ကောင်းကင် မိုးကြိုး နန်းတော်။
Vol. 130 Ch. 1818
“ ဘာကို ပြောချင် တာလဲ၊ တစ်ခု ဖြစ်သွား တာလား။ ”
အန်းလျူယွင်မှ သတိကြီးစွာ မေးသည်။
“ ငါလည်း မသိဘူး ... ။ ”
ကူကျွင့်မှ ချက်ချင်း ငြင်းဆန်လာ သဖြင့်၊ လင်းယွန် အကြည့်များ သူ့ထံ ကျဆင်း လာလေ သည်။
“ လူယုတ်မာ ... မင်း ငါ့ကို ... အဲဒီလို မကြည့်နဲ့၊ ငါ တကယ် လိပ်နက် မိသားစုဝင် မဟုတ်ဘူး။ ”
သူတို့က ဆက်သွား နေပြီး၊ လျှပ်စီးများ လက်ချိန်၌ ကျယ်လောင်သော အော်သံ များကို ကြားလာ ရသည်။ အနီး ပတ်ဝန်းကျင်ရှိ လူအုပ် မှာလည်း၊ အလွန် နည်းပါး လာ၏။
အချင်းချင်း ခပ်ခွာခွာ နေကြပြီး၊ သတိ ထားလာ ကြသည်။ မဟုတ်သော် ရတနာပင် မမြင်လိုက် ရဘဲ၊ အသက် ဆုံးရှုံး သွားပါက၊ အလွန် နှမျှောစရာ ကောင်းပေ၏။
လင်းယွန်မှင့် အဖွဲ့မှာ လျှပ်စီး များကို ဂရုတစိုက် လေ့လာရန်၊ အရှိန်ကို လျှော့ချလိုက် လေသည်။
“ ရပ် ... ။ ”
လင်းယွန်က ဟန့်တား လိုက်ပြီး၊ မိုင် ရာဂဏန်း အကွာမှ အနက်ရောင် တိမ်တိုက် များထံ၊ လှမ်းကြည့်သည်။
တိမ်တိုက်များ အတွင်း၊ ရေဝဲကြီးကို လှမ်းမြင် နိုင်ပြီး၊ ၎င်းအတွင်း၌ လျှပ်စီးများ လက်နေ ခဲ့သည်။
ထိုမြင်ကွင်းမျိုး သူ ရင်းနှီး ချေ၏။ ဤ သည်မှာ ကောင်းကင် လျှပ်စီး ရေကန် ဖြစ်ပြီး၊ သူ့ဒုက္ခထက်၊ ဆယ်ဆ ပိုကြီး မားသည်။
“ နဂါး ဒုက္ခ လျှပ်စီး ရေကန် ... ။ ”
ပထမဆုံး အကြိမ် အဖြစ်၊ ကြောက်ရွံ့ စိတ်များ၊ ဝင်လာသည်။ လိပ်နက် ပင်လယ်မှာ သေခြင်း တရားနှင့် အလွန် နီးကပ် ပေ၏။
“ ဖျစ် ... ။ ”
ရုတ်တရက် လျှပ်စီးများ ဆင်းလာပြီး၊ ပင့်ကူမျှဉ်များ သဖွယ်၊ မြေပြင်၌ အဖြူရောင် အလင်းများ ပျံ့ကျဲ သွားသည်။
လူပေါင်း တစ်ရာကျော် အငွေ့ပျံ သွား၏။ ခုခံချိန်ပင် မရ လိုက်ချေ။ အများစုမှာ လောက နိယာမ နယ်ပယ် ဘဝ အဆင့်၊ ကျွမ်းကျင် သူများ ဖြစ်သည်။
“ ပြေး ... ။ ”
“ မြန် မြန် ... ။ ”
“ ဒါ ... နဂါး ဒုက္ခ လျှပ်စီး ရေကန်။ ”
လျှပ်စီး စွမ်းအင်များ လေထု အတွင်း ပြည့်နှက် လာပြန် သဖြင့်၊ လူတိုင်း ဦးတည်ရာ မျက်နှာ အသီးသီးသို့၊ ပြေးလွှား ကုန်တော့၏။ အန်းလျူယွင် လက်ကို ဆွဲပြီး၊ လင်းယွန်က စတင် ပြေးလွှားသည်။
“ ဂျိန်း ... ။ ”
ချက်ချင်းပင် လျှပ်စီးများ လက်ကာ၊ သူ ရပ်နေသော နေရာသို့၊ မိုးကြိုး ပစ်ချ လာတော့ သည်။
“ အဖိုးကြီး ... ။ ”
ရုတ်တရက် လင်းယွန်က ခြေလှမ်းကာ၊ စိုးရိမ်တကြီး လှည့်ကြည့် မိလေသည်။ ကူကျွင့် အား အစ အနပင် မတွေ့ ရတော့ချေ။
