← Chapters

ဓားနှင့် လူ တစ်သားတည်း ... ။

Vol. 130 Ch. 1814

ဓားနှင့် လူ တစ်သားတည်း ... ။

Vol. 130 Ch. 1814

လင်းယွန်က လက်ချောင်းများ ပေါင်းစပ် လိုက်ပြီး၊ အဓိပတိ နဂါး တံဆိပ်ကို ဖွဲ့စည်း ခဲ့ သည်။

ခရမ်း-ရွှေရောင်နှင့် ကျောက်စိမ်းပြာ နဂါးရူရ်များ ခန္ဓာကိုယ်၌ ဖြစ်တည် လာ၏။ အရိုးကွဲသံများ ကြားနိုင်ပြီး၊ နေရာလပ် မကျန်အောင် ပြောင်းလဲ နေသည်။

နဂါး အငွေ့ အသက်များ ရုတ်တရက် ပေါက်ကွဲ လာကာ၊ လက်၌ ရောင်ခြည် ခုနစ်မျိုး ပွင့်လာ၏။

ထို့နောက်တွင် သာမန် မျက်စိဖြင့် မြင်နိုင်သည့်၊ တုန်လှုပ် ချောက်ချား ဖွယ်ရာ ရောင်ဝါများ လှိုင်းထ လာခဲ့သည်။

ခန္ဓာ ကိုယ်သည် နှစ်ဆမျှ ဖောင်းကား လျက်၊ မျက်ဝန်း အတွင်း၌ မီးလျှံများ လောင် ကျွမ်း လာတော့၏။

တစ်ဖက်တွင် ခရမ်း-ရွှေရောင် မီးလျှံများ ဖြစ်ကာ၊ ကျန် တစ်ဖက်တွင် ကျောက်စိမ်းပြာ မီးလျှံများ ဖြစ်သည်။

အဓိပတိ နဂါး တံဆိပ်သည်၊ နဂါး သူတော်စင် ခန္ဓာကိုယ် နှစ်ခုကို၊ အတင်း အဓမ္မ ပေါင်းစပ် စေခဲ့၏။

ဤအရာက လင်းယွန် ခန္ဓာ ကိုယ်၌ များပြားလှသော ပေါက်ကွဲ စွမ်းအား များဖြင့်၊ ပြည့်နှက် လာစေသည်။

အကြည့် နှင့်ပင်၊ လေးလံသော ဖိအားများ ခံစား စေရမည် ဖြစ်၏။ ခရမ်းရောင် နန်းတော်ရှိ နဂါး မြစ်မှာ ကျယ်ပြော လာသည်။

“ ဟိတ် ... ။ ”

လက်သီး ထိုးထုတ် လိုက်သော အခါ၊ လေဟာနယ် အတွင်း၌ နဂါး ဟောက်သံများ ညံကုန် တော့သည်။

ပင်လယ်ပြင် လှိုင်းထလျက်၊ လှိုင်းခုံးသည် အမြင့်ပေ ရာဂဏန်း အထိ၊ လျင်မြန်စွာ ရောက် ရှိလာသည်။

လှိုင်းလုံး ကြီးက မီတာ ထောင်ဂဏန်း အကွာသို့၊ ရွေ့လျား ပျောက်ကွယ် သွားလေ သည်။

ထိုလက်သီးတွင် သိုင်းပညာရပ် မပါချေ။ အရိုင်း ဆန်ဆန် ထိုးလိုက် ခြင်းသာ ဖြစ်သည်။ စွမ်းအားမှာ ကြောက်စရာ ကောင်း၏။

“ ဘယ်လိုတောင် အစွမ်းထက် လိုက်လဲ။ ”

ခရမ်းရောင် နန်းတော် အတွင်းရှိ နဂါး မြစ်မှာ၊ ပေါက်ကွဲ လိုသော မီးတောင်နှင့် တူပြီး၊ ခန္ဓာကိုယ် အနှံ့၊ စီးဆင်း လာသည်။

ချော်ရည် ပူများ ကဲ့သို့၊ ပျင်းပြသော ပေါက်ကွဲ စွမ်းအား ပါနေ သဖြင့်၊ စိတ်လှုပ်ရှား လာတော့သည်။ မျှော်လင့် ထားသည်ထက်၊ အဆပေါင်း များစွာ ကျော်လွန်၏။

