← Chapters

အဆင့်မြင့် ကျွမ်းကျင်မှု။

Vol. 130 Ch. 1812

အဆင့်မြင့် ကျွမ်းကျင်မှု။

Vol. 130 Ch. 1812

ပေ တစ်သောင်း ခုနစ်ထောင် ရှည်လျားသော နဂါး သွေးလွှတ် ကြောဖြင့်၊ လင်းယွန်က ရေကန် ပေါ်တွင် ရပ်နေသည်။

ကောင်းကင် အမိုးဓား ကျွမ်းကျင်မှုအား၊ ကနဦး၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် ပြီးပြည့် စုံမှု ဟူ၍ လေးမျိုး သတ်မှတ်၏။

ကနဦးမှ အလယ် အလတ်သည် ကွာခြားခြင်း မရှိချေ။ အလယ် အလတ်မှ အဆင့်မြင့်သို့ ကူးပြောင်း မှသာလျှင်၊ အသွင်ပြောင်းမည် ဖြစ်မည်။

ပြီးပြည့် စုံသော ကျွမ်းကျင်မှုနှင့် ပတ်သက် ၍မူ၊ မည်မျှ အစွမ်းထက် မည်ကို စိတ်ကူး မယဉ် နိုင်ခေျ။

ကောင်းကင် ဒုက္ခတွင် မသေဆုံး ပါက ကိုယ်လုံး ကိုယ်ပေါက် အသွင် ပြောင်းလဲ သွားရုံ သာမက၊ ဓား ရည်ရွယ်ချက်လည်း တိုးတက် လာပေ လိမ့်မည်။

အနန္တ အကြေးခွံ ချပ်ဝတ်ကို ထုတ်ယူကာ ခေတ္တမျှ စိုက်ကြည့်ပြီး၊ ခေါင်းခါယမ်း လိုက်၏။ ဤအရာကို အသုံးပြု နိုင်သော် အသက် အန္တရာယ်မှ ကင်းလွတ် နိုင်ပေမည်။

သို့သော် သူတော်စင် အမှတ် အသားကို မဖျက်နိုင် ပါက၊ အကျိုး သက်ရောက်မှု ရှိမည် မဟုတ်ချေ။

“ နှမျော စရာပဲ။ ”

ချပ်ဝတ်အား ပြန်လည် သိမ်းဆည်းလျက် ကြာပန်း ကိုးပွင့်အား တစ်ချက် မော့ကြည့်ကာ၊ ထွက်ခွာ လာခဲ့သည်။

“ ဝှစ် ... ။ ”

ပင်လယ် ပြင်၌ ပြန်ပေါ် လာ၏။ လက်ဝှေ့ယမ်းပြီး ပန်းချီကားအား သိမ်းဆည်း လိုက်လေသည်။

တစ်ချိန်တည်း မှာပင် ကြီးမားသော ဖိအားများ ခံစား လာရ၏။ ခေါင်းမော့ ကြည့် လိုက်သော အခါ၊ ကောင်းကင် အရောင် ပြောင်းလဲ လာသည်။

အရာရာ မျှော်လင့် ထားသည့် အတိုင်း၊ ဖြစ်ပျက် လာ၏။ ဒုက္ခ များမှာ အချိန်မှန် လေ သည်။

ကျင့်ကြံမှုမှာ အဌမမြောက် ကန့်သတ်ချက်သို့ ရောက်ရှိ နေပြီ ဖြစ်ပြီး၊ သူ့အား ဆက်နေခွင့် မပေးလို တော့ချေ။

နတ်လိပ် အသွင် ပြောင်းနည်းသည် ရောင်ဝါအား ဖုံးကွယ် ထားနိုင် သော်လည်း ကောင်းကင်မှ မြင်နိုင် သေး၏။

“ ငါ လာ မယ် ... ။ ”

သည့်နောက် ထိပ်တိုက် ရင်ဆိုင်ရန် ဆုံဖြတ်ပြီး၊ မိုးကြိုး တိမ်တိုက်များထံ ပြေးသွား မိတော့သည်။ သူ့နောက်၌ နဂါး သွေးလွှတ် ကြောများ ပေါ်လာ၏။

“ ဂျိန်း ... ။ ”