ဤမြင်ကွင်းသည် ကြောက်စရာ ကောင်းလွန်း သောကြောင့် အန်းလျူယွင်မှ၊ အသက်ရှူ ကြပ်သွားသည်။
“ မင်းတို့ နှစ်ယောက် ဘာလုပ် နေကြ တာလဲ ... ပြေးလေ။ ”
ရုတ်တရက် ကူကျွင့်မှ သူတို့ နှစ်ဦးအား ဖြတ်ကျော် ပြေးထွက် သွားလေသည်။ သို့မှသာ သတိ ဝင်လာပြီး၊ ကူကျွင့်နောက် အပြေး လိုက်ပါ သွားမိ၏။
နေနတ်ဘုရား ဖမ်းဆီးခြင်းသည်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် အဆင့် တွင်သာ ဖြစ် သဖြင့်၊ အနည်းငယ် အားနည်းချက် ရှိသည်။
ရွှေကျီးကန်း တောင်ပံကို ဖွင့်ကာ၊ ကူကျွင့်အား အမီလိုက် လိုသော်လည်း၊ ဓား နှလုံးသားမှ မလုပ်ရန် အကြံပေး နေခဲ့၏။
“ သခင်လေး လင်း ... ၊ အကြီးအကဲ ကူ ကိုကြည့် ... ။ ”
အန်းလျူယွင်မှ ကူကျွင့်၏ ထူးခြားချက်ကို သတိ ပြုမိ သွားသည်။ လင်းယွန်က ခေါင်းညိတ် လျက်၊
“ သူ့နောက်ကို လိုက် ... ။ ”
-ဟု အော်ဟစ် လိုက်သည်။
စိတ်ထဲမှ ကျိန်ဆဲပြီး၊ အရှိန် မြှင့်ကာ၊ အဖိုးကြီး ပခုံးအား လှမ်းဆွဲ လိုက်လေသည်။ ကူကျွင့် ခမျာ မျက်လုံး ပြူးလျက် ယက်ကန် ယက်ကန်ဖြင့်၊
“ လူယုတ်မာ ... မင်း ဘာလုပ် တာလဲ၊ ငါ့ကို ဆွဲမထားနဲ့၊ ဟိုမှာ မိုးကြိုး ပစ်တော့မယ်။ ”
-ဟု အော်ဟစ် ရုန်းကန် တော့သည်။
“ ကိုယ်လွတ် ရုန်းဖို့ မစဉ်းစားနဲ့။ ”
လင်းယွန်မှ မလွတ်ချေ။
“ လွတ် ... လွတ်စမ်း ... ၊ ငါ့ကို ဆွဲ မထားနဲ့ ... အား ... ပစ်ပြီ။ ”
“ ဂျိန်း ... ။ ”
ကောင်းကင်မှ လျှပ်စီး တစ်စင်း ဆင်းသက်လာ သောကြောင့်၊ ကူကျွင့်က စိတ် လှုပ်ရှားစွာ အော်ဟစ် လိုက်သည်။
“ ဖျစ် ... ။ ”
သို့သော် လျှပ်စီး စွမ်းအင်မှာ၊ သူနှင့် မီတာ ရာဂဏန်း အကွာသို့ ရောက်ချိန်၌၊ ထူးဆန်းစွာ ပျက်ပြယ် သွားတော့သည်။
လှိုင်းလုံး ကြီးများ ဖြစ်ပေါ် လာကာ၊ စွမ်းအင်မား လျှံကုန် သဖြင့်၊ ဓားရောင်ဝါ သုံးပြီး၊ ပိတ်ဆို့ လိုက်ရသည်။
“ သရုပ်ဆောင် တော်တယ်။ ”
“ အဟဲ ... ။ ”
ကူကျွင့်မှ ရှက်ရယ် ရယ်သည်။
“ လုပ်ပါဦး ဆက်ပြီး ... သရုပ်ဆောင်ပါ။ ”
“ သခင်လေး လင်း ... ၊ ဟိုမှာ ... ။ ”
အန်လျူယွင်မှ မျက်နှာ ပြောင်းလဲ သွားပြီး၊ ရုတ်တရက် ထအော်၏။ မီတာ ထောင် ဂဏန်း အကွာ၌၊ မိုးကြိုးကို ရှောင်ရန်၊ ရုန်းကန် နေရ သည့်၊ မိန်ဇီဟော်အား မြင်လိုက် ရသည်။
လျှပ်စီးက သူ သွားရာ အရပ်သို့၊ လိုက်ပါ ချိန်ရွယ် နေ၏။ ယင်းကို မြင်ချိန်၌ ကူကျွင့်မှာ ဝမ်းသာ သွားပြီး၊
