လိပ်နက် အမြုတေ ။
Vol. 131 Ch. 1823
ယပ်တောင်က အဖြူဝတ် အမျိုးသားထံ ရောက်ရှိ တော့မည် အချိန်၌၊ ဓား ရောင်ခြည် ကိုးစင်း တောက်ပ လာ၏။
“ ဓား ရည်ရွယ်ချက်။ ”
“ ထွက် သွား ... ။ ”
ယပ်တောင်မှာ ဓားအလင်း ကြောင့် ပြန်လည် ကန်ထွက် လာစဉ် အန်းလျူယွင်မှ ပျံသန်း ဖမ်းယူ လိုက်သည်။
“ သွား ... ။ ”
ထိုအချိန်တွင် အဖြူဝတ် အမျိုးသားက ဓားရောင်ဝါကို ဓား အလင်း အဖြစ် ပြောင်းလဲ ကာ၊ တောက်ထုတ် လာ၏။
အန်းလျူယွင်သည် ဘဝ-ပထမ အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။ သူမ လက်ထဲရှိ အမွေခံ သူတော်စင် ပစ္စည်းနှင့် အတူ၊ ဘဝ-ဒုတိယ အဆင့်ကို ရင်ဆိုင် နိုင်၏။
နဂါးဖြူ အရိုးကို ထပ်မံ ပေါင်းထည့် လိုက်သော် ပို၍ပင် အစွမ်းထက် လာပေမည်။ သို့သော် အဖြူဝတ် အမျိုးသား၏ ဓား အလင်းအား မရှောင်နိုင် ခဲ့ချေ။
“ အွတ် ... ။ ”
ထိမှန်ကာ ကောင်းကင်မှ ပြုတ်ကျ သွားသည်။ ယပ်တောင် သည်လည်း သူမ လက်မှ လွင့်စဉ် ပြုတ်ကျ သွား၏။
မိန်ဇီဟော်နှင့် ကူကျွင့်မှာ မျက်နှာ ပြောင်းလဲလာသည်။ လင်းယွန် ကဲ့သို့ အစွမ်း ထက်သော ဓားသမား တစ်ဦးအား ပထမဆုံး အကြိမ် တွေ့ကြုံ လိုက်ရခြင်း ဖြစ်၏။
“ မင်း ဘယ်သူလဲ ဆိုတာ ... ငါ ဂရု မစိုက်ဘူး၊ ဒါပေမယ့် ... ဒီသူတော်စင် မူလကို ငါ ပိုင်တယ်၊ ငါ့ဆီ ကနေ ဘယ်သူမှ လုယူလို့ မရဘူး။ ”
စကားဆုံး သည်နှင့်၊ လင်းယွန်မှ ဓားရောင်ခြည် တစ်စင်းအား တောက်ထုတ် ပစ်လိုက်သည်။ ဓားရောင်ခြည်က နဂါးကြီး အဖြစ်သို့ ပြောင်းလဲ ပြေးထွက် သွား၏။
ဤသည်မှာ နတ်ဘုရား ပုံရိပ်ယောင် ဓား ဖြစ်သည်။ ခွန်အားကို ဖုံးကွယ် ထားရန် စိတ် မ၀င်စား ခဲ့ချေ။
တစ်ဖက် လူ၏ ဓား ရည်ရွယ်ချက်၊ မည်မျှ ထက်ရှနေ သည်ကို သူ သိလိုသည်။ အဖြူဝတ် အမျိုးသား ကလည်း၊ ဓားအလင်းဖြင့် သူ့ အတိုင်း၊ ပြန်လည် ပစ်ခတ် လာသည်။
“ ထန် ... ထန် ... ။ ”
