အဖိုးကြီး ... မင်း ငါ့ကို မလှည့်စားနဲ့။
Vol. 131 Ch. 1821
လေးယောက်သား ဆုတ်ခွာ နေစဉ်၊ ကျော်ကတိုင်မှာ ရွေ့သွားပြီး၊ အရိုးစု ကိုးခု၏ နဖူးရှိ၊ အနက်ရောင် မီးတောက်များ လောင်ကျွမ်း လာ၏။
အနက်ရောင် အငွေ့ အသက်များ ထွက်ပေါ်လာသော အခါ၊ ထူးထူး ဆန်းဆန်း အော်သံများ ကြားလာ ရသည်။
၎င်းတို့နှင့် နီးကပ် နေသော လူများမှာ၊ အသံလှိုင်းကြောင့် ဒဏ်ရာ ရရှိ ကုန်၏။ အရိုးစု များ အသက်ဝင် လာခြင်း ဖြစ်သည်။
၎င်းတို့သည် လိပ်နက် မျိုးနွယ်စု ဝင်များ မဟုတ်ဘဲ၊ ကျူးကျော် လာသော ဝိညာဉ် နတ် မိစ္ဆာ မိသားစုမှ ဖြစ်သည်။
ဉာဏ်ရည် ဉာဏ်သွေးများ မရှိတော့ သော်လည်း၊ ကြောက်မက်ဖွယ် စွမ်းအားများ ရှိနေဆဲ ဖြစ်၏။
မိစ္ဆာ အငွေ့ အသက်များ ပျံ့နှံ့လျက်၊ ကောင်းကင်ကြီး မှောင်ကျ သွား တော့သည်။
“ လောက နိယာမ နယ်ပယ် အထွတ် အထိပ်။ ”
မိန်ဇီဟော်မှာ အရိုးစု များကို ကြည့်ပြီး၊ ထိတ်လန့် သွား၏။ ကွယ်လွန်ပြီး ဖြစ်သည့်တိုင် အားကောင်း နေသေးသည်။ တစ်ချိန်က အမည်ခံ သူတော်စင်များ ဖြစ်နိုင်၏။
“ အရမ်း မကြောက် ကြနဲ့၊ ဒီတံဆိပ်က မြင့်မြတ်တဲ့ ရတနာပဲ၊ အရိုးစု တွေက သေပြီး သားပါ။ ”
လူတိုင်း ထိတ်လန့် နေစဉ်၊ တစ်စုံ တစ်ယောက်မှ လောဘကြီး စွာဖြင့် နှစ်သိမ့် လာတော့သည်။
“ မြင့်မြတ်တဲ့ ရတနာလား။ ”
ထိုလူ စကားကြောင့် လူတိုင်း စိတ်ဝင်စား လာလေသည်။
“ တိုက် ရ အောင် ... ။ ”
နောက်ဆုံးတွင် တစ်စုံ တစ်ယောက်မှာ၊ မထိန်းနိုင် တော့ဘဲ၊ အရိုးစု ကိုးကောင်အား စတင် တိုက်ခိုက် တော့သည်။
အရိုးစု များမှာ လောက နိယာမ အထွတ် အထိပ် ခွန်အားမျိုး၊ ပိုင်ဆိုင်ထား သော်လည်း၊ လူတစ်ရာ ကျော်ကို ရင်ဆိုင်ရန်၊ နည်းလမ်း မရှိချေ။
“ ဘယ်လိုတောင် ... မိုက်မဲ လိုက်လဲ။ ”
ကူကျွင့်မှ ကျိန်ဆဲ လေသည်။ လင်းယွန်၊ အန်းလျူယွင်နှင့် မိန်ဇီဟော်က တုံ့ဆိုင်း မနေဘဲ ရှေ့သို့ လှမ်းတက် လာခဲ့သည်။
ကူကျွင့်မှာ အံ့အားသင့် သွားပြီး၊ အမြန် ပြေးလိုက်လာ ခဲ့၏။ သူတို့အား လိုက်မီ သွား ချိန်၌ အန်းလျူယွင်က လှည့်ကြည့်ကာ၊
“ အကြီးအကဲ ကူ၊ ဒီကျောက်တိုင်က မြင့်မြတ်တဲ့ ရတနာ ဆိုတာ သေချာလား။ ”
-ဟု မေးသည်။
ကူကျွင့်က ခေါင်းငြိမ့် ပြပြီး၊
“ ဟုတ်တယ် ... ၊ မြင့်မြတ်တဲ့ ရတနာ တစ်ခုပဲ၊ သူတော်စင် တွေကို ချိပ်ပိတ်ဖို့ .. အသုံး ပြု ကြတယ်၊ နတ်မိစ္ဆာ မဏ္ဍိုင် တံဆိပ် လို့လည်း ခေါ်တယ်၊ ...
