← Chapters

သူတော်စင် မူလ။

Vol. 131 Ch. 1822

သူတော်စင် မူလ။

Vol. 131 Ch. 1822

အနက်ဝတ် အလောင်း ကောင်မှ လိပ်နက် ကျောက်တိုင်အား ဆွဲကိုင်လျက်၊ လင်းယွန်ထံ အေးစက်စွာ ကြည့်သည်။

၎င်း၏ ဒေါင်လိုက် မျက်လုံး များ၌ အနက်ရောင် မီးလျှံများ တောက်လောင် နေခဲ့ သည်။

“ ပုရွက်ဆိတ် ငါ့ကို စိန်ခေါ် ရဲလား။ ”

အနက်ဝတ် အလောင်း ကောင်မှာ နိုးထလာစ ဖြစ်ပြီး၊ ဉာဏ်ရည် ဉာဏ်သွေးမှာ၊ ရှင်းရှင်း လင်းလင်း မရှိ သော်လည်း၊ တိုက်ပွဲဝင် စွမ်းအားများ ကျန်ရှိ နေသေးသည်။

ဤအရာက လင်းယွန် မျက်နှာကို ပြောင်းလဲသွား စေသည်။ ၎င်း၏ ခွန်အားသည် မရဏ အဆင့်နှင့် ယှဉ်နိုင် ချေ၏။

ဉာဏ်ရည် ဉာဏ်သွေးသာ ရှိက သူ့အား ချက်ချင်း သတ်နိုင်မည်။ တစ်ဖက်တွင် လိပ်နက် ကေျာက်တိုင်ကို ပန်းသင်္ချိုင်း က ကြောက်ရွံ့ နေသည်။

“ ဝှီး ... ။ ”

လင်းယွန် တစ်ယောက် ချိန်ဆ နေစဉ် ပတ်ဝန်းကျင် လေထု ပုံပျက် သွားပြီး၊ လိပ်နက် ကျောက်တိုင်က နောက်တစ်ကြိမ် ပျံသန်း လာ၏။

“ ဝှစ် ... ။ ”

၎င်းနှင့် အတူ ပတ်ဝန်းကျင် လေထုမှာ ကမောက် ကမ လိုက်ပါ လာသည်။ ရေွ့လျားမှု နည်းစနစ်ကို ကန့်သတ်ချက် အထိ ထုတ်လျက် ချက်ချင်း ရှောင်လိုက် ရသည်။

“ ခရစ် ... ။ ”

လိပ်နက် ကျောက်တိုင်မှာ ကြီးမား သော်လည်း အလွန် မြန်သည်။ အကြိမ် အနည်း ငယ် ရှောင်တိမ်း ပြီးနောက်၊ လေထုမှာ အပိုင်းပိုင်း ကွဲလာ၏။

အခြားသူ တစ်ဦးသာ ဆိုက သေပြီး ဖြစ်ပေမည်။ ရုတ်တရက် အလောင်း ကောင်က၊ ကျောက်တိုင်ကို လှံကဲ့သို့ လှမ်းထိုး လာ၏။

အနား မရောက်ခင် မှာပင် လေခွင်း သံက လင်းယွန်၏ နားစည်ကို ရိုက်ခတ်ကာ၊ ပါးစပ်မှ သွေးများ ထွက်လာစေ ခဲ့သည်။

“ ခရစ် ... ။ ”

မူးဝေလျက် သူ့ဓရောင်ဝါတွင် အက်ကြောင်းများ ပေါ်လာ၏။ ဤသည်မှာ မရဏ အဆင့်၏ ခွန်အား ပေပင်။

“ ဘုန်း ... ။ ”

လိပ်နက် ကျောက်တိုင်က လင်းယွန် ရင်ဘတ်ကို ထိမှန်သဖြင့်၊ အရိုးစု ကိုးကောင်နှင့် တိုက်ခိုက် နေသော အန်းလျူယွင်က၊ ‘မလုပ်နဲ့’ ဟု အော်ဟစ် လိုက်သည်။

“ သူဌေး အန်း ... ၊ အာရုံ စိုက်ပါ။ ”

