သူ ... ဘယ်သူလဲ ဆိုတာ ငါသိတယ်။
Vol. 130 Ch. 1816
“ မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ၊ ထွက်သွားစမ်း။ ”
ခိုထျန့်ဟွာက ရုတ်တရက် လက်ဖဝါးနှင့် ရိုက်ချ လာသဖြင့် မိန်ဇီဟော်မှ အံ့သြ သွားလေ သည်။
သူ ဟူသည် ဂီတ မျိုးနွယ်စု ဆယ်ပါးမှ လာသူ ဖြစ်၏။ အင်ပါယာတွင် မည်သူမျှ သူ့ အပေါ်၊ လက်တင် ဝံ့ခြင်း မရှိ ကြချေ။
ခွန်လွန်၌ လူ အနည်း ငယ်သာ နတ်နဂါး သံစဉ်ကို ဆုပ်ကိုင် နိုင်ပြီး၊ ၎င်းတို့ အားလုံးသည် တန်ခိုး ကြီးသော ဧကရာဇ်များ ဖြစ်၏။
သို့သော် ကောင်းကင် နယ်မြေ ငရဲ ပင်လယ်တွင်မူ၊ ၎င်းသည် ထိရောက်မှု မရှိ ကြောင်း နားလည် လာသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
အံ့အား သင့်ပြီး ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် သော်မှ၊ မြေပြင်ပေါ် လဲကျလု နီးပါး ဖြစ်သွားသည်။
သူ့ ကျင့်ကြံမှုမှာ နဂါး သွေးလွှတ်ကြော နယ်ပယ် ၌သာ ရှိ၏။ ထို့ကြောင့် ဂီတ တူရိယာ မပါဘဲ၊ လောက နိယာမ ကျွမ်းကျင် သူကို ခုခံ နိုင်စရာ အကြောင်း မရှိချေ။
“ ဒီအဆင့်နဲ့ မင်းက သူ့ကို ကာကွယ်ချင် တာလား၊ ထွက်သွားစမ်း ... မင်းကို သတ်ချင်ရင် မင်း သေနေတာ ကြာပြီ။ ”
ခို့ထျန်းဟွာမှ အေးစက်စွာ ပြောသည်။ သူ ထုတ်လွှတ်သော ရောင်ဝါသည် သွေးကဲ့သို့ ရဲရဲနီ နေ၏။ ဤသည်မှာ ကြွားဝါခြင်း မဟုတ်ချေ။
သူသည် အရိုးဖြူ သူတော်စင်၏ တပည့် ဖြစ်ပြီး၊ ဆန္ဒ ရှိသော် ဓားကို ဆွဲလိုက် ရုံသာပင်။ နောက်ခံ ကြောင့်သာ မိန်ဇီဟော် အသက်ကို မယူခြင်း ဖြစ်၏။
မိန်ဇီဟော် မျက်နှာသည် ပြောင်းလဲ သွားကာ၊ ရင်ဘတ်ကို ဆုပ်ကိုင်လျက် အသက် ပြင်းပြင်း ရှူလိုက် ရသည်။
“ ညီအစ်ကို ... ၊ မင်း အဆင် ပြေရဲ့လား။ ”
ကူကျွင့်မှ ဝင်မေး လိုက်သည်။ ၎င်း၏ စကားနှင့် ခွန်အားမှာ သိသိ သာသာ ကွာခြား နေသဖြင့်၊ လူတိုင်း အံ့အားသင့် ကုန်သည်။
“ ဟမ့် ... ။ ”
ခို့ထျန်းဟွာက မိန်ဇီဟော် အပေါ်၊ အထင်အမြင် သေးစွာဖြင့် လင်းယွန် ဘက်သို့ လှည့်သွား တော့၏။
“ နေ ဦး ... ။ ”
မိန်ဇီဟော်က ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး၊ ခို့ထျန်ဟွာအား ဟန့်တား လိုက် တော့၏။
“ ဝေါ့ ... ။ ”
သေွး တစ်လုတ်ကို ထေွးထုတ် လိုက်မှ သာလျှင်၊ အနည်းငယ် သက်သာရာ ရသွား လေသည်။
