← Chapters

အနန္တ အကြေးခွံ ချပ်ဝတ်။

Vol. 130 Ch. 1809

အနန္တ အကြေးခွံ ချပ်ဝတ်။

Vol. 130 Ch. 1809

လျူယွင်ဖေး သေဆုံး ပြီးနောက်၊ ကြာပန်း ကိုးပွင့် ပန်ချီကား ထံမှ ကြောက်မယ် ဖွယ်ရာ အတက် အကျ လှိုင်းများ တိုးထွက် လာသည်။

“ လင်းရှောင် ... ငါ့ကို လွှတ်ပေး ... ၊ ဒါဘယ်လို နေရာ ကြီးလဲ၊ လွှတ် စမ်း။ ”

သွေးသား စွမ်းအင်များ လျင်မြန်စွာ ဝါးမျို ခံနေရ သဖြင့်၊ သဘာဝ အတိုင်း ကြောက်လန့် လာသည်။

ပန်းချီကားသည် သူ့ အတွက် အစွမ်း ထက်သော ရတနာ ဖြစ်သော်လည်း၊ လျူချောင် အတွက် ငရဲ ဖြစ်၏။

ငရဲပင် ဤမျှ ကြောက်စရာ ကောင်းမည် မဟုတ်ချေ။ လင်းယွန်မှ တုန့်ပြန်ခြင်း မရှိ ခဲ့ဘဲ ပျံသန်း လာသော လေဓား သခင်ကို စောင့်နေ လိုက်သည်။

လျူချောင်မှ လွဲပြီး၊ အကြီးအကဲ သုံးယောက်ကို လင်းယွန် သတ်ခဲ့ သည်အား လေဓား သခင်မှ မြင်၏။

“ အမှိုက် တွေပဲ ... ။ ”

ထို့ကြောင့် ဒေါသဖြင့် ကျိန်ဆဲ လိုက်သည်။ လျူဟိုင် သေခြင်းသည် ၎င်း၏ ပေါ့ဆမှုကြောင့် ဖြစ်သည်။

ကျန် သုံးယောက်၏ သေခြင်း မှာမူ၊ အဓိပ္ပါယ် မရှိချေ။ တစ်ယောက်နှင့် သုံးယောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

ထိုအတွေးက လေဓား သခင် မျက်နှာကို အေးစက် လာစေပြီး၊ သတ်ဖြတ် လိုသော ဆန္ဒ များ၊ တိုး၍ ပေါက်ကွဲ လာသည်။

တစ်ဖက် လူစည် လျူချောင်အား မည်သို့သော ရတနာဖြင့် ကိုင်တွယ် လိုက်သည် ကို သိချင် လာ၏။

၎င်းသည် ဘဝ-တတိယ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ နေပြီ ဖြစ်ပြီး၊ ရန်သူ များနှင့် မကြာခဏ ဆိုသလို၊ အသက်လု တိုက်ပွဲများ ရင်ဆိုင် ထားဖူးသည်။

ကျန် သုံးယောက်သည် အမှိုက်များ ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း၊ လျူချောင် မှာမူ၊ အထူး ကျွမ်းကျင်သူ ဖြစ်၏။

ထိုကဲ့ သို့သော လူမျိုးကို လင်းယွန်မှ အလွယ်တကူ လက်စဖျောက် ခဲ့သည်။ ကြောက် စရာ ကောင်းချေ၏။

မည်သို့ပင် ဆိုစေကာမူ၊ သတ်ဖြတ်လို စိတ်မှာ တိုးလာပြီး၊ လင်းယွန်ကို ပြန်ကြည့် မိသည်။

အကြီးအကဲ လေးယောက်သည် အမှိုက်များ ဖြစ်လျှင်ပင်၊ အရင်း အမြစ် များစွာဖြင့် လေ့ကျင့် ပေးခဲ့ ရသည်။

ထို့ကြောင့် ဆုံးရှုံးမှုမှာ ကြီးကြီး မားမား ဖြစ်ပြီး၊ ပြန်သွား ချိန်၌ မျိုးနွယ်စုကို ရှင်းပြရန် အကြောင်း ပြချက်၊ မရှိ နိုင်ချေ။