ဓားရောင်ခြည် နှစ်စင်း တိုက်မိပြီး၊ ဓားသံများ ဆက်တိုက် မြည်ဟည်း လာတော့ ၏။ နှစ်ဖက်စလုံး လက်ရည်ညီ နေသည်။
“ စိတ်ဝင်စား စရာပဲ ... ။ ”
အဖြူဝတ် အမျိုးသားက ပျော်ရွှင်စွာဖြင့် မတ်တပ် ထရပ်သည်။ တစ်ဖက်တွင် လင်းယွန် ခမျာ အလေး အနက် ထားပြီး၊ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်လျက်၊ ပြေးဝင် တော့၏။
ရန်သူသည် ကြောက်စရာ ကောင်းချ၏။ မျက်စိ တစ်မှိတ် အတွင်း အဖြူဝတ် အမျိုးသား ရှေ့ ရောက်ရှိကာ၊ ခုတ်ပိုင်း ချလိုက်သည်။
“ ရွှပ် ... ။ ”
၎င်းသည် တစ်ချက်တည်း ဖြစ်ခဲ့ သော်လည်း၊ ပါဝင်သော အလှည့် အပြောင်း များကြောင့်၊ ဓားရိပ်ပေါင်း များစွာ၊ ခွဲထွက် လွင့်ဝဲ သွားသည်။
“ ဟား ဟား ဟား ... ကောင်းတယ်။ ”
အဖြူဝတ် အမျိုးသားက ရယ်မောပြီး လက်ဝှေ့ ယမ်းကာ၊ ဓား ရောင်ခြည်များ ဖြင့်သာ ပြန်လည် ချေဖျက် ပြလိုက်သည်။
ဓားရောင်ခြည် များက၊ လင်းယွန်၏ ဓားအရိပ် များကို ဟန့်တား နိုင်ခဲ့သည်။ ရလာဒ် အနေဖြင့် လင်းယွန် တစ်ယောက် နောက်ဆုတ်ပေးလိုက် ရ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ဆယ်လှမ်း ဆုတ်ခွာ ပြီးချိန်၌၊ တစ်ဖက် လူက ရုတ်တရက်၊
‘ အဆုံးသတ်ဖို့ အချိန် တန်ပြီ၊’ -ဟု ပြောလာ တော့သည်။
စကားဆုံး သည်နှင့်၊ သူ့လက်မှ ကြောက်မက်ဖွယ် ကောင်းသော ဓား တစ်လက် ထွက်လာ၏။
ယင်းက လေပြင်းများ တိုက်ခတ်လျက်၊ လင်းယွန်၏ အဝတ် အစား များကို တဟူးဟူး ဖြတ်ကျော် သွားလေသည်။
ဤအခိုက်တွင် အချိန်များ ရပ်တန့် သွားခဲ့၏။ လင်းယွန်မှာ လေထဲ မလှုပ်ရှား နိုင် တော့ချေ။ ဓားရောင်ဝါပင် အေးခဲ သွား၏။
ကောင်းကင် အမိုးဓား၏ ပြီးပြည့် စုံသော ကျွမ်းကျင်မှု ဖြစ်သည်။ ၎င်းဖိအားသည် သူ့အား အသက်ရှူ ကြပ်လာ စေ၏။
“ ခရစ် ... ။ ”
“ ဝုန်း ... ။ ”
သူ့ ဝန်းကျင်ရှိ ဓားရောင်ဝါမှာ ကွဲအက် ပေါက်ကွဲလျက်၊ နောက်ပြန် လွင့်စဉ် ပြုတ်ကျ သွားတော့သည်။
“ ပြီးပြီ ... ။ ”