... သူ့ကို အသက် သွင်းဖို့၊ လျှို့ဝှက် နည်းပညာ တစ်ခု လိုတယ်၊ ဒါကြောင့် ဒီပညာ ကို မတတ် ကျွမ်းရင်၊ မင်းမှာ ရှိနေ ရင်တောင်၊ အသုံး ဝင်မှာ မဟုတ်ဘူး။ ”
“ ဒါဆို နောက်ထပ် အလောင်းတွေ ရှိနေ သေးတာလား။ ”
လင်းယွန်မှ ပြန်မေးသည်။
“ မင်း ... ဉာဏ်ကောင်းတယ်၊ ဒီအရိုးစု ကိုးကောင်က ဘာမှ မဟုတ်ဘူး၊ ကေျာက်တိုင် အောက်မှာ ... တစ်စုံ တစ်ယောက် သာ၊ အသက် ရှိနေ သေးရင် ... ။ ”
“ ဘာဖြစ် မလဲ ... ။ ”
မိန်ဇီဟော်က စိတ်လှုပ်ရှားစွာ ဝင်မေး၏။
“ တစ်ယောက်မှ မကျန်ဘူး၊ အကုန် သေရ လိမ့်မယ်။ ”
ကူကျွင့်မှ သက်ပြင်းချကာ ပြန်ဖြေသည်။
“ အားလုံး လား ... ။ ”
မိန်ဇီဟော်က ပတ်ဝန်းကျင်ရှိ၊ တိုက်ပွဲ ဝင်နေသော ကျင့်ကြံသူ များထံ ဝေ့ကြည့်ပြီး၊ ထိတ်လန့် သွားသည်။
“ သူတို့နဲ့ ... ထိုက်တန် အရာ၊ ဟုတ်-မဟုတ် တကယ် မသိတဲ့၊ အရူး တစ်အုပ်ပဲ ... ။ ”
ကူကျွင့် သုံးသပ်ချက်ကို နားထောင် နေလျက်မှ၊ လင်းယွန် မျက်နှာ ပြောင်းသွားပြီး၊ ရုတ်တရက် အကြံပေါ် လာလေသည်။
“ ဘာဖြစ် တာလဲ။ ”
ကူကျွင့်မှ လင်းယွန်၏ ပုံမှန် မဟုတ်သော အမူအရာကို သတိ ပြုမိ သဖြင့်၊ မေးမြန်း လိုက် ၏။
“ အခုလို ပြောမှပဲ ... ငါတို့ ဘာလုပ် ရမလဲ ဆိုတာ သိလာတယ်။ ”
စကားဆုံး သည်နှင့်၊ လင်းယွန်မှ အရှိန် အဟုန် ပြင်းစွာဖြင့်၊ ထွက်ပြေး တော့သည်။ သူ့ ဓားမှ အန္တရာယ်ကို ခံစား နိုင်၏။
ဆိုလို သည်မှာ နတ်မိစ္ဆာ မဏ္ဍိုင် တံဆိပ်မှ ဖိနှိပ် ထားသော အလောင်းသည်၊ အားကောင်း ကြောင်း သေချာ၏။
“ မြန်မြန် ... ။ ”
ထို့ကြောင့် လေးယောက်သား ကျောက်တိုင်ကို ဖြတ်ကျော် ပြေးရန် ပြင်လိုက် တော့သည်။