“ ဒါ ... မိုးပြာ နဂါး နတ်ခန္ဓာ ကိုယ်လား။ ”

လင်းယွန်မှ ရေရွတ် လိုက်သည်။ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်း နေသည့်၊ စွမ်းအင်များနှင့် မရင်းနှီး သေးသော်လည်း၊ ကြမ်းရှ ခမ်းနား သည်ကို ခံစား လာရ၏။

တစ်ချိန်တည်း မှာပင်၊ အရည်ပြား ပေါ်၌ နဂါးရူရ် အမျိုးအစား အသစ်များ ပေါ်လာသည်။ ယင်းက အနက်ရောင် ဖြစ်ပြီး၊ အလယ်တွင် ကြက်သွေးရောင် အမျှဉ်များ ပါရှိ၏။

“ ဟိတ် ... ။ ”

၎င်းစွမ်းအားနှင့် ရင်းနှီး စေရန်၊ နေ-လ လက်သီးကို ဆက်၍ လေ့ကျင့် သည်။ ပင်လယ် ရေမျက်ပြင်ပေါ် လျှပ်စီးများ ခတ်လာ၏။

လေပြင်းများ တိုက်ခတ်ကာ၊ မိုးခြိမ်း သံများညံ ကုန်သည်။ တစ်ချက် လှုပ်လိုက် ရုံဖြင့် မိုးကြိုး မုန်တိုင်းအား၊ အလွယ် တကူ ဆင့်ခေါ် နိုင်ပြီ ဖြစ်၏။

“ ဝုန်း ... ။ ”

လက်သီး ဆုပ်ပြီး စွမ်းအားကို၊ ထုတ် လိုက်သော အခါ၊ ပေ တစ်ထောင်ခန့် မြင့်မား သည့် လှိုင်းလုံးများ၊ မိုင်တစ်ထောင် အတွင်း တဝုန်းဝုန်း ရိုက်ခတ် လာသည်။

ကောင်းကင်တွင် မိုးကြိုး မုန်တိုင်းများ ထန်လာသော အခါ၊ လင်းယွန် မျက်ဝန်း များရှိ၊ မီးတောက်များ တဖြည်းဖြည်း ကွယ်ပျောက် သွား၏။

အသက် ရှူသွင်း လိုက်ချိန်၌၊ မျက်ဝန်များ ပြန်၍ တောက်ပ လာသည်။ မောပန်း နွမ်းနယ် နေ သော်လည်း ကျေနပ် အားရ လာ၏။

“ တကယ့်ကို အစွမ်းထက် ပါပေတယ်၊ ဒါပေမယ့် ... အကုန် အစင်တော့ မဟုတ်သေး ဘူး။ ”

ဤသည်မှာ မိုးပြာ နဂါး နတ်ခန္ဓာ၏ အပေါ်ယံ စွမ်းအား ဖြစ်လေသည်။ အဓိပတိ နဂါး တံဆိပ်ဖြင့်၊ အတင်းအကြပ် ပေါင်းစည်း ခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် နဂါး ဘုရင် ခန္ဓာကိုယ်အား လေ့ကျင့်ရန်၊ မရွေးချယ် မိခြင်း အပေါ်၊ ကေျးဇူး တင်မိသည်။ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့ ချေ၏။

“ နတ်ဘုရား ပုံရိပ်ယောင် ဓားကို ... စမ်းကြည့် ရအောင်၊ ကောင်းကင် အမိုးဓားက အစွမ်းထက် လာပြီ ဆိုတော့၊ အောင်မြင်မှု တစ်ခု ထပ်ရ နိုင်တယ်။ ”

နတ်ဘုရား ပုံရိပ်ယောင် ဓားသည် အိုင်းရစ်ဓား သူတော်စင်မှ ချန်ခဲ့သော လျှို့ဝှက် နည်းစနစ် ဖြစ်၏။

သူနှင့် အတူ အချိန် အတော်ကြာ တိုက်ပွဲ ဝင်နိုင် ခဲ့သည်။ ထိုနည်းစနစ်ကို အဆင့် ငါးဆင့် ခွဲခြား ထား၏။

