ခံယူချက် ... ။
Vol. 130 Ch. 1811
လှိုင်းလုံးများ ငြိမ်သက် သွားသည်။ လေဓားသခင်၏ အလောင်းမှာ ရေ မျက်နှာပြင် ပေါ်၌ ပေါလော မျောပါ နေ၏။
အနန္တ အကြေးခွံ ချပ်ဝတ် သည်လည်း၊ မှိန်ဖျော့ သွားသည်။ လင်းယွန်က နေလ ထီးကို သိမ်းလိုက်၏။
ဤတစ်ကြိမ်တွင် သူ့ အကြံစည်မှာ အန္တရာယ်များ လှ၏။ လေဓား သခင် သည်သာ လွတ်မြောက် သွားသော်၊ အဆုံးမဲ့ ဒုက္ခများ ရောက်မည် ဖြစ်သည်။
အနန္တ အကြေးခွံ ချပ်ဝတ်ထံ၊ လက် လှမ်းလိုက်သော အခါ နွေးထွေးသော ခံစားချက် တစ်ခု ရရှိ လာသည်။
အကြေးခွံ တစ်ခု စီတွင်၊ ဝိညာဉ် ရေးရာ အစီရင် ပါရှိသော သူတော်စင် ရူရ်များ ရေးထိုး ထား၏။
“ ဒါ ... စစ်မှန်သော နဂါး မျိုးစိတ်ရဲ့ အကြေးခွံ တွေပဲ။ ”
လင်းယွန်မှ အံ့ဩ သွားသည်။ စစ်မှန်သော နဂါးများသည် အမည်ခံ နတ်သားရဲများ ဖြစ်ပြီး၊ ခွန်လွန်၌ မျိုးသုဉ်း သွားခဲ့ပြီ ဖြစ်သည်။
“ ဘုန်း လမင်း ဝိညာဉ်တော်။ ”
ချပ်ဝတ် ဗဟိုချက်တွင်၊ ဘုန်း လမင်း ဝိညာဉ်တော်ကို ရေးထိုးထား သည်အား မြင် လိုက်၏။
ဘုန်း ဝိညာဉ် (၇)ပါးတွင်၊ ထူးခြားသော ဂုဏ်ရည်များ ရှိသည်။ အနန္တ အကြေးခွံ ချပ်ဝတ် အား မြေကြီး ဝိညာဉ် တော်ဟု၊ အထင်မှား ခဲ့ဖူးသည်။
လမင်း ဝိညာဉ်တော် ဖြစ်မှန်း သိလိုက် ရသဖြင့် ပျော်ရွှင် လာ၏။ ၎င်းမှာ ကျင့်ကြံမှုနှင့် တိုက်ပွဲဝင် အဟုန်အား တိုးမြှင့်ပေး နိုင်မည်။
“ ဝှစ် ... ။ ”
နဂါး ရူရ် တစ်သိန်းဖြင့်၊ ချပ်ဝတ်အား ဆွဲစုတ်ယူ လိုက်၏။ ချပ်ဝတ်က လေဓား သခင် ၏ ခန္ဓာမှာ ကြေမွေ သွားပြီး၊ ချပ်ဝတ်က ပျံသန်း လာသည်။
ချပ်ဝတ် နှင့် အတူ၊ လေဓား သခင် အလောင်းမှ ပစ္စည်း နှစ်ခု ပြုတ်ကျ လာ၏။ တစ်ခုမှာ သိုလှောင် လက်ကောက် ဖြစ်ပြီး၊ ကျန်တစ်ခုသည် အနက်ရောင် တံဆိပ် ဖြစ်သည်။
အာကာသ ရတနာများ အပေါ်တွင် အသုံးပြုရန် ကိုယ်ပိုင် နည်းလမ်းများ ထားရှိ ချေသည်။
သွန်းလုပ် သူ၏ တားမြစ်ချက်ကို၊ အတင်းအကျပ် ကျော်ဖြတ်ရန် ကြိုးစား ပါက ပေါက်ကွဲကာ ဒဏ်ရာရ နိုင်၏။
လေဓား သခင်၏ သိုလှောင် လက်ကောက်တွင်၊ နတ်ကြယ် ပုလဲနှင့် အရင်း အမြစ် အများ အပြား၊ ပါဝင် နိုင်သည်။
