ရေအောက် နန်းတော်။
Vol. 130 Ch. 1817
ကျွန်းပေါ်ရှိ မြင့်မားသော တောင်ကုန်း တစ်ခု၌ လူသုံးဦး ရပ်နေ ခဲ့သည်။ ၎င်းတို့ သုံးဦး အနက် နှစ်ဦးမှာ လျှပ်စီးနှင့် လေ ဗိုလ်ချုပ်တို့၊ ဖြစ်၏။
သူတို့ နှစ်ဦး၏ အလယ်တွင် နဖူးပေါ် အနီရောင် ဆံနွယ်များ ဝဲကျ နေသော လူငယ် တစ်ယောက် ရပ်နေသည်။
မျက်ဝန်း၌ မီးလျှံများ တောက်လောင်ပြီး၊ ကြောက်မက်ဖွယ် အငွေ့ အသက်များ ထွက်ပေါ် နေသည်။
“ သူလား ... ။ ”
“ ဟုတ်တယ် ... ။ ”
အောင်းဖန်နှင့် ရန်ချန်းမင်က မည်းမှောင်သော အမူ အရာဖြင့် ခေါင်းညိတ် လိုက်သည်။
သူတို့ နှစ်ဦး စလုံးသည် ဘဝ-တတိယ အဆင့်၌ ဖြစ်၏။ သို့တိုင် ကြောက်ရွံ့ တုန်လှုပ် နေဆဲ ပေပင်။
ယင်းကို ဆံပင် နီနီ လူငယ် ရှေ့၌ မပြသ ဝံ့ချေ။ ဤလူငယ်သည် သူတို့ သုံးယောက်တွင်၊ ခေါင်းဆောင် ဖြစ်၏။ မီး ဗိုလ်ချုပ် ပေပင်။
“ လောက နိယာမ နယ်ပယ်တောင် ... ၊ မရောက် သေးဘဲနဲ့၊ လိပ်နက် ပင်လယ် ကွေ့ကို လာရဲ တာလား၊ စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
“ သူ့ဓားက အရမ်း ထက်တယ်။ ”
လျှပ်စီး ဗိုလ်ချုပ် အောင်းဖန်မှ ကြောက်လန့်တကြား ဝင်ပြော လိုက်သည်။
“ ငါ မြင်တယ်၊ မင်းတို့ နှစ်ယောက်ရဲ့ ဗိုလ်ချုပ် ဘွဲ့ကို အရှက်ရ စေတာ ... မဆန်း တော့ ပါဘူး။ ”
ဗိုလ်ချုပ် ဟူသည် သွေးလ ဂိုဏ်း၌ ရာထူး ကြီးမြင့်ပြီး၊ ကြီးစွာသော တန်ကြေး တစ်ခု ပေး ရ လေသည်။ ပြိုင်ဘက် တိုင်းကို သတ်ရ မည်ဟု အဓိပ္ပါယ် ရ၏။
သွေးလ ဂိုဏ်း တစ်ခုလုံး ၌ပင် (၁၀၈) ပါးသော ဗိုလ်ချုပ် များသာ ရှိသည်။ အရှေ့ဘက် ပျက်စီးမြေ အတွက် ခန့်အပ်ထား သူများတွင်၊ သူတို့ (၃) ပါး ပါသည်။
ထို့ကြောင့် အောင်းဖန် တို့၏ သတင်းသည် သွေးလ ဂိုဏ်း အတွက်၊ ကြီးစွာသော ရှက်ဖွယ် ဖြစ်ခဲ့သည်။
လင်းရှောင် အမည်သည် သွေးလ ဂိုဏ်း၌၊ အလို ရှိသည် စာရင်းဝင် သွားခဲ့၏။
“ အခု ငါတို့ ဘာလုပ် သင့်လဲ။ ”
အောင်းဖန်မှ မေးသည်။
“ အလျင်လို စရာ မရှိ ပါဘူး၊ သူက ငါးကလေး တစ်ကောင်ပါ။ ”
မီး ဗိုလ်ချုပ်မှ ပြန်ကာ လှည့်ထွက် သွားတော့၏။