ဤအခင်း အကျင်းကို မြင်သော အခါ မိန်ဇီဟော်မှ တွေးချိန် မရှိ တော့ဘဲ၊ ပလွေအား လက်နက် အဖြစ် သုံးကာ၊ အရိုးစု သုံးကောင် အား၊ ဟန့်တား ပေးလိုက် ရသည်။

လင်းယွန် တစ်ယောက် မိုင် တစ်ထောင် အကွာသို့ လွင့်စဉ် သွား၏။ သူ့ခန္ဓာကိုယ် ပေါ်ရှိ ခရမ်း-ရွှေရောင် ရူရ်များ ကွဲအက် သွားသည်။

“ လင်းရှောင် ... သူက မရဏ အဆင့် ဆိုပေမယ့် ... ဒီလောက် အစွမ်း ထက်လှတာ မဟုတ်ဘူး၊ လိပ်နက် ကျောက်တိုင် ကိုပဲ ဖြေရှင်းဖို့ ကြိုးစားပါ။ ”

ကူကျွင့်မှ လှမ်းပြောသည်။ ဤအဖိုးကြီးသည် အမှန် တကယ်ပင် စိတ်မချ ရချေ။ ယခု အချိန်ထိ ရပ်နေ သေး၏။ အဖြေရှာ နိုင်ပုံ မရ သေးချေ။

အသက် ပြင်းပြင်း ရှူလျက် ပန်းသင်္ချိုင်း ဓားကို မြှောက်လိုက်သည်။ မိုးပြာ နဂါး ခန္ဓာကို ထုတ်ဖော်လျက်၊ မိုးပြာ နဂါးဓား ပညာရပ်အား ခင်းကျင်း လိုက်သည်။

“ ဝှီး ... ။ ”

ထိုအချိန်တွင် လိပ်နက် ကျောက်တိုင် သည်လည်း ပျံသန်း ဝင်ရောက် လာခဲ့သည်။ လင်းယွန်က ရှောင်တိမ်းရန် မကြိုးစား တော့ဘဲ ပန်းသင်္ချိုင်း ဓားနှင့် ထိပ်တိုက် တွေ့ပေး၏။

ရှောင်တိမ်း နေပါက၊ လိပ်နက် ကျောက်တိုင်မှ စွမ်းအား ပိုစုဆောင်း နိုင်မည် ဖြစ်သည်။ ထို့ကြောင့် စိတ်မသက် မသာဖြင့် ထိပ်တိုက် ရင်ဆိုင် ရန်သာ ဆုံးဖြတ် လိုက်ရခြင်း ဖြစ်သည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲသံ ထွက်လာပြီး၊ ပန်းသင်္ချိုင်း ဓားက အလောင်းကောင် ရင်ဘတ်ပေါ် ထိမှန် ကာ၊ အဝေးသို့ လွင့်စဉ် သွားသည်။

လိပ်နက် ကျောက်တိုင် မှာမူ၊ သူ့အား ရစ်ခွေ ထားသော မိုးပြာ နဂါးကြီးကို ဖြိုခွဲပစ် လိုက်၏။ အကြိမ် အနည်းငယ် ဖလှယ် ပြီးနောက်၊ ပြန် လည် ဆုတ်ခွာ လိုက်သည်။

“ ငါ မင်းကို ... မနိုင် ဖူးလို့ မယုံဘူး။ ”

ထိုအချိန်တွင် အလောင်း ကောင်၏ ဒေါင်လိုက် မျက်လုံး ပွင့်လာပြီး၊ အနက်ရောင် မီးတောက်များ ထွက်ပေါ် လာ၏။

လင်းယွန်က နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ်ကို ကန့်သတ်ချက်သို့ တွန်းပို့ လိုက် တော့သည်။

“ ဝှစ် ... ။ ”

အရှိန်သည် မြန်လွန်း သောကြောင့် လေပြင်းတိုက် သွားသည် ကိုသာ မြင်လိုက် ရ၏။

ဤသည်မှာ မကြုံ စဖူးသော အရှိန် တစ်ခု ဖြစ်ပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ် အတား အဆီးကို ကျော်လွန် နေသည်။

