ပန်းသင်္ချိုင်း၏ မာန။
Vol. 130 Ch. 1813
ပန်းသင်္ချိုင်း ဓားမှာမူ၊ သူနှင့် ဆယ်မိုင် အကွာသို့ ရောက်သွား သည့်တိုင် ရပ်တန့် သွား ခြင်း မရှိချေ။ ဆက်၍ ပျံသန်း သွားသည်။
လမ်း တစ်လျှောက် ပန်းသင်္ချိုင်းမှ၊ မြင်နေ သမျှသော မြင်ကွင်းများ စိတ်ထဲ ပေါ်လာသည်။ မိုင် (၇၀) ရောက်သည်နှင့်၊ လင်းယွန်မှာ ပျော်ရွှင် လာ၏။
အစ်ကို ကျန့်မှ မိုင် တစ်သောင်း အကွာအဝေးထံ၊ သူ့ဓားကို ထုတ်လွှတ် နိုင်ခဲ့ သည်အား၊ ချက်ချင်း သတိ ရလာသည်။
ထိုစဉ်က နတ်မိစ္ဆာ နယ်မြေမှ သူ့အား ဓားပစ် လွှတ်ကာ ကယ်တင် ပေးခဲ့၏။ ဆိုလို သည်မှာ ကျန့်ကျင်းရှန် ဓားသည်၊ သူ့ထက် အဆပေါင်း များစွာ သာလွန်သည်။
(၁၈) နှစ် တိုင်တိုင် အကျဉ်းချ ခံထားရ သော်မှ၊ သူ့ဓားမှာ တိုးတက် နေခဲ့သည်။
“ သတ္တမ တန်းလား ... ။ ”
သို့သော် သတ္တမတန်း မဖြစ် နိုင်ဟု ထင်သည်။ မူရွှမ်ကောင် ဓား ရည်ရွယ်ချက် ပင်၊ သတ္တမတန်း တွင်သာ ရှိသည်။
ပန်းသင်္ချိုင်းမှာ မိုင် (၇၀) ကျော်လွန် ပြီးနောက်၊ ပျံသန်း နိုင်ရုံ မျှသာ ရှိတော့သည်။ ထိုစည်က သူ့ကို ကယ်တင်ရန် အစ်ကို ကျန့်မှ သက်ရောက် မှုအား တိုးချဲ့ ခဲ့ပုံ ရသည်။
“ ပြန် လာ ခဲ့ ... ။ ”
လက်ဝှေ့ ယမ်းပြီး ပန်းသင်္ချိုင်း ဓားကို၊ ပြန်ခေါ် လိုက်၏။ အဆုံးတွင် နဂါး အလား ပြန် လှည့်လာပြီး၊ သူ့ကို လှည့်ပတ် ပျံဝဲ နေ တော့သည်။
သန်မာ လေလေ၊ အစ်ကိုကျန့် ခွန်အား အပေါ်၊ နား မလည်နိုင် ဖြစ်လေလေ ဖြစ်သည်။ ဓားဂိုဏ်းအား မြင့်မြတ်မြေ အဖြစ်သို့၊ ပြန်လည် ပို့ဆောင် နိုင်မည်ဟု ထင်ကြ သည်မှာ၊ ဟာသ မဟုတ်ချေ။
“ မင်းရော ပျော်လာ ပြီလား။ ”
လင်းယွန်က ပြုံးကာ မေးလိုက် သဖြင့်၊ ပန်းသင်္ချိုင်း ဓားမှ၊ အနည်းငယ် တုန်ခါလျက်၊ သူ့အား တုံ့ပြန် သည်။
ဓားကို ဆွဲကိုင် လိုက်သော အခါတွင်၊ ကြောက်မက်ဖွယ် တုန်လှုပ် ချောက်ချားစေ သည့်၊ စွမ်းအားများ စီးဝင် လာသည်။
