← Chapters

ရေကန် အောက်သို့။

Vol. 131 Ch. 1825

ရေကန် အောက်သို့။

Vol. 131 Ch. 1825

ခို့ထျန်းဟွာက အမြုတေ (၉)လုံးထံ ဦးစွာ ပြေးသွား တော့သည်။ ယွီဝမ်ရှု၏ မင် ဂိုဏ်းမှ လည်း၊ နောက် မကျချေ။

“ သွား ... ။ ”

ထို့နောက်တွင် ရာနှင့် ချီသော လူများ ပြေးလွှား လာတော့သည်။ လျှပ်စီး ရေကန် ပေါ်၌၊ ချက်ချင်း ရှုပ်ထွေး လာ၏။

“ သွား ရ အောင် ... ။ ”

လင်းယွန်က နဂါး ရူရ် တစ်သိန်းကို ထုတ်ဖော်ကာ၊ ရေကန်ထဲ ငုပ်လျှိုး လိုက်တော့ သည်။

ဤအမြုတေ (၉)လုံးထက် ရေကန် ကြမ်းပြင်ရှိ ရတနာ အပေါ်၊ ပို၍ စိတ်ဝင်စား မိ လေသည်။

အန်းလျူယွင်က ခေါင်းညိတ်လျက်၊ နဂါးဖြူကို သူမအား ရစ်ပတ် ကာကွယ် စေကာ၊ လင်းယွန်နောက် လိုက်ပါ လာ၏။

မိန်ဇီဟော် သည်သာ နဂါး အရိုး မရှိ သောကြောင့် အံကြိတ်ပြီး၊ လိုက်ပါ လာရသည်။ များမကြာခင် အမြုတေ (၉)လုံး အတွက် ယှဉ်ပြိုင်မှု၊ ပြီးဆုံး သွားသည်။

“ ကန်အောက်ကို သွား ... ။ ”

ခို့ထျန်းဟွာက (၃)လုံးသာ ရရှိ ခဲ့၏။ ထို့ကြောင့် ရေကန်ထဲ ငုပ်လျှိုးရန် အမိန့်ပေး လိုက်တော့သည်။

“ အစ်ကိုကြီး ... ၊ ငါတို့ ဘာလုပ် သင့်လဲ။ ”

ဟွမ်ရွှမ်ရီက မေးသည်။ ယွီဝမ်ရှုမှ အနည်းငယ် စဉ်းစား ပြီးနောက်၊

“ လိုက်သွား ရေကန် အောက်မှာ ... ရတနာတွေ ရှိနိုင်တယ်။ ”

-ဟု ပြန်ဖြေ လာ၏။

လူတိုင်းက ၎င်းတို့ လုပ်ရပ်အား မြင်ကာ၊ ရေကန် ကြမ်းပြင်သို့ ငုပ်လျှိုးရန် ပြင်တော့၏။ လင်ယွန် မှာမူ၊ နဂါး တစ်ကောင် ကဲ့သို့၊ လျင်မြန်စွာ ကူးခတ် သွားနေသည်။

“ သူတို့ အရမ်း မြန်တယ်။ ”

လင်းယွန်က ရေထဲ ခုန်ချ လာသော လူရိပ်များကြောင့် စိတ်ပျက် သွားသည်။ လျှပ်စီး များကြောင့် ထင်သလောက် ခရီး မရောက်ချေ။

နောက်ဆုံးတွင် ရေကန် ကြမ်းပြင်သို့ ရောက်ရှိ လာပြီး၊ အားကောင်းသော စွမ်းအင် များ ပျံ့ကျဲ လာရာ၊ အရင်းအမြစ်ကို မြင်လိုက် ရသည်။

ဤသည်မှာ ရေပြန် ပေါက်ကြီး ဖြစ်၏။ ၎င်းသည် ငွေရောင် အဆင်းများ တောက်ပ လျက်၊ စုပ်ဝဲ အသွင် ဖြစ်ပေါ် နေသည်။

“ ဒါ ဖြစ်မယ်။ ”

မဆိုင်းမတွပင် ရေဝဲ အတွင်း တိုးဝင် သွားမိသည်။ ရေဝဲကို ဖြတ်သွားသော အခါတွင် ရေကန် ကြမ်းပြင်အား ရှင်းလင်းစွာ မြင်လာ ရသည်။

ဤသည်မှာ ကျောက်ပြား များဖြင့် ခင်းထားသော လေးထောင့် ကျကျ ရင်ပြင် တစ်ခု ဖြစ်၏။

အခင်း ကျောက်ပြားများ ပေါ်တွင်၊ ရှေးဟောင်း ရူရ်များ ရေးထိုး ထား လေသည်။ အားလုံးမှာ သူတော်စင် ရူရ်များ ဖြစ်ပြီး၊ လိပ်နက် အသွင် ရေးထွင်း ထား၏။

ခြေထောက် နေရာတွင်၊ အလောင်းများ ပျံ့ကျဲနေသည်။ ထိုလူများ အားလုံး အမည်ခံ သူတော်စင် နယ်ပယ်၌ ရှိ၏။

