လိပ်နက် ကျောက်တိုင် ... ။
Vol. 130 Ch. 1820
ထပ်မံ ဝင်ရောက်လာ သူများ၏ အော်သံ များဖြင့်၊ ဆူညံ နေ၏။ များမကြာခင် ကြမ်းပြင်၌ မီးလောင်ကျွမ်း နေသော အလောင်းများ ပြည့်နှက် သွားသည်။
မီးဒဏ်မှ လွတ်မြောက် သူ များပင်၊ ထိတ်လန့် နေခဲ့သည်။ မြေအောက် နန်းတော် သည် ငရဲနှင့် တူ၏။
“ ကာထား ... ။ ”
လူတိုင်းမှာ အားနည်း သူများ မဟုတ်ကြ သဖြင့်၊ ထက်မြက်သော လူအချို့က ကူကျွင့် ပုံစံ အတိုင်း၊ ပုန်းအောင်း တော့သည်။
များမကြာခင် မြင့်မြတ်သော မိုးကြိုး မီးတောက်များ ကုန်ဆုံး သွားလေသည်။ လိပ်ခွံ အတွင်းမှ၊ ကူကျွင့်က တံဆိပ် တစ်ခု ဖန်တီးပြီး၊ အပြင်၌ ဘေးကင်းကြောင်း စစ်ဆေးကာ၊ လိပ်ခွံအား ကျုံ့ဝင် သိမ်းဆည်း လိုက်၏။
၎င်းအား နောက်တစ်ကြိမ် အသုံး ပြုရန် အတွက်၊ အချိန် အချို့ ပေးရ ပေတော့မည်။
“ ဒါက ဘာမှ မဟုတ်တဲ့၊ ကစား စရာလေး တစ်ခုပါ။ ”
ကူကျွင့်မှ သူ့ဒိုင်းအား စိတ် မဝင်စား ကြစေရန်၊ အမြန် ရှင်းပြ လာသည်။ ထို့နောက် မြေပြင်ရှိ အလောင်း များထံ ငုံ့ကြည့်လျက်၊ သက်ပြင်းချ လိုက်သည်။
မိန်ဇီဟော် မျက်နှာမှာ ဖြူဖျော့ နေ၏။ ဤကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းမျိုး ပထမ ဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
“ ဘဝ တစ်ခု ဖြစ်တည်ဖို့ ဆိုတာ ... တကယ် မလွယ်ဘူး။ ”
ကူကျွင့်မှ ညည်းတွား ရေရွတ်ပြီး၊ ကျန်ရှိ နေသည့်၊ အလောင်းများ ထံမှ ရတနာ အချို့ကို လိုက်လံ နှိုက်ယူ တော့သည်။
အန်းလျူယွင်၊ လင်းယွန်နှင့် မိန်ဇီဟော် ကလည်း၊ ၎င်းနည်းလမ်းများ အတိုင်း၊ လိုက်ပါ လုပ်ဆောင် ကြည့်ရာ၊ မျက်လုံး ပြူး သွား၏။
ကူကျွင့်၏ အမြင်သည် ပါရမီရှင် တစ်ပါး ဖြစ်ကြောင်း ဝန်ခံရ ပေမည်။ လူအများ စုသည် ရတနာများ ကိုပင်၊ မသုံးလိုက် ရဘဲ သေဆုံး ခဲ့ကြ၏။
ဤနည်းဖြင့် နန်းတော်၌ အခြားသော ရတနာများ မရ လျှင်ပင်၊ ထိုက်တန်သော ခရီး တစ်ခု ဖြစ်လာ ပေသည်။
“ သွား ရ အောင်။ ”
ခဏ အကြာတွင် ကျယ်ဝန်းသော မြေပြင်အား မြင်လိုက် ရ၏။ တောင်တန်းများ မြစ်များနှင့် ဘုံဗိမာန် များစွာ ပျက်စီး ပြိုကျ နေသည်။
အတွင်းနှင့် အပြင် မြင်ကွင်းမှာ၊ ကွာခြား လွန်းသော ကြောင့်၊ မိန်ဇီဟော်မှ အနည်းငယ် အံ့ဩ သွားသည်။
“ ဘာဖြစ် သွားတာလဲ။ ”
“ ရန်သူတွေ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်သွား ခဲ့တာ၊ နတ်ဘုရား တွေတောင် ဘေး မကင်း ခဲ့ဘူး၊ နိဗ္ဗာန် နန်းတော်က လွဲပြီး၊ ကျန်တဲ့ နန်းတော် (၃၅) ဆောင်လုံး ကျရှုံး သွားတယ်၊ ...