ဘုန်း သတ္တု ဝိညာဉ်မှာ တွင်းနက်ကြီး အလား အသက်ဝင် လာခြင်း ဖြစ်၏။
“ ဘုန်းဝိညာဉ် တော်ကို အသက် သွင်း လိုက်ရင် ... ဘုန်း ဝိညာဉ်တော် ချပ်ဝတ် အပေါ်၊ ချိုးဖြတ် နိုင်မယ် ထင်တယ်။ ”
ကောင်းကင် အမိုးဓားမှာ ပို၍ ပြတ်ရှ လာသဖြင့်၊ အစွမ်းထက် လာခြင်း ဖြစ်လေ သည်။
ဘုန်း ဝိညာဉ် တော်ကို၊ အသက် သွင်း ကြည့်ရာ၊ နဂါး မူလ လေးပုံ-တစ်ပုံ ကုန်ဆုံး သွား လေသည်။
အမြင် အာရုံမှာ ရုတ်တရက် ကျယ်ပြန့် ပြတ်သား လာပြီး၊ ကောင်းကင် ကြီး အလား၊ သူ့ကိုယ်သူ ခံစား လာရ၏။
ပန်းသင်္ချိုင်း ဓား၌ ကြယ်ခုနစ်လုံး ရှိပြီး၊ ကြယ်တစ်လုံး စီတွင် သူတော်စင် ရူရ်ပေါင်း သောင်း ဂဏန်းခန့် ပါရှိ၏။
ထိုသူတော်စင် ရူရ် များကို၊ အသက်သွင်း ခြင်းဖြင့်၊ ဘုန်း ဝိညာဉ်တော် စွမ်းအား ရရှိမည် ဖြစ်သည်။
“ ငါ အရင်က ကြယ်တစ်လုံးတောင် အသက်မသွင်း နိုင်ခဲ့ဘူး။ ”
လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင်၊ ဤစွမ်းအားကို ထုတ် မယူ နိုင်သည်မှာ၊ သဘာဝ ပေပင်။
ကြယ်ခုလုံး ပတ်ဝန်းကျင်တွင် မှုန်ဝါး နေသော ကြယ်အချို့ ရှိနေ သည်ကို၊ သတိ ပြုမိ လိုက်၏။ ဤသည်မှာ ပန်းသင်္ချိုင်း ဓား အတွင်း ဝှက်ထားသော ဝိညာဉ်များ ဖြစ်ပေမည်။
ထိုကြယ်များအား အကုန်အစင် အသက်သွင်း နိုင်ပါက၊ မည်မျှ အစွမ်းထက် လာမည်ကို၊ တွေးဆ၍ မရ တော့ချေ။
သို့သော် သူ့အတွက် ဝေးလွန်း နေ သေးသည်။ လက်ရှိ အချိန်၌ ကြယ် တစ်စင်း ကိုသာ လင်းစေ နိုင်မည်။
ထို့ကြောင့် ခွန်အား အကုန် လောင်းထည့် ကြည့်ရန်၊ ဆုံးဖြတ် လိုက်မိသည်။ ခရမ်းရောင် နန်းတော် အတွင်းရှိ၊ နဂါး မြစ် ပွက်ပွက်ဆူ လာသည်။
နဂါး မူလ ဆယ်ပုံ-တစ်ပုံ ကုန်ဆုံးသွား ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားက သူ့လက် ထဲမှ ရုန်းကန် စပြု တော့၏။
ကြောက်မက်ဖွယ် စွမ်းအား လှိုင်းများ ပျံ့ကျဲလျက်၊ လေဟာနယ် အက်ကွဲ လာလေ သည်။
“ ရွှပ် ... ။ ”
