← Chapters

ဓား တစ်ချက် ... ။

Vol. 130 Ch. 1808

ဓား တစ်ချက် ... ။

Vol. 130 Ch. 1808

ဘုန်း သူတော်စင် လက်ရာကြောင့်၊ လေဓားသခင် နောက်၌ ရပ်နေသော၊ လျူဖန်း၊ လျူယွင်ဖေးနှင့် လျူချောင် တို့မှာ လောဘများ တောက်လောင် လာသည်။

သူတို့ သုံးဦးသည် လျူ မိသားစု၌ မြင့်မားသော ရာထူး ရှိသော်လည်း၊ လက်နက် များမှာ၊ ရူရ် (၁) သိန်းပင် မပြည့်ချေ။

အနန္တ သူတော်စင် လက်ရာ များသည် အလွန် ရှားပါးပြီး၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးသာ ပိုင်ဆိုင်ခွင့် ရက၊ ကောင်းမွန် ချေ၏။

သို့သော် ၎င်းထက် ဘုန်း သူတော်စင် လက်ရာ များက ပို၍ ကောင်းမွန်သည်။ အကယ် ၍သာ သူတို့တွင် ရှိက၊ မရဏအဆင့် ကျွမ်းကျင် သူများ နှင့်ပင်၊ ယှဉ်ပြိုင် နိုင်ပေမည်။

လေဓား သခင်မှာ လောဘဇောဖြင့် လင်းယွန်အား သတ်ရန် အလျင် လိုလာ၏။

“ သွား ... သူ့ကို သတ်လာခဲ့ ... ၊ မင်းတို့ တစ်ယောက် စီကို သူတော်စင် ရူရ် တစ်သိန်း လက်နက်နဲ့ ဆုချမယ်။ ”

အမိန့် ရသည်နှင့်၊ လျူ အကြီးအကဲ သုံးဦးမှာ၊ လိပ်နက် သင်္ဘော ပေါ်မှ ခုန်ဆင်းပြီး၊ အရပ် မျက်နှာ အသီးသီးမှ နေ၍၊ လင်းယွန်ထံ ဦးတည် လိုက်ကြသည်။

ဘုန်း သူတော်စင် လက်ရာ ပိုင်ဆိုင်ထား သော်မှ၊ လင်းယွန်သည် အဌမ သွေးလွှတ်ကြော ၌သာ ရှိသေးသည်။

လျူဟိုင်မှာ ပေါ့ဆခြင်း ကြောင့်သာ အသက်ပေး လိုက်ရခြင်း ဖြစ်၏။ ထို့ကြောင့် သုံးဦးသာ မကြောက်ဘဲ၊ သတ်ရန် ရည်ရွယ် ချက်အား ထုတ်ပြ လိုက်ကြသည်။

သူတို့ သုံးယောက်၏ ကျင့်ကြံမှုမှာ၊ ဘဝ- တတိယ အဆင့်တွင် ရှိနေကြပြီး၊ လျူဟိုင်ထက် ပို သန်မာ၏။

ဒုတိယ အဆင့်နှင့် တတိယ အဆင့်ကြား ကွာဟချက်သည် စိတ်ကူး မယဉ် နိုင်လောက် အောင်၊ ခြားနား လေသည်။

သူတို့ ထဲမှ မည်သူ မဆို လျူဟိုင်ကို ဆယ်ကြိမ် အတွင်း အလွယ်တကူ အနိုင်ယူ နိုင်သည်။

အသန်မာ ဆုံးမှာ လျူချောင် ဖြစ်ပြီး၊ အထွတ် အထိပ် ဘဝ-တတိယ အဆင့် ဖြစ်၏။ စတုတ္ထ အဆင့်နှင့် ခြေလှမ်း တစ်ဝက် မျှသာ ဝေးတော့သည်။

“ ဟိတ် ... ။ ”

လျူဖန်းနှင့် လျူယွင်ဖေး တို့က မျက်နှာချင်းဆိုင် အရပ်မှ ညှပ်ပြီး ဝင်တိုက် လေသည်။

ဓားနှလုံးသားကို အနှောင့်အယှက် ပေးရန် ရည်ရွယ်၏။ သို့မှသာ လျူချောင် အတွက်၊ ပို၍ လွယ်ကူမည် ဖြစ်သည်။

ထိပ်တိုက် ရင်ဆိုင်မှု အတွင်း လင်းယွန်၏ ဓားရောင်ဝါမှာ ဆိုးရွားသော အနေ အထားသို့ ကျရောက် သွား၏။ ထို့ကြောင့် ချက်ချင်း ဆုတ်ခွာ မိသည်။

