← Chapters

ချွင်းချက် မရှိ သတ်ပစ်ပါ ... ။

Vol. 131 Ch. 1824

ချွင်းချက် မရှိ သတ်ပစ်ပါ ... ။

Vol. 131 Ch. 1824

“ တိုက်ဆိုင် လိုက်တာ ... ၊ အစ်ကိုလင်း ငါတို့ ပြန်တွေ့ ကြပြီနော်။ ”

ယွီဝမ်ရှုက မိတ်ဆေွဟောင်း တစ်ဦးနှင့် တွေ့ဆုံခွင့် ရသလိုမျိုး၊ လင်းယွန်ကို နှုတ်ဆက် လာသည်။

ဤလူကို ဆက်ဆံရ ခက်ခဲ မည်ကို သိသောကြောင့် လင်းယွန်က ပြုံးရယ်ပြီး၊

“ တကယ် တိုက်ဆိုင် တာပဲ ... ၊ ဒီမှာ လိပ်နက် အမြူတေက တစ်ခုပဲ ရှိတယ် ... ၊ ညီ အစ်ကို ယွီက ဘယ်လို လုပ်ချင်လဲ သိချင် ပါတယ်။ ”

“ ဒါက လိပ်နက် အမြူတေ လေးပါ၊ ညီအစ်ကို လင်း လိုချင်ရင်၊ သွားယူ နိုင်ပါတယ်။ ”

ယွီဝမ်ရှမှ ပြန်ဖြေသည်။ သို့သော် သူ့ စကားမှာ မဆုံးသေးချေ။ ပြုံးပြီး၊

“ မင်း စွမ်းရင်ပေါ့။ ”

-ဟု ထပ်မံ ဖြည့်စွက် လာသည်။

“ ဒါဆို ... ငါ စမ်းကြည့် ပါရစေ။ ”

လင်းယွန်က ၎င်းအား လျစ်လျူရှုပြီး လိပ်နက် အမြူတေ ဆီသို့၊ နောက်တစ်ကြိမ် ပြေးသွား လိုက်သည်။

“ မင်း ... သေချင် နေတာပဲ။ ”

ဟွမ်ရွှမ်ရီက အော်ငေါက်လျက်၊ တပည့် ငါးယောက် နှင့်အတူ၊ ပြေးလိုက် လာတော့ သည်။

သူတို့ အားလုံးက သတ်ဖြတ် လိုသော ဆန္ဒများ ထုတ်လွှတ်ပြီး၊ နက္ခတ် များကိုပင် ဆင့်ခေါ် ခဲ့ကြသည်။

“ နင်တို့ ... ငါ့ကို မမြင်ဖူးလား။ ”

အန်းလျူယွင်က အေးစက်သော ရောင်ဝါအား ထုတ်ဖော်လျက်၊ ယပ်တောင်ကို ပစ်လွှတ် လိုက်သည်။

“ ဟိတ် ... ။ ”

မိန်ဇီဟော် သည်လည်း၊ အန်လျူယွင် နှင့်အတူ ဝင်လာသော ထိုခြောက်ယောက်ထံ ပြေးဝင် ဟန့်တား တော့သည်။

ထို့ကြောင့် လင်းယွန်မှာ၊ လိပ်နက် အမြူတေ ရှိရာသို့ ရောက်ရှိ သွားလေသည်။ အမြုတေအား ဖမ်းဆုပ် လိုက်ရာ၊ လျှပ်စီးများ စီးဝင် လာတော့ ၏။ ယင်းက တစ်စုံ တစ်ရာ မှားယွင်း နေချေပြီ။

ညာလက် တစ်ဖက်လုံး ထုံကျင်လျက်၊ လျှပ်စီး စွမ်းအင်များ ခန္ဓာကိုယ် အတွင်း ပျံ့နှံ့ လာသည်။

