲသွားဟန်ရကာ တစ်ယောက်က ဧကရာဇ်တစ်ပါးဖြစ်ပြီး တစ်ယောက်က နတ်ဆိုးတစ်ပါးဟု ထင်မှတ်ရသည်။ ထို့အပြင် သူတို့နှစ်ယောက်လုံးက သိဒ္ဓိဝင်လက်နက်များကို ပိုင်ဆိုင်ထားကြ၏။
“နန်းတော်က ထွက်လာတာနဲ့ ကျုပ်ကို သတ်ဖို့ ကြိုးစားတယ်… ခင်ဗျားတို့က အကျိုးဆက်ကို စဉ်းစားပြီးပြီလား…” ရီဖူရှင်း၏အသံက ရေခဲတမျှ အေးစက်နေသည်။
“မင်းကို နန်းတော်က ထုတ်ပယ်ပြီးပြီ… မင်းကို သတ်တော့ရော ဘာဖြစ်လဲ…” သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်သော အသံတစ်ခုကို ကြားရသည်။ လေထဲတွင် ရွှေရောင်အလင်းတန်း တစ်ခုနှင့်အတူ မရေမတွက်နိုင်သော လျှပ်စီးတန်းများ ဖြစ်ပေါ်လာသည်။
“ခင်ဗျားတို့ အခု ထွက်သွားရင် ဒီနေ့ဖြစ်ခဲ့တာတွေ ကျုပ်က လျစ်လျူရှု ထားပေးမယ်… မဟုတ်ရင် ကျုပ်သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ခင်ဗျားတို့ကလန်တွေ ကံဆိုးမိုးမှောင် ကျလိမ့်မယ်…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ ရှီတန်ခိုးရှင် လေးယောက်က မည်သည့်နေရာက လာသည်ကို သူခန့်မှန်းမိပြီး ဖြစ်သည်။ လက်ရှီ ရှီတန်ခိုးရှင် လေးယောက် အကြားထဲ တစ်ဦး၏စွမ်းရည်က သူနှင့် အနည်းငယ် ရင်းနှီးပေသည်။
“သေခါနီးလူက ဒီလောက် လေကြီးရလား…” အေးစက်သော အသံနှင့်အတူ လျှပ်စီးတန်းများက သတ်ဖြတ်ခြင်းလောက စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ခုခံတားဆီးမှုများကို ကျော်ဖြတ်ကာ ရီဖူရှင်းနှင့် ယူချင်းထံကို တိုက်ရိုက် တိုးဝင်လာသည်။
ယခု ရီဖူရှင်းကား ဧကရာဇ်အသိကို အမြင့်ဆုံး သုံးစွဲထားကာ သူတို့အနီးမှကြယ်တာရာ အရံအတားကလည်း ပိုမိုလင်းလက်နေ၏။ ရီဖူရှင်းက လူဝံကြီးဝိညာဉ်နှင့် ထောင်ကျန်းခန္ဓာတို့ ပေါင်းစပ်ခြင်းနှင့်အတူ ဧကရာဇ် အရောင်အဝါများ၊ ကြယ်တာရာ အရံအတားဖြင့် ရစ်ပတ်သည်။ ထို့နောက် နတ်ငှက် အတောင်ပံများကို ဖြန့်ကြက်ကာ လေထဲကို ပျံတက်သည်။ လျှပ်စီးတန်းများက ရီဖူရှင်းတို့ထံကို တိုးဝင်လာသည်တွင် ကြယ်တာရာ အရံအတားကို အက်ကွဲစေသည်။ လျှပ်စီးများက သူတို့၏အရံအတားများကို ထွင်းဖောက်နိုင်စွမ်း မရှိပေ။ ယူချင်းကလည်း အလားတူပင် ခုခံခြင်း သိဒ္ဓိဝင်လက်နက်ဖြင့် နတ်ဆိုးတစ်ပါးအလား လေထဲကို ခုန်တက်လာသည်။