“ ကြည့်ရတာ ငါ့နာမည်က ... ဒီမှာ ထိရောက်မှု မရှိ သလိုပဲ၊ ဘာပဲ ဖြစ်ဖြစ် နောက် တဆင့် မတက်ဖို့၊ မင်းကို အကြံ ပေးချင်တယ်။ ”
-ဟု ပြောလိုက် တော့သည်။
သို့သော် ခို့ထျန်းဟွာမှ သူ့ စကားကို အရေးမလုပ်ဘဲ၊ လင်းယွန်ထံ ဆက်လျှောက် သွား၏။
“ ရပ်ဖို့ ... ငါ ပြောနေ တယ်လေ။ ”
မိန်ဇီဟော်က ပြုံးပြီး၊ လက်ဖဝါးအား တွန်းပစ် လိုက်သည်။ လက်ဖဝါးသည် သာမန် လက်ဖဝါးချက် ဖြစ်သော်လည်း၊ ၎င်း၏ ရောင်ဝါမှာ သိပ်သည်း လှလေသည်။
“ ပလောက် ... ။ ”
ကောင်းကင်နှင့် မြေကြီးကြား ရစ်သမ်ကို ပျက်ပြား သွားစေသည့်၊ မိုးရေစက် တစ်စက် ဖြစ်ပေါ် လာ၏။
ခို့ထျန်းဟွာက လက်သီးကို ဆုပ်လိုက်ရာ၊ သူ့ရောင်ဝါသည် ဆေးအိုး အဖြစ်သို့၊ ပြောင်းလဲ သွားသည်။
ဆေးအိုးက ကြက်သွေးရောင် အဆင်း သဏ္ဍာန်များ ထုတ်လွှတ်လျက်၊ မိန်ဇီဟော်ကို သင်ခန်းစာ ပေးရန် ပျံသန်း လာသည်။
ငရဲ ပင်လယ်၌ ဂီတ မျိုးနွယ်စု ဆယ်ပါး ဟူသည်၊ အသုံး မဝင်ကြောင်း ပြသမည် ဖြစ်၏။ သို့သော် သူ့ ဆေးအိုးကြီးမှာ လေထဲ ရပ်တန့် သွားသည်။ မမြင် နိုင်သော အတား အဆီး တစ်ခုမှ ပိတ်ဆို့ ထား၏။
“ ခရစ် ... ။ ”
ကျယ်လောင်သော ဆူညံ သံများ ထုတ် လွှတ်လျက်၊ ကွဲအက်လာ သဖြင့် ခို့ထျန်းဟွာ တစ်ယောက် အံ့သြ သွားသည်။
“ ခွမ်း ... ။ ”
ဆေးအိုးကို ဖြေရှင်း ပြီးနောက်၊ မိန်ဇီဟော်က ခြေတစ်လှမ်း လှမ်းတက်ကာ၊ လှုပ်ရှားမှု ဆယ်ကြိမ် တိုင်အောင်၊ တရစပ် တိုက်ခိုက် တော့သည်။
“ ဝုန်း ... ။ ”
တိုက်ပွဲမှ လာသော ပေါက်ကွဲသံ များက၊ လေထဲတွင် ပျံဝဲ နေသည့် တေးဂီတ မှတ်စုများ အဖြစ်၊ ပြောင်းလဲ ကုန်၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
မိန်ဇီဟော်က နောက်ဆုတ်ခြင်း မရှိ သော်လည်း၊ ခို့ထျန်ဟွာ ခမျာမှာ နောက်သို့ ဆယ်လှမ်း ဆုတ်ခွာ လိုက်ရသည်။
“ အ ... ။ ”
ညည်းသံနှင့် အတူ ထုံကျင် လာသော လက်မောင်းကို ခါမိ၏။ အသိစိတ် ပင်လယ်မှာ ရှုပ်ပွ နေပြီး၊ တည်ငြိမ်အောင် မနည်း ဖိနှိမ် ထားရသည်။
“ မဟာ သူတော်စင် အသံ။ ”
မယုံကြည် နိုင်သော မျက်ဝန်း များဖြင့် ပြန်ကြည့် မိပြီး၊ ရေရွတ် လိုက်၏။
“ ခို့ထျန်းဟွာ မင်းမှာ အရည် အချင်းတွေ ရှိပေမယ့် ... မင်း ငါ့ကို အနိုင် မယူနိုင် သေးဘူး၊ ရိုးရိုး သားသား ဝန်ခံ ရရင်၊ မင်းတို့ သုံးယောက် လာရင်တောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး။ ”