နဂါးကြီး ရှစ်ကောင် အပြည့် ပွင့်လာပြီး၊ မိုးကြိုး တိမ်တိုက် ပို၍ ထူထပ် လာတော့သည်။ မိုးကြိုး ကိုးစင်း ကောင်းကင်မှ ဆင်းသက် လာ၏။

ယင်းမှာ ကြောက်မက်ဖွယ် ကောင်းပြီး အနား ရောက်ချိန်၌၊ လူသား ဆန်သော ပုံစံများ၊ ပြောင်းလဲ ကုန်သည်။

၎င်းတို့၏ မျက်ဝန်း များတွင် မီးတောက် မီးလျှံများ ပြည့်နှက် နေသည်။ ကောင်းကင်၌ ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ်လျက်၊ လျှပ်စီးများ တဟုန်းဟုန်း မြည်လာ၏။

“ ဟိတ် ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆွဲ ပြီးနောက်၊ လျှပ်စီး လူသား ကိုးယောက်ထံ ခုတ်ပိုင်း လိုက်တော့သည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

ထိပ်တိုက် ရင်ဆိုင်မှု အတွင်း၊ လျှပ်စီးများ သူ့ခန္ဓာ ကိုယ်ထံ၊ ကူးစက်ကာ ဖုံးလွှမ်း သွားခဲ့ သည်။

နဂါး ရူရ်များ ကွဲကြေသွား သောကြောင့်၊ နဂါးပြာ အရိုးမှ ချက်ချင်း ပြန်လည် ဖြည့်တင်း ပေးလာ ခဲ့သည်။

“ ထွက် သွား ... ။ ”

လင်းယွန်က ဓားလွှဲပြီး၊ ကျန်ရှိ နေသော လျှပ်စီး လူသား များထံ၊ ဓား ရောင်ခြည်ဖြင့် ပစ်ခတ် လိုက်သည်။

“ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း။ ”

ခန္ဓာကိုယ် ပေါ်၌ နဂါးရူရ် တစ်သိန်း ပေါ်လာကာ၊ ခရမ်း-ရွှေရောင် နဂါး ရူရ်များနှင့်၊ ကျောက်စိမ်းပြာ ရူရ်များ အသက် ဝင်လာ၏။

“ ဝုန်း ... ။ ”

ပေါက်ကွဲသံ နှင့်အတူ၊ နှဂါး နှစ်ကောင် သူ့ခန္ဓာ ကိုယ်မှ တိုးထွက် လာသဖြင့်၊ ဖုံးလွှမ်း နေသော လျှပ်စီးများ၊ ကွဲထွက် သွားသည်။

ထို့နောက်တွင် နဂါး ပြာနှင့် မိုးပြာ နဂါး အဖြစ် ထင်ရှား လာပြီး၊ သူ့ပခုံး ဘေး ဝဲယာ၌၊ ပျံသန်း လာတော့၏။

လင်းယွန်မှ မျက်လုံးများ မှေးစင်းလျက်၊ မိုးကြိုး တိမ်တိုက် များ၏ ဗဟိုထံ မော့ကြည့် လိုက် လေသည်။

ထိုနေရာ၌ လျှပ်စီး စွမ်းအင်မှာ၊ ရေဝဲကြီး အသွင် လှည့်ပတ် နေသည်။ ကြောက်မက်ဖွယ် ကောင်းသော ဗဟိုချက် ဖြစ်၏။

သူ့ ရည်ရွယ်ချက်မှာ ထိုလျှပ်စီး ဗဟိုထံ တိုးဝင်ကာ၊ ကိုယ်လုံး ကိုယ်ပေါက်နှင့် ဓားအား သန့်စင်ရန် ဖြစ်သည်။

“ ဝှစ် ... ။ ”

ခုခံကာကွယ် ခြင်းသည် ဖြေရှင်းချက် မဟုတ်ချေ။ ဓားသမား များတွင် မာန ရှိသည်။ ဓားကိုင် ထားပါက မည်သို့သော ဒုက္ခ မျိုးနှင့် မဆို ရင်ဆိုင်ရန်၊ သတ္တိ ရှိပေသည်။