“ မိုးပြာ နဂါး မိသားစုရဲ့ ပါရမီရှင် တစ်ယောက်က မျှော်လင့် ထားတဲ့ အတိုင်း ပါပဲ၊ လင်းရှောင် ... ငါ မင်းကို လျှော့တွက် မိခဲ့တာ ဝန်ခံ ရမယ်၊ ဒါပေမဲ့ အခုတော့ ပြီးသွားပြီ။ ”

“ မင်း ထွက်ပြေးမှာ မဟုတ် ဖူးလို့၊ ငါ တွက်ဆ ထားပြီး သားပါ၊ ဒါပေမယ့် ထွက်ပြေး ခဲ့ရင် တောင်၊ ငါ ... မင်းကို လိုက်ရှာပြီး သတ်ပစ် ဦးမှာ။ ”

လင်းယွန်က ပြန်ပြော လိုက်သည်။

“ မင်းက တကယ် မာနကြီး တာပဲ ... ၊ ငါဘာလို့ ထွက် မပြေးလဲ ... ၊ မင်း တွေးကြည့် ပါလား၊ တကယ့်ကို ရေတွင်း ထဲက ဖား တစ်ကောင်ပဲ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ တုန်းက၊ ...

... မင်း ရှေ့မှာ စွမ်းအားမဲ့ ခဲ့ပေမယ့် ... အခု မတူ တော့ဘူး၊ ငါ လောက နိယာမ နယ်ပယ်ကို ရောက်နေပြီ။ ”

လေဓား သခင်မှ အေးစက်စွာ ပြန်ပြော လိုက်၏။

“ ပြီးတော့ ... ငါရဲ့ အခြေခံ အုတ်မြစ်က အမှိုက် လေးစ ထက်သာတယ်၊ နဂါး သွေးလွှတ် ကြောမှာ ရှိတုန်းက၊ သူတို့ လေး ယောက်က၊ အဆင့် ထောင်ဂဏန်းပဲ ဝင်တယ်။ ”

“ မင်းကိုယ်မင်း နှစ်သိမ့် နေတာလား၊ ကောင်ကင် အမိုးဓားရဲ့ စွမ်းအားကို ဒီတစ်သက် မင်း နားလည် နိုင်မှာ မဟုတ်ဘူး၊ အထူး သဖြင့် ကောင်းကင် ဒုက္ခကို ရင်ဆိုင် စဉ်က သုံးခဲ့တဲ့ နောက်ဆုံး ဓားပဲ။ ”

“ ဟား ဟား ဟား ... ၊ ဒါဆို ငါ ခံစားကြည့် ပါရစေ။ ”

လေဓား သခင်က လှောင်ပြောင်လျက် နက္ခတ်ကို ခေါ်လိုက်သည်။ ငွေရောင် နဂါးကြီး ထွက်ပေါ် လာ၏။

၎င်းသည် တန်ခိုးကြီးသော နက္ခတ် ဖြစ်ပြီး၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များ အားလုံးကို သူ့ခန္ဓာကိုယ် ထဲသို့၊ စုပ်ယူ ပေးလေသည်။

ကျင့်ကြံမှုမှာ ဘဝ-ဒုတိယ အဆင့် ဖြစ်ပြီး နတ်နဂါး နက္ခတ်၏ တန်ခိုးဖြင့်၊ ကြောက်မက် ဖွယ် ကောင်းသော ဖိအားကို၊ ထုတ်လွှတ် လာသည်။

ထိုဖိအားသည် လျူချောင်ထက် ပို ပြင်းထန်၏။ ယင်းက အကြီးအကဲ လေးဦး ပေါင်းစည်း ထားသည် ထက်ပင်၊ အားကောင်း နေသည်။

ဤသည်မှာ လေဓား သခင်၏ အုတ်မြစ် ဖြစ်ပြီး၊ ထိုအကြီး အကဲများ ယှဉ်နိုင်သည့် အရာ မဟုတ်ချေ။