ထိုအချိန်တွင် လင်းယွန်တို့ လေးဦးမှာ၊ ရွေ့လျားမှု ပညာရပ်ကို သုံးပြီး၊ တစ်နာရီ ကြာ ပျံသန်း လာခဲ့ ကြသည်။
တောအုပ် တစ်ခုသို့ ရောက်ရှိ ချိန်၌ အန်းလျူယွင်မှ ဆင်းသက် လိုက်ပြီး၊
“ သခင်လေး ... ငါတို့ကို ကြည့်နေတဲ့ သူ ရှိသေးလား။ ”
-ဟု မေးမြန်း လိုက်၏။
“ မရှိ တော့ဘူး။ ”
ဓားနှလုံးသားဖြင့် လူအချို့ ပြန်လည် ဆုတ်ခွာ ကုန်သည်ကို မြင်သည်။ ဝါးခမောက် ဆောင်း ထားသည့် လူငယ်၏ အကြည့်များ သည်လည်း၊ ပျောက်ကွယ် သွား၏။
“ လိပ်နက် သင်္ဘော ပေါ်မှာ ... ၊ ငါတို့နဲ့ အတူ ပါလာတဲ့ ... လူ ပဲလား။ ”
မိန်ဇီဟော်က ဝင်မေး လိုက်သည်။ ထိုလူငယ်သည် သူ့တည်ရှိ မှုကို ဖုံးကွယ်ရန် မကြိုးစား ခဲ့သဖြင့် သတိ ထားမိခြင်း ဖြစ်၏။
လင်းယွန်က ခေါင်းခါပြီး၊
“ အခြား လူတွေ ရှိသေးတယ်၊ သူတို့က သွေးလ ဂိုဏ်းက ဖြစ်နိုင်တယ် ... ။ ”
-ဟု မရေမရာ ပြန်ဖြေ လိုက်သည်။
ဗိုလ်ချုပ် နှစ်ပါးနှင့် ရင်ဆိုင်ဖူး သဖြင့်၊ သူတို့၏ အငွေ့ အသက် များနှင့် အတော်လေး ရင်းနှီး လေသည်။ သို့သော် အတိ အကျ မပြောရဲ သေးချေ။
“ ဒါဆို ... မီး ဗိုလ်ချုပ်ပဲ ဖြစ်မယ် ... ။ ”
အန်းလျူယွင်က ထိတ်လန့် စွာဖြင့် ပြောလာသည်။
“ မီးဗိုလ်ချုပ်က ကြောက်စရာ ကောင်းလား။ ”
လင်းယွန်မှ မေး၏။
ဤသည်မှာ အန်းလျူယွင်မှ သူ့အား လိပ်နက် ပင်လယ်သို့ မလာ စေလိုသော အဓိက အကြောင်းရင်း ဖြစ်ပေမည်။
“ သူက သန်မာတယ်၊ ဒါပေမယ့် သူ တစ်ယောက်တည်း ရှိနေရင် ... သိပ် ကြောက် စရာတော့ မဟုတ် ပါဘူး၊ ...
... သူတို့က တန်ခိုးကြီးပြီး အရှေ့ဘက် ပျက်စီးမြေက ဌာနခွဲ တစ်ခု တည်းကတောင်၊ မြင့်မြတ်မြေ တွေကို၊ ရင်ဆိုင် နိုင်တယ်၊ ...
... ဗိုလ်ချုပ်တွေ အပြင်၊ သူတော်စင် ကျွန် (၇)ပါး ရှိတယ်၊ သူတို့ အထက်က သန့်ရှင်းသော သားတော် တွေပဲ။ ”
ပယင်း ကမ္ဘာရှိ၊ ကြက်သွေးရောင် မရဏ လမင်း ဂိုဏ်းသည်၊ ဤသွေးလ ဂိုဏ်း၏ လက် အောက်ခံ အင်အားစု ဖြစ်၏။
“ သွေးလ ဂိုဏ်းမှာ ... သန့်ရှင်းသော သားတော် ခုနစ်ပါး ရှိတယ် ... ၊ သူတို့ ကသာ နတ်ဘုရား သားတော် ရာထူးကို၊ ယှဉ်ပြိုင် ..