“ ဒီကောင်က ... လူကောင်း မဟုတ်ဖူး ဆိုတာ ကြည့်ရုံနဲ့ သိတယ် ... ၊ ကြည့်စမ်း ပါဦး ကောင်းကင် ကတောင်၊ သူ့ကို သေစေချင် နေတယ်၊ ဟဲဟဲ ... ။ ”
“ သူ့ကို လိုက် မလာဖို့ ... ငါ သတိ ပေးခဲ့တယ်။ ”
လင်းယွန်မှ ခေါင်းကိုက် သွား၏။ မဟာ သူတော်စင် အသံကို၊ ဆုပ်ကိုင် ထားနိုင်သော ၎င်းအရည် အချင်း များသည်၊ ကောင်းကင် အတွက်၊ မနာလို ဖြစ်စေမည်။
“ အဖိုးကြီးကို စောင့်ကြည့် ထား။ ”
လင်းယွန်က အန်းလျူယွင်အား သတိ ပေးပြီး၊ ပန်းသင်္ချိုင်း ဓားကို ဆွဲကာ ပြန်လှည့် ပြေး လိုက်သည်။
“ ရွှပ် ... ။ ”
ကောင်းကင် အမိုးဓား ရည်ရွယ်ချက် ကြောင့်၊ သူ့ဓားက မိန်ဇီဟော်ထံ ဝင်လာသည့်၊ လျှပ်စီးကို ပိုင်းဖြတ် ပစ်လိုက်၏။
တစ်ချိန်တည်း မှာပင် မိန်ဇီဟော် အနားရှိ လေဟာနယ် ကွဲထွက် သွားပြီး၊ လေစုပ်ဝဲ တစ်ခု ပေါ်လာသည်။
“ နဂါး ထွက်သက် ... ။ ”
မတော်တဆ သူ့ မူလကို သိရှိ သွားနိုင် သော်လည်း၊ ၎င်းအား တွေးဆ နေရန် အချိန် မရှိ တော့ချေ။
“ ဝူး ... ။ ”
လက်ဖဝါးကြီး တစ်ဖက်မှ သူ့ကို ဆွဲထုတ် လိုက်သည့်တိုင်၊ မိန်ဇီဟော်မှာ ထိတ်လန့် နေဆဲ ဖြစ်သည်။
“ ပြန် လာ ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားအား ပြန်ခေါ် လိုက်၏။
“ လင်းရှောင်၊ မင်း ... ငါ့ကို ကယ်ခဲ့ တာလား။ ”
လင်းယွန်က ပြန် မဖြေဘဲ၊
“ အဖိုးကြီး၊ လမ်းပြ ... ။ ”
-ဟု လှည့်ကာ ဆိုလိုက်သည်။
“ ငါက အဖိုးကြီး တစ်ယောက်ပါ၊ ဒီလို အရည် အချင်းမျိုး မရှိ ပါဘူး။ ”
ဤတစ်ကြိမ်တွင် ကူကျွင့် ထံမှ ထွက်လာသော ရောင်ဝါကို၊ သူတို့ ခံစား လိုက် ရသည်။
၎င်းအတွင်း ပါဝင်သော အသက်ဓာတ် များသည်၊ နဂါးပြာ အရိုး ထက်ပင် သာလွန်၏။ သို့တိုင် လိပ်နက် မိသားဝင် မဟုတ်ကြောင်း၊ ခေါင်းမာစွာ ငြင်းဆိုချင် နေဆဲ ဖြစ်သည်။
ကျန်ရှိ နေသော ခရီးမှာ၊ ချောမွေ့ သွားခဲ့သည်။ သို့သော် အခြား သူများ သတိ မထား မိစေရန်၊ မိုးကြိုး ရှောင်နေ သကဲ့သို့၊ ဟန်ဆောင် ခဲ့ကြသည်။
တစ်နာရီ ကုန်လွန် ပြီးနောက်၊ မိုးကြိုးများ ပါးလျ လာကာ၊ အနက်ရောင် တိမ်တိုက် များ၌၊ ခရမ်းရောင် အဆင်းများ တောက်ပ လာ၏။
များမကြာခင် အရောင် ကိုးပါး လက်နေသော နန်းတော် ကြီး၏ တံခါးဝသို့ ရောက်ရှိ လာသည်။
နန်းတော် တစ်ခုလုံး လျှပ်စီးများ လက်နေ ပြီး၊ ရောက်ရှိလာ သူတိုင်းကို ပိုးမွှားများ ကဲ့သို့ သိမ်ငယ်စိတ် ဝင်စေ၏။
ဤသည်မှာ မိုးကြိုး လိပ်နက် နန်းတော် ဖြစ်လေသည်။ ခရမ်းရောင် မိုးကြိုး တိမ်တိုက် များက၊ မိုင်ထောင် ပေါင်းများစွာ အထိ၊ ဖုံးလွှမ်း ထားသည်။