မျက်နှာချင်း ဆိုင်မှ အဓိက ဦးတည် လာသော လျူချောင်တွင် အနန္တ သူတော်စင် လက်ရာ၊ အနက်ရောင် ဓားတစ်လက် ရှိ၏။

အရိယာ ကောင်းကင် ဓားမော့ ကိုသာ၊ ဆုပ်ကိုင်ထား သော်လည်း၊ ဓားမော့ရေး များမှာ ထူးထူး ခြားခြား ဖြစ်သည်။

သူ့ ထံမှ ပေါ့ပေါ့ တန်တန် ဓားမော့ တစ်ချက်သည် ကောင်းကင်နှင့် မြေကြီးကို ပြိုကွဲ သွားစေ နိုင်၏။

“ ဟိတ် ... ။ ”

ဤအခြေ အနေ အောက်တွင် လျူချောင်မှ ပြုံးပြီး၊ ဓားကိုးချက် ထုတ်ဖော် ခဲ့သည်။ ယင်းက အဆင့်မြင့် တစ္ဆေ ဝိညာဉ် ဓားရေး တစ်ရပ် ပေပင်။

ဓားချက် တစ်ချက်စီ တိုင်းက၊ မီတာ ထောင်ဂဏန်းကျော် ကျယ်ပြောသော အက်ကွဲ ကြောင်းကြီး ဖြစ်လာ စေသည်။

“ ဝုန်း ... ။ ”

ဓား ရောင်ခြည် ကိုးစင်း ရောယှက် လာချိန်၌၊ ရေ မျက်နှာပြင် အပိုင်းပိုင်း ပြတ် တောက်ကာ၊ လှိုင်းထန် လာတော့ သည်။

တစ်ဖက်တွင် လျူယွင်ဖေးနှင့် လျူဖန်းက ဘေးဘယ်ညာမှ ပိတ်ဆို့ လာသည်။ သူတို့သည် လင်းယွန် အနား မကပ်ဘဲ၊ အဝေးမှ တိုက်ခိုက်မှု များကို၊ ပေးလွှတ် ခဲ့ခြင်း ဖြစ်၏။

“ ရွှပ် ... ။ ”

ထို့ကြောင့် လျူချောင် ဓားမှာ လင်းယွန်၏ မျက်နှာ အနားမှ ဖြတ်သန်း သွား၏။ ဓားသည် လျင်မြန်ပြီး သူ့အသက်ကို ယူရန် ရည်ရွယ် လေသည်။

ခန္ဓာကိုယ် ယိမ်းနွဲ့လျက်၊ ခက်ခက် ရှောင်တိမ်းကာ၊ ခြေကုပ် ယူနိုင်ရန် ဆယ်မီတာ အကွာသို့၊ ဆုတ်ခွာ မိသည်။

သို့တိုင် လက်ဖဝါး နှစ်ဖက်က၊ လိုက်ပါ လာ၏။ လျူယွင်ဖေးနှင့် လျူဖန်း၏ အဝေးမှ နေ၍၊ လက်ဖဝါး ရိုက်ချက်များ ပေးပို့ လာခြင်း ဖြစ်သည်။

ဤသည်မှာ အဆင့်မြင့် တစ္ဆေ ဝိဉာဉ် ပညာရပ် ဖြစ်၏။ တစ်ယောက်က နဖူးကို ဦးတည်ကာ၊ ကျန် တစ်ယောက်သည် ကျောပြင်ထံ ရည်ရွယ်၏။

လက်ဖဝါး နှစ်ဖက်သည် အားကောင်းပြီး နဂါး ဟောက်သံ များနှင့် အတူ လေဟာနယ်ကို၊ တုန်ခါ သွားစေ၏။

လမ်းကြောင်းမှာ ရှုပ်ထွေး သဖြင့်၊ လင်းယွန်မှ ဓား နှလုံးသားကို အသက်သွင်း လိုက် ရသည်။

ဓား နှလုံးသားသည် အစွမ်းထက် သော်လည်း၊ ၎င်းတို့၏ အာရုံ ပျက်ပြား စေသော တိုက်ခိုက်မှု များကြောင့်၊ ဖိနှိမ် ထားသည့် နဂါး တစ်ကောင် ကဲ့သို့၊ ရုန်းကြွ လာသည်။

ဤနှစ်ယောက်အား အရင် ဖြုတ်ချရန် နည်းလမ်း ရှာရ ပေမည်။

“ ကောင်လေး ... ၊ ငါ့ဆီက ဓားတစ်ချက်ကို ယူ ... ။ ”

