← Chapters

အံ့ဩ သွားလား ... ။

Vol. 130 Ch. 1810

အံ့ဩ သွားလား ... ။

Vol. 130 Ch. 1810

တူညီသော အဆင့်၌ ခုခံ ကာကွယ်ရေး ပစ္စည်း များသည် သဘာဝ အားဖြင့် ပို၍ မာကျော လှ၏။

ဓားနှင့် ချပ်ဝတ်အား လေလံ တင်သော် ချပ်ဝတ်မှာ ပို၍ စျေးရ ပေမည်။ ကွာဟ ချက် သည် ဆယ်ဆ အထိပင် ရှိနိုင်၏။

“ ပစ္စည်း ကောင်းတယ် ... ။ ”

လင်းယွန်က အနန္တ အကြေးခွံ ချပ်ဝတ်ကို ကြည့်ကာ မှတ်ချက် ပေး၏။ ၎င်းအား ဝတ်ဆင် ထားခြင်းသည် အသက် နှစ်ချောင်း ပိုင်ဆိုင် ခြင်းနှင့် တူသည်။

“ ဒီဘုန်း သူတော်စင် ချပ်ဝတ် အတွက်၊ ငါ့အဖေရဲ့ဘဝကို ပေးပြီး တိုက်ပွဲ ဝင်ခဲ့ ရတယ်၊ အခု ကွာဟချက်ကို မင်း သိပြီလား။ ”

ဤချပ်ဝတ်ဖြင့် အထွတ် အထိပ် နိဗ္ဗာန် အဆင့် ကျွမ်းကျင် သူများ လက်မှပင်၊ အသက် ရှင်လျက် ထွက်ပြေးရန် ယုံကြည်ချက် ရှိသည်။

ထို့စဉ် ဓားနှစ်လက် ဝိညာဉ်မှာ လင်းယွန် မျက်ခုံးမှ ထွက်လာပြီး၊ ပန်းသင်္ချိုင်း ဓား အတွင်း ဝင်ရောက် သွားသည်။

ဓားကို ရစ်ပတ် နေသော၊ ခရမ်း-ရွှေရောင် နဂါးကြီး ပေါ်လာ သဖြင့်၊ လေဓား သခင် ခမျာ အလေး အနက် ထားလာ ရသည်။

ပြိုင်ဘက်သည် ဓားဘီလူး ဖြစ်ပြီး၊ သူ့ ဓားသည် ဘုန်း သူတော်စင် လက်ရာ ဖြစ်၏။ ထို့ကြောင့် တစ်ချက် မှားသည်နှင့် သေဆုံး နိုင်သည်။

ငွေနဂါး ခန္ဓာကို အသက် သွင်းပြီး၊ ညာလက်သီးဖြင့်၊ မျက်နှာချင်းဆိုင် ပြေးဝင် လာသော ပန်းသင်္ချိုင်း ဓားထံ ထိုးချ လိုက်သည်။

“ ဝှစ် ... ။ ”

နဂါး ရောင်ဝါများ ပျံ့နှံ့လျက်၊ ချပ်ဝတ်မှ တောက်ပသော အလင်းရောင်များ ထုတ်လွှတ် လာသည်။

ချက်ချင်းပင် ငွေနဂါး များစွာ ပျံထွက် လာခဲ့ပြီး ပန်းသင်္ချိုင်း ဓားကို၊ ရစ်ပတ် ဖမ်းချုပ် တော့၏။

လင်းယွန်က မူလ နေရာတွင် ရပ်လျက်မှ ပန်းသင်္ချိုင်း ဓားကို ရုန်းထွက်ရန် စေခိုင်းလိုက် သည်။

“ ဝှစ် ... ။ ”

ပန်းသင်္ချိုင်း ဓားက ငွေနဂါး များကို ဖြတ်ကျော်ကာ၊ လေဓား သခင်၏ ရှေ့တော် မှောက်သို့၊ ရောက်ရှိ သွားတော့၏။

“ ထန် ... ။ ”

သို့တိုင် အကြေခွံ ချပ်ဝတ်ကြောင့် မီးပွင့်များသာ ပွင့်ထွက် လာသည်။ ဆက်တိုး၍ မရတော့ချေ။

“ သခင် နဂါး လက်သီး ... ။ ”

