← Chapters

လင်းရှောင်ကို မထိနဲ့။

Vol. 130 Ch. 1815

လင်းရှောင်ကို မထိနဲ့။

Vol. 130 Ch. 1815

“ လိပ်နက် အမွေက တကယ် ပေါ်လာတာလား ... ။ ”

လင်းယွန်မှ အံ့သြ သွားသည်။ လိပ်နက် အမွေနှင့် ပတ်သက်၍ ကောလ ဟာလ များသာ ရှိခဲ့သည်။

အချို့သော သူများမှာ၊ အပိုင်း အစများ ကိုသာ ရယူနိုင် ခဲ့ပြီး၊ အပြည့် အစုံအား တွေ့မြင် ဖူးခြင်း မရှိခဲ့ ကြချေ။

ထို့ကြောင့် အမွေ ပေါ်လာ သည်ဟု ကြားသော အခါတွင် သဘာဝ အတိုင်း တုန်လှုပ် သွားခဲ့သည်။

ခေါင်းငြိမ့်လျက် ကူကျွင့်မှ ဆက်ပြော၏။

“ ပင်လယ်ကွေ့ ကြမ်းပြင် ကနေ၊ မြေအောက် နန်းတော် တစ်ခု ပေါ်လာ မယ်လို့၊ လူတိုင်းက ယုံကြည် ထားတယ်၊ ဒါကြောင့် အနီးဆုံး ကျွန်းပေါ် ကနေ စောင့်ကြည့် နေကြတယ်၊ ...

... အခု လောလော ဆယ်တော့ အဲဒီ နေရာက တားမြစ်ဇုန် ဖြစ်နေ တုန်းပဲ၊ ဖြစ်စဉ် တွေက အားကောင်း နေသေးတယ်။ ”

“ ဟုတ်ပါပြီ ... ၊ ဒါနဲ့ အဖိုးကြီး ... မင်းက ဘာလာ လုပ်တာလဲ။ ”

ကူကျွင့်သည် အမည်ခံ သူတော်စင် နယ်ပယ်သို့ အချိန် မရွေး ဝင်ရောက် နိုင်သဖြင့်၊ ဤခရီးမှာ အန္တရာယ်များ လှသည်။

နတ်ဘုရား များ၏ စွမ်းအင်ကြောင့်၊ မြင့်မားသော ကျင့်ကြံမှု ရှိသူ များကို၊ အာရုံ ခံမိပါက ပေါက်ကွဲ သေဆုံးစေ နိုင်သည်။

“ ဒါက မိုးကြိုး လိပ်နက် မျိုးရိုးရဲ့ အမေွ ဖြစ်ဖို့ များတယ်၊ သူတို့မှာ မင်းရဲ့ နဂါး ဝိုင်ထက် လုံးဝ နိမ့်ကျခြင်း မရှိတဲ့ ... ၊ ဝိုင်းတွေ ရှိနေမှာ အသေ အချာပဲ။ ”

“ မိုးကြိုး လိပ်နက် အမွေ ဆိုတာ သေချာလား၊ ဘာလို့ အဲဒီလောက် သိနေ ရတာလဲ၊ အဖိုးကြီး မင်းကိုယ်မင်း လိပ်နက် မိသားစု ဝင်လို့ ... ဝန်မခံ လိုက်နဲ့။ ”

တစ်ချိန်က ဤအကြောင်း အရာ များကို ဆွေးနွေးစဉ်၊ ရယ်ကာ မောကာဖြင့် ကူကျွင့်၏ မူလကို ထုတ်မေး ဖူး၏။

စိတ်ထဲ ရှိလှသည် မဟုတ် သော်လည်း သံသယသာ အနည်းငယ်သာ ဝင်ခဲ့သည်။ ယခုမူ မိုးကြိုး လိပ်နက် အမွေ ဖြစ်သည်ဟု၊ အခိုင် အမာ ဆိုလာ သဖြင့် သေချာ သလောက် ရှိလာ၏။

ဝယ်ယူ ထားသော ဝါးလိပ်တွင် ထိုအကြောင်း အရာနှင့် ပတ်သတ်ပြီး၊ မည်သည့် အကြောင်း အရာမျှ၊ မပါ ဝင်ချေ။

မြေအောက် နန်းတော် အတွင် ဝှက်ထားသည့် ဝိုင်များနှင့် ပတ်သက်မူ သာ၍ ဆိုးသည်။ သဲလွန် စပင် မဖော်ပြ မထားချေ။