... နိုင်မယ်၊ ရှုံးနိမ့် သူတွေ အားလုံး၊ နတ်ဘုရား သားတော်ရဲ့၊ ထာဝရ ကျွန်တွေ ဖြစ်လာ ကြ လိမ့်မယ်။ ”
“ ဒါပေမယ့် ... သန့်ရှင်းသော သားတော် တွေက၊ ဒီကို လာမယ် လို့တော့ ... ငါ မထင်ဘူး။ ”
လင်းယွန်မှ အန်းလျူယွင်အား ပြောသည်။ ၎င်းတို့သည် မရဏ အဆင့်တွင် သေချာပေါက် ရှိနေရ ပေမည်။ ထို့ကြောင့် အန္တရာယ် များသော လမ်းကို ရွေးမည် မဟုတ်ချေ။
“ ငါတို့ ဘာလုပ်ကြ မလဲ။ ”
မိန်ဇီဟော်မှ ဝင်မေးသည်။
“ အပြောင်း အလဲကို ... စောင့်ကြည့် ရအောင်။ ”
“ ကောင်းပြီ ... ။ ”
အန်းလျူယွင်က ခေါင်းညိတ် လိုက်၏။ အသက် ပြင်းပြင်း ရှူလျက် အဝေးမှ တိမ်ညို များကို လှမ်းကြည့် မိသည်။
ထိုထဲတွင် ပုန်းအောင်း နေသော ကြောက်မက် ဖွယ်ရာ တစ်စုံ တစ်ရာ ရှိနေ၏။ သူတော်စင်များ ကိုပင်၊ အန္တရာယ် ပေးနိုင်သည်။
ထို့ကြောင့် ပင်လယ် ကွေ့သည် တားမြစ်ဇုန်၊ ဖြစ်လာခြင်း ဖြစ်၏။ ရက် အနည်းငယ် ကုန်လွန် ပြီးနောက်၊ ကျွန်း ပေါ်၌ လူစည်ကား လာသည်။
၎င်းတို့ အနက်မှ အများစုသည်၊ မိစ္ဆာ ကျင့်ကြံ သူများ ဖြစ်ကြကာ၊ သူတို့ ကြားရှိ ရန်ငြိုးကို ဖြေရှင်းရန် ကြိုးစား တော့သည်။
ထို့ကြောင့် စောင့်ဆိုင်း နေစဉ်၊ တိုက်ပွဲများ ရံဖန် ရံခါ ဖြစ်ပွား လာ၏။ မြေပြင်၌ အလောင်း အချို့ ပြန့်ကျဲ နေသည်။
ဤသည်မှာ ပုံမှန်သာ ဖြစ်ပြီး၊ ငရဲ ပင်လယ်သည် အမြဲ ဝရုန်း သုန်းကား နိုင်သော အရပ် ဖြစ်ကြောင်း ပြသ နေ၏။
ခုနစ်ရက်ကြာ ပြီးနောက် ကောင်းကင်သို့၊ ထိုးတက် လာသော အရိပ်ကြီး တစ်ရိပ်ကြောင့်၊ လင်းယွန်မှ မျက်လုံးဖွင့် လိုက်သည်။
ကျွန်းကြီး တစ်ခုလုံး နိုးထ ကုန်၏။ လူတိုင်းက ထိုအရိပ်ကြီး ဆီသို့ မော့ကြည့်ကာ ဦးတည် သွားကုန် ကြသည်။
“ တစ်ခုခုတော့ ပြောင်းလဲ လာပြီ။ ”
အန်းလျူယွင်မှ ထရပ်ကာ အရိပ်ထံ ကြည့်ပြီး ပြောသည်။
“ အနား သွားကြည့် ရအောင်။ ”
လင်းယွန်က မတ်တပ် ထရပ်၏။ မိန်ဇီဟော်မှာ နစ်မျော နေဆဲ ဖြစ်လေသည်။ ထို့ကြောင့် သူ မျက်လုံး ဖွင့်လာ ချိန်၌ လင်းယွန် တို့ အဝေး ရောက်နေပြီ ဖြစ်သည်။ ချက်ချင်း ထရပ်ကာ ပြေးလိုက် သွား မိ၏။