... ကောင်းကင် နယ်မြေတောင် ကွဲအက် ကြွေကျ ကုန်လို့၊ အခု ငါတို့ ရှင်သန် နေရတဲ့ ငရဲ ပင်လယ် အဖြစ်၊ ရောက်ရှိ လာရတယ်။ ”
“ မင်း အများကြီး သိတာပဲ။ ”
လင်းယွန်က ပြောလိုက်၏။ အကြီးအကဲ ကူကျွင့်မှ ရှင်းပြရန် ပါးစပ် ပြင်လာစဉ်၊
“ ငါ သိတယ် ... ၊ ဒီအကြောင်းကို မင်း ကြားဖူးခဲ့ တာပါ၊ လိပ်နက် မိသားစုနဲ့ ... မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ”
-ဟု ခေါင်းညိတ်ကာ၊ ဆက်ပြော လိုက်၏။
“ ငါ ဘာပြောမယ် ဆိုတာ ... မင်း သိနေတာပဲ၊ တကယ် ဉာဏ်ကောင်းတယ်။ ”
ကူကျွင့်မှ ပြုံးသည်။
“ ညီအစ်ကို လင်း ... ၊ ရတနာတေွ ရှိ ပါ့မလား၊ ဒီနေရာက စုတ်ပြတ်သတ် နေတယ်၊ ထူးထူး ခြားခြား ဘာမှ မတွေ့ဘူး။ ”
မိန်ဇီဟော်မှ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ကာ၊ ပြောလာသည်။
“ ဘယ်သူ သိနိုင် မလဲ ရှာကြည့် ရအောင်။ ”
ကူကျွင့်မှ တစ်ခုခု ပြောချင် နေသေး သော်လည်း၊ အဆုံးတွင် ပါးစပ်ပိတ် ထားရန် ဆုံးဖြတ် လိုက်၏။
သို့သော် လင်းယွန်မှ ကူကျွင့် မည်သည့် အရာများ ပြောချင်နေ သည်ကို အကြမ်းဖျင်း သိ သဖြင့်၊ စိတ်ထဲမှ ပြုံးလိုက်သည်။
“ သခင်လေး မိန် ... ၊ အပျက် အစီးက ကြီးကြီး မားမား ဆိုပေမယ့်၊ ဒီနေရာကို .. ဘယ် သူမှ မလာ ရသေးဖူး ဆိုရင်၊ ဒီရတနာတွေ ရဖို့ အခွင့် အရေး များတယ် မဟုတ်လား။ ”
“ ဒါတော့ ... အမှန်ပဲ။ ”
အန်းလျူယွင် စကားကို ခေါင်းညိတ် ပြလိုက်ပြီး၊ လင်းယွန် တစ်ယောက် ပြေးထွက် လာခဲ့ လေသည်။ လေထဲ၌ နတ်မိစ္ဆာ ဝိညာဉ် မိသားစု၏ အငွေ့အသက်ကို ခံစား မိ၏။
၎င်းတို့သည် အမှောင်ခေတ်၏ နတ်ဆိုးများ ဖြစ်လေသည်။ ဧကရာဇ် ကိုးပါးမှ ချိပ်ပိတ်ထား သော်လည်း၊ ပြန်လည် နိုးထ လာပြီ ဖြစ်၏။
ဆိုလို သည်မှာ၊ နတ် နဂါးခေတ်သည် ငြိမ်းချမ်း နေသော်လည်း၊ ရန်သူများ ဝိုင်းရံနေ ချေပြီ။ သတိ မပြုသော် ကျရှုံး သွားနိုင်၏။
“ ဟမ့် ... ။ ”
လင်းယွန်၏ ဓားနှလုံးသားက ထူးထူး ဆန်းဆန်း သူတော်စင် ရောင်ဝါ တစ်ခုအား၊ ခံစား လိုက်ရသည်။
တစ်နာရီ အကြာတွင်၊ ကျယ်ပြောသော ရင်ပြင်ကြီး တစ်ခုထံ ရောက်ရှိ လာ၏။ ရင်ပြင်၌ ကြီးမား လှသော ကျောက်တိုင်ကြီး ရှိသည်။
၎င်းရှိ သူတော်စင် ရူရ်များ ပြိုကျ နေပြီး အနားတွင် အလောင်း ကိုးလောင်း ရှိနေ၏။ ထို အလောင်း များကို၊ ကျောက်တိုင်မှ ချိပ်ပိတ် ထားပုံ ရသည်။
ချက်ချင်းပင် အသက် ဆုံးရှုံး သွားခြင်း ဖြစ်၏။ အဘယ်ကြောင့် ဆိုသော မတ်တပ် ရပ်လျက် အနေ အထားဖြင့်၊ အရိုးစု များသာ ကျန်ရစ် နေသောကြောင့် ပေပင်။
များမကြာခင် လူများ ပို၍ ရောက်ရှိ လာကြပြီး၊ နေရာ အနှံ့ ရတနာများ ရှာဖွေကုန် တော့သည်။
“ ဒီမှာ ဘာမှ မရှိဘူး ... ။ ”
“ အရိုးစု တွေလား ... ဘာလဲကွာ။ ”
တစ်စုံ တစ်ယောက်က စိတ်ပျက် လက်ပျက်ဖြင့်၊ နဂါး မူလကို ထုတ်ဖော်ကာ၊ ပတ်ဝန်းကျင်အား ဖြန့်ကျက် လိုက်၏။
“ ဟမ့် ... ဒီကျောက်တိုင်က တုန့်ပြန်မှု တစ်ခု ရှိတယ်။ ”
၎င်း၏ စကား သံကြောင့်၊ လူတိုင်း အာရုံစိုက် လာသည်။
“ ဒါ လိပ်နက် မျိုးရိုးရဲ့ ... မြင့်မြတ်တဲ့ ရတနာ ဖြစ်နိုင်တယ်။ ”
“ ဘယ်သူ ပြောနိုင် မလဲ၊ ကျင့်ကြံမှု နည်းစနစ် တွေကို၊ မှတ်တမ်းတင် ထားတာ မျိုးလည်း ဖြစ်နိုင်တယ်။ ”
“ ဘာပဲ ဖြစ်ဖြစ် ငါတို့ ... ပြိုင်လု နေစရာ မလိုဘူး၊ လူတိုင်း ပွားယူ သွားလို့ ရတယ်၊ လာ သွားကြည့် ရအောင်။ ”
“ မြန်မြန် ... နောက်ဆုတ် ။ ”
ကူကျွင့်က မျက်နှာ ပြောင်းလဲ သွားပြီး၊ အန်းလျူယွင်၊ လင်းယွန်နှင့်၊ မိန်ဇီဟော် တို့အား၊ အမြန် ပြန်ဆုတ် စေခဲ့သည်။
***