လက်ရှိ အဆင့်မှာ၊ တတိယ အဆင့် နှလုံးသား ချိတ်ဆက်ခြင်း၊ ဝိညာဉ်ရေး ဓား ဖြစ်သည်။

စတုတ္ထ အဆင့် မဟာ ကပ်ဘေးနှင့် ပဉ္စမအဆင့် ကြယ်တာရာ ဆင်းသက်ခြင်း တို့ ကျန်ရှိ နေသေးသည်။

ပယင်း ကမ္ဘာတွင် ရှိနေစဉ်၊ ဤလျှို့ဝှက် နည်းစနစ် အပေါ်၊ ရှင်းလင်းချက် များသည် ချဲ့ကား လွန်း သည်ဟု ထင်ခဲ့သည်။

ယင်းက သူ့အမြင် နိမ့်ပါး နေခြင်း ကြောင့်သာ ဖြစ်ကြောင်း၊ လက်ရှိ အချိန်၌ သိလိုက် ရပြီ ဖြစ်သည်။

ပဉ္စမ အဆင့်သည် ကြယ်တစ်ပွင့်ကို လက်ညှိုးတစ်ချက် တည်းဖြင့် ဖျက်ဆီး ခြင်းဟု ဆိုထား ခဲ့ခြင်း ဖြစ်၏။

၎င်းသည် အချို့သော ဖြစ်စဉ်ကို ရည်ညွှန်းခြင်း ဖြစ်လေသည်။ ပင်လယ်ပြင် အနှံ့၊ ဓား ရောင်ခြည်များ ပြည့်နှက် လာသည်။

အကြိမ် ထောင်ပေါင်း များစွာ ကြိုးစား ပြီးနောက်၊ အတွေး တစ်ခု ပေါ်လာ ခဲ့သည်။ မျက်လုံးများ မှိတ်ချလျက်၊ ထိုအတွေး နောက်သို့ လိုက်ပါ နေမိ၏။

နတ်ဘုရား ပုံရိပ်ယောင် ဓားအား အပ်စိုက်မှတ်များ အတိုင်း လှည့်ပတ် ကြည့်ခြင်း ဖြစ်သည်။

မျက်လုံးများ ပြန်ဖွင့် လိုက်သော အခါ၊ နဖူးပြင် ပူလောင် လာပြီး၊ ကောင်းကင် အမိုး ဓား ပျံ့နှံ့ သွား၏။

နဂါး မူလကို သိပ်သည်းလျက်၊ ရွှေလူသား၏ ခြယ်လှယ်မှု အောက်တွင် ဓား ပင်လယ်မှ၊ မိုးပြာ နဂါး ထွက်လာသည်။

များမကြာခင် အိုင်းရစ် သူတော်စင် တံဆိပ် အတွင်း၊ ပေါင်းစည်း သွားလေသည်။ တံဆိပ်မှ မိုးကြိုး မုန်တိုင်းများ ဖြာထွက် လာ၏။

ယင်းကြောင့် သူ၏ ညာလက် လေးလံပြီး၊ အဖြူရောင် ကျောက်စိမ်းတုံး ကဲ့သို့၊ အပြစ်ကင်း သွားလေသည်။

“ ဝူး ... ။ ”

ခန္ဓာကိုယ် အတွင်းမှ ဓားမြည် သံများ ထွက်ကာ၊ ပင်လယ် ရေမျက်နှာပြင် ပေါ်သို့ ရေဓားများ တိုးထွက် လာသည်။

ရေဓား များသည် ခပ်ဖျော့ဖျော့ တောက်ပလျက်၊ ထက်ရှသော ဓား ရည်ရွယ် ချက် ပါရှိ၏။

အရေ အတွက်မှာ၊ ထောင်ဂဏန်းခန့် ရှိလေသည်။ မြေပြင်၌ ပေါက်နေသော မြက်ပင် များနှင့် တူ၏။

“ ရွှပ် ... ။ ”

ဓား ရည်ရွယ်ချက်မှာ၊ အကန့် အသတ် တစ်ခုအထိ ရောက်လာသော အခါ၊ လက်ညှိုးကို တောက်ထုတ် လိုက်၏။ ရေဓားများ ချက်ချင်း ပြေးထွက် ကုန်သည်။