သည့်အပြင် သခင် နဂါး လက်သီး၊ ငွေနဂါး ခန္ဓာတို့ ကိုလည်း ဆုပ်ကိုင် ထားသည်။ လောက နိယာမ နယ်ပယ် ရောက်ပြီးနောက်၊ နဂါး မူလ မှာလည်း၊ အသွင်ပြောင်း ကုန်သည်။

“ သခင် နဂါး လက်သီး ... ။ ”

နဂါး မူလ များက ဘောလုံး အလား၊ ပျံသန်းလာ လေသည်။ လက်သီး မရောက်ခင် လင်းယွန် ခြေထောက် အောက်ရှိ၊ ရေမျက်နှာ ပြင်၌၊ လှိုင်းထန် လာတော့၏။

ဤအခိုက်တွင် ကမ္ဘာကြီး တစ်ခုလုံး သူ့လက်ထဲ ကိုင်ထား သကဲ့သို့၊ လေဓား သခင် တစ်ယောက် ခံစား လာရသည်။

“ ဝှစ် ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို အလင်းတန်း တစ်စလို ပစ်ထုတ် လိုက်သည်။ ကောင်ကင် အမိုး ဓားကြောင့် ဓားက သူ့အား ချက်ချင်း ဆင့်ခေါ် တော့၏။

လေဓား သခင်၏ ခေါင်း အထက်တွင် ချက်ချင်း ပေါ်လာပြီး၊ ပန်းသင်္ချိုင်း ဓားအား ဆွဲကိုင် လိုက်သည်။

“ ဘာ လဲ ဟ ... ။ ”

လေဓား သခင်က အော်သည်။ ယခင်က အလားတူ မြင်ကွင်းမျိုး၊ အကြိမ်ကြိမ် မြင်ဖူး သည်။ ထိုစဉ်က လင်းယွန်၏ အရှိန်မှာ၊ မြန်လွန်းသည် ဟုသာ ထင်ခဲ့ မိ၏။

သို့သော် လောက နိယာမ နယ်ပယ်သို့ ရောက်ပြီး သည့်တိုင်၊ နားမလည်နိုင် ဖြစ်နေ သဖြင့်၊ ထိတ်လန့် သွားသည်။

“ ဂျိန်း ... ။ ”

မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ် လာပြီး၊ မိုးပြာ နဂါး ရည်ရွယ်ချက်က မိုးကုပ် စက်ဝိုင်း အပြည့် ပျံ့ကား လာ၏။

“ စကြာဝဠာ မုန်တိုင်းများ ... ။ ”

လေဓား သခင်သည် အသွင်ပြောင်း သွားပြီ ဖြစ်သောကြောင့်၊ လင်းယွန်က အလေး အနက် ထားလိုက် ရသည်။

ထို့ကြောင့် လှုပ်ရှား သည်နှင့် အပြင်းထန် ဆုံးသော တိုက်ခိုက်မှုကို ချက်ချင်း ထုတ်လွှတ် ခဲ့သည်။ ဓားအလင်း နှစ်ခု ရောယှက် သွားပြီး လေဟာနယ်အား ခွဲထုတ် တော့၏။

သည်မျှ နီးကပ်သော အကွာ အဝေးတွင်၊ လေဓား သခင်မှ ဤဓား အပေါ် တားဆီး နိုင်ရန် နည်းလမ်း မရှိချေ။

“ ဝုန်း ... ။ ”

ဓား ရောင်ခြည် နှစ်စင်းက အပေါင်း လက္ခဏာ အသွင်၊ နှလုံးသား ပေါ်သို့ ကျရောက် သွားသည်။

“ ထန် ... ။ ”

သို့သော် ဓားသည် ရင်ဘတ်နှင့် ထိတွေ့ သွားသော အခါ၊ မီးပွားများ ပွင့်လျက် ကန်ထွက် လာ၏။

ယင်းက လင်းယွန်အား အံ့အားသင့် စေခဲ့သည်။ ပန်းသင်္ချိုင်း ဓား၏ ဘုန်း ဝိညာဉ်ကို အသုံး ပြုထားပြီး ဖြစ်သည်။

“ ဘုန်း ... ။ ”