သူ အဖြေရှာ နေစဉ်၊ လျူချောင်က အနားရောက် လာပြီး၊ ဓားမော့ဖြင့် ခုတ်ပိုင်း တော့ သည်။

“ ထန် ... ထန် ... ။ ”

ထို့ကြောင့် လှည့်ပြီး သူ့ဓားနှင့် ပြန်ထိုး လိုက်၏။ ဓားချက်မှာ မြန်သဖြင့်၊ လျူချောင်က လွှဲနေသော ဓားကို ရုတ်ကာ၊ ပြန်၍ ကာကွယ် သွားသည်။

“ ဒါ ... ဓား နှလုံးသားရဲ့ စွမ်းအားလား။ ”

လိပ်နက် သင်္ဘောငယ် ပေါ်မှ ရပ်ကြည့် နေသော လေဓား သခင်က အကြောင်း အရာကို မြင်သည်။

အကယ် ၍သာ သူ့တွင် ဓားနှလုံးသား ရှိသော်၊ လောက နိယာမ နယ်ပယ်၌ ပြိုင်ဘက် ကင်းပေမည်။ လင်းရှောင်တွင် ရှိခြင်းသည် ဖြုန်းတီး ခြင်းသာ ဖြစ်၏။

“ ဟိတ် ... ။ ”

ဓားမော့ ရောင်ခြည်ကို ဖြိုခွင်းပြီး၊ ဓားရောင်ခြည်ဖြင့် ကာလျက်၊ လင်းယွန်မှ ခုန်ထွက် သွားသည်။

ရွေ့လျားမှု နည်းစနစ်ကို ကန့်သတ်ချက် အထိ တွန်းပို့ကာ၊ ရွှေရောင် အလင်း အသွင် ပြောင်းလဲ သွားသည်။

“ ဟား ဟား ဟား ... ၊ မင်း ... ပြေးလို့ လွတ်မယ် ထင်လား။ ”

သူ့လက်မှ ရုန်းကန်၊ ထွက်ပြေး သွားသော လင်းယွန်နောက် ပြေးလိုက် လျက်မှ၊ လျူခေျာင် က ရယ်သည်။

လျူဖန်းနှင့် လျူယွင်ဖေးက အကြည့်ချင်း ဖလှယ်လျက်၊ ပြေးလမ်းကို ဟန့်တားရန် ရှေ့သို့ ပျံသန်း လာ၏။

ပြေးလျက်မှ လျူဖန်းတို့၏ တိုက်ခိုက် မှုများကို ဖြေရှင်းပြီး၊ အရှိန်အား ထပ်၍ မြင့်တင် လိုက်သည်။

သို့တိုင် လျူခေျာင်က လိုက်လာဆဲ ဖြစ်၏။ ထို့ကြောင့် မိုင်ထောင်ပေါင်း များစွာ ရောက်ချိန် ၌၊ ရပ်စောင့် နေလိုက်သည်။

လျူခေျာင်မှ ပြုံးပြီး၊

“ မပြေးတော့ ဖူးလား ... ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူနဲ့ ... ၊ ယှဉ်ပြေး ရအောင် ... မင်းက တကယ့် အရူးပဲ။ ”

-ဟု ဆိုလိုက် တော့သည်။

လင်းယွန်က အဝေးတွင် ပြတ်ကျန် ခဲ့သော လေဓားသခင်တို့ သုံးဦးထံ တစ်ချက် ကြည့်ကာ၊

“ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ... ငါက ပြေးနေ တယ်လို့ မင်းကို ဘယ်သူ ပြောလဲ။ ”

-ဟု ပြန်မေး လိုက်၏။

လျူခေျာင်က ထပ်မပြော တော့ဘဲ လှောင်ပြုံးဖြင့် လှမ်းတက် လာစဉ်၊ လင်းယွန်က ကြာပန်း ကိုးပွင့် ပန်းချီကားအား ထုတ်ယူ လိုက်သည်။

ရုတ်တရက် ရွှေရောင် အဆင်းများ ဖြာထွက်လာသော လင်းယွန်ကို ကြည့်ကာ၊

“ နောက်ဆုံးတော့ မင်းရဲ့ နက္ခတ်ကို ခေါ်တော့ မယ်ပေါ့။ ”

-ဟု ဆိုကာ ရယ်မော တော့၏။

“ ဖျပ် ဖျပ် ... ။ ”