အဖြူဝတ် အမျိုးသားက အန်းလျူယွင်၊ မိန်ဇီဟော်နှင့် ကူကျွင့်ထံ ပြုံးပြီး လှည့်ကြည့် ကာ၊
“ မင်းတို့ သုံးယောက် ... ၊ အထူး သဖြင့် မင်းသတိ ထားပါ၊ မင်း ဘာလုပ်မယ် ဆိုတာ ငါ သိတယ်။ ”
-ဟု ခြိမ်းခြောက် သတိ ပေးလိုက် တော့သည်။
ထိုစကားကြောင့် ကူကျွင့်မှာ ရှက်ရွံ့စွာ ပြုံးမိ၏။ သူသည် လိပ်ခွံ ဒိုင်းကို ထုတ်ယူကာ ပုန်းကွယ်ရန် ကြံရွယ် နေခြင်း ဖြစ်သည်။ ၎င်းအား တစ်ဖက် လူမှ သိရှိ နေပုံ ပေပင်။
စကား ဆုံး သည်နှင့်၊ အဖြူဝတ် အမျိုးသားက ခါးကျောအား ဆန့်ထုတ်ကာ၊ အပျင်းကြော တစ်ချက်ဆွဲ လိုက်ပြီး၊
“ ငါ ဘယ်သူ နဲ့မှ မတိုက်တာ ကြာပြီ၊ မဆိုးဘူး၊ မင်း နဂါး သွေးလွှတ် ကြောမှာ ပထမ ရတာ အံ့သြ စရာတော့ မရှိ ပါဘူး၊ ဟား ဟား ဟား။ ”
-ဟု ချီးကျူး စကား ဆိုလိုက်သည်။
“ စီနီယာ ... ၊ ငါ့ကို သိလို့လား။ ”
“ နိဗ္ဗာန် ပွဲရဲ့ ချန်ပီယံကို ... ၊ ဘယ်သူက မသိပဲ နေမလဲ၊ မင်းကို ငါ သိတယ်၊ ဒါပေမယ့် ... မင်း ငါ့ကို မသိ နိုင်ဘူး။ ”
“ စီနီယာ ... မင်း ဘယ်သူလဲ။ ”
လင်းယွန်က စိတ်ရှုပ်စွာ မေးမြန်း လိုက်သည်။ ဤလူသည် နက်နဲပြီး နားမလည် နိုင်သော၊ ကောင်းကင် အမိုးဓားကို အပြည့် အ၀ ကျွမ်းကျင် နေ၏။
သို့သော် ၎င်းမှာ အစစ် အမှန် ခွန်အား မဟုတ် သေးကြောင်း နားလည်ထား မိသည်။ သူ့ မှန်းဆ ချက်သာ မှန်က၊ တစ်ဖက် လူ၏ ဓားမှာ ကြောက်စရာ ကောင်း ပေမည်။
“ အခု အချိန်မှာ ... ငါ ဘယ်သူလဲ ... ၊ မင်းသိစရာ မလို ပါဘူး၊ မကြာခင် ငါတို့ ပြန်ဆုံ ကြမယ်။ ”
အဖြူဝတ် အမျိုးသားက သူတို့ အဖွဲ့ကို ဝေ့ကြည့် လိုက်သည်။
“ မင်းက တကယ့်ကို မယုံ နိုင်စရာ ပါပဲ၊ ဂီတ မျိုးနွယ်စု ဆယ်ပါးရဲ့ သူတော်စင် လက်၊ ကြယ် ကိုးပွင့် နတ်မိစ္ဆာ တံခါးမှူး အန်းလျူယွင် နဲ့၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ အကြီးအကဲ တဲ့လား၊ ... ဟား ဟား ဟား။ ”