လေဓား သခင်က လက်သီးဖြင့် ချက်ချင်း ထိုးနှက် လိုက်သည်။ ဓားရိပ်များ ကွဲကြေကာ ဓားက အဝေးသို့ လွင့်စဉ် သွားသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

အကျိုးဆက် အနေြဖင့်၊ လင်းယွန် တစ်ယောက် နောက်သို့ သုံးလှမ်း ဆုတ်လျက်၊ သူ့ကိုယ်သူ ထိန်းယူ လိုက်ရသည်။

အနန္တ အကြေးခွံ ချပ်ဝတ် အစွမ်းကို မြင်လိုက်ရ သဖြင့်၊ ပို၍ပင် လောဘ တက်လာ ခဲ့သည်။

သူ့တွင် ရတနာ များစွာ ရှိသော်မှ၊ ဤချပ်ဝတ်အား လိုချင် မိ၏။ ပန်းသင်္ချိုင်း ဓား ဖြင့်ပင် ၎င်းအား ဒဏ်ရာ ရစေရန်၊ မဖြစ်နိုင် ခဲ့ချေ။

ပိုးစုန်းကြူး နတ်ဓားကို သုံးက ဖြစ်နိုင် သော်လည်း၊ တန်ပြန်မှုမှာ သူ့အတွက် ပြင်းထန် လှသည်။

နဂါးပြာ အရိုးပင် ကုန်ဆုံး သွားသော သွေးသား စွမ်းအင်ကို၊ ဖြည့်တင်းရန် အချိန်ပေး ရပေမည်။

ကြာပန်း ကိုးပွင့် ပန်းချီကား အတွက်မူ နောက်တစ်ကြိမ် သုံးရန်၊ အချိန် လိုသည်။ အထဲ ၌ လျူချောင် သည်လည်း ရှိနေ သေး၏။

“ မင်းကိုယ်မင်း ... သန်မာတယ် ဆိုပြီး ... ၊ ငါနဲ့ ထိပ်တိုက် ရင်ဆိုင်ချင် တာလား ... ၊ ဒါက သေခြင်းပဲ၊ ဓားပေးပြီး ... တောင်းပန်ရင် တောင်မှ၊ မင်းကို ငါ ခွင့် မလွှတ်ဘူး။ ”

လင်းယွန် ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လျက်မှ လေဓား သခင်က ပြောသည်။

လှုပ်ရှား မှုကြောင့်၊ ချပ်ဝတ် ပေါ်ရှိ ရူရ် များသည်၊ လေတိုးသံ ကဲ့သို့ ငြိမ့်ညောင်းသော အသံ အချို့၊ ပေးစွမ်း လာသည်။

ဝိညာဉ် စွမ်းအင် များကို စုပ်ယူနေ သဖြင့်၊ စစ်မှန်သော နဂါး တစ်ကောင် အလား၊ လွှမ်းမိုး အုပ်စိုး လိုသည့် ရောင်ဝါများ ထွက်ပေါ် လာသည်။

ထိုရောင်ဝါ အရ၊ ဘဝ-စတုတ္ထ အဆင့်မှ တစ်စုံ တစ်ဦး ကိုပင်၊ လက်သီး တစ်ချက် တည်း ဖြင့် သတ်နိုင်၏။

“ ခရစ် ... ။ ”

လင်းယွန်နှင့် မီတာ တစ်ရာ အကွာသို့ ရောက်သော အခါတွင်၊ ကောင်းကင် အမိုးဓား အက်ကွဲ လာသည်။

ထို့ကြောင့် ခြေလှမ်းကို ရပ်လိုက်ပြီး၊

“ ငါ သိချင်တာ တစ်ခု ရှိတယ် ... ၊ မင်းဘယ်လို ရတနာတွေ သုံးပြီး လျူချောင်ကို ချိပ်ပိတ် လိုက်တာလဲ၊ ဒါနဲ့ ငါ့ကို ကမ်းလှမ်းမယ် ဆိုရင်တော့ ... စဉ်းစား ပေးနိုင် ပါတယ်။ ”

-ဟု ဆိုကာ ပြုံးသည်။

“ အိပ်မက် မက် မနေနဲ့ ... ။ ”

လင်းယွန်မှ တုန့်ပြန် လိုက်၏။

“ အရေး မကြီးဘူး၊ မင်းကို သတ်လိုက်ရင် အားလုံး ငါရပြီး၊ ဒူးထောက် ... ။ ”