ဤသည်မှာ ထောက်ချောက် ဖြစ်မှန်း နားလည် လိုက်သည်။ ပြန်လှည့် ကြည့်မိ ချိန်၌၊ ယွီဝမ်ရှုမှ သတ်ဖြတ် လိုသော အပြုံးဖြင့်၊

“ ဘယ်လို နေလဲ ... ။ ”

-ဟု မေးမြန်း လာခဲ့သည်။

လက် တစ်ဖက်လုံး ထုံကျင် နေသဖြင့်၊ ၎င်းအား ဖယ်ရှားရန် ခက်ခဲ နေသည်။ ထို့အခွင့် အရေးကို အရ ယူလျက်၊ ယွီဝမ်ရှုမှာ လှုပ်ရှား လာသည်။

“ ဝှစ် ... ။ ”

ကြောက်စရာ ကောင်းသော စွမ်းအား ကြောင့်၊ မိုးပြာ နဂါး ခန္ဓာကိုယ်အား ထုတ်ဖော် ကာ၊ ၎င်း၏ လက်ဖဝါးကို ရှောင်ရှား မိသည်။

ပြီးနောက် နဂါး ထွက်သက်ကို ထုတ်ဖော် လိုက်၏။ သူ့ လက်ဖဝါး၌ လျှပ်စီး စုပ်ဝဲ တစ်ခု ပေါ်လာပြီး၊ လိပ်နက် အမြုတေကို ချက်ချင်း သန့်စင် တော့သည်။

အခြား သူများ အတွက်၊ ၎င်းအား သန့်စင်ရန်၊ နေ့ တစ်ဝက်ခန့် အချိန် လိုအပ်၏။ သူ့ အတွက်မူ၊ အမြန် နှုန်းကို မြှင့်တင် နိုင်သော မိုးပြာ နဂါး သူတော်စင် ခန္ဓာကိုယ် ရှိသည်။

နဂါးပြာ သူတော်စင် ခန္ဓာ မှလည်း အကူအညီ ရနိုင်၏။ ထို့ကြောင့် ခရမ်း-ရွှေနှင့် ကျောက်စိမ်းပြာ ရူရ်များ ထွက်လာသည်။

“ မင်း ... ။ ”

“ ဟိတ် ... ။ ”

“ ဝှစ် ... ။ ”

တစ်ချိန် တည်းမှာပင်၊ လှုပ်ရှား မှုပေါင်း ဆယ်ကြိမ်ခန့် ဖလှယ်ပြီး ဖြစ်၏။ ရေကန် ပေါ်၌ လျှပ်စီးများ လက်လာ တော့သည်။

“ နေနှင့်လ ပေါင်းစည်းခြင်း။ ”

ယွီဝမ်ရှု နဂါး မူလသည်၊ နေနှင့်လ အဖြစ် ထင်ရှား လာသည်။ ၎င်းက လက်သီး ဆုပ်လိုက် သော အခါ၊ နေနှင့် လသည် ‘မင်’ ဟူသော စကားလုံး အဖြစ်သို့ ပြောင်းသွား၏။

“ ဘုန်း ... ။ ”

“ ခရစ် ... ။ ”

ထိုလက်သီးက လင်းယွန် ရင်ဘတ်ပေါ် ကျရောက်ပြီး၊ နဂါးရူရ် တစ်သိန်းကို ကွဲအက် သွားစေ ခဲ့သည်။

ပြုံးလျက် ညာလက်ဖြင့်၊ ထပ်မံ ထိုးချ လာသည်။ ကြောက်စရာ ကောင်းသော အဟုန် မျိုးနှင့် လက်သီးက လွင့်လာ၏။

ထိုအချိန်တွင် အမြုတေ ကိုင်ထားသော လက်ဖြင့်၊ လင်းယွန်က သူ့အား ပြန်လည် ထိုးချ လာ လေသည်။

“ ဝေါ့ ... ။ ”

အံ့အားသင့် သွားပြီး၊ သူ့ နောက်ရှိ ‘မင်’ဆိုသော စကားလုံး လွင့်ပျံ သွားတော့၏။ သွေးအန်လျက် လင်းယွန်၏ ညာလက်ကို မယုံကြည် နိုင်စွာ ကြည့်လိုက်သည်။