-ဟု အသိအမှတ် ပြုဟန် ရယ်မောလျက်၊ ဓားရောင်ခြည်များ လင်းလက်လာပြီး၊ ချက်ချင်း ပျောက်ကွယ် သွား တော့သည်။
“ သခင်လေး လင်း ... ၊ သူ အရမ်း သန်မာတယ်။ ”
အန်းလျူယွင်က ငေးငိုင် နေသော လင်းယွန် အနား လျှောက်လှမ်း လာလျက်မှ မှတ်ချက်ပြု လိုက်သည်။
“ မင်း ... ဒဏ်ရာ ရသေးလား။ ”
လင်းယွန်က ခေါင်းညိတ်ပြကာ ပြန်မေး သည်။ ဤအရပ်၌ အမှန်ပင် ပုန်းကွယ် နေသော နဂါး များနှင့် ပြည့်နှက် နေ၏။
သို့သော် ဤလူသည် ရန်သူ မဟုတ်မှန်၊ မသိစိတ်မှ ပြောကြား နေသည်။ အန်းလျူယွင် က ခေါင်းညိတ်၏။
“ လျူယွင် အဆင် ပြေပါတယ်၊ သူ ထွက်သွားတာ ကံကောင်းတယ်။ ”
ဤတစ်ကြိမ်၌ လင်းယွန်က စကား ပြန်မပြော တော့ချေ။ အတွေးထဲ နစ်မျော သွား ခဲ့၏။ အဆုံးတွင် သက်ပြင်းချကာ၊
“ သွားကြ ရအောင်။”
-ဟု ပြောလိုက် တော့သည်။
“ ဟဲဟဲ ... ၊ မင်းတို့ အရင် သွားနှင့်ပါ၊ ဒီလိပ်နက် ကျောက်တိုင်ကို သန့်စင်ဖို့ ... ငါ နည်းလမ်း ရှာလိုက် ဦးမယ်။ ”
ကူကျွင့်မှ ပြုံးကာ ပြောလာသည်။
“ လိပ်နက် မိသားစု ဝင်တေွ ကသာ ဒီကျောက်တိုင်ကို အသုံးပြု နိုင်တယ်လို့ ... မင်း ပြောခဲ့တယ် မဟုတ်လား။ ”
လင်းယွန်က ပြန်မေး လိုက်သည်။
“ အဲဒါနဲ့ ပတ်သက် ပြီးတော့ ငါလည်း မသေချာ ပါဘူး ... ၊ စမ်းကြည့် ရမှာပဲ၊ အရှုံး မရှိ ပါဘူး။ ”
ကူကျွင့်က အဆုံးထိ ခေါင်းမာစွာ ငြင်းဆန်နေဆဲ ဖြစ်၏။ ဝန်ခံရန် ဆန္ဒ မရှိချေ။
“ ကောင်းပြီ ... ဒါဆို ဆက်လုပ်ပါ။ ”
အဖိုးကြီးသာ ၎င်းကို သန့်စင် နိုင်က ကောင်း၏။ ဤသည်မှာ လိပ်နက် မျိုးရိုး၏ မြင့်မြတ်သော လက်ရာ တစ်ခု ပေပင်။
“ အစ်ကိုကြီး ... သတိ ထားပါ၊ လျူယွင် တို့က အစ်ကိုကြီးကို အားကိုး နေရ ဆဲမို့ ... လာ ရှာဖို့ မမေ့ပါနဲ့။ ”
အန်းလျူယွင် စကားကြောင့် ကူကျွင့်မှာ ကျေနပ်စွာ ပြုံးရယ် လိုက်တော့သည်။
“ ဟား ဟား ဟား ကောင်လေး... မင်း ကြားလား၊ သူဌေး အန်းက စကားကို ဘယ်လို ပြောရ မလဲ ဆိုတာ တကယ် သိတယ်၊ သူဌေး အန်း စိတ် မပူ ပါနဲ့၊ ...