လေဓား သခင်က လင်းယွန်ထံ လက်ဖဝါး တစ်ချက် ပေးလိုက်၏။ ငွေရောင် အလင်းများ တောက်ပ လာပြီး၊ နဂါး လက်သည်း ကဲ့သို့ လက်ဖဝါးကြီး ကောင်းကင်မှ ဆင်းသက် လာသည်။

“ ဝူး ... ။ ”

သို့သော် မယုံနိုင် စရာ ဖြစ်ပျက် သွား၏။ လင်းယွန် အနား မရောက်ခင် လက်သည်းမှာ၊ ကြေမွ သွားလျက်၊ သူ့ကို အဝေးသို့ တွန်းထုတ်ခြင်း ခံလိုက် ရသည်။

“ ခရစ် ... ။ ”

သူ့ နောက်ရှိ ငွေနဂါး နက္ခတ်မှာ ကွဲအက်လျက်၊ နဂါး ရောင်ဝါ သည်လည်း ပြိုကျ ကုန်သည်။

“ ဝေါ့ ... ။ ”

သွေး တစ်လုတ် အန်လျက် ဆယ်မိုင် အကွာ၌ ဆင်းသက် လိုက်ရ၏။ ဤအရာသည် သူ့အား မှင်တတ် သွားစေသည်။

“ ဘာ လဲ ဟ ... ။ ”

လင်းယွန် ခန္ဓာကိုယ် ပေါ်တွင်၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာပြီး၊ ဖြည်းညှင်းစွာဖြင့် သူ့ထံ လျှောက်လှမ်း လာသည်။

“ ဖြန်း ... ။ ”

လက်ထဲ၌ ထူးခြားသော စိမ်းပြာရောင် ထီးကြီး တစ်လက် ကိုင်ဆောင် ထား၏။ ဒေါသ ဖြင့် ရေမျက်နှာပြင်ပေါ်၊ လက်ဖဝါး တစ်ချက် ရိုက်ကာ၊ လေထဲ ပျံတက် လိုက်ပြီး၊

“ မင်း သေချင် နေတာပဲ။ ”

-ဟု အော်ငေါက် ပစ်လိုက်သည်။

ထို့နောက် ငွေရောင် အဆင်းများ ဖြာထွက် လာပြီး၊ ငွေနဂါး၏ အငွေ့အသက်များ စုရုံး လာ တော့သည်။

“ အိုး ... မိုးပြာ နဂါး ငါ့ကို ကူညီပါ။ ”

ထိုအချိန်တွင် လင်းယွန်မှ နဂါး ရူရ် တစ်သိန်းကို၊ ထီးကြီးအတွင်း လောင်းထည့်ကာ ဖွင့်လိုက် လေသည်။

“ ဖရူး ... ။ ” (ထီးပွင့်သံ။ )

“ ချပ် ချပ် ချပ် ... ။ ” (ကောင်းကင် ကွဲအက်သံ။ )

ကောင်းကင် (၃၆) လွှာ ကွဲလျက်၊ မိုးပြာ နဂါး နက္ခတ်မှ မျက်လုံးများ ဖွင့်ကြည့် လာ၏။ လက်ဖဝါးကြီး တစ်ဖက်ဖြင့်၊ ရိုက်ခြင်း ခံလိုက်ရ သကဲ့သို့၊ လေဓား သခင်မှာ ပြန် ပြုတ်ကျ သွား တော့သည်။

သူ့ခန္ဓာ ကိုယ်မှ ထုတ်လွှတ် ထားသော ငွေရောင် အလင်းများမှာ၊ ပိုးစုန်းကြူးများ ကဲ့သို့ ငြိမ်း သွားလေသည်။

လင်းယွန် လက်ထဲမှ ထီးကို မယုံကြည် နိုင်စွာဖြင့် မော့ကြည့်သည်။ ဤထီးကို ခွန်လွန်ရှိ လူတိုင်း သိကြ ပေ၏။

“ မင်း ... ။ ”

လင်းရှောင်အား လင်းယွန် ဖြစ်သည်ဟု ကောလာ ဟလများ ဖြန့်ခဲ့ သော်လည်း၊ သူ မယုံ ချေ။

ထို့ကြောင့် ကျွားချင်းယန် ကိုပင် လှောင်ပြောင် ခဲ့ခြင်း ဖြစ်သည်။ သို့သော် အဖြစ် မှန်ကို မြင်လိုက် ရပြီ ဖြစ်သဖြင့်၊ မျက်လုံးပြူး သွားရသည်။