မိန်ဇီဟော်၏ မောက်မာသော အသွင် ပြန်ပေါ် လာသည်။ မဟာ သူတော်စင် အသံကို ဆုပ်ကိုင် ထားနိုင်သည် ဆိုသော အချက် အရ၊ အနည်းဆုံး ဧက ဒသမ အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင် ဖြစ်ချေမည်။
၎င်းအား ရှေးဟောင်း တေးသွား များနှင့် တွဲဖက်လိုက် ပါက၊ လောက နိယာမ နယ်ပယ် အထွတ် အထိပ် ရှိသူ များပင်၊ သူ့အား ဒဏ်ရာ မပေးနိုင် တော့ချေ။
လူတိုင်းကို ခြိမ်းခြောက် ပြီးနောက် မိန်ဇီဟော်က လင်းယွန် ဘက်သို့ ဂုဏ်ယူစွာ လှည့်လာ၏။
“ အစ်ကို လင်း၊ ငါ့ အနားမှာ မင်းကို ဘယ်သူမှ မထိဝံ့ ပါဘူး ... ၊ အနည်း ဆုံးတော့ ဒီကျွန်း ပေါ်မှာ။ ”
-ဟု ကြေငြာ လိုက်သည်။
“ အံ့ဩ စရာပဲ ... ၊ ဒါပေမယ့် ... ငါ့ဓါးကို မဆွဲရ သေးဘူး၊ မင်း ... ဘယ်ကနေ ယုံကြည်မှု ရနေ တာလဲ၊ ငါ့ကို မနှောင့်ယှက်နဲ့ ထွက်သွား။ ”
ခို့ထျန်ဟွာမှ နောက်ဆုတ်ရန် စိတ်ကူး မရှိဘဲ၊ အေးစက်စွာ ပြောလိုက် တော့သည်။
“ အားလုံးပဲ လင်းရှောင်ကို သတ်ပါ၊ သူ့ကို သတ်နိုင်တဲ့ လူက ငှက်မွှေး နတ်မိစ္ဆာ အမိန့်ကို ရလိမ့်မယ်။ ”
-ဟု လူအုပ်ကို လှည့်ကာ၊ လှုံ့ဆော်ပေး လိုက်သည်။ မိစ္ဆာ ကျင့်ကြံသူ အားလုံး ထိုအမိန့် အတွက်၊ ဤနေရာသို့ ရောက်လာခြင်း ဖြစ်၏။
မဟာ သူတော်စင် အသံမှ အားကောင်း နေလျှင်ပင်၊ သူတို့ အားလုံးကို ပိတ်ဆို့ နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ရက်စက်သော စစ်ပွဲကြီး ပေါ်ပေါက် လာတော့မည် ကဲ့သို့၊ လေထုက တင်းကြပ် သွားသည်။
လူအများ အပြားမှာ၊ သူ့အား ဂရု မစိုက် သည်ကို မြင်ပြီးနောက်၊ မိန်ဇီဟော်၏ မာနများ ပျောက်သွား၏။ ချက်ချင်း ခြေလှမ်း များစွာ နောက်ပြန် ဆုတ်လိုက် မိသည်။
ရှက်ရွံ့သော အမူ အရာဖြင့်၊ လင်းယွန် အနားသို့ တိုးကပ် လိုက်မိ၏။ ဤအခြေ အနေ သည် ကြောက်ရွံ့ဖွယ် ကောင်းလေသည်။
ထို့ကြောင့် ကူကျွင့်မှ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ကာ၊ ထွက်ပြေးရန် စဉ်းစား လာ တော့၏။
လင်းယွန်က သက်ပြင်းချ လိုက်သည်။ လက်ရှိ အခြေ အနေ အရ မိန်ဇီဟော်ကို အပြစ် မတင်ရက် တော့ချေ။
“ ဘယ်သူ ... လှုပ်ရှား ရဲလဲ။ ”
ရုတ်တရက် မေးခွန်း ထုတ်သံ ထွက်ပေါ် လာပြီး၊ ချောမော လှပသော အနက်ဝတ် အမျိုး သမီး တစ်ဦး၊ ကောင်းကင်မှ ဆင်းသက် လာ၏။
သူမ အနားတွင် နဂါး ဖြူများ လှည့်ပတ် နေသော ယပ်တောင် တစ်လက်ကို၊ သူ့ လက်မှ ကိုင်ဆောင် ထားသည်။
“ အန်း လျူ ယွင် ... ။ ”
“ ဝှစ် ... ။ ”