ပေါက်ကွဲ စွမ်းအားမှာ၊ ကြောက်စရာ ကောင်း၏။ ထူးထူး ဆန်းဆန်း ခံစားမှု တစ်ခု ဖြစ်ပြီး၊ နတ်ဆိုး မီးတောက် များကို၊ ရှောင်ရှား လာနိုင် ခဲ့သည်။

“ ငရဲကို သွား ... ။ ”

အလောင်းကောင် အနီးသို့ ချဉ်းကပ်ပြီး၊ တတိယ မျက်လုံးကို ဓား အလင်းဖြင့်၊ ပစ်ခတ် လိုက် တော့သည်။

“ ထန် ... ။ ”

သို့သော် ဒေါင်လိုက် မျက်လုံးကို မှိတ်ချ ပစ်လိုက် သဖြင့်၊ သတ္တု နံရံကို ထိမိ သွားသည့် အလား၊ ဓားအလင်းမှာ ကန်ထွက် သွား၏။

“ ဝုန်း ... ။ ”

သို့သော် တစ်ချိန်တည်း မှာပင် အလောင်းကောင်က ကျောက်တိုင်ကို လွှတ်ချ လိုက်ရသည်။

“ ဓား ... ။ ”

ယင်းကို အခွင့်ကောင်း ယူပြီး၊ လင်းယွန်မှ ဓားအား ပြန်ခေါ် လိုက်သည်။ အလောင်းကောင် က ဒေါင်လိုက် မျက်လုံး ပြန်ပွင့် လာ၏။

“ မင်း ... ဓားကိုင်ခွင့် ရှိမယ် ထင်လား။ ”

ပြီးနောက် လင်းယွန်အား လှောင်ပြောင် လိုသော အကြည့်ဖြင့်၊ လက်သီး ဆုပ်ကာ ထိုးချ လာလေသည်။

လက်သီး၌ အနက်ရောင် အခိုး အငွေ့များ ရစ်သိုင်း ပါဝင်၏။ တစ်ချက် ကြည့်ရုံဖြင့် မည်မျှ ထိတ်လန့် စရာ ကောင်းမည်ကို မှန်းဆ နိုင် ပေသည်။

သို့သော် သူ့ဓားကို ဖမ်းဆုပ် နိုင်သရွေ့၊ ဤလက်သီးအား သေချာပေါက် ဟန့်တားနိုင် မည် ဖြစ်သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ထို့ကြောင့် အချိန်ရ စေရန်၊ နောက်သို့ ခြေသုံးလှမ်း ဆုတ်ပြီး၊ ပန်းသင်္ချိုင်း ဓားထံ လက် လှမ်း လိုက်သည်။

“ ဝှစ် ... ။ ”

သို့သော် ဓားက လက်ထဲ ဝင်မလာ ခဲ့ဘဲ၊ သူ့ကို ကျော်တက် သွားပြီး၊ အလောင်း ကောင် လက်သီးထဲ၊ တိုးဝင် သွားသည်။

“ စွပ် ... ။ ”

“ ဝူး ... ။ ”

ဓားဖျားက လက်သီးထဲ သုံး လက်မခန့် တိုးဝင် လာသဖြင့်၊ နာကျင်စွာ အော်ဟစ် သံကြီး ထွက်ပေါ် လာသည်။

“ ချလွမ် ... ။ ”

လက်သီးထဲ ဝင်လာသော ပန်သင်္ချိုင်း ဓားအား၊ ဆွဲနုတ်ကာ လွင့်ပစ်ပြီး၊ ဘယ်လက်နှင့် လင်းယွန်ထံ၊ ချက်ချင်း ထိုးနှက် တော့၏။

လင်းယွန်က ထိုတိုက်ခိုက်မှုကို ရှောင်ရန် မဖြစ်နိုင်မှန်း သိသောကြောင့်၊ အုပ်စိုးရှင် နဂါး တံဆိပ်အား ဖွဲ့စည်း လိုက်သည်။

လက်ဖဝါး၌ ရောင်ခြည်တော် ခုနစ်ပါး ပွင့်လာ၏။ ခရမ်း-ရွှေရောင်နှင့် ကျောက်စိမ်းပြာ နဂါး ရူရ်များ ပေါင်းစည်း ပြီးနောက်၊ ခန္ဓာကိုယ် ဖောင်းကား လာသည်။