လက်ရှိ အချိန်၌ မဖွင့်နိုင် သဖြင့်၊ ခရမ်းငယ်ထံ ပြသကာ နည်းလမ်း ရှာရန် ဆုံးဖြတ် လိုက်သည်။
အနက်ရောင် တံဆိပ် မှာမူ ထူးဆန်းပြီး အေးစက်သော အငွေ့ အသက်များ ထွက်ပေါ် နေသည်။
ထို့ကြောင့် တိုက်ရိုက် မထိ တွေ့ဘဲ၊ လေလှိုင်းဖြင့် စုပ်ယူလိုက်သည်။ တံဆိပ် ပေါ်၌ ငှက်မွှေး နတ်မိစ္ဆာ -ဟု ရေးထွင်း ထား၏။
ဤသည်မှာ လေဓားသခင် ထုတ်ခဲ့သည့် ဆုကြေး ဖြစ်ပေမည်။ ၎င်းအား လက်ကောက် အတွင်း မသိမ်း နိုင်ချေ။
အချိန် အတော်ကြာ စဉ်းစား သည့်တိုင် ဤတံဆိပ်နှင့် ပတ်သတ်ပြီး၊ မည်သည့် အရာ များ၊ ဆက်လုပ် ရ မည်ကို မသိ ဖြစ်လာသည်။ ထို့ကြောင့် ခဏ ဖယ်ထားရန်၊ ဆုံးဖြတ် လိုက်၏။
အဆုံးတွင် အနန္တ အကြေးခွံ ချပ်ဝတ်အား စစ်ဆေး မိသည်။ အတွင်း၌ အစွမ်း ထက်သော တံဆိပ် တစ်ခု ရှိသည်။
ယင်းကို လေဓား သခင်၏ ဖခင်မှ ထားခဲ့ပုံ ရပြီး၊ ဝတ်ဆင် သူတိုင်းကို အဝေးမှ ဖျက်ဆီးရန်၊ ရည်ရွယ်သည်။
ဤသည်မှာ သဘာဝ ဖြစ်၏။ ဘုန်း သူတော်စင် လက်ရာ များကို၊ ပိုင်ရှင် တိုင်းသည်၊ တံဆိပ် တစ်ခု ချန်ထား ကြသည်။
တစ်စုံ တစ်ယောက်မှ သူတို့ ပစ္စည်းကို လုယူသွားသော်၊ ချန်ထားသော အမှတ် အသား ဖြင့်၊ ဖျက်ဆီး ပစ် နိုင်၏။
“ နည်းလမ်း ရှာရမယ်။ ”
ရေရွတ်လျက် သိမ်းဆည်း လိုက်သည်။ ထို့စဉ် ဆက်တိုက် တိုက်ပွဲ များကြောင့်၊ ရုပ်ခန္ဓာ မှာ ပင်ပန်း နွမ်းနယ် လာသည်။
“ ဝှက်ဖဲ တွေကို မသုံးရင် ... ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တွေနဲ့ တိုက်ဖို့ မလွယ်ဘူး၊ ဒီပင်လယ်ကွေ့ မှာ ကလည်း သူတို့တွေ နဲ့ပဲ ပြည့်နေတယ်။ ”
လင်းယွန်က တွေးတောလျက် ဒဏ်ရာ များကို ကုသရန် ပြင်လိုက်သည်။ အပြာရောင် အလင်းများ လွှမ်းခြုံကာ၊ ငြိမ်သက် သွား တော့၏။
တစ်နာရီ ကုန်လွန် ပြီးနောက်၊ ကြာပန်း ကိုးပွင့် ပန်းချီကားထံ ဝင်ရောက် လိုက်သည်။ ရေကန်ပေါ် ညင်သာစွာ ဆင်းသက် လိုက်စဉ်၊ ကြာဖြူမှ သူ့အား လွမ်းဆွတ်ကြောင်း ဆက်သွယ် ပြောကြား လာသည်။
လျူချောင်မှာ ပျောက်ကွယ် သွားပြီ ဖြစ်သည်။ ထို့ကြောင့် ကြာဖြူအား ညင်သာစွာ ငုံ့နမ်း လိုက်မိ၏။