သို့သော် သူတို့ အနား မရောက် နိုင်ခင်၊ အနက်ဝတ် အလောင်းကောင် တစ်ကောင်၊ ကျောက်တိုင် အောက်မှ ကုန်းထ လာသည်။
တစ်ဆက်တည်း မှာပင်၊ အရိုးစု ကိုးကောင်အား၊ သူတို့ကို ဟန့်တားရန် အမိန့် ပေး လာတော့၏။
ကောင်းကင်ကို ဖုံးလွှမ်း နေသော မိစ္ဆာ ရောင်ဝါများ ပျိုကျ လာပြီး၊ ဖုန်မှုန့်များ ထောင်း ထောင်းထ လာတော့၏။
အခြားသူ များကို တိုက်ခိုက် နေသော အရိုးစုများက၊ သူတို့ လမ်းကြောင်း ပေါ်တွင် ရှိ နေသည့်၊ လူတိုင်းအား ဖြတ်ကျော်ရန် ပြင် လေသည်။
“ အဖိုးကြီး ... ၊ ငါတို့ လမ်းခွဲ ရအောင်။ ”
လင်းယွန်မှ တခုခု မူ မမှန် သည်ကို သိလိုက်ပြီး၊ ကူကျွင့်အား အဝေးသို့ သွားရန် မောင်းထုတ် လိုက်သည်။
အဘယ်ကြောင့် ဆိုသော် အရိုးစု များမှာ၊ ကူကျွင့်၏ လိပ်နက် သွေးကို အာရုံခံ မိနေမှန်း သံသယ ဝင်လာ သောကြောင့် ဖြစ်သည်။
မဟုတ်သော် ၎င်းတို့သည်၊ သူတို့ လေးဦးအား ပစ်မှတ် ထားလာ နိုင်စရာ အကြောင်း မရှိ နိုင်ချေ။
လမ်း တစ်လျှောက် အခြား သူများနှင့် ဆုံတွေ့ သော်လည်း၊ လျစ်လျူရှု ခဲ့ကြ သည်။
“ ဟား ဟား ဟား ... ၊ မင်းရဲ့ လိပ်ခွံ ကြောင့်လည်း ဖြစ်နိုင် တာပဲ၊ ငါ့ကိုပဲ အပစ် တင် မနေနဲ့။ ”
ကူကျွင့်မှ ပြန်ပြောသည်။ ထိုအရာသည် ဖြစ်နိုင် ခြေရှိ သဖြင့်၊ လင်းယွန်၏ နှလုံးသားမှာ တင်းကြပ် သွားသည်။
“ ဘာပဲ ဖြစ်ဖြစ် လမ်းခွဲပါ ... ၊ ဘယ်သူ့ နောက်ကို လိုက်ချင် တာလဲ သိရအောင်။ ”
“ မလုပ်နဲ့ ... ငါတို့ နှစ်ယောက် လုံး ကောင်းကင် ရနံ့ သင်းသင်း ကပဲ၊ မင်း တစ်ခုခု ကြံရွယ် နေတာ ငါ သိတယ်၊ အနည်း ဆုံးတော့ ဝိုင်ခန်းနဲ့၊ ...