... ငါနဲ့ အတူ ... ဒီကောင်းကင် မိုးကြိုး နန်းတော်မှာ၊ မင်းကို ဘယ်သူမှ ဒုက္ခ မပေးနိုင် စေရဘူး။ ”
မကြာ သေးမီ ကပင်၊ သေဆုံးလု နီးပါး ကြုံတွေ့ ခဲ့ရ သောကြောင့်၊ သူ့စကား အပေါ် လင်းယွန်မှ အယုံ အကြည် မရှိ တော့ချေ။
ချက်ချင်း နှုတ်ဆက်ကာ၊ ကောင်းကင် မိုးကြိုး နန်းတော် အတွင်းသို့၊ ခရီးဆက် လာခဲ့ ကြသည်။
လမ်း တစ်လျှောက်တွင်၊ လှည့်ပတ် သွားလာနေသော လောက နိယာမ ကျွမ်းကျင် သူ များစွာကို ကြုံတွေ့ ရသည်။
ကောင်းကင် မိုးကြိုး နန်းတော်သည် ရှေးဦးခေတ်၌၊ စစ်ဒဏ် သင့်ခဲ့ရ သော်လည်း ခမ်းနား ထည်ဝါ နေသေး၏။
ရတနာ အချို့ကို သဘာဝ အတိုင်း ကြိုကြား ကြိုကြား တွေ့ရှိ ရတတ်သည်။ ရလဒ် အနေဖြင့် လူများစွာ သေဆုံး ခဲ့ရသည်။
“ ညီအစ်ကို လင်း ... ၊ အဲဒီ အဘိုးကြီး ထွက်ပြေးမှာ၊ မကြောက် ဖူးလား၊ ဒါမှ မဟုတ် သူ တစ်ယောက်တည်း မြေအောက် ခန်းကို သွားပြီး၊ နတ်ဘုရား ဝိုင်တွေကို ယူသွား နိုင်တယ်။ ”
“ စိတ် မပူနဲ့ ... ၊ အဲဒီ ရတနာ တွေသာ တကယ် ရှိတယ် ဆိုရင် ... သူ ငါတို့ကို လာရှာ မှာ၊ သေချာ ပါတယ်။ ”
လင်းယွန်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။ ကူကျွင့်၏ စိတ်နေ စိတ်ထား အရ၊ ရတနာ များကို တစ်ဦးတည်း ယူငင် လိုချင် သည်မှာ သေချာသည်။
ဤသို့ ရတနာများ ရှိကြောင်း၊ သူတို့ထံ လေသံပင် ဟလာမည် မဟုတ်ချေ။ ထုတ်ဖော် ပြောပြ လာသည်မှာ၊ လိပ်ခွံကြောင့် ဖြစ်သည်။
သူ့ လိပ်ခွံသည် ထူးခြားပြီး၊ အဖိုးအိုမှ တစ်စုံတစ်ရာ မြင်ထား ပုံရသည်။ မဟုတ်သော် ဤသို့ သူ့နှင့် အတူ လိပ်နက် ပင်လယ်ကွေ့ ထံသို့၊ စွန့်စား လိုက်ပါ လာမည် မဟုတ်ချေ။
မိန်ဇီဟော်က သံသယ ဝင်နေသေး သော်လည်း၊ ဆက် မမေး တော့ချေ။ လမ်းတွင် သဘာဝ အတိုင်း ရတနာ များကို မြင်ခဲ့ ရသည်။ လင်းယွန်မှ တစ်ချက်သာ ကြည့်ပြီး၊ ခရီးဆက် လာခဲ့၏။
၎င်းရတနာ များသည် အရည် အသွေး မြင့်မား သော်လည်း၊ သူ့ မျက်လုံးထဲ မဝင်ချေ။ အချိန် ဖြုန်းရန် မသင့်ဟု မခံစား ရသည်။
သုံးယောက်သား များပြား လှသော အဆောက် အအုံများထံ ရောက်ရှိ လာသည်။ သူတော်စင် ရောင်ဝါများ မှာလည်း ပို၍ သိပ်သည်း လာ၏။