“ ငါ မဟုတ်ဘူး၊ စိတ်ရှုပ် ခံမနေနဲ့ ... ။ ”

ကူကျွင့်က ချက်ချင်း ငြင်းသည်။

“ ကောင်းပြီ ... ၊ မင်း မဟုတ် ဖူးလို့ပဲ ထားလိုက် ရအောင်၊ ဒါနဲ့ ... လိပ်နက် ဘိုးဘေး အကြောင်း ကြားဖူးလား။ ”

ကူကျွင့်၏ တုန့်ပြန်မှု အရ၊ ထင်ကြေးမှာ သေချာ သလောက် ရှိသည်။ လင်းယွန်မှ ပြုံးပြီး အကြောင်း အရာ ပြောင်း လိုက်၏။

“ ဘာလို့ မေးတာလဲ ... ။ ”

“ ဘာမှ မဟုတ် ပါဘူး၊ ဒီလိုပဲ မေးကြည့်တာပါ။ ”

ဘိုးဘေး ပင်လယ် လိပ်နက်သည်၊ လိပ်နက် အမွေကို စိတ်ဝင် စားသော်၊ သူ့အား လာရှာရန် တစ်ချိန်က ပြောခဲ့ ဖူး၏။

သို့သေည် ၎င်းမှာ မည်သည့် အရပ်၌ ရှိမှန်း မသိချေ။ ကူကျွင့်က လင်းယွန်၏ အကြည့်ကို ရှောင်ပြီး၊

“ လိပ်နက် ဘိုးဘေး တွေက၊ အရှေ့ ပင်လယ်ရဲ့၊ ဘိုးဘွားပိုင် မြေမှာ ရှိနေ တယ်လို့ ကြားဖူးတယ်၊ အဲဒီမှာ သွေးသန့် စင်တဲ့ လိပ်နက်တွေ ရှိတယ်။ ”

“ မိုးကြိုး လိပ်နက် ကရော သွေးသား မသန့်စင် ဖူးလား ... ။ ”

“ ငါ မင်းကို အရင်က ပြောဖူး ပါတယ်၊ လိပ်နက် မိသားစုက လူသား တေွနဲ့ ပေါင်းဖက် ပြီး၊ သူတို့ရဲ့ မျိုးဆက် တွေကို ထားခဲ့တယ်၊ ဒါကြောင့် လိပ်နက် မျိုးရိုးမှာ၊ ...

... မိသားစု ခုနစ်စု ကွဲထွက် သွားတယ်၊ မိသားစု တစ်စုချင်း စီမှာ ... ၊ မတူညီတဲ့ အရည် အချင်း တစ်ခုစီ ပါတယ်၊ အဲဒီ မိသားစု တေွကို၊ မိုးကြိုး လိပ်နက်၊ မီး လိပ်နက်၊ ရေခဲ လိပ်နက်၊ စသဖြင့် ခွဲခြား ပစ်လိုက်တယ်၊ ...

... အဲဒီထဲမှာ ... အသန်မာ ဆုံးက ကောင်းကင်လိပ် နက်နဲ့ ... မြေကြီး လိပ်နက် မိသားစု ဝင်တွေပဲ။ ”

“ မနည်း ပါလား ... ။ ”

လင်းယွန်က သက်ပြင်းချ လိုက်သည်။

“ အင်း ဟုတ်တယ် ... ၊ နတ်သားရဲ လေးကောင် ထဲမှာ၊ လိပ်နက်က အပြင်း ပြဆုံး ရမ္မက် စိတ် ရှိတယ်။ ”

နှုတ်ခမ်းကို ကိုက်ကာ ချက်ချင်း ရပ်လိုက်သည်။ သူ လျှာချော် သွား သည်ကို ကူကျွင့်မှ သိလိုက် သဖြင့်၊

“ ငါ့ကို မကြည့်နဲ့၊ ငါ့မှာ လိပ်နက် သွေး မရှိဘူး။ ”

“ အရေး မကြီးဘူး ... ၊ ငါတို့ ကျွန်းကို အရင်သွားရအောင်။ ”

မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူများ အပါအဝင် လူတိုင်း ထိုအရပ်၌ စုဝေးနေ ကြမည် ဖြစ်သည်။ ငှက်မွှေး နတ်မိစ္ဆာ အမိန့်သည် လူအများစုကို ဆွဲဆောင် နိုင်လေသည်။