... လိပ်နက် လျှပ်စီး ရေကန်ကို၊ မင်း တစ်ယောက်ထဲ ... ရှာချင် နေတာ မဟုတ်လား၊ ဝိုင်ခန်းမှာ မိုမိသားစု ဝိုင်နဲ့ ... နတ်ဘုရား ဝိုင်တွေ ရှိတာ ငါ သိတယ်၊ ”
လင်းယွန် မျက်နှာ လေးနက် သွား၏။ ဤအလောင်း များသည် ကူကျွင့်ထံ လာခြင်း ဖြစ်ကြောင်း သေချာ သွားသည်။
“ အဲဒါတွေ ကရော ... မင်းကြား ခဲ့တာပဲ မဟုတ်လား။ ”
“ လောလော ဆယ် ... အဲဒါကို နောက်မှ ပြောရအောင်၊ သူတို့ကို ဖြေရှင်းဖို့ ... နည်းလမ်း ရှာပါ၊ ငါတို့ နောက်ကို ဒီလို ဆက်လိုက် နေရင် ဘာမှ လုပ်မရဘူး။ ”
ကူကျွင့်မှ ပြုံးကာ ဆိုသည်။ သူတို့ အဖွဲ့ထံ အရိုးစုများ ဦးတည် နေကြောင်း၊ လူတိုင်း သတိ ထားမိ လာသည်။
“ မင်းမှာ နည်းလမ်း မရှိ ဖူးလား။ ”
လင်းယွန်မှ မေးလိုက်သည်။
“ သူတို့က အသေကောင် တွေပဲ၊ မင်းရဲ့ ဓားရည်ရွယ်ချက်က သူတို့ အပေါ် ထိရောက်မှု ရှိမလား စမ်းကြည့်ပေါ့၊ မင်း သူတို့ကို တားဆီး နိုင်ရင် ... နည်းလမ်း တစ်ခု ငါ ရှာနိုင်မယ်။ ”
ကူကျွင့်က ပြေးနေ လျက်မှ ပြန်ဖြေ၏။
“ မင်း ရူးနေလား၊ ဒီကောင် တွေကို ထိပ်တိုက် ရင်ဆိုင် ရအောင်၊ ငါက ... နဂါး သွေးလွှတ်ကြော မှာပဲ ရှိသေးတယ်။ ”
လင်းယွန်မှ စောဒက တက်လိုက် သော်လည်း၊ မကြာမီ ဆုံးဖြတ်ချက် ချကာ၊ ပြေးလွှား နေခြင်းကို ရပ်လိုက်၏။
“ လျူယွင် ... ။ ”
“ ပြောပါ ... ။ ”
အန်းလျူယွင်မှ ခေါင်းညိတ်၏။
“ သတိ ထား ... ။ ”
လင်းယွန်မှ စိတ်ပူမှန်း သိလိုက်ရ သဖြင့်၊ အန်းလျူယွင် နှလုံးသားထဲ ချက်ချင်း နွေးထွေး လာသည်။
“ ကောင်းပြီ ... အာရုံစိုက် လိုက်ပါ့မယ်။ ”
“ ငါ ကရော ဘာလုပ် ရမှာလဲ။ ”
မိန်ဇီဟော်မှ စိတ်လှုပ်ရှားလျက် မေးမြန်း လာသည်။ မျက်ဝန်းများ တဖျပ်ဖျပ် တောက်ပ နေပြီး၊ လက်များ တုန်ရီ လာ၏။
“ ဝင် မပါနဲ့ ... ။ ”
“ ဘာ ... ။ ”
မိန်ဇီဟော်မှာ မျက်လုံးပြူး သွားသည်။
“ မင်းကို ... ပလွေ မတီးဖို့ ပြောနေတာ။ ”
ကူကျွင့်မှ စိတ်မရှည် တော့ဘဲ၊ ဝင်ပြော လာတော့သည်။
“ သူတို့ကို ဘယ်အရာက ဆွဲဆောင် နေတာလဲ မသိ သေးဘူး၊ မင်း ဘာမှ မလုပ်တာ အကောင်းဆုံးပဲ။ ”
ထိုစကားကြောင့် မိန်ဇီဟော်မှ တစ်ခုခု ပြန်ပြောရန် ပြင်လိုက် ချိန်တွင်၊ ကြီးမားသော အရိပ် တစ်ရိပ် သူတို့ အပေါ် ကျလာ သဖြင့်၊ အမြန် ရှောင်လိုက် ရသည်။