ရေဓား များမှာ နဂါးများ အသွင် ပြောင်းလဲသွား လေသည်။ ယင်းသည် မိုးပြာ နဂါးများ မဟုတ် ချေ။

မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် ပါဝင် သော်လည်း၊ အရိုး ဖွဲ့စည်း ပုံမှာ ဓား ရည်ရွယ် ချက် ဖြစ်သည်။

“ ဝုန်း ... ။ ”

၎င်းက ဧရာမ နဂါးကြီး ဖြစ်လာပြီး၊ ဆယ်မိုင် အကွာရှိ ရေမျက်နှာ ပြင်၌၊ အပေါက် ကြီး တစ်ခု ဖြစ်သွား စေ၏။

“ ဝေါ ... ။ ”

ပင်လယ် ရေသည် ထိုရေ ချိုင့်ဝှမ်းကြီး အတွင်းသို့၊ အရှိန် အဟုန်ဖြင့် စီးဝင် လာတော့ သည်။

အမွေးတိုင် လောင်ကျွမ်းချိန် တစ်ဝက် ကြာချိန် အထိ၊ ဖြစ်စဉ်များ ဆက်လက် ဖြစ်ပွား နေပြီး၊ ရေချိုင့်ဝှမ်း ကြီးမှာ၊ ပြန် မပိတ်နိုင် သေးချေ။

ယင်းက ချိုင့်ဝှမ်း အတွင်းရှိ၊ ဓား ရည်ရွယ်ချက်ကြောင့် ဖြစ်၏။

“ စတုတ္ထ အဆင့်— မဟာ ကပ်ဘေး ။ ”

လင်းယွန်မှ လက်ကို ပြန်ရုတ်ပြီး အကြည့်များ လေးနက် လာသည်။ လက်ချောင်း နည်းစနစ် မျှသာ ဖြစ်သော်လည်း၊ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ချက်များ ပါရှိ နေ၏။

ထို့ကြောင့် နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ်အား၊ ၎င်းအတွင်း၌ ပေါင်းစည်း နိုင်ပေ မည်။

ကောင်းကင် အမိုးဓား၏ အဆင့်မြင့် ကျွမ်းကျင်မှုသည်၊ နတ်ဘုရား ပုံရိပ်ယောင် ဓားကို၊ ပို၍ အစွမ်းထက် လာစေသော လျှို့ဝှက်ချက် ဖြစ်သည်။

နောက်ဆုံးတွင် လုံလောက်သော ခွန်အား မရှိက၊ ရတနာများ ရှိသော်မှ၊ အချည်း အနှီး ဖြစ် ရပေ လိမ့်မည်။

ဆယ်ရက် ကုန်လွန် ပြီးနောက်၊ လေ့ကျင့်မှုကို ရပ်နား လိုက်၏။ သက်ပြင်း ချလျက်၊

“ ငါ ထွက်သွားဖို့ အချိန် ကျပြီ။ ”

-ဟု ရေရွတ် လိုက်တော့သည်။

ပန်းသင်္ချိုင်း ဓားက၊ ဦးစွာ ပျံထွက် သွားလေသည်။ လင်းယွန်မှ ပြုံးလျက် ၎င်းနှင့် အတူ၊ ကောင်းကင်ပေါ် ပျံတက် လိုက်၏။

“ ဝှစ် ... ။ ”

ဓားနှင့် ဘေးချင်း ယှဉ်မိစဉ်၊ ပန်းသင်္ချိုင်းမှ ပျံသန်း နေသော အဟုန်အား၊ ထပ်မံ တိုးမြှင့် သွား လေသည်။

“ မင်းက ... ပြိုင်ချင် တာလား။ ”

ဤသို့ဖြင့် ဓားနှင့် လူသည် အပြေးပြိုင် လိုက်လာ ခဲ့ကြသည်။ ယင်းက လင်းယွန်အား စိတ်လှုပ်ရှား လာစေ၏။

သူတို့သည် အသက်နှင့် သေခြင်းကို အတူတကွ၊ မျှဝေ ခံစားခဲ့ ကြသော လူနှစ်ဦးနှင့် တူ၏။

“ ဟိတ် ... ။ ”

