← Chapters

ရတနာသိုက် ... ။

Vol. 130 Ch. 1807

ရတနာသိုက် ... ။

Vol. 130 Ch. 1807

လင်းယွန် ပြောသော စကားကြောင့် လေဓားသခင်မှ၊ လူသတ် လိုသော ရောင်ဝါများ ဖျတ်ခနဲ တောက်ပ လာသည်။

သေခြင်း တရားနှင့် ရင်ဆိုင် နေရ သော်လည်း လင်းယွန်သည်၊ မောက်မာ ဝံ့ကြွား နေသေး၏။

လိပ်နက် ပင်လယ်ကွေ့ ဟူသည် တားမြစ်ဇုန် ဖြစ်ပြီး၊ လူများ သေဆုံး ခြင်းမှာ၊ ပုံမှန် ဖြစ်၏။

လင်းယွန်သည် တစ်ယောက်တည်း လာဝံ့သည့် သောကြောင့် ၎င်းတွင် သဘာဝ အတိုင်း ဝှက်ဖဲ ရှိပေမည်။

သို့သော် အဌမမြောက် သွေးလွှတ်ကြော နယ်ပယ် တွင်သာ ရှိနေသောကြောင့် သေခြင်းမှ လွတ်မြောက်ရန် နည်းလမ်း မရှိပေ။

“ လင်းရှောင် ... ၊ မင်းက ဉာဏ်ကောင်း တယ်၊ ငါ့မှာ ယုံကြည်မှု မရှိရင်၊ မင်း အသက်ကို ယူဖို့ စဉ်းစား ရဲမှာ မဟုတ်ဘူး၊ ဒါပေမယ့် ...

... ထက်မြက်တဲ့ သူတွေက အသေစော ပါတယ်၊ မင်းမှာ ဝှက်ဖဲတွေ ရှိလည်း၊ သေရဦး မှာပဲ။ ”

“ ဘယ်သူ သေမလဲ မသေချာ သေးပါဘူး။ ”

လင်းယွန်က နတ်ကျောက်စိမ်း ဝါးပလွေ သိမ်းလျက် ပြန်ပြော လိုက်သည်။

“ မင်းက အရမ်း မောက်မာတယ်၊ နဂါး သွေးလွှတ်ကြော အဆင့်မှာ ပထမ ရထားတယ် ဆိုပေမယ့်၊ လောက နိယာ နယ်ပယ်ကို မင်း အထင် သေးလို့ မရဘူး၊ ...

... ငါ မင်းကို ချက်ချင်း မသတ်ဘူး ... ၊ ညှဉ်းပန်း နှိပ်စက်ပြီး ... ၊ မင်းရဲ့ အရိုး တိုင်းကို ဖြည်းဖြည်းခြင်း ချိုးပစ်မယ်။ ”

“ သခင်လေး ဘာလို့ ... သူ့လို လူနဲ့ အချိန်ဖြုန်း နေရ တာလဲ၊ ငါ သူ့ကို တာဝန်ယူ လိုက်မယ်။ ”

လေဓား သခင် နောက်မှ လျူဟိုင်က လှမ်းတက် လာသည်။ ၎င်းသည် မိသားစု၏ အကြီးအကဲ တစ်ဦး ဖြစ်ပြီး၊ လေဓား သခင်မှ မျက်နှာသာ ပေးမှုကို၊ လိုချင် နေခဲ့သည်။

အသက် တစ်ရာ ကျော်ပြီ ဖြစ်ကာ၊ ကျင့်ကြံမှုသည် ဘဝ-ဒုတိယ အဆင့်တွင် ဖြစ် နေ၏။

လေဓား သခင်က လင်းယွန် ခွန်အားကို၊ စမ်းသပ် လိုသေး သဖြင့်၊ လျူဟိုင်၏ တောင်းဆို မှုအား၊ ခွင့်ပြု လိုက်သည်။

“ ဝှစ် ... ။ ”

လျူဟိုင်က ရေမျက်နှာပြင်ပေါ် ခုန်ချ လိုက်သည်နှင့်၊ မြင့်မားသော လှိုင်းလုံးကြီး တစ်ခု ပေါ်လာ၏။