သို့သော် နက္ခတ် မဟုတ်ဘဲ၊ စာလိပ် တစ်ချပ်ပွင့်လာပြီး၊ အလွန် အန္တရာယ် များသော အရိပ်အယောင် ကို ခံစား လိုက်ရ သဖြင့်၊ ချက်ချင်း နောက်ဆုတ် သွားမိသည်။

ထိုအချိန်တွင် လင်းယွန်က စာလိပ်ကို ကောင်းကင်ပေါ် ပစ်တင်လျက်၊ ကြာပန်း (၉) ပွင့် တံဆိပ်အား၊ ထုတ်ဖော် တော့၏။

နဖူး၌ ချွေးများ သီးလာပြီး၊ နတ်ဘုရား ရူရ်ပွင့် လာကာ၊ မီတာ တစ်ထောင် အကွာထိ၊ ဆုတ်ခွာ သွားခဲ့သော လျူချောင်ကို ချက်ချင်း စုပ်ယူ ပစ်လေသည်။

“ ဟူး ... ။ ”

လင်းယွန်မှ လေပူများ မှုတ်ထုတ်ကာ၊ ပန်းချီကားအား ပြန်သိမ်း လိုက်သည်။

“ ဒီနေရာက ဘာလဲ ... လင်းရှောင် လူယုတ်မာ ... ငါ့ကို လွှတ်စမ်း ။ ”

ကြာပန်း ကိုးပွင့် ပန်းချီကား အတွင်းရှိ လျူခေျာင်မှာ၊ ရေကန် ဘေးတွင် ယောင်ချာချာ နှင့် ရပ်လျက်၊ ထိတ်လန့် သွားပြီး၊ လေထုကို အချက်ပေါင်း များစွာ ခုတ်ပိုင်း တော့သည်။

ပန်းချီကား တစ်ချပ်လုံး တုန်ခါလျက်၊ လွတ်မြောက်လု နီးနီး ဖြစ်လာသည်။ ကြာပန်း ကိုးပွင့် ပန်းချီ ကားကို၊ သူ့ ခွန်အားဖြင့်၊ လုံးလုံး လျားလျား ဆုပ်ကိုင် နိုင်ခြင်း မရှိ သေးကြောင်း နားလည် လိုက်သည်။

သို့တိုင် လျူချောင်အား ပိတ်လှောင်ရန် လုံလောက် နေသေး၏။

“ ဒါက ရတနာ နယ်မြေပဲ ... ၊ မင်းရဲ့ အချိန်တွေကို ပျော်ရွှင်စွာ ဖြတ်သန်း နိုင်ပါ လိမ့်မယ်။ ”

လင်းယွန် အသံက လျူခေျာင် နားတွင် ပဲ့တင်ထပ် သွားတော့သည်။ ကြာပန်း ကိုးပွင့် နယ်မြေသည် အမှန်ပင် ရတနာ နယ်မြေ ဖြစ်၏။

သို့သော် နဂါးပြာ အရိုး ရှိရန် လိုသည်။ ထိုအချိန်တွင် လျူဖန်းနှင့် လျူယွင်ဖေး ရောက် ရှိ လာသည်။

“ လျူချောင် ... ဘယ်မှာလဲ။ ”

“ ကောင်လေး ... လျူချောင်ရော။ ”

နှစ်ယောက်သား ပတ်ဝန်းကျင်အား နားမလည်နိုင်စွာ လှည့်ပတ် ကြည့်သည်။ လုံးဝ ရောက်မလာ သကဲ့သို့၊ လျူချောင်၏ အငွေ့ အသက် မျှပင် မရချေ။

လင်းယွန်မှ ရွှေရောင် အလင်းများ ဖြာထွက် လာပြီး၊ လျူချောင် ပျောက်ကွယ် သွား သည်ကို အဝေးမှ ဖျတ်ခနဲ မြင်လိုက် ရသည်။

“ စိတ် မပူနဲ့ ... ၊ မင်းတို့ မှာလည်း သူ့နောက်လိုက် သွားဖို့ ... ၊ အခွင့် အရေး ရှိပါ သေးတယ်။ ”

“ မင်း ... သေချင် နေတာပဲ။ ”

လျူဖန်းက နဂါး လက်သည်းအား ထုတ်ဖော်ကာ၊ လင်းယွန်ကို ကုပ်ဆွဲ ပစ်လိုက် သည်။

ယင်းကြောင့် ပင်လယ် ရေမျက်နှာ ပြင်၌ လှိုင်းတံ ပိုးများ တက်လာပြီး၊ ပေါက်ကွဲ မှုများ ဖြစ်ပွား လာတော့၏။