အနားတွင် ပန်းသင်္ချိုင်း ဓားရှိသော်၊ သူ အထီး ကျန်မည် မဟုတ်ချေ။ ထိုအတွေးက သူ့အား ပျော်ရွှင် စေ၏။ ချက်ချင်း ဓားပေါ် ခုန်တက် လိုက်သည်။

ဓားပေါ် ခြေချ မိသည်နှင့်၊ တစ်သားတည်း ဖြစ်သွားပြီး၊ ပန်းသင်္ချိုင်းမှ အဟုန် ပြင်းစွာ ပြေး ထွက်လာ တော့သည်။

အမြန် နှုန်းမှာ၊ နေ နတ်ဘုရားအား ဖမ်းဆီးခြင်းကို အသုံး ပြုသည် ထက်ပင်၊ ပိုမြန် နေ၏။ ဤသည်မှာ ဓားဖြင့် ခြယ်လှယ်ခြင်း အစွမ်း ပေပင်။

ကောင်းကင် အမိုးဓားကို ဆုပ်ကိုင် မထားသော်၊ ဓားပေါ် ရပ်၍ ဤသို့ ပျံသန်း နိုင် မည် မဟုတ်ချေ။

အဘယ်ကြောင့် ဆိုသော် ဓားနှင့် တစ်သားတည်း မဖြစ်နိုင် သဖြင့်၊ ဓားရွေ့သွား ချိန်၌ ပြုတ်ကျ ကျန်ရစ်မည် ဖြစ်သည်။

ဓားနှင့် အတင်းအကျပ် ချည်နှောင်ကာ၊ ကြိုးစား ပျံသန်းနိုင် သော်လည်း၊ အချိန် အကြာ ကြီး ထိန်းချုပ် နိုင်မည် မဟုတ်ချေ။

ကောင်းကင် အမိုးဓား သည်သာ၊ ဤသို့ တစ်သားတည်း ဖြစ်သွား နိုင်သည်။ ပန်းသင်္ချိုင်း ဓားပေါ်တွင် ရပ်လျက်၊ ရွေ့လျား နေသော မြင်ကွင်း များကို ငေးကြည့် နေမိသည်။

ဓား ရည်ရွယ်ချက်၏ အရှိန်သည် အမှန်တကယ် ကြောက်စရာ ကောင်းပြီး၊ သူ့ အမြင်ကို ဝေဝါး စေ၏။ သူ့ ရောင်ဝါ ဖြင့်ပင်၊ ဖုံးအုပ် ထားသည်။

သူ့ရှေ့၌ တစ်စုံ တစ်ယောက် ရပ်နေ ကြည့်သော်၊ ဓားမရောက်ခင် အပိုင်းပိုင်း ပြတ် တောက် သွားပေ လိမ့်မည်။

တောင်ကြီး တစ်လုံးပင် ချွင်းချက် မရှိချေ။ ဦးတည်ရာ အရပ်အား လာရာလမ်း အတိုင်း ပြန် ခဲ့ သဖြင့်၊ လိပ်နက် သင်္ဘော များစွာကို တွေ့ရှိ လာခဲ့သည်။

“ ... .. ။ ”

၎င်းတို့အား ဖြတ်ကျော်ကာ၊ လိပ်နက် ပင်လယ်ကွေ့ အနား ရောက်ချိန်၌ သာယာ သော တေးသွားကို ကြားလိုက် ရသည်။

မဟာ သူတော်စင် အသံ ဖြစ်၏။ ယင်းက ရည်ရွယ်ချက် ရှိရှိ၊ တီးခတ် နေခဲ့ခြင်း ဖြစ်လေ သည်။

ဆိုလို သည်မှာ၊ ဂီတ တာအိုအား အတိုင်းအတာ တစ်ခု အထိ၊ အောင်မြင် ထားသူ တစ်ဦးဟု ပြောနိုင်၏။

လင်းယွန်က ရပ်တန့် လိုက်သည်။ ဤသည်မှာ အဲဟူ အသံဖြစ်သည်။ အဲဟူကို လူ သုံးယောက်သာ ကစား နိုင်၏။ ထို့ကြောင့် ၎င်းအသံ ထွက်ပေါ် လာရာ အရပ်ထံ၊ ပျံသန်း လိုက်သည်။