သည့်နောက် မြှားတစ်စင်း ကဲ့သို့ လင်းယွန်ထံ ပျံသန်း သွားသည်။ သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ နဂါး မူလမှာ ကြောက်မက်ဖွယ် လှိုင်းထ လာစဉ်၊ လှံတစ်စင်းကို ထုတ်ယူ လိုက်၏။

အနန္တ သူတော်စင် ရူရ်များ လင်းလာပြီး လှံဖျားမှ ပြိုးပြက် တောက်ပသော ထက်ရှမှု တစ်ခု၊ ထွက်ပေါ် လာလေသည်။

ယင်းသည် လင်းယွန်အား သိုင်းခြုံလျက်၊ ကန့်သတ် တော့သည်။ ရေလှိုင်းများ ကလည်း တံတိုင်းကြီး သဖွယ်၊ အားကောင်း လာပြီး သူ့အား ချေမွှရန် ကြိုးစား လေသည်။

“ ဟား ဟား ဟား ... ။ ”

လျူဟိုင်က ရေလှိုင်း နှင့်အတူ ရယ်မောလျက် ဝင်ရောက် လာသည်။

“ လောက နိယာမ နယ်ပယ် ... ၊ ကျွမ်းကျင်သူရဲ့ စွမ်းအားကို မင်း မြင်ပြီလား။ ”

သို့သော် လင်းယွန်က ပြန်မဖြေဘဲ၊ တိုက်ခိုက်မှု များကို၊ ဂရု တစိုက် ရှောင်တိမ်း နေခဲ့ လေသည်။

“ ထန် ... ထန် ... ။ ”

လှုပ်ရှားမှု ဆယ်ကြိမ် အပြီးတွင်၊ လှံနှင့် ဓားရိုက်မိကာ၊ စွမ်းအင်များ ပေါက်ကွဲ ကုန် တော့သည်။

“ ရွှပ် ... ။ ”

လင်းယွန်က နောက်တစ်လှမ်း ဆုတ်လျက်၊ ဓားကို လွှဲလိုက်၏။ သူ ထုတ်လွှတ် လိုက်သော ဓား ရောင်ခြည်သည်၊ လျူဟိုင် ဆီသို့ နဂါး ခြေသည်း အလား၊ ဦးတည် သွားသည်။

လျူဟိုင် နောက်၌ အားကောင်းသော လှိုင်းလုံးကြီး တစ်လုံး၊ ရုန်းထ လာ၊

“ ကောင်းကင်ဘုံ ကိုးပါးက မုန်တိုင်း။ ”

-ဟု အော်ဟစ်လျက်၊ လှံရိပ်ကို မုန်တိုင်း တစ်စင်း ကဲ့သို့၊ အထပ်ထပ် ဖြစ်ပေါ် လာစေရန်၊ လွှဲယမ်း လိုက်သည်။

“ ခရစ် ... ။ ”

နောက်ဆက်တွဲ အဖြစ် အပျက်များ ရောထွေး သွားသော အခါ၊ လှံ ဖျားက ထိုးထွက် လာ၏။ နဂါး လက်သည်းမှာ၊ အလွယ် တကူ ကွဲကြေသွား တော့သည်။

လျူဟိုင်၏ ထက်ရှသော လှံရိပ်က၊ ခမ်းနားသော အရိပ်အယောင်ကို ထုတ်လွှတ်ပြီး၊ ဆက်ဝင် လာ သဖြင့်၊ လင်းယွန်မှာ သုံးပေခန့် နောက်ဆုတ် ပေး လိုက်ရသည်။

“ ရွှပ် ... ။ ”

ဆုတ်ခွာ နေစဉ်၊ ပန်းသင်္ချိုင်း ဓားအား လွှဲယမ်း လိုက်သည်။ ဓားသွား ရာလမ်း အတိုင်း မိုးပြာ နဂါးကြီးက၊ သူ့ခန္ဓာ ကိုယ်အား ရစ်ပတ် လာ၏။

သို့တိုင် လှံဖျားက နဂါး မူလကို ခွဲပြီး၊ သူ့အား အဝေးသို့ တွန်းထုတ် လိုက်သေးသည်။ မြေပြင်ပေါ် ပြန်လည် ဆင်းသက် လိုက်သော အခါတွင်၊ နှလုံးသား နေရာ၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် နေခဲ့၏။