လိပ်နက် မျိုးရိုးသည်၊ ငရဲ ပင်လယ်၌ ဘုန်းတန်ခိုး ကြီးထွားခဲ့ ဖူး၏။ ထိုစဉ်က သည် နေရာကို၊ ငရဲ ပင်လယ်ဟု မခေါ် သေးချေ။
ရွှေခေတ်၌ ကောင်းကင်ဘုံ သူတော်စင် ရေကန်ဟု ခေါ်တွင်ပြီး၊ ၎င်းပေါ်၌ မျောနေသော ကြယ်နယ်မြေ တစ်ခု ရှိသည်။
နတ်ဘုရား တိုက်ပွဲ အပြီးတွင်၊ မကောင်းသော ဝိညာဉ်များ ကြွင်းကျန် ရစ်ခဲ့ သဖြင့်၊ ငရဲ ပင်လယ် ဖြစ်လာခြင်း ပေပင်။
“ အရမ်း ခမ်းနားတယ်။ ”
အန်းလျူယွင်မှ ချီးကျုး စကား ဆို၏။
“ ဟုတ်တယ် ... ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ဤခမ်းနားမှုသည် နိဗ္ဗာန် နန်းတော်ကို ပြန်၍ သတိ ရလာ စေ၏။
ဤနန်းတော်သည် မူလက မြေပေါ်တွင် တည်ရှိခြင်း ဖြစ်သည်။ နတ်ဘုရားများ တိုက်ပွဲ အပြီး၌၊ နစ်မြုပ် သွားခြင်း ဖြစ်၏။
“ ဒီနန်းတော်ကို ကောင်းကင် မိုးကြိုး နန်းတော်လို ခေါ်တယ်၊ ကောင်းကင်ဘုံ ကြယ် နယ်မြေကို အုပ်စိုးတဲ့ ... ၊ ဒီလို နန်းတော်မျိုး နောက်ထပ် (၃၅) လုံး ရှိေသးတယ်။ ”
ရုတ်တရက် သူ လျှာရှည် သွားမိသည့် အပေါ်၊ ကူကျွင့်က ချက်ချင်း သတိရ လာပြီး၊ လှည့်ကြည့်သည်။
ထင်သည့် အတိုင်း အန်းလျူယွင်၊ မိန်ဇီဟော်နှင့် လင်းယွန်မှ သူ့အား ကြည့်နေ၏။ အန်းလျူယွင်က၊
“ အစ်ကိုကြီး ... ဆက်ပြော ပါဦး ... ၊ ဒီကောင်းကင် မိုးကြိုး နန်းတော် အကြောင်း လျူယွင် သိချင်တယ်။ ”
-ဟု ပြုံးလျက် မေးလိုက် တော့သည်။
“ ငါ ... ဒီလိုပဲ ပြောလိုက် တာပါ၊ ဒါက ကောလ ဟာလပဲ၊ အစစ် အမှန် မဟုတ် ပါဘူး။ ”
ကူကျွင့်က နီမြန်းသော မျက်နှာဖြင့်၊ ငြင်းဆန် နေသောကြောင့်၊ မိန်ဇီဟော်မှာ တစ်စုံ တစ်ရာ ထူးဆန်းကြောင်း၊ နားလည် လာသည်။
ထိုအချိန်တွင် လူများစွာ ထပ်မံ ရောက်ရှိ လာတော့သည်။ လူအုပ် အတွင်း ခို့ထျန်းဟွာနှင့် အဖွဲ့ သည်လည်း အပါ အဝင် ဖြစ်၏။
၎င်းတို့ သုံးယောက်မှာ၊ ဘဝ အဆင့် အထွတ်အထိပ် ရောင်ဝါအား ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော် ထားသည်။
“ လင်းရှောင် ... မင်း မသေတဲ့ အတွက်၊ ဝမ်းသာ ပါတယ်၊ မဟုတ်ရင် ငှက်မွှေး နတ်မိစ္ဆာ အမိန့်ကို၊ လက်လွှတ် ရရင် နှမျောဖို့ ... ၊ ကောင်း လိမ့်မယ်။ ”
“ ညီအစ်ကို လင်း ... ၊ ငါတို့ ပြန်တွေ့ ကြပြီ။ ”
သည့်စဉ် နောက်ထပ် လူတစ်စု ပေါ်လာ ပြန်၏။ ယင်းမှာ မင်ဂိုဏ်း ဖြစ်သည်။ ယွီဝမ်ရှုမှ အဖွဲ့ကို၊ ဦးဆောင် လာ၏။
သည့်နောက် ရန်ချီဟွာ ဦးဆောင်သော ကောင်းကင် မီးလျှံ ဂိုဏ်းလည်း ရောက်ရှိ လာ တော့သည်။
***