သူတို့နှစ်ယောက်က ရှီတန်ခိုးရှင် လေးယောက်ရှိနေရာ အလွန်မြင့်မားသော ကောင်းကင်သို့အထိ ပျံသန်းလာကြသည်။ သူတို့လေးယောက်က ရီဖူရှင်းတို့ကို မြင်သည်တွင် အမူအရာများ ပြောင်းသွားကြသည်။ ရီဖူရှင်းတို့၏ ကိုယ်ရောင် ကိုယ်ဝါများက အလွန် အားကောင်းလွန်းရကား ရှီတန်ခိုးရှင်များ၏ အဆင့်ကို ရောက်လုနီးနီးဟု ထင်မှတ်ရသည်။ သူတို့၏ သိဒ္ဓိဝင်လက်နက်များဖြင့် ဆိုပါက သူတို့နှစ်ယောက်ကား ရှီတန်ခိုးရှင်များနှင့်အမှန် ရင်ဆိုင် နိုင်လောက်ပေသည်။
“နန်းတော်က ဘယ်သူ ဒါကို ကြံစည်တာလဲ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ လို့လန်ရွှီတို့က နန်းတော်တွင် ရှိရာ နန်းတော်ကသာ သူပြန်လာမည်ကို ကြိုတင်သိထားပေသည်။ ထို့ကြောင့် သူတို့အား လုပ်ကြံမည်ဆိုပါက နန်းတော်တွင်း တစ်ယောက်ကသာ ကြံစည်ခြင်း ဖြစ်ရပေမည်။
ရီဖူရှင်း ထုတ်လွှတ်သော စွမ်းရည်ကို မြင်ကြသည်တွင် သူတို့ အမှန် အံ့အားသင့်ရသည်။ သည်အကောင်ကား အမှန်ပင် ပါရမီရှင်ဖြစ်သည်။ သူ၏အလားအလာက ပိုင်လွေလီထက်ပင် မြင့်မားနိုင်၏။ သို့သော်လည်း သူတို့က ဤအဆင့်အထိ ရောက်လာပြီးဖြစ်ရာ နောက်ဆုတ်စရာ အကြောင်းမရှိတော့ပေ။
“အလင်းပြစ်ဒဏ်…” အေးစက်သော အသံနှင့်အတူ လျှပ်စီးတန်းများက လေထဲဖြစ်ပေါ်လာကာ ယူချင်းနှင့် ရီဖူရှင်းတို့ထံကို အပိုင်းပိုင်းအစစ ဖြစ်အောင် လာရောက် ပိုင်းဖြတ်ကြသည်။
“အစ်ကိုဖူရှင်း…” မြေပြင်တွင် လောင်လင်းအာ၏ အမူအရာက ပြာနှမ်းသွားသည်။ ဟွာဂျီယူနှင့် လို့လန်ရွှီတို့ကလည်း စိုးရိမ်စွာ ကြည့်နေကြသော်လည်း သူမတို့ကလည်း ဘာမှ မစွမ်းသာပေ။ ရီဖူရှင်းပင်လျှင် တစ်ဖက်လူများကို တားဆီးရန်အတွက် သူ၏ပါရမီအချို့ကို လောင်ကျွမ်းရန် လိုပေသည်။
ရီဖူရှင်းက အေးစက်စွာပင် နွယ်ပင်များဖြင့် လျှပ်စီးတန်းများကို တားဆီးသည်။ သို့သော်လည်း နွယ်ပင်များက မည်မျှ မာကျောပါစေ ထိုလျှပ်စီးများကား လောကစွမ်းအားကို အခြေခံထားသည်။
ဘန်း … ထိုအခိုက်တွင် ယူချင်းက ရှေ့ကို တက်လာသည်။ သူ၏ခန္ဓာကိုယ်အား ထောင်ကျန်းခန္ဓာကိုယ်က ရစ်ပတ်ထားကာ နတ်ဆိုးတစ်ပါးနှင့် ဆင်တူနေသည်။ လေထုက တုန်ခါသွားကာ ယူချင်းက အပေါ်ကို ဆန်တက်လာသည်။ လျှပ်စီးတန်းများကိုမူကား ယူချင်းက လုံးဝ လျစ်လျူရှုထား၏။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းကလည်း ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ဝှေ့ယမ်းလျက် လျှပ်စီးတန်းများကို ဖြတ်ကျော်လာသည်။