ထို့အပြင် သွေးလဂိုဏ်း သည်လည်း၊ သူတို့၏ အရှက် တရား အတွက် လက်စားချေ လိုကြ ပေမည်။

လင်းယွန် တို့အား မြင်သည်နှင့်၊ ကျွန်း တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။

“ သူက ... နိဗ္ဗာန် ပွဲရဲ့ ... ၊ ချန်ပီယံ လင်းရှောင် မဟုတ်လား၊ သူ လာဖို့ ... သတ္တိ ရှိလား။ ”

“ သူ့ ဘေးက အဖိုးကြီးကို သိလား၊ ဘယ်သူလဲ ကြည့်ရတာ တော်တော် ရွံစရာ ကောင်းတယ်။ ”

“ လင်းရှောင်က ရဲရင့် လွန်းတယ်၊ ဒီမှာ အများစုက လောက နိယာမ ကျွမ်းကျင်သူ တေွပဲ သူ မလာ သင့်ဘူး။ ”

သို့သော် မိုးပြာ နဂါး မျိုးရိုး ဟူသော ဝိသေသသည် အများစုအား ဟန့်တား နိုင်ဆဲ ဖြစ်သည်။ အနည်း ဆုံးတော့ ပြောင်ပြောင် တင်းတင်း မတိုက်ဝံ့ ကြချေ။

တစ်ဖက်တွင် နတ်မိစ္ဆာ အဆင့် သတ်မှတ်ချက်ရှိ၊ ကျွမ်းကျင်သူ များသည်၊ ထိုမျှ လောက် ထည့်သွင်း စဉ်းစားခြင်း မရှိချေ။ အုပ်စု ဖွဲ့ကာ လျှောက်လှမ်း လာကြသည်။

“ မင်းနဲ့ အတူ ... ၊ ငါ့ကို တကယ် ဆွဲချ နေတာပဲ၊ ဝါးခမောက် တစ်လုံး ဝယ် ဖို့တောင် ပိုက်ဆံ မရှိ ဖူးလား၊ ငါက ဝိုင် နည်းနည်းလေး လိုချင် တာပါ၊ ပြဿနာတွေ မလို ချင်ဘူး ... ။ ”

ကူကျွင့်မှ တုန်တုန် ယင်ယင်ဖြင့် ခေါင်းငုံ့ လိုက်ပြီး၊ လစ် ပြေးရန် နည်းလမ်း ရှာလိုက်မိ လေသည်။

“ မလို ပါဘူး။ ”

ငှက်မွှေး နတ်မိစ္ဆာ အမိန့် အတွက် ခေါင်းကိုက် နေပြီ ဖြစ်ရာ ဖြေရှင်းရန် နည်းလမ်း ရှာမည် ဖြစ်သည်။

အကောင်းဆုံး နည်းလမ်းမှာ၊ လူ အနည်းငယ်အား သင်ခန်းစာ ပေးခြင်းသည် အလွယ်ဆုံး ဖြစ်နိုင်၏။

ဝါးခမောက် မဆောင်း ရသည့် အကြောင်းရင်းမှာ၊ သူ့အား မည်သူမျှ သတ်နိုင် ဦးမည် မဟုတ် သောကြောင့် ဖြစ်သည်။

ဓားကို စီးပြီး ထွက်သွား ပါက မည်သူမျှ ဟန့်တား နိုင်မည် မဟုတ်ချေ။ ထို့စဉ် လူတစ်စု ပေါ်လာပြီး၊ သူ့လမ်းကို ချက်ချင်း ပိတ်ဆို့ တော့သည်။

အရေ အတွက်မှာ ရာဂဏန်းကျော် ရှိပြီး၊ လူတိုင်း နတ်မိစ္ဆာ အဆင့် ဝင်၏။ ဆိုလိုသည်မှာ ၎င်းတို့ အားလုံး မြင့်မြတ် မြေ၏ တပည့် များကို သတ်ဖြတ်ဖူး သူများ ဖြစ်လေသည်။

လူ သုံးယောက် အုပ်စု ထဲမှ တိုးထွက် လာသည်။ ၎င်းတို့မှာ သူတော်စင် စစ်သင်္ဘော ပေါ်၌ တွေ့ခဲ့သော ခို့ထျန်းဟွာ၊ ယွမ်ဟမ့်ရင်နှင့် ကျောက်တုံး မိန်းကလေးတို့ ဖြစ်ချေ၏။

ခို့ထျန်းဟွာမှာ အသန်မာဆုံး ဖြစ်ပြီး၊ ကျင့်ကြံမှာ ပဉ္စမ- ဘဝ အဆင့် အထွတ် အထိပ် တွင် ရှိသည်။