မိုးပြာ နတ်နဂါး ခန္ဓာကိုယ် အသက် ဝင်လာခြင်း ဖြစ်၏။ အဓိပတိ နဂါး တံဆိပ်ဖြင့် ခွန်အားကို ငှားယူ လိုက်ခြင်း ပေပင်။ ဆိုလို သည်မှာ စစ်မှန်သော နတ်ခန္ဓာ မဟုတ်ချေ။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

သို့တိုင် အလောင်း ကောင်၏ လက်သီး သူ့အပေါ် ကျရောက် လာသော အခါ၊ နောက်သို့ လွင့်စဉ် သွားသေးသည်။

ကံကောင်း စွာဖြင့် နဂါး ရူရ်များ မပြိုကွဲ ခဲ့ချေ။ ခန္ဓာကိုယ် အတွင်း စွမ်းအားများ တိုးလာ သည်နှင့် အမျှ၊ မျက်ဝန်း များ၌ ဘုန်း နေမင်းနှင့် ဘုန်း လမင်း ဝိညာဉ်များ ပွင့်လာသည်။

“ ဟိတ် ... ။ ”

ဤနည်းဖြင့် အလောင်း ကောင်အား ထိပ်တိုက် ရင်ဆိုင်ကာ၊ ပြန်လည် ထိမှန်အောင် ထိုးနှက် နိုင်ခဲ့သည်။

ထိုမြင်ကွင်းက အရိုးစု များနှင့် တိုက်ခိုက် နေစဉ်၊ မကြာ-မကြာ လှည့်ကြည့် နေမိသော မိန်ဇီဟော်အား ထိတ်လန့် စေ၏။

“ ငါ့ ... ရှေ့က ဖယ် ... ။ ”

နောက်ဆုံးတွင် ကူကျွင့် ခန္ဓာ ကိုယ်မှ ခရမ်းရောင် အလင်းတန်းများ ထွက်လာပြီး ကောင်းကင်ပေါ် ခုန်တက် သွားတော့သည်။

ကူကျွင့်က ညာလက်၌ လျှို့ဝှက် ဆန်းကြယ်သော တံဆိပ် တစ်ခုအား၊ အဆက် မပြတ် ဖန်တီး နေခဲ့၏။ ပြီးနောက်၊

“ မိုးကြိုး တစ်သိန်း၊ ငါ့ အမိန့်ကို နာခံပါ။ ”

-ဟု ဆင့်ခေါ် လိုက်တော့သည်။

“ ဂျိန်း ... ။ ”

ကောင်းကင်မှ မိုးခြိမ်း သံကြီး ထုတ်လွှတ်ကာ၊ လှပ်စီးများ ဆင်းသက် လာ ခဲ့သည်။

သူ့ ခန္ဓာကိုယ် တစ်ခုလုံး လျှပ်စီးများ လက်လာပြီး၊ ဆံပင်များ တဖျပ်ဖျပ် လွင့်ကုန်၏။

“ ဂျိန်း ... ။ ”

လင်းယွန် ဆုတ်ခွာ လိုက်စဉ်၊ မိုးကြိုး များက၊ အလောင်း ကောင်၏ ရင်ဘတ်ပေါ် ထိမှန် ကုန်တော့သည်။

“ အူး ... ။ ”

အနက်ရောင် အမှုန် အမွှားများ စိမ့်ထွက်ပြီး ရောင်ဝါများ တဟုန်ထိုး ကျဆင်းကာ၊ အော်ဟစ် သံ ပြုသည်။

သို့သော် အလောင်း ကောင်မှာ ပြိုလဲ သွားခြင်း မရှိဘဲ၊ ဒေါသ ထွက်နေသော အမူ အရာဖြင့်၊ မော့ကြည့် လေသည်။

ဒေါင်လိုက် မျက်လုံးများ ဖွင့်ကာ၊ မိုးကြိုး စက်ကွင်း အတွင်းမှ လွတ်မြောက်ရန် ရုန်းကန် တော့သည်။