အန်းလျူယွင်က ယပ်တောင်အား ပစ်ခတ် လိုက်ရာ၊ နဂါးဖြူ တစ်ကောင်အလား လူအုပ်ထဲ ပျံသန်း သွားသည်။
“ ဖပ် ... ။ ”
ခေါင်းလေးလုံး ပြတ်ထွက် သွားပြီး၊ ယပ်တောင်မှာ သူမထံ ပြန်ရောက် သွားလေ သည်။
သူမ လုပ်ရပ်သည် လူများစွာကို ရပ်တန့် သွားစေကာ နောက်ဆုတ် စေ၏။ ကောင်းစွာ ခြိမ်းခြောက် နိုင်ခဲ့ ချေပြီ။
“ သူဌေး အန်း ... မင်းလည်း ငှက်မွေး နတ်မိစ္ဆာ အမိန့် အတွက် လာတာလား။ ”
ခို့ထျန်းဟွာမှ မေးသည်။ သူ့ မျက်ဝန်း၌ ထင်ဟပ် လာသော ကြောက်ရွံမှု အငွေ့အသက် များကို၊ ချက်ချင်း ဖုံးကွယ် ပစ်လိုက်သည်။
အများ အမြင်တွင် အန်းလျူယွင်မှာ ကောင်းကင်ဘုံ ကြယ်ခန်းမ မန်နေဂျာ ဖြစ်၏။ ထိုရာထူးသည် မိစ္ဆာ ကျင့်ကြံသူ အများ အပြား ကို ခြိမ်းခြောက်ရန်၊ လုံလောက် ချေပြီ။
သို့သော် နောက်ထပ် သတင်းများ အရ၊ သူမသည် အရှေ့ဘက် ပျက်စီးမြေ၏ ကြယ် (၉)ပွင့် နတ်မိစ္ဆာ တံခါးမှူး ဖြစ်သည်။
ဤရာထူး သည်သာ အမှန် ဆိုသော်၊ မန်နေဂျာ ရာထူး ထက်ပင်၊ ပို၍ ကြောက်စရာ ကောင်းပေ လိမ့်မည်။
“ ဒီကျွန်းမှာ ငါ့ကို မျက်နှာသာ ပေးပြီး ငှက်မွေး နတ်မိစ္ဆာ အမိန့်ကို မေ့ထား လိုက်ပါ၊ အနာဂတ်မှာ မင်းတို့ အကူ အညီ လိုရင် ...
... ကောင်းကင်ဘုံ ကြယ်ခန်းမမှာ၊ ငါ့ကို အချိန် မရွေး လာရှာလို့ ရပါတယ်၊ မဟုတ်ရင် ... မင်းတို့ရဲ့ လျှို့ဝှက်ချက် တွေကို၊ ထုတ်ရောင်း မိလို့၊ ငါ့ကို အပြစ် မတင် ကြနဲ့။ ”
အန်းလျူယွင် စကားကြောင့်၊ မိစ္ဆာ ကျင့်ကြံသူများ အားလုံး မျက်နှာများ ပြောင်းလဲ သွားပြီး တွန့်ဆုတ် ကုန် ကြ၏။
သူတို့သည် မိန်ဇီဟော်ကို ဂရုမစိုက် သော်လည်း၊ အန်းလျူယွင်အား ဂရုစိုက် ရပေ မည်။ ယင်းက မတူညီသော ဇာတ်လမ်း တစ်ပုဒ် ဖြစ်၏။
တစ်ချိန် တည်းမှာပင် သူမမှ ခြိမ်းခြောက်မှုနှင့် အကျိုးအမြတ် ကိုလည်း ထပ်တူ ကမ်းလှမ်း ပေးခဲ့သည်။
သူတို့သည် မြင့်မြတ်မြေ များကို မကြောက်ချေ။ သို့သော် နေရာ တိုင်း၌ လက်တံ ဆန့်ထားသော နတ်မိစ္ဆာ တံခါး ကိုမူ၊ ကြောက်ရ ပေမည်။
“ သူဌေး အန်းက ... ကတိ ပေးပြီး ပြီမို့၊ ငါတို့က မင်းကို သဘာဝ အတိုင်း မျက်နှာသာ ပေးပါမယ်။ ”
“ သူဌေးအန်း စိတ်မပူ ပါနဲ့၊ ဒီကျွန်းမှာ လင်းရှောင်ကို မထိ တော့ဘူး၊ ဒါပေမယ့် အပြင် ထွက်တဲ့ အခါ၊ မင်း ဟန့်တားခွင့် မရှိဘူး။ ”
မိစ္ဆာ ကျင့်ကြံသူ များမှ ကတိ ပေးလျက် နောက်ဆုတ် ကုန်၏။ ခဏ အကြာတွင် လူတိုင်း ထွက်ခွာ သွား ကြသည်။