အပျက် အစီး များကို ကြည့်ရုံဖြင့် ဤတိုက်ပွဲများ မည်မျှ ပြင်းထန် ခဲ့ကြောင်း၊ စိတ်ကူး ကြည့် နိုင်သည်။
ထို့ကြောင့် သူတို့သည် စစ်ပွဲ၌ အမှန် တကယ်ပင် အောင်နိုင်ခဲ့ သည်လောဟု တွေးမိ လာစေသည်။
“ သခင်လေး လင်း ... ဟိုဘက်က အသံတွေ ကြားနေ ရတယ်။ ”
“ လျှပ်စီး လှိုင်းသံ ... ။ ”
မိန်ဇီဟော်မှ တအံ့တသြ ရေရွတ် လိုက်သည်။ ထိုအသံကို မည်သို့ တင်စားပြ ရမည်အား ချက်ချင်း မဝေခွဲ နိုင်ချေ။
“ သွားကြည့် ရအောင်။ ”
သုံးယောက်သား ဦးတည်ရာ ပြောင်း လိုက်သည်။ တစ်နာရီ အကြာတွင် တောင် ခြေရင်း တစ်ခုသို့ ရောက်ရှိ လာ၏။
တောင်ခြေရင်း၌ ရေကန် တစ်ကန် ရှိနေသည်။ ရေကန် မျက်နှာပြင်၌ လျှပ်စီးများ လက်နေ၏။ အစောပိုင်း ကြားခဲ့ ရသော အသံသည် ဤကန်မှ လာခြင်း ဖြစ်သည်။
“ နဂါး ဒုက္ခ လျှပ်စီး ရေကန်ပဲ ... ။ ”
ဤနေရာသည် အမှန် တကယ်ပင် ဒုက္ခ ရေကန်ကြီး ဖြစ်သဖြင့်၊ လင်းယွန်မှာ တုန်လှုပ် သွားသည်။
လိပ်နက် မျိုးရိုးသည် ၎င်းတို့၏ သားစဉ် မြေးဆက်များ အတွက်၊ ကောင်းကင် ဒုက္ခ ပုံတူ လျှပ်စီး ရေကန်ကို ဖန်တီး ထားခြင်း ဖြစ်သည်။
ယင်းသည် သာမန် မြင့်မြတ်မြေ များပင် မပြီး မြောက်နိုင်သော အရာ ဖြစ်၏။ ထိုစဉ်က ရွှေခေတ်သည် မည်မျှ ကြီးကျယ် ခမ်းနား ခဲ့သည်ကို၊ တွေးဆ မရ နိုင်ချေ။
သည့်အပြင် အလားတူ နန်းတော်ပေါင်း (၃၅)လုံး နောက်ထပ် ရှိသေးကြောင်း၊ ကူကျွင့်မှ အခိုင်အမာ ဆိုခဲ့သည်။
အကယ်၍ ဤခေတ် သည်သာ ရွှေခေတ် ဆိုက၊ သူ၏ ကိုယ်လုံး ကိုယ်ပေါက်သည် ပင်မ နတ်ဘုရား အဆင့် ၌သာ ရှိပေမည်။
ထိုအချိန်တွင် ရေကန်မှာ လှိုင်းထ လာပြီး လက်သီးဆုပ် အရွယ် လျှပ်စီး စက်လုံး တစ်လုံး ထွက်ပေါ် လာသည်။
၎င်းသည် လျှပ်စီး စွမ်းအင်များ သိပ်သည်း နေသည့် အမြုတေ ဖြစ်၏။ အတွင်း၌ ရှေးကျပြီး စွဲမက်ဖွယ် ကောင်းသော၊ လျှပ်စီး ရောင်ခြည် တော်များ ပါဝင် နေသည်။
“ အဲဒါ ဘာလဲ ... ။ ”
မိန်ဇီဟော်က စိတ်ဝင်စား လာသည်။
“ လိပ်နက် အမြုတေ။ ”
အန်းလျူယွင်မှ ထိတ်လန့် သွား၏။ ဝါးယင်းလိပ်တွင် ၎င်းကို မှတ်တမ်း တင်ထား မှန်း၊ လင်းယွန်မှ ပြန် သတိရ လာသည်။
လိပ်နက် မိသားစုဝင် များသည်၊ အမည်ခံ သူတော်စင် နယ်ပယ် ရောက်ရှိလာ ပြီးနောက် ခန္ဓာကိုယ် အတွင်း၌၊ လျှပ်စီး များကို စုစည်း နိုင်မည်။