“ ခို့ထျန်းဟွာ ... ၊ မင်းကို သူတော်စင် စစ်သင်္ဘော ပေါ်မှာ တုန်းက ထွက်သွားဖို့ ... ငါ ပြောထားတယ် မဟုတ်လား။ ”

လင်းယွန်က ဦးစွာ ပြောလိုက်သည်။ သူ့စကားကြောင့် ပတ်ဝန်းကျင်မှာ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။

ခို့ထျန်းဟွာ သည်ပင် အံ့အားသင့် သွားပြီး၊ အဖြူရောင် ဝတ်ရုံကို ဟန်ပါပါ ရုတ်သိမ်းလျက်၊

“ ဟား ... ဟား ... ဟား ... လင်းရှောင်၊ မင်းက တကယ် မာနကြီး တာပဲ၊ ငါ မင်းကို စောင့်နေတာ နှစ်လ ရှိပြီ၊ ...

... မင်း လမ်းမှာ သေပြီတောင် ထင်မိ သေးတယ်၊ အခုတော့ ... ရောက်လာ ပြီပေါ့၊ ကောင်းတယ်။ ”

“ မင်း လာရင်တောင် ... ငါသေမှာ မဟုတ်ဘူး၊ ထွက်သွား အာရုံ မနှောက်နဲ့။ "

လင်းယွန်မှ အေးစက်စွာ ပြောသည်။ ခို့ထျန်းဟွာ အပါအဝင် မိစ္ဆာ ကျင့်ကြံသူ များမှာ၊ သူ့ခေါင်း အတွက် လာခြင်း ဖြစ်၏။ ထို့ကြောင့် ယဉ်ကျေး မနေ နိုင်ချေ။

တစ်ဖက် တွင်မူ ကျင့်ကြံမှုအား ချိပ်ပိတ် ထားသဖြင့်၊ ကူကျွင့်မှာ ကြောက်ရွံ့ နေခဲ့သည်။

အကယ် ၍သာ လောက နိယာမ နယ်ပယ်အား မတော် တဆ ကျော်လွန် သွား ပါက၊ နတ်ဘုရား များ၏ စွမ်းအားမှာ ချက်ချင်း ဆင်းသက် လာမည် ဖြစ်သည်။

အခြား သူ များသည်၊ ရုန်းထွက် နိုင် သော်လည်း သူ့ ခေါင်းမှာ တစ်ချက် တည်းဖြင့်၊ ပေါက်ကွဲ သွားပေမည်။

“ အစ်ကိုကြီး ခို့ ... ၊ ငါ သူနဲ့ အရမ်းကြီး မသိပါဘူး၊ ငါကို ထားလိုက်လို့ ရပါတယ်။ ”

ကူကျွင့်က သူ့ထက် ငယ်ရွယ်သော လူကိုပင် ‘အစ်ကိုကြီး၊’ ဟု ခေါ်ဆို လိုက်သည်။

“ ထွက် သွား ... ။ ”

ခို့ထျန်းဟွာက လူသတ် လိုသော အရိပ်အယောင်များ ထုတ်ဖော်ကာ မောင်းထုတ် လိုက်၏။ သူ့အား လင်းယွန် ကဲ့သို့ မည်သူမျှ မပြောရဲ ခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာ ချေပြီ။

“ စီနီယာ ကူ၊ မင်းက အရမ်း ကျိုးနွံ လွန်းတယ်၊ အရိုးဖြူ သူတော်စင် ဆိုတာ ... ခွေး တစ်ကောင် ပဲလို့၊ မင်း ငါ့ကို ပြောခဲ့တယ် မဟုတ်လား။ ”

လင်းယွန်က ပြုံးပြီး စကား အရာဖြင့်၊ ကူကျွင့်ကို ဆွဲခေါ် လိုက်သည်။

“ ဒီကျွန်း ပေါ်မှာ ရှိတဲ့ ... မိစ္ဆာ ကျင့်ကြံ သူတွေ အားလုံးကို သတ်ပစ်ပြီး၊ ဆုငွေ ထုတ်ယူ မယ် လို့လည်း၊ မင်းပြော ခဲ့သေး ပါတယ်။ ”

လင်းယွန် စကားကို ကြားလိုက် ချိန်၌ လူတိုင်း အံ့သြ သွား၏။ သူတို့က ကူကျွင့်၏ မူလကို စိတ်ဝင်စား လာ တော့သည်။