ကံကောင်း ထောက်မစွာ၊ နှလုံးကို မထိ ခဲ့ချေ။ နဂါးပြာ အရိုးက အပြာနုရောင် စွမ်းအင် များ ထုတ်လွှတ်ပြီး၊ အက်ကွဲကြောင်း များကို ပြုပြင် ပေးလာသည်။

“ အခု ကွာခြား ချက်ကို သိပြီလား ... ၊ မင်းမှာ ပေတစ်သောင်း သွေးလွှတ်ကြောတွေ ရှိနေ ရင်တောင်၊ လောက နိယာမ ကျွမ်းကျင် သူရဲ့ ရေှ့မှာ၊ ပုရွက်ဆိတ် တစ်ကောင်နဲ့ မခြား ပါဘူး။ ”

လေဓား သခင်က ပြုံးပြီး လှမ်းအော်၏။ လျူဟိုင်က လှံကို ကိုင်လျက် ဂုဏ်ယူစွာ ရပ်နေ လေသည်။

တစ်ဖက် လူတွင် ထက်ရှသော ဓား ရည်ရွယ်ချက် ရှိသော်လည်း၊ နယ်ပယ် တစ်ခု ခြားနား ခြင်းကြောင့်၊ အသုံး မဝင်ချေ။

“ ဘဝ-ဒုတိယ အဆင့် ကျွမ်းကျင် သူက ... ၊ ငါထင်ထား တာထက် ... ပို အားကောင်း တာပဲ။ ”

လင်းယွန်မှ ညည်းတွား လိုက်သည်။

“ မင်း ... သိတာ အရမ်း နောက်ကျ သွားပြီ။ ”

လျူဟိုင်မှ တုန်ပြန် ပြုံး၏။

“ ဒါပေမယ့် သေချာပေါက် သန်မာ နေတာတော့ မဟုတ် သေးပါဘူး။ ”

လင်းယွန်က ဆိုပြီး၊ အကြည့်များ စူးရှ လာကာ၊ ဓား နှလုံးသားကို အသက်သွင်း လိုက် လေသည်။

ဓားရည်ရွယ်ချက် လျင်မြန်စွာ မြင့်တက် လျက်၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင် များကို စုပ်ယူ တော့သည်။

စူးရှသော ငွေရောင် အလင်းများ သူ့ရင်ဘတ်၌ လင်းလက် လာပြီး၊ ရောင်ဝါမှာ နယ်ပယ် တစ်ခုလုံးကို ကျော်ဖြတ်လျက်၊ လောက နိယာမ နယ်ပယ်သို့ ရောက်ရှိ သွားခဲ့သည်။

ဓား နှလုံးသားကို ဆုပ်ကိုင် နိုင်သည့် အချိန် မှစကာ၊ ဤသို့ လူသိအောင် တစ်ကြိမ်မျှ ထုတ် မပြ ဖူးချေ။

ဓား နှလုံးသားသည်၊ ဓား ရည်ရွယ်ချက်ကို အားကောင်း စေသည် သာမက၊ အာရုံခံ ဧရိယာ ကိုလည်း တိုးပွား စေသည်။

“ ဓား နှလုံးသား ... ။ ”

လျူဟိုင် ခမျာ ထိတ်လန့် သွား၏။ လေဓားသခင်နှင့် ကျန်သူ များပင်၊ တုန်လှုပ် သွား လေသည်။

ကျိလင်ဖုန်း၊ ရှယွမ်ကွီနှင့် ဆောင်ဦး တောင်တန်း သခင်တို့ သုံးဦးမှာ၊ လင်းယွန်အား အဘယ်ကြောင့် အနိုင် မယူနိုင် သည်ကို ယခု နားလည် လိုက်ပြီ ဖြစ်၏။

နှလုံးသား ရှိခြင်းသည် အနာဂတ်ကို မြင်နိုင်ခြင်းဟု ဆိုနိုင်သည်။ ထိုကြောင့် သတ်ရန် ဆန္ဒမှာ တိုး၍ များပြား လာသည်။