“ မဖြစ် နိုင်တာ။ ”

တစ်ဖက် လူသည် သန့်စင်၍ ပြီးခဲ့ သည်လော။ အဓိပ္ပါယ် မရှိချေ။

“ စီနီယာ အစ်ကို ... ။ ”

ဟွမ်ရွှမ်ရီနှင့် အခြား တပည့်များ အမြန် ရောက်ရှိ လာ၏။ အန်းလျူယွင်နှင့် မိန်ဇီဟော် သည်လည်း၊ လင်းယွန် အနား ပြန်ဆုတ် လာသည်။

တစ်ချိန်တည်း မှာပင် လင်းယွန်နှင့် ယွီဝမ်ရှုမှာ ဒဏ်ရာများကို ကုသရန်၊ ချက်ချင်း ထိုင်ချ လိုက် ကြသည်။

အတိ အကျ ဆိုရမည် ဆိုသော်၊ လင်းယွန်မှာ ဒဏ်ရာ ပိုပြင်း၏။ နေနှင့်လ ပေါင်းစည်း ခြင်းကို ထိပ်တိုက် တွေ့ပြီး၊ ရရှိ ထားခြင်း ဖြစ်သည်။

နှစ်ယောက်သား ဒဏ်ရာ များကို ကုစား နေစဉ်၊ လူတိုင်း ငြိမ်သက် သွားသည်။ ၎င်းတို့ နှစ်ဦး၏ တိုက်ပွဲသည်၊ တုန်လှုပ် ချောက်ချား စရာ ကောင်းအောင် ပြင်းထန် ခဲ့၏။

အမွှေးတိုင် လောင်ကျွမ်းချိန် တစ်တိုင် ကုန်ဆုံးသော အခါ၊ ပြိုင်တူ မျက်ဝန်းများ ပွင့် လာသည်။

လင်းယွန် မျက်ဝန်း၌ မီးလျှံများ တောက်လောင် နေကာ၊ အရေပြား ပေါ်တွင် လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေ၏။

အမြုတေကို သန့်စင် ခြင်းဖြင့်၊ သူ့ကိုယ် ပေါ်ရှိ ခရမ်း-ရွှေရောင် နဂါး ရူရ်များ အားလုံး ပို၍ တောက်ပ လာလေသည်။

“ ညီအစ်ကို လင်း ... ၊ အထင် ကြီးစရာပဲ။ ”

ယွီဝမ်ရှုက ပြုံးကာ ဆိုလိုက်သည်။ သူတို့ နှစ်ဦးကြား တိုက်ပွဲ မရှိခဲ့ သကဲ့သို့၊ ပြုံးရွှင်စွာ ပြုမူ လာ၏။

“ မင်းလည်း မဆိုး ပါဘူး။ ”

လင်းယွန်မှ မတ်တပ် ထရပ် လိုက်သည်။ တစ်ဖက် လူ၏ လှည့်ကွက် အတွင်း သက်ဆင်း ခဲ့ရသည်။

အမြုတေ ကိုသာ အချိန်မီ မပြုပြင် နိုင်ခဲ့သော်၊ အကျိုးဆက်မှာ ကောင်းနိုင်မည် မဟုတ်ချေ။

“ ဟား ဟား ဟား ... ၊ မင်းက နဂါး သွေးလွှတ်ကြော နယ်ပယ်နဲ့ ... ၊ ဒီကို ဝင်လာ ကတည်းက မင်းမှာ ယုံကြည်မှု ရှိရ မယ်လို့၊ ငါ ခန့်မှန်း ထားပြီး သားပါ၊ အခု မင်းရဲ့ ဓားက အဆင့်မြင့် ကျွမ်းကျင်မှု မဟုတ်လား။ ”