ထိုအခိုက်တွင် သူတို့နှစ်ယောက်ထံကို ပုဆိန်ရှည်တစ်လက်က ကြီးမားသော စွမ်းအားဖြင့် ဆင်းသက်လာသည်။ ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံကို မြှောက်လိုက်လျှင် လောကစွမ်းအားတစ်ခု လေထဲဖြစ်လာသည်။ ထိုအရာက မယုံကြည်နိုင်အောင် လေးလံကာ ကောင်းကင်တစ်ခုလုံးမှ စွမ်းအားများက နှင်တံထံ၌ စုစည်းနေဟန်ရပြီး ရှေ့ကို တိုးဝင်သွားကာ ပုဆိန်ရှည်အား ပျက်စီးစေသည်။ တစ်ဖက်တွင် ချွီလင်က ယူချင်းထံသို့ ပြေးဝင်လာသည်။ ယူချင်းကလည်း မာန်သွင်းက သူ၏ ထောင်ကျန်းခန္ဓာဖြင့် ချွီလင်၏လက်သည်းများကို ဖမ်းဆုပ်သည်။ ပိုမိုပြင်းထန်သော မာန်သွင်းသံ တစ်ချက်နှင့်အတူ ထောင်ကျန်းလက်အစုံက ပြိုကွဲပျက်စီးသွားကာ ဧရာမချွီလင်ကလည်း နှစ်ပိုင်း ဖြစ်သွားသည်။ ထိုမြင်ကွင်းကား ထိတ်လန့်ဖွယ် ကောင်းလှ၏။
သို့သော်လည်း တစ်ချိန်တည်းမှာ ဗာမီလီယန်မီးငှက်က ယူချင်း၏ နောက်ကျောထံကို တိုးဝင်လာပြီး ရိုက်နှက်ရာ ခုခံရန် အဆင်သင့် မဖြစ်သော ယူချင်းက အတော်ဝေးဝေး လွင့်စဉ်သွားပြီး သွေးအန်သည်။ သို့သော်လည်း သူ၏ဧရာမ ခန္ဓာကိုယ်က နောက်ကို လှည့်လာကာ အလွန်အမင်း အေးစက်စွာဖြင့် နတ်မီးငှက်ထံသို့ ပြေးဝင်လာ၏။ ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းအင်က သူ၏လက်တွင် လာရောက်စုစည်းကာ ရိုက်ချက်လိုက်သည်တွင် နားကွဲမတတ် ကျယ်လောင်သံနှင့်အတူ ဗာမီလီယန်မီးငှက်လည်း မီးတောက် အပိုင်းအစများ ဖြစ်သွားသည်။
ယခု တိုက်ပွဲတွင်ကား ရှီတန်ခိုးရှင် နှစ်ယောက်က ရီဖူရှင်းကို ထိန်းချုပ်ထားကာ နောက်နှစ်ယောက်က ယူချင်းကို ထိန်းချုပ် ထားကြသည်။
“မင်းတို့က နန်တော်မှာ လေ့ကျင့်ဖူးတဲ့ နန်းတော်ရဲ့ တပည့်ဟောင်းတွေပဲ…” ရီဖူရှင်းက အသက် သုံးဆယ်ဝန်းကျင်ရှိသော ရှီတန်ခိုးရှင် တစ်ယောက်ကို ကြည့်ကာ ပြောသည်။ သူ၏အသက်က ထိုမျှ ငယ်မည် မဟုတ်သော်လည်း သူ၏စွမ်းရည်များက အားကောင်းပေသည်။ သူက ရှီအဆင့်ကို တက်လှမ်းသည်မှာ အတော်ကြာပြီ ဖြစ်ရမည်။ နန်းတော်၏ စွမ်းရည်များက ပြင်ပလူများကို လက်ဆင့်ကမ်းခြင်း မပြုရပေ။ ထို့ကြောင့် တစ်ဖက်လူသုံးသော ထျန်ရှင်းနန်းဆောင် စွမ်းရည်ကြောင့် သူကား နန်းတော်၏ တပည့်ဖြစ်သည်မှအပ တခြားမရှိတော့။ တစ်ဖက်လူကား အဆင့်နိမ့်ရှီဖြစ်ရာ ရီဖူရှင်းက သူ၏ ဧကရာဇ်အသိဖြင့် သတ်ဖြတ်ရန် ယုံကြည်မှု ရှိပေသည်။