“ အံ့သြ သွားလား ... ။ ”

လင်းယွန်က နေ-လ ထီးကို ကိုင်လျက်၊ မေးမြန်း လိုက်သည်။

“ လင်းရှောင် ... မဟုတ်ဘူး ပန်းသင်္ချိုင်း၊ ငါ ... ငါ့စကားကို ခဏ နားထောင် ပေးပါ ... ။ ”

တုန်လှုပ် စွာဖြင့်၊ တောင်းပန်ရန် စတင် ကြိုးစား လိုက်သည်။ တစ်ဖက် လူသည် မဟာ သူတော်စင်ကြီး တစ်ပါး ကိုပင်၊ သတ်ဖြတ် ထားသူ ဖြစ်သည်။

“ စွပ် ... ။ ”

သို့သော် လင်းယွန်မှ သူ့အား စကားပြော မခံဘဲ၊ ထီးထိပ် ဖျားဖြင့် ရင်ဘတ်ထဲ ထိုးသွင်း လာလေသည်။

အနန္တ အကြေးခွံ ချပ်ဝတ်မှာ၊ အက်ကွဲခြင်း မရှိသော်လည်း၊ စွမ်းအား တစ်ခုက၊ သူ့ အတွင်း အင်္ဂါများထံ စိမ့်ဝင် လာသည်။

“ ဝေါ့ ... ။ ”

ယင်းကြောင့် သွေးအန်လျက် မျက်နှာ ရှုံ့တွ သွားသည်။

“ ဘယ်လိုတောင် ကောင်းလိုက်တဲ့ ရတနာလဲ။ ”

လင်းယွန်က ချပ်ဝတ်ကို ကြည့်သည်။ ချပ်ဝတ်သည် ဦးခေါင်း၊ ခြေနှင့် လက်တို့ အပေါ်၊ ကာကွယ် ပေးခြင်း မရှိ သော်လည်း၊ ခန္ဓာကိုယ် အစိတ် အပိုင်း တိုင်းကို၊ ကာကွယ် ပေးသည်။

သို့သော် နေ-လ ထီးသည် စစ်မှန်သော အုပ်စိုးရှင် သူတော်စင် လက်ရာ ဖြစ်နေ သဖြင့်၊ စိတ် မကောင်း စရာ ပေပင်။

“ ပန်းသင်္ချိုင်း ... ။ ”

“ ဝှစ် ... ။ ”

“ ပန်း ... ။ ”

“ ဝှစ် ... ။ ”

နေ-လ ထီးက တစွပ်စွပ် ဆက်လက် ကျဆင်းနေ သဖြင့်၊ လေဓားသခင် တစ်ယောက် ဒူးထောက် ကျသွားသည်။

ထိုးနှက်မှု တိုင်းသည် နာကျင်ဖွယ် ကောင်းပြီး၊ အော်သံ မထွက်နိုင် လောက်အောင်၊ နာကျင် စေသည်။

“ ဝှစ် ... ။ ”

“ ..... ။ ”

ရေပြင်တွင် တွားသွားလျက်၊ ဝင်လာသော ထိုးသွင်းချက် များကိုသာ၊ ကြိုးစား ရှောင်တိမ်း နေရသည်။

“ ငါ ... ငါ့ အသက်ကို ချမ်းသာ ပေးပါ၊ မင်းကို ဒီချပ်ဝတ် ပေးနိုင် ပါတယ်၊ မလုပ် ပါနဲ့ ရပ်လိုက်ပါ။ ”

အဆုံးတွင် အားတင်းပြီး၊ အမြန် တောင်းပန်မိ လေသည်။ သို့သော် ကောင်းကင် အမိုးဓားက နေ-လ ထီးမှ ထွက်ပြီး၊ နှလုံးသား ကို ချက်ချင်း ဖျက်ဆီး ပစ်တော့သည်။

သေဆုံး သွားချိန် အထိ၊ သူ့ဝိညာဉ်၌ အကြောက်တရားများ စွဲထင် သွားခဲ့ လေသည်။ ကောလာ ဟလ များကို ဖြန့်စဉ်တည်း ကပင်၊ ၎င်းအား သတ်ရန်၊ လင်းယွန်မှ ဆုံးဖြတ်ပြီး ဖြစ်၏။

***

All Chapters