အသက် ပြင်းပြင်း ရှူပြီး၊၊ ထိုသို့ စုရုံး လာသော စွမ်းအားကို ထုတ်ဖော်ရန်၊ ဓားလွှဲချ လိုက်သည်။
ဓားရောင်ခြည် တစ်စင်းက၊ မိုင်ရာချီ ဖြတ်ကျော် သွားသည်။ အဝေး တစ်နေရာ၌ ကောင်းကင်ကြီး ထက်ခြမ်း ကွဲလာ၏။
ထို့နောက် ဓား ရောင်ခြည်မှာ၊ ပင်လယ်ထဲ ကျဆင်း သွားပြီး၊ ရေမျက်နှာပြင်ကို နှစ်ခြမ်းခွဲ ပစ်လိုက်သည်။
ဤလျှိုမြောင်၏ အနက်မှာ၊ ကြောက်မက်ဖွယ် ကောင်းပြီး၊ လှိုင်းမှာ မြင့်မား လာသော ကြောင့်၊ လိပ်နက် ပင်လယ်ကွေ့ ကိုပင်၊ မမြင်နိုင် တော့ချေ။
တုန်လှုပ် စရာ မြင်ကွင်း ဖြစ်၏။ ရေပြင်ရှိ လျှိုမြောင်ကြီး ပြန်ပိတ် သွားချိန်၌၊ ကောင်းကင် အက်ကြောင်း သည်လည်း၊ ပြန်စိ သွားသည်။
ပေတစ်ထောင် မြင့်သော ရေစုပ်ဝဲကြီး တစ်ခုပေါ် လာ၏။ ဤသည်မှာ ကြယ် တစ်စင်း လင်းခြင်း၏ စွမ်းအား ပေပင်။
ကြယ်ခုနစ်လုံး ကိုသာ လင်းစေသော်၊ သွေးပျက်ဖွယ် ကောင်းလာ နိုင်မည်။ ဓားရှိ တောက်ပသော အဆင်းများ၊ မှိန်ဖျော့ သွားသည်။
သိုသော် ၎င်းသည် သူ့ အစွမ်းကို ပြသ နိုင်ခဲ့သော၊ ကလေးငယ် တစ်ယောက် ကဲ့သို့ ဂုဏ်ယူ နေချေ၏။
“ ကောင်းပြီ ... ၊ အနန္တ အကြေးခွံ ချပ်ဝတ်ကို ဖြတ် မကျော် နိုင်တာ ငါ့ အပြစ်ပဲ၊ မင်းနဲ့ မဆိုင် ပါဘူး၊ ဟုတ်ပြီလား ... ။ ”
၎င်း၏ ဆိုလိုရင်းကို နားလည်လာ သဖြင့်၊ လင်းယွန်မှ ဝန်ခံ လိုက်ရသည်။ ပန်းသင်္ချိုင်းက ကျေနပ် သွားချေ၏။
ထွက်ခွာရန် အလျင် မလို သဖြင့်၊ အနား ယူရန် ဆုံးဖြတ် လိုက်သည်။ လျှပ်စီးကန် ထဲ၌ နေခဲ့ခြင်းသည် သူ့အား ထိုးထွင်းဉာဏ် အချို့အား ရရှိထား စေသည်။
မိုးပြာ နဂါးနှင့် နဂါးပြာ သူတော်စင် ခန္ဓာကိုယ်အား ပေါင်းစည်းရန်၊ ပျက်ကွက်သွား သော်လည်း၊ အဓိပတိ နဂါး တံဆိပ်အား ပို၍ နားလည် လာ၏။
၎င်းတံဆိပ်ကို ဖန်တီး နိုင်သ၍၊ သူ၏ သူတော်စင် ခန္ဓာကိုယ် နှစ်ခုအား၊ ပေါင်းစည်း နိုင်ပေမည်။
ဆိုလို သည်မှာ၊ အဓိပတိ နဂါး တံဆိပ် ဟူသည်၊ မိုးပြာ နဂါး နတ် ခန္ဓာကိုယ် အဖြစ်သို့ သွားရာ လမ်းဖြစ် နေချေပြီ။
***