ဓား နှလုံးသားသည် ကောင်းကင် အမိုးဓားထက်၊ ပို၍ ကြောက်စရာ ကောင်း၏။ သူတော်စင် တစ်ပါး ဖြစ်လာ ပါက၊ ဓားဘွဲ့ကို ချက်ချင်း ရရှိ နိုင်သည်။

ယင်းသည် သူတော်စင် နယ်ပယ် ရောက်မှသာ ဆုပ်ကိုင် နိုင်သော အရာ ပေပင်။ ထို့ကြောင့် လင်းရှောင်၏ ဓားတာအိုမှာ ကောင်းကင်ကို အံတု နေပြီ ဖြစ်၏။

“ ဓားနှလုံးသား ရှိလည်း ... ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်က ပိုးမွှားလေး တစ်ကောင်ပါ ။ ”

လျူဟိုင်၌ သတ်ဖြတ် လိုသော ဆန္ဒများ တိုးလာသည်။ အသိစိတ် ဝင်လာပြီး၊ နက္ခတ်ကို ဆင့်ခေါ် လိုက်၏။

လှံ ရည်ရွယ်ချက်မှာ ပိုမို ပျင်းပြ လာပြီး ဆယ်မိုင် အတွင်း၊ ရေမျက်နှာပြင်ကို လှိုင်းထ သွား စေသည်။

သို့သော် ဓားနှလုံး သားကြောင့်၊ ၎င်း၏ လှံရေးတွင် အားနည်းချက် များဖြင့် ပြည့်နှက် နေချေပြီ။

ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင် များကို စုပ်ယူလျက်၊ လင်းယွန်၏ ဓားရောင်ဝါမှာ၊ ပို၍ သိပ်သည်း လာပြီး၊ လျူဟိုင်၏ ရောင်ဝါအား၊ အလွယ် တကူ ပိတ်ဆို့ နိုင်လိုက်သည်။

“ ဟိတ် ... ။ ”

လှုပ်ရှားမှု ဆယ်ကြိမ် ပြည့် ပြီးနောက်၊ လင်းယွန်၏ မျက်ဝန်း များ၌ အေးစက်သော အလင်းတန်း တစ်ခု လင်းလက် သွား၏။

နေ နတ်ဘုရားအား ဖမ်းဆီးခြင်း ပညာရပ်အား ထုတ်ဖော်ကာ၊ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။

“ ဝှစ် ... ။ ”

နဂါး ရူရ် တစ်သိန်းက၊ မိုးပြာ နဂါး အဖြစ် ဖွဲ့တည်လာ သဖြင့်၊ လင်းယွန်မှ နဂါး ခေါင်းပေါ် ဆင်းသက် မိသည်။

ဤအခိုက်တွင် ဓား ရည်ရွယ်ချက်မှာ၊ ထိုနဂါးနှင့် လုံး၀ ပေါင်းစပ်ပြီး၊ အလင်း ရောင် နှစ်ချက် လက်သွား တော့၏။

မိုးပြာ နဂါး ဓား၏ စကြာဝဠာ-မုန်တိုင်း ဖြစ်သည်။ ဓားရောင်ခြည် နှစ်စင်းက အပေါင်း လက္ခဏာ အသွင်၊ လေဟာနယ်ကို လေးပိုင်း ခွဲပစ် လိုက်သည်။

ပြတ်တောက် သွားသော လေဟာနယ် (၄)ပိုင်းသည် လျူဟိုင်ထံ ဆက်လျက် ရွေ့လျား သွား သောကြောင့်၊ ဘဝ-ဒုတိယ အဆင့် ရောင်ဝါမှာ ပြိုကျ ကုန်သည်။

“ စွပ် ... ။ ”

ထိုအချိန်တွင် ပန်းသင်္ချိုင်း ဓားရှိ၊ ဘုန်း ဝိညာဉ်တော် အသက်ဝင် လာပြီး၊ အလင်းတန်း အသွင် ပြောင်းလဲကာ၊ လျူဟိုင် ရင်ဘတ်အား ထိုးဖောက် သွားလေသည်။

လျူဟိုင် ခမျာ တစ်ချက် တည်းဖြင့်၊ ပင်လယ်ထဲ ပြုတ်ကျ သွားပြီး၊ ပြန်ထ မလာနိုင် တော့ချေ။ နှလုံးကွဲ ကြေသွားပြီ ဖြစ်သည်။