“ ဝုန်း ... ။ ”
ဤသည်မှာ နတ်မိစ္ဆာ မဏ္ဍိုင် ကြီးဖြင့် အလောင်းကောင်က လူတိုင်းကို ရိုက်သတ် လိုက်ခြင် ဖြစ်သည်။
မြေပြင်၌ နက်ရှိုင်း သော လျှိုမြောင် တစ်ခု ဖြစ်ပေါ် လာ၏။ နတ်မိစ္ဆာ မဏ္ဍိုင်မှာ တစ်ချိန်က သူ့အား ချိပ်ပိတ်သော တံဆိပ် ဖြစ်သော်လည်း၊ ယခု အခါ လက်နက် ဖြစ်လာပြီ ဖြစ်သည်။
၎င်းနဖူးရှိ ဒေါင်လိုက် မျက်ဝန်းမှ၊ ကြောက်မက် ဖွယ်ရာ နတ်ဆိုး ရောင်ဝါများ ထုတ်လွှတ် လာ၏။
ထိုမျက်ဝန်းက ကျန်ရှိ နေသော လူ လေးယောက်ကို သတ်ဖြတ်ပြီး၊ သူတို့ထံ လှမ်း ကြည့် လာသည်။ မိန်ဇီဟော်မှာ အသက် ပြင်းပြင်း ရှူလျက်၊ ထိတ်လန့် သွား၏။
အလောင်းကောင်သည် လင်းယွန်နှင့် ကူကျွင့်အား တစ်လှည့်စီ ကြည့်ကာ၊ ပစ်မှတ် ရှာ နေ၏။ ပတ်ဝန်းကျင်၌ သူတို့ လေးဦးသာ အသက်ရှင်လျက် ကျန်ရှိ တော့သည်။
“ နတ်ဘုရား ပုံရိပ်ယောင် ဓား။ ”
လင်းယွန်က မနေနိုင် တော့ဘဲ၊ ဓား အလင်းဖြင့် ပစ်ခတ် လိုက်သည်။ သူ့နောက်၌ အိုင်းရစ်ပန်း တစ်ပွင့် ပွင့်လာပြီး၊ ဓားအလင်းက ဆယ်မိုင် အကွာသို့၊ ချက်ချင်း ရောက်ရှိ သွား၏။
၎င်းအတွင်း ငရဲ စွမ်းအင်နှင့် မိုးပြာ နဂါး စွမ်းအင်ကို ပေါင်းထည့် ထားသည်။ သူ့ ခြေဖျား အောက်၌ ငရဲပန်းကြီး ထပ်ပေါ် လာ၏။
“ ဝူး ... ။ ”
ဓားအလင်း ထိမှန်သော အလောင်း ကောင်မှာ၊ ပေ ရာဂဏန်း အကွာသို့ ဆုတ်ခွာ လိုက်ရသည်။
“ ဟိတ် ... ။ ”
ထိုအချိန်တွင် အန်းလျူယွင်က ယပ်တောင်ကို ထုတ်ပြီး၊ အရိုးစု ကိုးကောင်ထံ ခုန်ဝင် လိုက်တော့၏။
သူမ နောက်တွင် သွေးလမင်း တစ်စင်း ချက်ချင်း လင်းတက် လာကာ၊ အဖြူရောင် နဂါး တစ်ကောင် ပေါ်လာသည်။
တိုက်ပွဲ စတင်ပြီ ဖြစ်သောကြောင့်၊ မိန်ဇီဟော် သည်လည်း၊ ကျောက်စိမ်း ပလွေ တစ်လက်ကို ထုတ်ယူကာ၊ သူ့ နှုတ်ခမ်းတွင် တင်လိုက်သည်။
သို့သော် သူ့ထံ ဦးတည် လာသည့် သတ်ဖြတ်လိုသော မျက်ဝန်း နှစ်စုံကို၊ သတိ ထား မိကာ၊ ဒေါသ ထွက်သွား၏။
သူ ဟူသည် မဟာ သူတော်စင် အသံကို ဆုပ်ကိုင် ထားနိုင်သော ဂီတ ပါရမီရှင် တစ်ပါး ဖြစ်သည်။ ဤလူ နှစ်ယောက်သည် သူ့အား မည်သို့ ရှုမြင်နေ သနည်း။
အဆုံး၌ ပလွေကို နှုတ်ခမ်းမှ ခွာလိုက် ရတော့သည်။ အလောင်းကောင်က လိပ်နက် ကျောက်တိုင်ကို ဝှေ့ယမ်းလျက် လှမ်းတက် လာသည်။