စတွေ့ ချိန်၌ သူ့အား ရှက်ရွံ့သော မိန်းကလေး ကဲ့သို့ ဆုတ်ခွာခဲ့ ပြီးနောက်၊ ၎င်းနှင့် ပို၍ ရင်းနှီး လာသည်။
“ ကဲ ... ။ ”
လင်းယွန်က ရွှေနဂါး အရိုးကို ထုတ်ယူ လိုက်သည်။ ဤသည်မှာ ချင်းတန် ပိုင်သော အရိုး ဖြစ်၏။
ချင်းတန်နှင့် ချင်းကန် ဆီမှ ရွှေနဂါး အရိုးများ သူ ရရှိ ခဲ့သည်။ ချင်းကန် အရိုးကို ဟင်းချိုချက် သောက်ပြီး၊ ဤအရိုး အား ကြာပန်း ကိုးပွင့်ထံ ကျွေးမွေး ရပေမည်။
သို့မှာသာ ကြာပန်းများ ထံမှ နတ်ရူရ် စွမ်းအားကို ပြန်လည် စုပ်ယူပြီး၊ နဝမ မြောက် သွေးလွှတ်ကြောသို့ တက်ရောက် နိုင်မည် ဖြစ်၏။
ထို့ပြင် သူတော်စင် ခန္ဓာ နှစ်ခု ကိုလည်း ပေါင်းစည်း ရပေ ဦးမည်။ တစ်ချိန် တည်းမှာပင်၊ လင်းယွန် တောင်းဆို မှုကြောင့်၊ ထွက်ခွာခဲ့သော အမျိုးသမီးသည်၊ ဝါးခမောက်နှင့် လူငယ် အနား အရှိန်မြှင့် ပျံသန်း လိုက်ကာ၊
“ မိတ်ဆွေလေး လိပ်နက် ပင်လယ် ကွေ့က အန္တရာယ် များတယ်၊ အမွေကို ရှာတွေ့ဖို့ ဆိုတာ မလွယ်ဘူး၊ ငါတို့ အတူတူ သွားကြ မလား။ ”
-ဟု မေးမြန်း လိုက်သည်။
ဝါးခမောက်နှင့် လူငယ်က မြေပြင်ပေါ် ဆင်းသက် လိုက်ပြီး၊
“ စိတ် မဝင်စားဘူး။ ”
-ဟု ပြန်ဖြေ၏။ ထို့နောက် လျင်မြန်စွာ ထွက်ခွာ သွားတော့သည်။
အမျိုးသမီးက ဆက်မပြော တော့ဘဲ၊ အဝေးသို့၊ လှမ်းမျှော် ကြည့်ကာ၊
“ ငါ ဒီကို မရောက်တာ ... ၊ အချိန် အတော်ကြာ နေပြီပဲ ... ၊ အရာ အချို့ ပြောင်းလဲ ကုန်ပြီ ထင်တယ်။ ”
-ဟု ဆိုလျက် သက်ပြင်းချကာ၊ ပျောက်ကွယ် သွားတော့သည်။
ထိုအချိန်တွင် မိန်ဇီဟော်က ပလွေ ကိုင်လျက်၊ ပြန်ရောက် လာသည်။
“ ငါ့ကို မစောင့်ကြ ဖူးလား။ ”
မထွက်ခွာ ခင်က လူ များဖြင့် စည်ကား နေသော်လည်း၊ ပြန်ရောက် လာချိန်၌ လိပ်နက် သင်္ဘော ပေါ်တွင်၊ မည်သူမျှ မရှိ တော့ချေ။
“ အခု ဘာလုပ် ရမှာလဲ။ ”
စိတ်ပျက် လက်ပျက်ဖြင့်၊ လိပ်နက် ပင်လယ်ကွေ့ထံ မျှော်ကြည့် လိုက်မိသည်။ ကျန် သူများ ထွက်သွား ခြင်းသည် အဆင်ပြေ၏။ သို့သော် လင်းရှောင်မှာ သူ့အား စောင့်နေ သင့်သည်။