ကူကျွင့် တစ်ယောက် မချေပ နိုင်ခင် မှာပင်၊ လင်းယွန်က သူ့ကို နောက်သို့ ပို့လိုက်ပြီး၊

“ နားလည် ပါတယ်၊ စီနီယာ အဆင့်နဲ့ ... ဒီလို အမှိုက် မျိုးကို ... လှုပ်ရှားဖို့ မထိုက် တန်ဖူး ဆိုတာ၊ ခို့ထျန်ဟွာ ... မင်း အေးအေး ဆေးဆေး သေချင်ရင် လာ ... ဒူးထောက်ပါ၊ မဟုတ်ရင် သေတာထက် ပိုဆိုးအောင် ငါ လုပ်မိမယ်။ ”

-ဟု ပြုံးကာ ပြောလိုက် တော့သည်။

ခို့ထျန်းဟွာ နောက်ရှိ ကျောက်တုံး မိန်းကလေးနှင့် ယွမ်ဟမ့်ရင်က၊ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် မိသည်။

“ သခင်လေး ... ၊ ဒီကောင်နဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်း နေတယ်၊ သူ့အစွမ်း သတ္တိကို အရင် စုံစမ်းဖို့ တစ်ယောက် ယောက်ကို ဘာကြောင့် မလွှတ်ရ တာလဲ။ ”

ယွမ်ဟမ့်ရင်မှ တိုးတိုးလေး အကြံ ပြုသည်။

“ ငါက ဘာကို ကြောက်နေ ရမှာလဲ... ၊ သူ့လိုလူကို သေချင် လာတဲ့ အထိ ... ၊ နှိပ်စက် ပြမယ်၊ နဂါး သွေးလွှတ်ကြော ပထမ ဆိုတာ ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူး။ ”

ခို့ထျန်းဟွာက အော်ဟစ် လိုက်ပြီး၊ ကြောက်စရာ ကောင်းသော လူသတ် လိုသည့် အသွင်ကို ထုတ်ဖော် လာသည်။

အကန့် အသတ်မဲ့ ကြက်သွေးရောင် ရောင်ဝါများ ဖြန့်ကျက် လိုက်သည် နှင့်အမျှ လူတိုင်း မျက်နှာများ ပြောင်းလဲ သွားပြီး ချက်ချင်း နောက်ဆုတ် သွားကြ၏။

လင်းယွန် တစ်ယောက် လမ်းဆုံး ရောက်သွား ပြီဟု မြင်လာ၏။ ဤနေရာသည် ပြင်ပ ကမ္ဘာနှင့် ကွဲပြားပြီး၊ မိစ္ဆာ ကျင့်ကြံ သူများ အတွက်၊ လွတ်လွတ် လပ်လပ် လှုပ်ရှားနိုင်သော အရပ် ဖြစ်သည်။

“ ရပ် ... ။ ”

ရုတ်တရက် ခို့ထျန်းဟွာ ထုတ်လွှတ် ထားသော ရောင်ဝါကို၊ ကွဲကြေ သွား စေသော ဟန့်တားသံ တစ်သံ ပဲ့တင်ထပ် လာသည်။

“ ဝှစ် ... ။ ”

လူရိပ် တစ်ရိပ် မြေပြင်ပေါ် ဆင်းသက် လာကာ၊ မထီမဲ့မြင် နိုင်သော အပြုံး မျိုးဖြင့်၊

“ ဒီကျွန်းမှာ လင်းရှောင်ကို ထိဝံ့ သူတိုင်း၊ ငါ့ကို ဆန့်ကျင် တာနဲ့ အတူတူပဲ ... ၊ အသက်ကို မနှမျောရင် စမ်းကြည့်လို့ ရတယ်။ ”

-ဟု ကြေငြာ လိုက်တော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားသည်။ ဤလူသည် လင်းရှောင် ထက်ပင် ပို၍ မာနကြီး နေ၏။

တစ်ချိန်တည်း မှာပင် ဝါးခမောက် ဆောင်းထားသည့် လူငယ် တစ်ယောက်က လူအုပ် ထဲမှ နေ၍၊ လင်းယွန်ကို စိုက်ကြည့် နေခဲ့သည်။

လှပသော အမျိုး သမီးမှ လွဲပြီး၊ လိပ်နက် သင်္ဘော ငယ်ဖြင့် လိုက်ပါလာ သူတိုင်း ပြန်၍ စုရုံး နေပြီ ဖြစ်သည်။

***

All Chapters