အနည်းငယ် ကြောက်စရာ ကောင်း၏။ ၎င်း၏ အစွမ်းကို ကူကျွင့်မှ လျော့တွက် ထားမိ ပုံ ပေပင်။

“ စွပ် ... ။ ”

ထိတ်လန့် စွာဖြင့် တံတွေး မျိုချကာ၊ ကူကျွင့်က စကား ပြောရန် ပြင်လိုက် ချိန်၌၊ ဓားတစ်လက်က ဒေါင်လိုက် မျက်လုံးထဲ ဖောက်ဝင် သွားသည်။

အလောင်းကောင် ခမျာ ရုတ်တရက် ထိုးဖောက် ခံရသည့်၊ မီးပုံးပျံ ကဲ့သို့ ချက်ချင်း ရပ်တန့် ပိန်ရှုံ့ သွား၏။

ကောင်းကင်မှ မိုးကြိုးများ ဆင်းသက် လာသော အခါတွင်၊ ၎င်း၏ သတ်ဖြတ် လိုသော ရောင်ဝါမှာ အေးခဲသွား ခေျပြီ။

“ မင်းရော ငါနဲ့ တိုက်ဖို့ ထိုက်တန်မယ် ထင်လား။ ”

လင်းယွန်မှ ပန်းသင်္ချိုင်း ဓားကို ဆွဲနုတ်ကာ နောက်ဆုတ် လိုက်သည်။ အလောင်း ကောင်၌၊ အက်ကွဲ ကြောင်းများ ပေါ်လာ၏။

“ ခရစ် ... ။ ”

ခန္ဓာကိုယ် ယိမ်းထိုး လာကာ၊ ပြိုကျ သွားတော့သည်။ လင်းယွန်က ပန်းသင်္ချိုင်း ဓား ကို၊ မြေကြီးထဲ ထိုးစိုက်လျက်၊ ချက်ချင်း ထိုင်ချ လိုက်သည်။

မိုးပြာ နဂါး နတ်ခန္ဓာ ကိုယ်အား ပိတ်ပြီး၊ နဂါပြာ အရိုးကို ချက်ချင်း အသက်သွင်း လိုက် တော့၏။

အကန့် အသတ်မဲ့ အသက် စွမ်းအားများ စီးဆင်း လာစဉ်၊ ခန္ဓာ ကိုယ်အား၊ အပြာရောင် အလင်းများ သိုင်းခြုံ လာသည်။

တစ်နာရီ ကုန်လွန် ပြီးနောက်၊ မျက်လုံးများ ပြန်ဖွင့် လိုက်သည်။ အရိုးစု များထံ လှည့်ကြည့် လိုက်သော အခါ၊ အားလုံး ငြိမ်သက် နေပြီ ဖြစ်ကြောင်း မြင်လိုက် ရသည်။

အချိန်တို အတွင်း၊ လင်းယွန် တစ်ယောက် အပြည့် အဝ ပြန်လည် ကောင်းမွန် လာသည်ကို မြင်လိုက်ရ သဖြင့် မိန်ဇီဟော်မှာ၊ ထိတ်လန့် သွားသည်။

မယုံနိုင်စရာ ကောင်းလွန်း ချေ၏။

“ သခင်လေး ... ဟိုမှာ ... ။ ”

အန်းလျူယွင်က ဦးတည်ရာ တစ်ရပ်ထံ ညွှန်ပြသည်။ သိပ်သည်းသော ရောင်ဝါ တစ်ခု မြေပြင်မှ ထွက်ပေါ် နေ၏။

၎င်းသည် သူတော်စင် ရောင်ဝါများ ဖြစ်သဖြင့်၊

“ ဘယ်တုန်းက ပေါ်လာ တာလဲ။ ”

-ဟု ပြန်မေး လိုက်သည်။

“ အလောင်း ကောင် ... သေဆုံးပြီး ပေါ်လာခဲ့ တာပဲ၊ အကြီး အကဲ ကူကျွင့်က သွား ကြည့်မို့ လုပ်နေတာ၊ သခင်လေး ပြန်ကောင်း လာမဲ့ အချိန်ထိ စောင့်ဖို့ တားထား ရတယ်။ ”