ကူကျွင့်က ဝိုင် ပုလင်းကို ထုတ်ယူကာ ပြုံးပြီး၊ သူတို့ နောက်သို့ လိုက်ပါ လာခဲ့သည်။ ပါးစပ် မှလည်း အရူး တစ်ယောက်လို တတွတ်တွတ် ရွတ်ဆို နေ၏။
“ လူငယ် တွေက တကယ့်ကို တက်ကြွ လွန်းတာပဲ။ ”
တောအုပ် အတွင်းမှ ထွက်ချိန်တွင်၊ ထိုအရိပ်ထံသို့ ဦးတည် နေသော လူအများ အပြားကို မြင်လာ ရသည်။
သို့သော် အန်လျူယွင် ရှိသဖြင့် သူတို့က လင်းယွန်ထံ တစ်ချက်သာ ကြည့်ပြီး၊ ဆက်သွား ကုန်ကြသည်။
များမကြာခင် ကျွန်းကို ထားရစ်ကာ၊ ရေ မျက်နှာပြင် ပေါ်၌၊ ရပ်လိုက် ကြသည်။ မိုးကုပ် စက်ဝိုင်း အစပ် တစ်နေ ရာ၌၊ ကြီးမားသော ကျွန်းကြီး တစ်ခု လေထဲ မျောနေသည်။
ကျွန်းပေါ်တွင် ကြီးမားသော နန်းဆောင် တစ်ဆောင် ရှိနေ၏။ ထိုကျွန်းသည် ရေအောက် ကြမ်းပြင်မှ ထိုးထွက် လာခြင်း ဖြစ်သည်။
နန်းတော်၌ ရောင်စုံ အလင်း များဖြင့် ဖုံးလွှမ်းကာ၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေ ခဲ့၏။
မူလက လေပေါ်ကျွန်း ဖြစ်သော်လည်း၊ နတ်ဘုရား တိုက်ပွဲများ ပြီးနောက်၊ ပင်လယ် ကြမ်းပြင်ထဲ နစ်မြုပ် သွားခြင်း ဖြစ်သည်။ ထို့ကြောင့် မြေအောက် နန်းတော် အဖြစ် ခေါ်ဆိုလာ ကြခြင်း ပေပင်။
ရေလက်တံ များက မြေအောက် နန်းတော် တည်ရှိသော ကျွန်းကြီး တစ်ခု လုံးကို လေထဲသို့ ပင့်တင်ပေး နေသည့်၊ လက်ဖဝါးကြီး အလား ထိုးတက် နေသည်။
“ ဂျိန်း ... ။ ”
၎င်းအထက်ရှိ ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ စုရုံး နေကာ၊ မိုးခြိမ်း သံများကို မိုင်တစ်ရာ အကွာ အဝေး မှပင် ကြားနိုင်၏။
“ မြေအောက် နန်းတော်လား ... ။ ”
အန်းလျူယွင်မှ မေးသည်။ လင်းယွန်မှ ခေါင်းညိတ် လိုက်၏။ မြေအောက် နန်းတော် ဆိုသည်ထက် ရေအောက် နန်းတော် ဆိုက ပိုမှန်မည်။
“ သွား ကြည့် ရအောင်။ ”
လင်းယွန်က ဆုံးဖြတ်ချက် ချလိုက်သည်။ လေးယောက်သား လှုပ်ရှားမှု ပညာ ရပ်များကို၊ အကောင် အထည် ဖော်လျက်၊ အလင်းတန်း များ အဖြစ်၊ ပြေးထွက် လာမိသည်။
အချိန် အတော်ကြာ ပြီးနောက် အသံ ဗလံများ ပို၍ ကျယ်လာ သဖြင့်၊ ခေါင်းမော့ ကြည့်မိသည်။
ကောင်းကင်၌ လျှပ်စီးများ လက်နေ သည်အား၊ ပြတ်ထင်စွာ မြင်ရ၏။ ယင်းသည် သူ ခံစား ခဲ့ရသော ကောင်းကင် ဒုက္ခထက် သာလွန် နေမှန်း၊ လင်းယွန် သိလိုက်သည်။