“ ကောင်းပြီ ... ငါ မင်းနဲ့ ကစား ပေးမယ်။ ”
လင်းယွန်က မိန်ဇီဟော် ထံမှ အကြည့်ကို ခွာကာ၊ မြေပြင်ကို ပုတ်လျက်၊ ကောင်းကင်ပေါ် ပျံတက် လိုက်တော့သည်။
တစ်ဆက်တည်း မှာပင်၊ မိုးကြိုး မုန်တိုင်းများ တိုက်လာပြီး၊ နဂါး ထွက်သက်ကို ထုတ်ဖော် လိုက်၏။
မိုးကြိုး မုန်တိုင်းများ ဖုံးလွှမ်း နေသည့်၊ နဂါးလက်သည်း တစ်ဖက်က ကျောက်တိုင်ကို ဆုပ်ကိုင် မိသွားသည်။
“ ခရစ် ... ။ ”
သို့သော် အသက် သုံးရှိုက်စာ အတွင်း၊ နဂါး လက်သည်း ကွဲအက် သွားသဖြင့်၊ ခန္ဓာ အတွင်း စွမ်းအင်များ၊ ကမောက် ကမ ဖြစ်ကုန်၏။
အံကြိတ်လျက် နတ်ဘုရား ပုံရိပ်ယောင် ဓားကို ထပ်မံ ထုတ်ဖော် လိုက်သည်။
“ ဝှီး ... ။ ”
ဤတစ်ကြိမ်တွင် အလောင်း ကောင်မှ ကျောက်တိုင်ကို နှစ်ပါတ် ဝှေ့ယမ်းလျက်၊ သူ့ဓား အလင်းအား၊ ချေဖျက် သွားခဲ့သည်။
“ ရွှပ် ... ရွှပ် ... ။ ”
သို့တိုင် လင်းယွန်မှ၊ ထပ်မံ ပစ်ခတ် နေဆဲ ဖြစ်သည်။ ဤအရာကြောင့် ကောင်းကင်ကို ဓား ရောင်ဝါ များဖြင့်၊ ဖုံးလွှမ်း သွားစေ၏။
“ ဝုန်း ... ။ ”
မိုးကြိုး မုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်လျက်၊ ကြောက်မက်ဖွယ် ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာသည်။
အလောင်း ကောင်အား အနား မရောက်စေရန်၊ ကြံရွယ်ခြင်း ဖြစ်သော်လည်း၊ မအောင်မြင် ခဲ့ချေ။
အလောင်း ကောင်မှ ကျောက်တိုင်ကို ဝှေ့ယမ်းလျက်၊ တဖြည်းဖြည်း လှမ်းတက် လာ နိုင် ခဲ့သည်။
ထို့ကြောင့် လင်းယွန် ခမျာ ကောင်းကင် အမိုးဓားဖြင့်၊ ကျောက်တိုင်ကို ဖျက်ဆီးရန် ခုတ်ပိုင်း လိုက်ရသည်။
“ ထန် ... ထန် ... ။ ”
မီးပွားများ ပွင့်ထွက် လာပြီး၊ အလောင်း ကောင်မှာ ရပ်သွားသည်။ အခြေနေမှာ ရှေ့မတိုး နောက် မဆုတ်သာ ဖြစ်လာ၏။
“ အဖိုးကြီး ... ၊ ငါ့ကို မလှည့် စားနဲ့ ... ။ ”
လင်းယွန်မှ ကူကျွင့်အား လှည့် မကြည့် နိုင်အားဘဲ၊ လှမ်းအော်သည်။
“ မင်း ဘာတွေ ... ၊ စိတ်ပူ နေတာလဲ ... မပူနဲ့ ... ၊ ငါ မင်းကို လှည့်စား စရာ အကြောင်း မရှိဘူး၊ တိုက်ပွဲ အပေါ်ပဲ အာရုံ စိုက်ပါ။ ”
ကူကျွင့် မှလည်း၊ သူ့အား မော့ပင် မကြည့် ခဲ့ချေ။ ၎င်း၏ စကား များကြောင့် လင်းယွန် မှာ၊ ပို၍ သံသယ ဝင်လာ တော့သည်။
***