အန်းလျူယွင်က ပြုံးကာ ဖြေသည်။ လင်းယွန်မှ ကူကျွင့်ထံ လှည့်ကြည့် လိုက်ရာ၊ အဆင် မပြေသော အပြုံးဖြင့်၊ ၎င်းက ပြုံးပြ လာပြီး၊

“ သူတော်စင် မူလ ဖြစ်နိုင် ပါတယ်၊ ဒါပေမယ့် နတ်ဆိုး တွေရဲ့ ... မူလ စွမ်းအင်က အန္တရာယ် များတယ်၊ ဒါကြောင့် မင်း အစား ငါအရင် ကြည့်ပေး မို့ပါ။ ”

-ဟု ဖြေရှင်းချက် ပေးလာ ခဲ့သည်။

“ ဒါဆို ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်မှ ဆို၏။ လေးယောက်သား ထရပ်ကာ၊ အတူတူ လျှောက်လှမ်း လာခဲ့ကြ သည်။

မြေပြင် ပေါ်၌ ကြီးမားသော မီးလောင် ချိုင့်ဝှမ်းကြီး တစ်ခု ရှိနေ၏။ ချိုင့်ဝှမ်း အတွင်း သူတော်စင် ရောင်ဝါများ ဖြာထွက် နေသည့် သူတော်စင် မူလအား မြင်လိုက် ရသည်။

၎င်းတွင် အသက် စွမ်းအားများ ဆုံးရှုံး ထားသော်လည်း၊ များပြားသော စွမ်းအားများ ရှိနေ သေးသည်။ အနက်ရောင် အခိုး အငွေ့ များကို ဖယ်ရှား နိုင်သော်၊ တန်ဖိုးမှာ ကြီးချေ၏။

“ တကယ်ပဲ ... သူတော်စင် အဆင့် ကျွမ်းကျင်သူ ပဲ။ ”

လင်းယွန်မှ ကြောက်လန့် တကြား ညည်းတွား လိုက်သည်။

“နတ်မိစ္ဆာ မဏ္ဍိုင်က ... သူတော်စင်တွေ ကိုပဲ တိုက်ခိုက်တယ်၊ ဒါကြောင့် ဒီအလောင်းက ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ ထားတယ်၊ မဟုတ်လို့ ကတော့ ...

... အရမ်း ကြောက်စရာ ကောင်း လိမ့်မယ်၊ အချိန် ကြာလာ တာနဲ့၊ ဉာဏ်ရည် ဉာဏ်သွေးပါ ပြန်ရလာ နိုင်ခြေ မြင့်မားတယ်။ ”

ကူကျွင့်က သက်ပြင်း ချကာ ပြောလာ လေသည်။ ထို့နောက် လင်းယွန်ထံ လေးလေး နက်နက် စိုက်ကြည့်ပြီး၊

“ မင်းရဲ့ ခွန်အားက ... ငါ့ စိတ်ကူးကို ကျော်လွန် သွားပြီ၊ မင်းမှာ ဝှက်ဖဲတွေ အများ ကြီး ရှိနေ တာပဲ။ ”

-ဟု ချီးကျူး စကား ဆို၏။

သို့သော် လင်းယွန်မှ ကူကျွင့် စကားအား တုန်ပြန်ခြင်း မရှိချေ။ သူ့၌ ဝှက်ဖဲများ မရှိသော် သေသွား နိုင်၏။

“ ဒီသူတော်စင် မူလကို ... ငါတို့ ဘာဆက် လုပ်မလဲ။ ”

မိန်ဇီဟော်မှ စိတ်လှုပ်ရှားစွာ မေးသည်။

“ အတွင်းမှာ ပါတဲ့ ... နတ်ဆိုး အငွေ့ အသက်က ခြိမ်းခြောက် နိုင်တယ်၊ ဒါပေမယ့် လူ တော်တော် များများက၊ မြင့်မားတဲ့ ဈေးနဲ့ ဝယ် ကြဦး မှာပါ။ ”