လေဓား သခင်က၊ ထိုအခွင့် အရေးကို အမိအရ ယူကာ၊ သူ့အား လက်ဖဝါးဖြင့် ပြန်၍ ရိုက်ထုတ် လာသည်။

ရင်ဘတ် ပေါ်ရှိ နဂါး ရူရ်များ ပြိုကွဲသွား ကုန်ပြီး၊ မီတာ တစ်ထောင် အကွာသို့ လွင့်စဉ် လာ တော့သည်။

“ ဝေါ့ ... ။ ”

သွေးတစ်လုတ် အန်လျက်၊ ပြန် မော့ကြည့် လိုက်သည်။ လေဓား သခင်သည် ဘဝ-ဒုတိယ အဆင့်တွင် ဖြစ်သော်လည်း၊ လျူချောင်ထက် ပိုသန်မာ နေ၏။

ငွေနဂါး ခန္ဓာ ကိုယ်၏ ပံ့ပိုးမှု အောက်တွင် အစွမ်းထက်သော သူ့ ကိုယ်လုံး ကိုယ်ပေါက်ပင်၊ ဒဏ်ရာ ရရှိ သွားသည်။

ကျင့်ကြံမှု ကွာခြားဟ ချက်ကြောင့် ပြင်းထန်သော ဝေသနာကို၊ ချက်ချင်း ခံစား လာ ရ၏။

“ ဟိတ် ... ။ ”

ဖြူဖျော့ နေသော မျက်နှာဖြင့် ရေပြင်အား ခြေဖျားနှင့် ပုတ်ကာ၊ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။

သူ့ အတွင်း အင်္ဂါများမှာ လက်ဖဝါး ရိုက်ချက်ကြောင့် စုတ်ပြဲ သွား၏။ ခန္ဓာ ကိုယ်မှာ အချိန်မရွေး ပြိုလဲ သွားနိုင်သည့် ပန်းပု ရုပ်တု ကဲ့သို့ ကွဲအက် လာသည်။

နဂါးပြာ အရိုး နှင့်ပင် ပြန်လည် ကောင်းမွန်ရန် အချိန်ပေး နေရ၏။

“ ဘုန်း သူတော်စင် လက်ရာ။ ”

လေဓား သခင်၏ ပတ်ပတ် လည်ရှိ ငွေနဂါးကို စိုက်ကြည့့်ပြီး၊ လင်းယွန်မှ သတိရ သွားသည်။

“ မင်း ... မဆိုးဘူး ... ၊ အခု ငါ့ ယုံကြည်မှု ဘယ်က လာတယ် ဆိုတာ သိပြီ မဟုတ်လား၊ မင် တစ်ယောက် ထဲပဲ ... ၊ ဘုန်း သူတော်စင် လက်ရာ၊ ...

... ရှိတယ် မထင်နဲ့၊ မင်းဓားက ငါ့ရဲ့ ဘုန်းသူတော်စင် အကြေးခွံ ချပ်ဝတ်နဲ့ ယှဉ်လို့ မရဘူး။ ”

လေဓား သခင်က နဂါး မူလကို လှည့်ပတ်ပြီး၊ ငွေရောင် နဂါး အကြေးခွံများကို ထွက်ပေါ် စေလိုက်သည်။

အကြေးခွံ များတွင် ရူရ် များဖြင့် ရေးထွင်း ထားပြီး၊ အစွမ်း ထက်သော နဂါး ရောင်ဝါများ ဖြာထွက် နေ၏။ ဤအခိုက်တွင် နတ်ဘုရား တစ်ပါး အလား၊ ထင်မှား စေသည်။

ဤအနန္တ အကြေးခွံ ချပ်ဝတ်အား၊ နဂါး အရေခွံ၊ အရွတ်၊ သွေး၊ အကြေးခွံ များဖြင့် သွန်း ထားခြင်း ဖြစ်သည်။

ဝတ်ထား ပါက အသား အတွင်း၊ ပေါင်းစပ် နေပေမည်။ ယင်းသည် ဗိုလ်ချုပ် နှစ်ပါး၏ ငရဲ သူတော်စင် ချပ်ဝတ် များထက်၊ အားကောင်း ခေျ၏။

***

All Chapters