“ ဓား ... ။ ”

ပန်းသင်္ချိုင်း ဓားက ဓားအိမ် ထဲမှ ပျံထွက် လာကာ၊ လျူဖန်း၏ လက်သည်းကို ခုတ်ပိုင်းချ လိုက်သည်။

လျူဖန်း ခမျာ မျက်နှာ ပြောင်းလဲလျက် အမြန် ရှောင်တိမ်း လိုက်ရ၏။ ထို့ကြောင့် နဂါး လက်သည်းမှာ လွှဲချော်ပြီး၊ ရေပြင်ပေါ် ပြုတ်ကျ သွားလေသည်၊။

“ ဝုန်း ... ။ ”

“ ဝှစ် ... ။ ”

ရေမျက် နှာပြင်မှာ၊ ၎င်း အရှိန်ကြောင့် ပေါက်ကွဲ နေစဉ်၊ ကျော်လွန် သွားသော ဓားက ချက်ချင်း ပြန်လှည့် လာသည်။

ထို့အချိန်တွင် လင်းယွန် တစ်ယောက် ပျောက်ကွယ် သွားပြီး၊ ဓားကိုင်လျက် ပြန်ပေါ် လာခဲ့၏။

“ လျူဖန်း သတိ ထား ... ။ ”

လျူယွင်ဖေးက အော်ဟစ်လျက်၊ ကောင်းကင်ပေါ် ခုန်တက်ကာ၊ လက်ဖဝါး များဖြင့်၊ ချက်ချင်း ရိုက်ချ လိုက်သည်။

“ ဝှစ် ... ။ ”

ရာနှင့် ချီသော လက်ဖဝါး ရိပ်များ၊ ပြိုကျလာပြီး၊ လင်းယွန်ကို ကန့်သတ် ပစ်တော့ ၏။ အခွင့် အရေး ရသည်နှင့်၊ လျူဖန်းမှ ချက်ချင်း နောက်ဆုတ် လိုက်သည်။

နောက်ဆုတ် လျက်မှ၊ ကွဲအက် သွားသော လင်းယွန်၏ ပုံရိပ်မှာ၊ သွေးများ ထွက်လာခြင်း မရှိ သည်ကို၊ မြင်လိုက် ရ၏။

“ ဒါ ... ပုံရိပ် ယောင်ပဲ ... ။ ”

ထိန်လန့် သွားကာ၊ လှည့်ကြည့် လိုက် မိသည်။ သူ ထင်ထားသည့် အတိုင်း လင်းယွန်မှ ဓားကိုင်လျက်၊ လျူယွင်ဖေး နောက်၌၊ ရပ်နေ ခဲ့လေသည်။

“ မလုပ်နဲ့ ... ။ ”

သို့သော် နောက်ကျ သွား၏။ အော်သံ ထွက်လာ ချိန်၌၊ လျူယွင်ဖေး၏ ဦးခေါင်းကြီး ပြတ်ကျ သွားသည်။ သွေးများ ပန်းထွက်လျက် ခန္ဓာကိုယ်မှာ ပင်လယ်ထဲ ပြုတ်ကျ သွား၏။

“ ဝုန်း ... ။ ”

ထို့ကြောင့် ချက်ချင်း လှည့်ပြေး မိသည်။ သူ့အဖော် အသတ်ခံ ရပုံသည်၊ တိုက်ပွဲဝင် ဆန္ဒ များအား၊ ကုန်ဆုံး သွားစေ၏။

“ ဝှစ် ... ။ ”

သို့သော် အဖြူရောင် ဝတ်ရုံမှာ လေထဲ တဖျပ်ဖျပ် ခတ်လျက်၊ လင်းယွန်က သူ့ရှေ့ ရောက်ရှိ လာသည်။

“ ရွှပ် ... ။ ”

ရုတ်တရက် မြင်ကွင်း နှစ်ပိုင်း ကွဲထွက် သွားပြီး၊ အသိစိတ်၌ အေးခနဲ ခံစား လိုက်ရ လေသည်။

ခန္ဓာကိုယ်က၊ ပင်လယ်ထဲ ပြုတ်ကျ သွား သဖြင့်၊ သူ သေသွား ပြီမှန်း နားလည် လိုက်လေ သည်။ ဓား အလင်းသည် သူ့အား ဒေါင်လိုက် ထက်ခြမ်း ခွဲပစ် ခဲ့ခြင်း ဖြစ်ချေ၏။

***

All Chapters