“ ဖျစ် ... ။ ”
လျှပ်စီး ကြောင်းများက မြေပြင်ပေါ် ဆင်သက် လာချိန်၌၊ မီးလောင် ချိုင့်ဝှမ်းကြီးများ ဖြစ်လာ စေသည်။
“ တကယ်ပဲ ... မိုးကြိုး လိပ်နက် အမွေကိုး။ ”
လင်းယွန်က လေးနက်သော အမူ အရာဖြင့် ကူကျွင့်အား လှည့်ကြည့်သည်။
“ ငါ ရမ်းပြော လိုက်တာပါ။ ”
ကူကျွင့်မှ ပြုံးလျက် ငြင်းပြန်သည်။ လူတိုင်းက လေပေါ် ကျွန်းမျောကြီး ထံသို့ ချည်းကပ် သွား ကြသည်။ လင်းယွန်က ဆက်မသွား သေးဘဲ ရပ်လိုက်၏။
“ မိုးကြိုး တွေက ကြောက်စရာ ကောင်းတယ် ... ။ ”
မိန်ဇီဟော်မှ ဖြူဖျော့သော အသွင်ဖြင့် ပြောသည်။ သူ့ကျင့်ကြံ မှုမှာ အနိမ့်ဆုံး ဖြစ်ပြီး၊ ကိုယ်လုံး ကိုယ်ပေါက် သည်လည်း၊ အားနည်း ချေ၏။
ဤနေရာတွင် အပျော့ညံ့ဆုံး လူမှာ၊ သူ ဖြစ်နေသည်။ သည်မျှ ပြင်းထန်သော လျှပ်စီး များကို၊ မမြင်ဖူး ခဲ့ချေ။
လင်းယွန်က မိန်ဇီဟော် စကားကို အသိအမှတ် ပြုပြီး ခေါင်းညိတ်၏။ ဤလျှပ်စီး စွမ်းအင်သည်၊ သူ့ ဒုက္ခထက် အား မနည်းချေ။
သတိ မထားသော်၊ နန်းတော်ထံ ဦးတည် သွားနေသည့် လူတိုင်းကို တစ်ချက် တည်းဖြင့်၊ ပြာ ဖြစ်စေ နိုင်မည်။
အန္တရာယ် ရှိမှန်း သိသော်လည်း၊ လူတိုင်း ကျွန်းကြီးပေါ် ဆင်းသက်သာ ဆက်သွား နေဆဲ ဖြစ်သည်။ မည်သူ မဆို ရှင်သန် ထမြောက် လို သည်မှာ သဘာဝ ပေပင်။
“ ဆက်လိုက် မလာ နဲ့တော့ ... ၊ ဒီနေရာက မင်းအတွက် မသင့် လေျာ်ဘူး။ ”
လင်းယွန်က မိန်ဇီဟော်အား ဦးတည်ကာ ပြောလိုက်သည်။ ၎င်းသည် ဂီတ မိသားစု (၁၀) ပါးမှ ဖြစ်သဖြင့်၊ သူ့ အသက်ကို၊ စွန့်စား မရာ မလိုချေ။
မိသားစုမှ ပေးအပ်သော၊ ပေါ့ပေါ့ ပါးပါး ရတနာ တစ်ခု သည်ပင်၊ သည်နေရာရှိ အခွင့် အရေး များထက် သာလွန် နိုင်၏။
“ ဘာပြော လိုက်တာလဲ ... ၊ မင်းက ငါ့ကို အထင်သေး နေတာလား။ ”
မိန်ဇီဟော်မှ ဒေါသ ထွက်သွားသည်။ လင်းယွန်က ခေါင်းယမ်းလျက် သက်ပြင်းချ လိုက်၏။
“ ဒီကမ္ဘာ ကြီးမှာ လူတိုင်း အတွက်၊ တစ်သက်လုံး ... ရုန်းကန် ပြီးတာ တောင်မှ မရောက် နိုင်တဲ့၊ အမြင့် မျိုး ရှိတယ်၊ ...
... အဲဒီမှာ မနာလို စရာ ကောင်း လောက်အောင် ရပ်ခွင့် ရနေတဲ့ ... လူ အချို့ လည်း ရှိတယ်၊ ဒါက သဘာဝ ပါပဲ၊ ဒါပေမယ့် ဒီကမ္ဘာ ကြီးမှာ၊ ...