အချိန် ကြာလာသည်နှင့် အမျှ၊ ၎င်းမှာ တဖြည်းဖြည်း မာကျော လာပြီး၊ အမြုတေ အဖြစ် ပြောင်းလဲ ကုန်၏။
အမြုတေ ဖြစ်လာသော အခါ၊ အနှစ် တစ်သိန်း ကုန်လွန် သည့်တိုင်၊ ပျောက်ကွယ် သွားမည် မဟုတ်ချေ။
ပြောင်မြောက်သော အရည်အချင်း ရှိသည့် လိပ်နက် သားစဉ် မြေးဆက်များ မှသာ၊ ၎င်းကို ပြီးမြောက် နိုင်မည်။
ထို့ကြောင့် အလွန် ရှားပါး၏။ တန်ဖိုးသည် စိတ်ကူး မယဉ် နိုင်ချေ။ မွေးကင်းစ ကလေးငယ် ခန္ဓာ ကိုယ်အား၊ သန့်စင် ပေးနိုင်သည်။
ဤလုပ်ငန်းကြောင့် ထိုမွေးကင်းစ ကလေးငယ်တွင်၊ လိပ်နက် သူတော်စင် ခန္ဓာ ရရှိ သွားမည် ဖြစ်သည်။
သည့်အပြင် ၎င်းကို သန့်စင် ခြင်းဖြင့်၊ လျှပ်စီး ရည်ရွယ်ချက်အား ပို၍ လွယ်ကူစွာ၊ ဆုပ်ကိုင် နိုင် ပေမည်။
ကံကောင်းသော် အမြုတေ တစ်လုံး တည်းဖြင့်၊ လောက နိယာမ နယ်ပယ် အထွတ် အထိပ်သို့ ရောက်ရှိ နိုင်သည်။
အတွင်း၌ ပါရှိသော အကြွင်း အကျန် အချက်အလက်များ မှလည်း၊ လိပ်နက် အမွေ အပေါ် နားလည် လာနိုင်၏။
“ လိပ်နက် အမြုတေ ... ။ ”
အဆုံးတွင် သူ့အား ဖမ်းစား နိုင်သော ရတနာ တစ်ခုကို တွေ့ရှိပြီ ဖြစ်သည်။ ကိုယ်တိုင် အသုံး ပြုခြင်း ဖြစ်စေ၊ အခြား သူများကို ပေးခြင်း ဖြစ်စေ တန်ဖိုး ရှိလှ၏။
အရင်း အမြစ်များ ပြတ်တောက် နေပြီ ဖြစ်ရာ၊ ရတနာ များကို အရေး တကြီး လိုအပ် နေလေသည်။
ထို့ကြောင့် လင်းယွန်က ရေကန်ထံ လျှောက်လှမ်း သွားပြီး၊ အမြုတေကို လက်လှမ်း လိုက်သည်။
“ ရွှပ် ... ။ ”
သို့သော် ရေကန် တစ်ခုလုံး အလင်းများ တောက်ပ လာပြီး၊ သူ့ မျက်ခုံး အလယ် ဗဟိုထံ အလင်း တစ်စ ပျံသန်း လာ၏။
ထို့ကြောင့် မျက်မှောင် ကြုတ်လျက်၊ ထိုအလင်းကို ပယ်ဖျက်ရန်၊ လက်လှိုင်းအား အသုံးပြု လိုက်ရသည်။
သည့်တိုင် အလင်းတန်း အရှိန်မှာ၊ တွန်းထုတ် နေဆဲ ဖြစ်၏။ ချက်ချင်း ဆုတ်ခွာ လိုက်ရပြီး၊ ခြေကုပ် ယူရန်၊ ခြေလှမ်း များစွာ ထပ်မံ ဆုတ်ခွာ မိသည်။
ခေါင်းပြန်မော့ ကြည့်လိုက်သော အခါ၊ ခရမ်းရောင် ၀တ်ဆင် ထားသည့် လူငယ် တစ်ဦး အား မြင်လိုက် ရ၏။
“ ယွီ ဝမ် ရှု ... ။ ”
ဟွမ်ရွှမ်ရီနှင့် မင်ဂိုဏ်း၏ တပည့် များက ရေကန် တစ်ဖက်သို့ ဆင်းသက် လာပြီး၊ နေရာ ယူလိုက် ကြသည်။
***