များ မကြာမီ အဲဟူ ကစား နေသော၊ သူတောင်းစား အဖိုးကြီးကို မြင်လိုက် ရသဖြင့်၊ ရပ်တန့် လိုက်သည်။

“ ဝှစ် ... ။ ”

ဓားပေါ်မှ သပ်ရပ်စွာ ခုန်ဆင်း လိုက် ပြီးနောက်၊ ဓားအိမ်ထဲ ပြန်သွင်း လိုက်သည်။ အဖြူရောင် ၀တ်စုံကြောင့်၊ သူတောင်းစား အဖိုးအိုနှင့် ယှဉ်က၊ သူ့အသွင်မှာ များစွာ သားနား နေ၏။

“ အဖိုးကြီး ... ၊ မင်းက တော်တော် တိုးတက်လာ တာပဲ။ ”

လင်းယွန်မှ ပြုံး လိုက်သည်။ ဤသူတောင်းစား ကြီးမှာ၊ ကူကျွင့် ဖြစ်မှန်း သူ သိပြီး ဖြစ်လေသည်။

“ ထင်ရ တာပဲ၊ ဒါပေမယ့် ... ဒါဟာ သူတော်စင် အကြီး အကဲရဲ့ ... ၊ ဆူးတယော မဟုတ် သလို၊ တာအို ရစ်သမ်လည်း မပါတော့ ဝမ်းနည်း စရာ ပါပဲ။ ”

ကူကျွင့်က ဝိုင်အား တစ်ကျိုက် မော့သောက်ကာ၊ အဲဟူအား ဘေးသို့ ချလိုက် သည်။

“ မင်း ဘာလို့ ... ၊ နောက်ကျ နေတာလဲ၊ ငါစောင့်နေတာ တစ်လ ကျော်ပြီ ... ၊ လေဓား သခင်ရော ဘယ်ရောက် သွားလဲ။ ”

“ သေပြီ ... ။ ”

လင်းယွန်မှ ပေါ့ပေါ့ ပါးပါး ပြန်ဖြေ လာသဖြင့်၊ ကူကျွင့်မှာ မျက်ခုံးပင့် လိုက်မိသည်။ ၎င်းတို့တွင် လောက နိယာမ ကျွမ်းကျင်သူ လေးဦး ပါ၏။

လေဓားသခင် အပါ အဝင် (၅)ဦး ပေပင်။ သည့်အပြင် လေဓား သခင်မှာ၊ ပါရမီရှင် တစ်ပါး ဖြစ်ပြီး၊ ဝှက်ဖဲများ ရှိပေ၏။

မဟုတ်သော် လျူ မိသားစုမှ လာခွင့် ပေးမည် မဟုတ်ချေ။ အထူး သဖြင့် လိပ်နက် ပင်လယ် ကွေ့ထံ ဖြစ်သည်။

“ မင်း ... ဘယ်လို လုပ်လိုက် တာလဲ။ ”

“ လောလောဆယ် အဲဒီ အကြောင်း ခဏထား လိုက်ရအောင် ... ၊ အခု အခြေ အနေ ဘယ်လို ရှိလဲ၊ လမ်းမှာ လိပ်နက် သင်္ဘောတွေ အများကြီး တွေ့ခဲ့တယ်၊ ဘာလို့ ဒီလောက် များလာရ တာလဲ။ ”

ဓားကို ဘေးတွင် ချလျက် လင်းယွန်မှ မေးပြီး၊ မြေပြင်ပေါ် ထိုင်ချ လိုက်လေသည်။

“ အကြောင်းရင်း နှစ်ချက် ရှိတယ်၊ တစ်ချက်က ... ငှက်မွှေး နတ်မိစ္ဆာ အမိန့် ကြောင့်ပဲ။ ”

ယင်းက သူ့ထံ လာကြခြင်း ဖြစ်သည်ဟု ဆိုလိုနေမှန်း၊ လင်းယွန်မှ နားလည် လိုက်သည်။

“ ဒါဆို ... နောက် တစ်ချက် ကရော။ ”

“ လိပ်နက် အမွေ ပေါ်လာပြီ။ ”

ကူကျွင့်မှ သက်ပြင်းချကာ ပြန်ဖြေ လာတော့၏။

***

All Chapters