“ ငှက်မွှေး နတ်မိစ္ဆာ အမိန့် ... ။ ”
ရုတ်တရက် ယင်းကို တွေးမိ လာပြီး၊ ပြုံးရယ်မိ တော့သည်။ လင်းရှောင်မှာ ဆုကြေး ထုတ်ခံ ထားရ သူ ဖြစ်၏။
ထို့ကြောင့် ၎င်းနှင့် အတူ၊ သူ့အား ဒုက္ခ မရောက် စေလို သောကြောင့်၊ ထွက်သွား ခဲ့ပုံ ရချေပြီ။ ယင်းက အဓိပ္ပါယ် ရှိသဖြင့်၊ လင်းယွန် အပေါ် ပို၍ အလေး အနက် ထားလာ မိ၏။
ဤသည်မှာ သူ၏ အမြင် ဖြစ်သည်။ လင်းယွန် အနေ ဖြင့်မူ၊ တကယ်ပင် မေ့လျော့ သွားခြင်း ဖြစ်၏။
“ စိတ် မပူနဲ့ ... နတ်နဂါး အင်ပါယာကို ခေါ်သွား မှာမို့၊ ငှက်မွေး နတ်မိစ္ဆာ အမိန့်နဲ့၊ မင်း မသေ စေရဘူး။ ”
ထို့နောက် လိပ်နက် ပင်လယ်ကွေ့ ထံသို့၊ ဦးတည်ကာ ပျံသန်း သွားတော့သည်။ တစ်ဖက် တွင် ပန်းချီကား အတွင်း၌ တစ်လ ကုန်လွန် သွားသည်။
ရွှေအဆင်းများ တောက်ပ နေသည့်၊ ကောင်းကင် နဂါးနှင့် နတ် ဖီးနစ်များ လင်းယွန် ဝန်းကျင်၌ ရစ်ဝဲ နေ၏။
နဂါး သွေးလွှတ်ကြော များမှာ၊ ပေပေါင်း (၁၇၀၀၀) နီးပါး ရှည်လျား လာသည်။ ၎င်းမှာ ကျန့်ကျင်းရှန်နှင့် မယှဉ်နိုင် သော်လည်း ဘီလူး တစ်ကောင် ဖြစ်နေဆဲ ပေပင်။
ကြာပန်း ကိုးပွင့် လုံးက၊ ရွှေရောင် စွမ်းအင် များဖြင့် ပံ့ပိုး ပေးနေ၏။ ၎င်းတို့မှ ရွှေနဂါး အရိုး ကို၊ လုံးဝ သန့်စင်ပြီး ဖြစ်သည်။
ထို့ကြောင့် သူ့အတွက် အထောက် အပံ့ ဖြစ်စေသော နတ်ရူရ် စွမ်းအင်ကို ထုတ်လွှတ် ပေးလာ နိုင်ခြင်း ဖြစ်၏။
မျက်ဝန်းများ ဖွင့်လိုက် သည်နှင့်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု လွင့်စင် သွားသည်။
နဂါး သွေးလွှတ်ကြောမှာ၊ အဌမ အဆင့် အထွတ် အထိပ် ရောက်ရှိပြီ ဖြစ်သည်။ အပြင် ထွက် သည်နှင့်၊ ကောင်းကင် ဒုက္ခကို ခံစား ရနိုင်၏။
ယခင်က ထိုဒုက္ခ များကို ကြောက်ရွံ့ခဲ့ သော်လည်း၊ ယခုမူ ဘဝနှင့် သေခြင်း အတွေ့ အကြုံ တစ်ခု အဖြစ်၊ ခံယူ လိုက်သည်။
ကောင်းကင် အမိုးဓား သည်လည်း၊ အဆင့်မြင့် ကျွမ်းကျင်မှု ရရှိ လာပြီး ဖြစ်သည်။ ထို့ကြောင့် အသက်နှင့် သေခြင်းကို ရင်ဆိုင်ကာ၊ အောင်မြင်မှု ထပ်မံ ရယူ ရပေ ဦးမည်။
***