လျှပ်စီး လူသား များကို ဖျက်ဆီးပစ် ပြီးနောက်၊ ၎င်းထံသို့ ဦးတည် ပျံသန်းလိုက် လေသည်။ တစ်နာရီ ကုန်လွန် ပြီးချိန်၌၊ သွေးများဖြင့် ဖုံးလွှမ်း လာ၏။

နောက်ဆုံးတွင် ထိုလျှပ်စီး ရေဝဲ အတွင်း ရောက်ရှိ သွား၏။ ၎င်းမှာ လျှပ်စီး ရေကန်ကြီး ဖြစ်နေသည်။

အတွင်း၌ ရှိသော စွမ်းအားသည် လျှပ်စီး လူသား များထက်၊ ဆယ်ဆ ပို အားကောင်းနေ ခဲ့သည်။

မိုးကြိုး တိမ်တိုက် များပေါ်၊ ခရီး တစ်ထောက် နားကာ၊ အနည်းငယ် တုန့်ဆိုင်း သွားသည်။

“ ဟိတ် ... ။ ”

သို့သော် ဆုံးဖြတ်ချက် ချလျက်၊ ခုန်ဆင်း လိုက်ရာ၊ နာကျင်မှုများ ချက်ချင်း ခံစား လာရ လေသည်။ မျက်နှာပင် ရှုံတွ ပုံပျက် သွား၏။

အော်သံ မထွက်နိုင် တော့ချေ။ လျှပ်စီး ရေကန်မှာ ချော်ရည်များ ကဲ့သို့ ပူလောင် နေပြီး၊ သူ့အား စုပ်ယူ သွားသည်။

အလိုက်သင့် ထိုင်ချ လိုက်ပြီး၊ ကောင်းကင် အမိုးဓား ထုတ်ဖော်ကာ၊ လျှပ်စီးဖြင့် သန့်စင်ရန် ကြိုးစား မိသည်။

နဖူးမှ ရွှေရောင် အဆင်းများ ထွန်းလင်း လာ၏။ ယင်းမှာ ဓားသမား တိုင်းတွင် ရှိသော အစွယ် ဖြစ်လေသည်။

ဤဒုက္ခသည် ရေနွေးကြမ်း သောက်ပွဲ၌ ကြုံတွေ့ ရသည့် ဒုက္ခထက်၊ များစွာ ကြောက် စရာ ကောင်းလှ၏။

“ ဂျိန်း ... ။ ”

“ ဝုန်း ... ။ ”

ခုနစ်ရက် ကြာသည် အထိ၊ ပင်လယ်၌ လှိုင်းတံပိုးများ အဆတ်မပြတ် ခဲ့ချေ။ အဘယ့် ကြောင့် ဆိုသော်၊ ကောင်းကင်မှ လျှပ်စီး များက မကြာ ခဏ ဆိုသလို ဆင်းသက် လာနေ သော ကြောင့် ဖြစ်သည်။

ခုနစ်ရက်ကြာ ပြီးနောက်၊ ဆူညံသော ပေါက်ကွဲ သံများ၊ ပဲ့တင် ထပ်လာ၏။ ဓားမြည် သံနှင့် အတူ၊ မိုးကြိုး တိမ်တိုက်များ လွင့်စင် ကုန်သည်။

အမှောင်ထု ပျောက်ကွယ် သွားပြီး နေရောင်ခြည်များ ပြန်လည် တောက်ပ လာ၏။ လင်းယွန်က မျက်လုံး ဖွင့်ကြည့်ကာ၊ အသက် ပြင်းပြင်း ရှူလိုက်သည်။

ပင်ပန်း နွမ်းနယ်မှုနှင့်၊ ဆုံးရှုံး သွားသော သွေးသား စွမ်းအင် များကြောင့်၊ မျက်နှာ အသွင် အပြင်မှာ၊ ကြောက်ခမန်း လိလိ ဖြူဖျော့ နေ၏။

“ နောက်ဆုံးတော့ ငါ အောင်မြင် သွားပြီ။ ”

ကောင်းကင်နှင့် တိုက်ခိုက် ခြင်းသည် တဖြည်းဖြည်း ခက်ခဲ လာခဲ့သည်။ အသက် ဝဝ ရှူလျက်၊ မျက်လုံးများ နောက်တစ်ကြိမ် မှိတ်ချ လိုက်မိ၏။