သူတို့နှစ်ယောက်လုံး၏ အမူအရာများက အေးစက်နေကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ စွမ်းရည်များက သူတို့ထင်မှတ်သည်ထက် အားကောင်းနေကြသည်။ ရှီတန်ခိုးရှင် လေးယောက်မျှဖြင့် သူတို့က သည်အုပ်စုအား အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု ထင်မှတ်ခဲ့ကြ၏။
“မင်း အခု သိသွားပြီဆိုမှတော့ မင်း အေးအေးချမ်းချမ်း သေနိုင်ပြီ…” ငယ်ရွယ်သော ရှီတန်ခိုးရှင်က အေးစက်စွာ ပြောသည်။ သူ၏အသံနှင့်အတူ လေထဲမှ လောကစွမ်းအားက ပြင်းထန်စွာ လှည့်ပတ်သည်။ ထိုအခိုက်တွင် မရေမတွက်နိုင်သော လျှပ်စီး အလင်းတန်းများက ရီဖူရှင်းထံကို တိုးဝင်လာ၏။ ရီဖူရှင်းက ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားမိသည်တွင် ဧကရာဇ်လက်ဝါးဖြင့် ခုခံသည်။ ထူးဆန်းသော ဟန်ချက်က ကောင်းကင်နှင့် လိုက်လျောညီထွေ ဖြစ်စေကာ သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းရည်များကို ပိုမိုအားကောင်းစေသည်။ တစ်ချိန်တည်းမှာပင် လူဝံကြီးက ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံကို ဝှေ့ယမ်းသည်တွင် လေထဲ၌ ကြီးမားသော စွမ်းအားတစ်ခု မွေးဖွားလာ၏။ လျှပ်စီးတန်းများက လေထုကို ထွင်းဖောက်ကာ သူတို့ထံကို တိုးဝင်လာနေသည်။ သို့သော်လည်း အလင်းတန်းများက ရီဖူရှင်း၏ အရံအတားကို ကျော်ဖြတ်နိုင်စွမ်း မရှိပေ။ ငယ်ရွယ်သော ရှီတန်ခိုးရှင် အေးတိအေးစက် အမူအရာဖြင့် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် ရွှေရောင် အလင်းတန်းများ ရီဖူရှင်း၏အပေါ် ကောင်းကင်ထက်တွင် ပေါ်လာကာ ပုဆိန်ရှည် တစ်လက်နှင့်အတူ ဖြစ်ပေါ်လာ၏။ ပုဆိန်ရှည်ကာ အားလှိုင်းများဖြင့် လှည့်ပတ်ကာ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ထုတ်လွှတ်သည်။ ထို့နောက်တွင် ပုဆိန်ရှည်၏အနီး၌ မရေမတွက်နိုင်သော ပုဆိန်ပုံရိပ်များ ဖြစ်ပေါ်လာပြီး ရီဖူရှင်းထံကို ဆင်းသက် လာကြတော့သည်။
နောက်ထပ် ရှီတန်ခိုးရှင်တစ်ပါးက ရီဖူရှင်းကို ကြည့်သည်တွင် ရီဖူရှင်း၏စိတ်ထဲ၌ မီးငှက်တစ်ကောင် ပေါ်လာပြီး သူ၏စိတ်စွမ်းအားကို ဖျက်ဆီးရန် ကြိုးစားကြသည်။ သို့သော်လည်း ဧကရာဇ်အသိ၏ အောက်တွင် သူ၏စိတ်ကား ကျောက်ဆောင် ကျောက်သားထက် ခိုင်မြဲလှသည်။ ဧရာမမီးငှက်က သူ့ထံကို ပျံသန်းလာကာ မဆုံးနိုင်သော မီးတောက်များဖြင့် ရစ်ပတ်သည်။
***