... တရား မျှတမှု မရှိဘူး ... ၊ ဒါ .. သူ့ရဲ့ အလုပ် လုပ်ပုံပဲ၊ လျူယွင် ... သွားကြ ရအောင်၊ သတိ ထားပါ ... ။ ”
လင်းယွန်က ခိုးကြောင် ခိုးဝှက်နှင့် လစ်ထွက်ရန် ပြင်နေသော ကူကျွင့်ကို ဖမ်း ဆွဲပြီး၊
“ အကြီး အကဲ ကူ ... ၊ ဒီလောက် အထိလည်း၊ နှိမ့်ချ နေစရာ မလို ပါဘူး၊ ဒီနေရာ အပေါ်၊ ဘယ်သူမှ မင်းလောက် နားလည်မှာ မဟုတ်ဘူး။ ”
“ လူယုတ်မာ... ငါတကယ် လိပ်နက် မိသားစုဝင် မဟုတ်ဘူး၊ ငါ့ကို လွှတ် ... ။ ”
ကူကျွင့်မှ ရုန်းတော့သည်။
“ အကြီး အကဲ ကူက လိပ်နက် မိသားစု ဝင်လား။ ”
အန်းလျူယွင်မှ အံ့ဩ စွာဖြင့် ပြန်မေး လိုက်ရာ၊ လင်းယွန်က ပြုံးရုံသာ ပြုံးပြီး မဖြေ တော့ချေ။
ထိုအချိန်တွင် မိန်ဇော်ဟော်မှာ အတွေး များဖြင့်၊ လွန်ဆွဲ နေခဲ့သည်။ ဤနေရာရှိ လူများ စွာထက် သန်မာပြီး၊ သူ့၌ ရတနာ များစွာ ရှိသည်။
သို့သော် တစ်သက်နှင့် တစ်ကိုယ်၊ သေခြင်းအား မကြုံဖူး သောကြောင့်၊ သဘာဝ အတိုင်း ကြောက်လန့် မိသည်။
သူ့ဘဝ၌ ပြဿနာ များကို ဖြေရှင်းရန်၊ နတ်နဂါး အင်ပါယာရှိ မိသားစု မျက်နှာ အပေါ် အားကိုး နိုင်ခဲ့သည်။
ခွန်လွန်၏ ဂီတ မျိုးနွယ်စု ဆယ်ပါးမှ ဆင်းသက် လာသော သူ့ အပေါ်၊ မည်သူမျှ မစော်ကား ဝံ့ချေ။
“ ဒါက မိုးကြိုး ဒဏ်သင့် နေတဲ့ ကျွန်းမျောလေး တစ်ခုပဲ၊ ငါ ဘာလို့ ကြောက်နေ ရမှာလဲ။ ”
အဆုံးတွင် အံကြိတ်ပြီး၊ ပြေးလိုက် လာခဲ့သည်။ ထိုအချိန်၌ လျှပ်စီးကြောင်း (၁၀) စင်း ဆင်းသက် လာကာ၊ ဘဝ-စတုတ္ထ အဆင့် ကျွမ်းကျင်သူ တစ်ဦးကို ထိမှန် သွားခဲ့သည်။
“ ဖျစ် ... ။ ”
ချက်ချင်းပင် ပြာ အဖြစ်သို့ ပြောင်းလဲ သွားတော့၏။ ဤမြင်ကွင်းကြောင့် လင်းယွန်မှာ အသက်ရှူ ကြပ်လာသည်။
ဤနေရာသည် သူ့ ဒုက္ခထက် အနည်းငယ် ပိုကြောက်စရာ ကောင်း၏။ ထိတ်လန့် တကြား အော်ဟစ် သံများကို၊ နေရာ အနှံ့မှ ကြားနေ ရသည်။
အချို့မှာ မိုးကြိုး ပစ်ခံရပြီး၊ ချက်ချင်း ပြာ ဖြစ်ကုန်၏။ ညည်းတွား သံပင် မပြု နိုင် ခဲ့ချေ။
“ အဖိုးကြီး မင်းမှာ နည်းလမ်း ရှိလား။ ”
လင်းယွန်မှ ကူကျွင့်အား လှည့်ကြည့်ကာ မေးသည်။ ကူကျွင့်က လင်းယွင် မေးခွန်းအား၊ မကြားဟန် ပြုလျက်၊ နန်းတော်ထံ ကြည့်ပြီး
“ ဒါက တစ်ခုခုတော့ ... မှားနေတယ်၊ ဒီနန်းတော် ထွက်လာအောင် အတင်း အကြပ် လုပ်ဆောင် နေ သလိုမျိုး ခံစား ရတယ်၊ သူ ထွက်လာဖို့ အချိန် မကျ သေးဘူး။ ”
-ဟု ပြောလိုက် တော့သည်။
***