မိုးပြာ နဂါးက ကောင်းကင်တွင် လှည့်လည်ပြီး၊ နက်ပြာရောင် အလင်း များဖြင့် သူ့ခန္ဓာ ကိုယ်အား တောက်ပ စေသည်။

သည့်နောက် ရောင်ဝါများ ပြန်လည် ဆုတ်ခွာ လာပြီး၊ နွေဦး ရာသီ ကဲ့သို့ သွေးသား စွမ်းအင်များ၊ ဝင်ရောက် လာတော့၏။

မျက်လုံးများ ပြန်ဖွင့် လိုက်သော အခါ၊ မိုးပြာနဂါး မရှိ တော့ဘဲ၊ နဂါးကြီး ကိုးကောင်က သူ့နောက်၌ ထွက်ပေါ် လာသည်။

အရွယ် အစားမှာ၊ ပေ (၆၇၀၀၀) ခန့် ရှည်လျား လာသည်။ ကောင်းကင်ကို ဖုံးလွှမ်း သွားသည် အထိ ကြီးမား လှ၏။

စီနီယာ အစ်ကို ကျန့် နှင့် မယှဉ်နိုင် သော်လည်း မျိုးဆက်သစ် လူငယ်များ ကြား၌၊ အသန်မာဆုံး ဖြစ်မည်မှာ သေချာ၏။

ထို့ကြောင့် အစ်ကို ကျန့်ကျင်းရှန်သည် ပေပေါင်း တစ်သိန်း အထိ မည်သို့ ထိန်းထား နိုင် သည်ကို၊ တွေးတော လာမိသည်။

“ တကယ် အံ့ဩ မိပါတယ် ... ။ ”

လင်းယွန်က တစ်ကိုယ်တည်း ရေရွတ် လိုက်ပြီး၊ ကြည်ညို လေးစားမှုများ ဖြစ်ပေါ် လာသည်။

နဂါး သွေးလွှတ်ကြော များမှာ၊ မီတာ နှစ်သောင်းသို့ ရောက်ရှိ ပြီးနောက်၊ ကိုယ်လုံး ကိုယ်ပေါက် သည်၊ ကန့်သတ်ချက် ရောက်ရှိ သွားသည်။

ဆိုလို သည်မှာ ကောင်းကင် ဒုက္ခအား သူ့ အစ်ကို ကျန့်ကျင်းရှန်က၊ (၁၈) နှစ် ကြာအောင် ထိန်းထား နိုင်ခဲ့၏။

ယင်းသည် သူ၏ ကံကြမ္မာ ဖြစ်သည်။ ဓားဂိုဏ်းမှ ပျောက်ဆုံး သွားသော တောင်ထိပ် နှစ်လုံး၏ အမေွနှင့်၊ ဆက်စပ် နေနိုင်၏။

လင်းယွန် တွင်လည်း ကိုယ်ပိုင် လမ်း ရှိသည်။ ယင်းမှာ နယ်ပယ် တိုင်း၌ အထွတ် အထိပ် ရောက်ရှိရန် ပေပင်။

ကောင်းကင် စံအိမ် ရေကန်တွင် ကြယ်ဆယ်ပွင့် ပင်မ နတ်ဘုရား အဖြစ်သို့ တက်လှမ်း နိုင်ခဲ့သည်။

ထို့ကြောင့် ဒသမ နဂါး သွေးလွှတ်ကြော ရရှိရန်၊ ခိုင်မာသော အခြေခံ အုတ်မြစ် ပါရှိပြီး ဖြစ်သည်။

“ ရွှပ် ... ။ ”

တောက်ထုတ် လိုက်သော ဓားအလင်းက ပန်းသင်္ချိုင်း ဓားထံ ထိမှန်ပြီး၊ ဓား ရည်ရွယ်ချက် ကောင်းကင်ပေါ် ထိုးတက် လာသည်။

၎င်းသည် ကောင်းကင် (၁၃) လွှာကို ဖြတ်ကျော် သွား၏။ ကောင်းကင် အမိုး ဓား၏ အဆင့်မြင့် ကျွမ်းကျင်မှု ဖြစ်လေသည်။

***

All Chapters