“ ဟား ဟား ဟား ... မင်းတို့ တွေက၊ သူတော်စင် နယ်ပယ်ရဲ့ .... ၊ အလောင်း ကောင် ကိုတောင်၊ သတ်ပစ်နိုင် ခဲ့တာပဲ ... ။ ”

ရုတ်တရက် အသံ တစ်သံ ထွက်ပေါ် လာသည်။ ယင်းကြောင့် လင်းယွန်နှင့် အဖွဲ့မှာ မျက်နှာများ ပြောင်းလဲ သွား၏။

အဘယ့်ကြောင့် ဆိုသော် ထိုသူ ရောက်ရှိ နေသည်ကို၊ သူတို့ လုံးဝ သတိ မထားမိ ခဲ့ချေ။ ကျောက်ဆောင် ပေါ်၌ အဖြူ၀တ် အမျိုးသား တစ်ဦး ထိုင်နေ၏။

၎င်းမှာ ပြုံးနေ သော်လည်း၊ လင်းယွန်ကို နိုးနိုး ကြားကြား ဖြစ်လာ စေသည်။ ထို့ကြောင့် ကောင်းကင် အမိုးဓားကို အသင့်ပြင် ထားမိ၏။

“ အထင် ကြီးစရာပဲ ... ။ ”

လင်းယွန်မှ လှမ်း ပြောသည်။

“ ငါ ဘယ်သူလဲ သိချင် နေတာလား၊ အဲဒီ အစား သူတော်စင် မူလကို ပေးပါ၊ မင်းမှာ ရှိနေ တာက ကောင်းကျိုးထက် ဆိုးကျိုး ပိုများ လိမ့်မယ်။ ”

အဖြူဝတ် အမျိုးသားက တန်ခိုးကြီးသော ရောင်ဝါကို ထုတ်ပြ လာသည်။

“ သခင်လေး လင်းက သူ့ဘဝကို ရင်းပြီး ရလာတဲ့ အရာပဲ၊ မင်း ... ရှင်းပြ သင့်တယ်လို့ မထင် ဖူးလား။ ”

အန်းလျူယွင်က ဝင်ရောက် စူးစမ်း လိုက်သည်။ သူတော်စင် မူလတွင် မိစ္ဆာ အငွေ့ အသက် များဖြင့် ပြည့်နှက် နေ သော်လည်း တန်ဖိုးမှာ တိုင်းတာ၍ မရပေ။

သည့်အပြင် လင်းယွန်သည် ဤအရာ အတွက်၊ အသက် ဆုံးရှုံး ရလု နီးပါး ဖြစ်ခဲ့ရ လေသည်။ ကူကျွင့် ကိုပင် ချဉ်းကပ်ခြင်း မပြုရန်၊ သူမ တားမြစ် ခဲ့သည်။

“ ဖြေရှင်း ချက်လား ... ။ ”

အဖြူဝတ် အမျိုးသားက ပြုံးပြီး၊

“ ငါ့မှာ ရှင်းပြ စရာ စကားလုံး မရှိလို့ စိတ်မကောင်း ပါဘူး။

-ဟု ဆက်ပြောသည်။

ထို့နောက် လက်ဖဝါးကို ဖြန့်လိုက်ရာ သူတော်စင် မူလသည်၊ ၎င်းထံသို့ လျင်မြန်စွာ ပျံတက် သွားတော့၏။

ယင်းကြောင့် လင်းယွန်က သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား ထုတ်ဖော် မိသည်။ တစ်ဖက် လူမှာ ပြောင်ပြောင် တင်းတင်း လုယူ နေခြင်း ဖြစ်၏။

ထို့ကြောင့် သူ လှုပ်ရှား တော့မည့် အချိန်တွင်၊ အန်းလျူယွင်က ယပ်တောင်ဖြင့် လှမ်းပစ် လိုက် တော့သည်။

“ ဟား ဟား ဟား ... စိတ်ဝင်စား စရာပဲ။ ”

အဖြူဝတ် အမျိုးသားက၊ ယပ်တောင်ကို ရှောင်တိမ်းရန် ရည်ရွယ်ချက် မရှိဟန်ဖြင့် ပြုံးပြီး ရပ်စောင့် နေတော့သည်။

***

All Chapters