ယွီဝမ်ရှုက မျက်ဝန်းများ မှေးစင်းလျက်၊ စူးစမ်း လိုက်လေသည်။

“ ဘာလို့ ... လာစမ်း မကြည့် ရတာလဲ။ ”

လင်းယွန်မှ လှောင်ပြုံးဖြင့် ပြန်ဖြေ၏။

“ အိုး ... ဒါက ခန့်မှန်း ကြည့်ရုံနဲ့ သိသာ ပါတယ်။ ”

“ ဟုတ်တာပေါ့ ... မင်း .. ဘယ်ဝံ့ မလဲ၊ မင်းရဲ့ ကိုယ်ရည် ကိုယ်သွေး အရ ဆိုရင်၊ ဒါကို စမ်းကြည့်ဖို့ မင်းမှာ သတ္တိ မရှိ ပါဘူး။ ”

ဤသည်မှာ ကောင်းကင် အမိုးဓား၏ အဆင့်မြင့် ကျွမ်းကျင်မှု ဖြစ်သည်ဟု၊ ယွီဝမ်ရှမှ ယုံသည်။

ထို့ကြောင့် ၎င်းသည် ကျင့်ကြံမှု ကွာဟချက် အပေါ်၊ ချုံ့နိုင် သည်သာ မက၊ သူ့အား သတ်ပင် သတ်ပစ် နိုင်သည်။ လင်းယွန် စကား အတိုင်း၊ လိုက်ပါ လုပ်ဆောင်ရန် ဆန္ဒ မရှိချေ။

အနိုင် ရရှိရန် အခွင့် အလမ်းများ ရှိ သော်လည်း၊ သေဆုံး ရန်လည်း များစွာ နီးစပ် ပေသည်။

“ ဝူး ... ။ ”

ထို့စဉ် လိပ်နက် အမြူတေ နောက်တစ်လုံး ရေကန်ထဲမှ တိုးထွက်လာသည်။ ၎င်းက လေထု အား ချက်ချင်း တင်းမာ လာစေ၏။

“ ဝူး ... ။ ”

တစ်ယောက်ကို တစ်ယောက် ပြုံးရွှင်စွာ စောင့်ကြည့် နေစဉ်၊ နောက်ထပ် အမြုတေများ ထပ်မံ တိုးထွက် လာတော့သည်။

ယင်းက သူတို့အား အံ့အား သင့်စေ၏။ သည်ရေကန်မှာ မရိုးရှင်းချေ။ ရေကန် အောက်၌ မြင့်မြတ်သော ရတနာများ ရှိနိုင်မည်။

အဘယ်ကြောင့် ဆိုသော်၊ ဤအမြုတေ တစ်လုံးသည်၊ အမည်ခံ သူတော်စင် တစ်ပါးကို ကိုယ်စား ပြုသည်။

အများအပြား ထွက်ပေါ် လာခြင်းဖြင့်၊ ရေကန် အောက်ခြေ၌ ကာင်းကင်ကို အံတု နေသည့်၊ ရတနာ တစ်ပါးပါး ရှိနိုင်မည်။

၎င်းကို ကာကွယ် ခြင်းဖြင့်၊ ဤအမည်ခံ သူတော်စင်များ သေဆုံး ခဲ့ပုံ ရသည်။

“ ဒီလျှပ်စီး ရေကန် ကြည့်ရတာ တစ်ချိန်က အမည်ခံ သူတော်စင် တွေတောင် ကာကွယ်ရတဲ့ တစ်စုံ တစ်ရာ ရှိနေပုံပဲ၊ ညီအစ်ကို လင်း မင်းရော ဘယ်လို ထင်လဲ။ ”

ယွီဝမ်ရှုမှ မေးသည်။ လင်းယွန်က ပြန်မဖြေဘဲ ခေါင်းညိတ် ပြ၏။ ထိုအချိန်တွင် လူရိပ်များ ထပ်မံ ရောက်ရှိ လာပြီး၊