ခို့ထျန်းဟွာနှင့် သူ့တပည့် နှစ်ယောက်သာ ခက်ခဲသော အနေ အထားဖြင့်၊ ကျန်ရစ် ခဲ့သည်။ အန်းလျူယွင်ကို မကြောက် သော်လည်း၊ သူမ ရှိနေ ချိန်၌ လင်းယွန် ခေါင်းကို ယူရန်၊ ခက်ခဲ သွားမှန်း နားလည် လိုက်သည်။
“ သူဌေး အန်း ... ၊ ငါ ပြန်တွေ့ ကြမယ်။ ”
ခို့ထျန်းဟွာမှ ပြတ်ပြတ် သားသားပင်၊ ဆုတ်ခွာ လိုက်တော့သည်။ ဤသို့ဖြင့် တင်းမာ နေသော လေထုမှာ ပျောက်ကွယ် သွား၏။
“ သခင်လေး ... လျူယွင် နောက်ကျ သွားတယ်။ ”
အန်းလျူယွင်က ပြုံးကာ လင်းယွန်ထံ လှည့်ကြည့်သည်။
“ ဒီကနေ ... အရင် ထွက်သွား ရအောင်။ ”
မျက်ကွယ် အရပ်မှ သူ့အား စိုက်ကြည့် နေသော အကြည့် များစွာကို ခံစား နိုင်သဖြင့်၊ လင်းယွန်က ပြောသည်။
ဤနေရာသည် သူတို့ စကားပြောရန် နေရာကောင်း မဟုတ်ချေ။ အထူးသဖြင့် ရန်လို မှုကို သိသိ သာသာ ပြသနေသော၊ ဝါးခမောက် နှင့် လူငယ် ဖြစ်သည်။
ထို့ပြင် ဓားနှလုံးသား ဖြင့်ပင်၊ များများ စားစား မမြင်နိုင်သော၊ အခြား သူများလည်း ရှိနေ သေးသည်။
“ ကောင်းပြီ ... ၊ နေရာကောင်း တစ်ခု တွေ့ထားတယ်။ ”
“ ဒါဆို လမ်းပြပါ။ ”
အန်းလျူယွင် ခေါ်ဆောင်ရာ နောက်သို့ လင်းယွန်မှ ချက်ချင်း လိုက် သွားသည်။ သူ့အား မည်သူမျှ လိုက်ခဲ့ရန် မခေါ် သောကြောင့်၊ မိန်ဇီဟော်မှာ အဆင် မပြေ ဖြစ်လာ၏။
“ ဝှစ် ... ။ ”
သို့သော် များမကြာမီ အဝေးရောက် သွားသော လင်းယွန်တို့ နှစ်ယောက် ကြည့်ကာ၊ အံကြိတ်လျက် အမြန် ပြေးလိုက် သွားမိသည်။
ထိုမြင်ကွင်းကြောင့် အဘိုးအိုမှ ပြုံးလျက် လိုက်ပါ လာခဲ့သည်။ ထို့စဉ် လင်းယွန်က ရပ်ပြီး၊ နောက်သို့ ရုတ်တရက် လှည့်ကြည့် သည်။
“ သခင်လေး လင်း၊ ဘာလို့လဲ ... ။ ”
အန်းလျူယွင်က နားမလည်စွာ ပြန်မေး၏။
“ တစ်ယောက် ယောက် ငါတို့ကို ကြည့်နေတယ်။ ”
လင်းယွန်က အဝေးမှ ဝါးခမောက်နှင့် လူငယ်ထံ လှမ်းကြည့် လိုက်သည်။ ၎င်းမှလည်း ကြည့်နေ သဖြင့်၊ မျက်ဝန်းချင်း ဆုံသွား၏။ လူငယ်က လှည့်ထွက် သွားတော့သည်။
“ ဘယ်သူလဲ ... ။ ”
အန်းလျူယွင်က သတိထား မိပြီး မေးသည်။
“ သူ့ကိုယ်သူ ဖုံးကွယ် ထားနိုင်ပြီလို့ ထင်နေပုံပဲ၊ ဒါပေမယ့် ... သူ ဘယ်သူလဲ ဆိုတာ ငါ သိတယ်၊ လောလော ဆယ် ... သူ့ကို ထားလိုက် ရအောင်။ ”
လင်းယွန်က မျက်ဝန်းများ မှေးစင်းလျက်၊ အန်းလျူယွင် မေးခွန်းကို အေးစက်စွာ ပြန်ဖြေ လိုက် လေသည်။
***