“ ပြန် လာ ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ပြန်သည်။ ဤသို့ဖြင့် လျူ မိသားစု၏ ဘဝ-ဒုတိယ အဆင့် အကြီးအကဲ တစ်ဦးမှာ သေဆုံး သွားခဲ့သည်။

လေဓား သခင်မှ ထိုမြင်ကွင်းကို ကြည့်ပြီး၊ မှင်တတ် နေ၏။ စိတ်နှင့် ခန္ဓာ ပြန် မကပ်နိုင် သေးချေ။

“ ဝှစ် ... ။ ”

ထို့စဉ် လင်းယွန်က ကောင်းကင်မှ ဆင်း လာသည်။ မိုးပြာ နဂါးမှာ ရူရ်များ အဖြစ် ပြိုကွဲ လျက်၊ သူ့ခန္ဓာ ကိုယ်ထဲ ဝင်ရောက် ကုန်၏။

ပန်းသင်္ချိုင်း ဓားမှ သွေးစက်များ တပေါက်ပေါက် ကျနေ သံသာလျှင် ကြားနေ ရသည်။ ဤသည်မှာ ဓား၏ တန်ခိုး ဖြစ်၏။

ပန်းသင်္ချိုင်း ထံမှ၊ ကြောက်မက်ဖွယ် စွမ်းအား တစ်ခု ထွက်ပေါ်လာ သည်ကို၊ မည်သူ မဆို ခံစား နိုင်သည်။

၎င်းသည် ငရဲ လမင်း သူတော်စင် ချပ်ဝတ်ထက်၊ အဆပေါင်း များစွာ တန်ခိုးကြီး ချေ၏။

ထို့ကြောင့် အကြီးအကဲ လျူဟိုင်ကို တစ်ချက် တည်းဖြင့်၊ သတ်ပစ် နိုင်ခြင်း ဖြစ် လေသည်။

“ ဘုန်း သူတော်စင် လက်ရာ ... ၊ ဒါ ... ဘုန်းသူတော်စင် လက်ရာပဲ၊ ဟား ဟား ဟား ... လင်းရှောင် ... မင်းမှာ ရတနာတွေ ချည်ပဲ။ ”

လေဓား သခင်က ကြောက်စိတ်များ ပျောက်ကွယ် သွားပြီး၊ ပန်းသင်္ချိုင်း ဓားကို လောဘ စိတ်ဖြင့်၊ ကြည့်မိ၏။

ဘုန်း သူတော်စင် လက်ရာ ဟူသည် သူတော်စင်များ ကိုပင် စေခိုင်း နိုင်သော ရှားပါး ရတနာ ဖြစ်သည်။

သူနောက်တွင် ရပ်နေသော အကြီးအကဲ သုံးယောက် သည်ပင်၊ လင်းယွန် ဓားမှ အကြည့် မလွှဲနိုင် တော့ချေ။

“ မင်း လိုချင် လို့လား ... ၊ တောင်းပန် ပါတယ်၊ ဒီဓားက မင်းလို ... ခွေး တစ်ကောင်နဲ့ မထိုက် တန်ဘူး။ ”

လင်းယွန်မှ ပြန်ပြော လိုက်သည်။

“ ဟား ဟား ဟား ... ၊ လူ သေ တစ်ယောက်က ... ၊ ငါနဲ့ ထိုက်တန် သလား မထိုက်တန် ဖူးလား ဆိုတာ၊ ဘယ်လို လုပ် ဆုံးဖြတ် နိုင်မှာလဲ၊ မင်းမှာ ...

... နောက်ထပ် ရတနာတွေ ရှိသေးတယ် ဆိုတာ ငါ သိတယ်၊ မင်းက တကယ့်ကို ဆူဖြိုး တဲ့ ... သိုး တစ်ကောင်ပဲ ... ။ ”

လေဓား သခင်က ရယ်မောလျက် လင်းယွန်အား အာရုံစိုက် လိုက် တော့သည်။ မထင် မှတ်ဘဲ၊ ရတနာပုံ စိုက်ချေပြီ။

***

All Chapters