“ အိုး ... သေစမ်း လိပ်နက် အမြုတေတွေ အများကြီး ပါလား။ ”

-ဟူသော အာမေဋိတ်သံ ထွက်ပေါ် လာ တော့၏။

ရောက်ရှိ လာသူ များမှာ ခို့ထျန်းဟွာတို့ သုံးဦး ဖြစ်သည်။ အစောပိုင်း အာမေဋိတ် သံမှာ ယွမ်ဟမ့်ရင် ထံမှ လာခြင်း ဖြစ်၏။

“ သခင်လေး ... ၊ ရေကန် အောက်ခြေမှာ ရတနာ တစ်ခုခု ရှိနေ ပုံရတယ်။ ”

ကျောက်တုံး မိန်းကလေးမှ ဆို၏။

“ ငါ သိတယ်။ ”

ခို့ထျန်းဟွာက လင်းယွန်နှင့် ယွီဝမ်ရှုကို မြင်လိုက် ရသဖြင့်၊ မျက်နှာ ပြောင်းလဲ သွားလေ သည်။

သူ့ ကျင့်ကြံမှုသည် ဤနေရာ၌ အမြင့်ဆုံး ဖြစ်ပြီး၊ ဘဝ-ပဉ္စမ အဆင့် အထွတ် အထိပ်တွင် ရှိသည်။

သို့သော် ဤနှစ်ယောက်ကို အနိုင် ယူရန်၊ ယုံကြည်ချက် မရှိချေ။ အနိုင် ရခဲ့ လျှင်ပင် စျေး တစ်ခု ပေးချေ ရနိုင်မည်။

“ ယွီဝမ်ရှု ... မင်း ဘာလို့ မဆိုင်တဲ့ ... လူတွေကို၊ မောင်းထုတ်ဖို့ မစဉ်းစား ရတာလဲ။ ”

ခို့ထျန်းဟွာက ဟန်ဆောင် အပြုံးဖြင့် စကားစ လိုက်သည်။ ၎င်းသာ သဘော တူသော်၊ လက်တွဲပြီး လင်းယွန်ကို ဦးစွာ သတ်ရ ပေမည်။

“ ဟမ့် ... ၊ ဒီနည်းလမ်းက အလုပ် ဖြစ်မယ်လို့ ... ၊ မင်းထင် လို့လား။ ”

ယွီဝမ်ရှုမှ အထင်သေး ဟန်ဖြင့် နှာခေါင်းရှုံ့ကာ မေးခွန်း ပြန် ထုတ်သည်။

“ မင်း အပြင်၊ မိုင်တစ်ထောင် အတွင်းမှာ ရှိတဲ့ လူတိုင်း၊ ဒီအမြုတေ (၉)လုံးရဲ့ ဖြစ်စဉ်ကို၊ မြင်ပြီး နေပြီ။ ”

သူ့ စကား ဆုံးသည်နှင့်၊ လူရိပ်များ ထပ်မံ ဆင်းသက် လာတော့သည်။ မကြာခင် လူပေါင်း တစ်ရာကျော် သွား၏။

သို့သော် ခို့ထျန်းဟွာ၊ ယွီဝမ်ရှုနှင့် လင်းယွန်တို့ အနားတွင် ရှိနေ သဖြင့်၊ မည်သူမျှ မလှုပ်ရှား ဝံ့ ကြချေ။

“ ဘယ်လို တောင် ... ကံဆိုး လိုက်လဲ။ ”

ခို့ထျန်းဟွာမှ ဒေါသ ထွက်လာသည်။ လူတိုင်းကို သတ်ပစ်ချင် မိ၏။ သို့သော် သူ့၌ ထိုသို့သော အရည် အချင်းမျိုး မရှိချေ။

“ လိပ်နက် အမြုတေကို ... ၊ အရင် သွားယူပါ၊ နှောက်ယှက် လာတဲ့ လူတိုင်းကို ချွင်းချက် မရှိ သတ်ပစ် လိုက် ... ။ ”

***

All Chapters