ရေကန်ပေါ် ထွက်လာသည့်၊ လိပ်နက် အမြုတေ များမှာ ထိုအလောင်း များမှ လာခြင်း ဖြစ်သည်။

ဤအဆင့် ကျွမ်းကျင် သူများ၊ သေဆုံး ကုန်သည် အထိ၊ ကာကွယ် ပေးရသော အရာမှာ မည်သည့် အရာ ဖြစ်မည်ကို သိချင် လာ၏။

ထိုအချိန်တွင် အမည်ခံ သူတော်စင် အလောင်း တစ်လောင်း ပေါက်ကွဲ သွားပြီး၊ လျှပ်စီးလုံး တစ်လုံးက ရေဝဲ ဘက်သို့၊ ပျံဝဲ သွားတော့သည်။

ထိုမြင်ကွင်းကြောင့် လင်းယွန်က လက်ဝှေ့ယမ်းပြီး၊ နဂါး မူလနှင့် ရစ်ပတ်ကာ ဆွဲယူ သည်။ သည့်နောက်တွင် နောက်ထပ် အလောင်းများ ပေါက်ကွဲ လာပြန်သည်။

“ တွေ့ ပြီ ... ။ ”

ခို့ထျန်းဟွာနှင့် အဖွဲ့ ဦးစွာ ရောက်ရှိ လာသည်။ သူတို့နောက်၌ ကျန်သူများ လိုက်ပါ လာတော့၏။

“ အိုး ... အမည်ခံ သူတော်စင် အလောင်းတွေ အများကြီး ပါလား၊ ဒါက တကယ့် ရတနာ သိုက်ပဲ။ ”

“ ဟား ဟား ဟား ... ၊ ကံကောင်းပြီ။ ”

လူတိုင်း စိတ်လှုပ်ရှား ကုန်သည်။ လိပ်နက် အမြုတေ တစ်လုံးသည်၊ ပြင်ပ ကမ္ဘာ၌ များစွာ တန်ကြေး ရှိ၏။

အလောင်း အရေ အတွက် အရ၊ သူတို့ အတွက်၊ မျှော်လင့်ချက် ရှိပေသည်။ ထို့ကြောင့် လောဘ မီးများ တောက်လောင် လာ၏။

“ ဖောင်း ... ။ ”

နက္ခတ်များ ဆင့်ခေါ် လိုက်ကြ သဖြင့်၊ နဂါးမူလ လှိုင်းများ ပျံ့နှံ့ သွားကာ၊ လက်ကျန် အလောင်းများ ဆက်၍ ပေါက်ကွဲ ကုန်သည်။

များမကြာမီ ရင်ပြင် တစ်ခုလုံး ဖရိုဖရဲ ဖြစ်လာ တော့၏။ လင်းယွန်မှာ စိတ်ပျက်သွား မိသည်။

ဤနေရာသည် ထူးခြား လှသဖြင့်၊ တစ်စုံတစ်ရာအား ရှာဖွေလို ခဲ့သည်။ သို့သော် ပတ်ဝန်းကျင်မှာ၊ ရှုပ်ထွေး လွန်း သောကြောင့် ဓားနှလုံးသားပင်၊ မတတ်နိုင် တော့ချေ။

အကြည့် များကို ပြန်ရုတ်ပြီး၊

“ လျူယွင် ... လိပ်နက် အမြုတေကို ယူရအောင်၊ ဒါကို သန့်စင်ရင် မင်းရဲ့ နဂါးဖြူ အရိုးမှာ၊ အများကြီး အကျိုးရှိ လိမ့်မယ်။ ”

-ဟု လင်းယွန်မှ ပြောလိုက်သည်။

သူ သည်လည်း သူတော်စင် ခန္ဓာကိုယ် နှစ်ခုကို ပေါင်းစပ်ရန်၊ ရတနာ များစွာ လိုအပ် ချေပြီ။ ကံကောင်း ပါက ဓား ရည်ရွယ်ချက်ကို မြှင့်တင် ပေးနိုင်၏။

“ ကောင်းပြီ ... ။ ”

အန်းလျူယွင်က စိတ်လှုပ်ရှား လာသည်။ ဤအမြုတေများ မည်မျှ တန်ကြေး ရှိ မည်ကို သူမ သိသည်။

ထို့နောက်တွင် တိုက်ပွဲများ နေရာ အနှံ့ ဖြစ်ပွား လာတော့၏။ အရှုပ် အထွေး များကို ကြည့်ပြီး၊ မိန်ဇီဟော်မှ စိတ်ပျက် လာသည်။

တိုက်ပွဲ များမှာ ပြင်းထန်လွန်း သဖြင့် သူ့ဂီတ တူရိယာကို မသုံး ဝံ့ချေ။ မဟုတ်သော် လူတိုင်း ဒေါသ ထွက်ပြီး၊ သူ့ထံ လာနိုင်သည်။

ယွီဝမ်ရှုက ပတ်ဝန်းကျင်ကို ကြည့်ပြီး၊ တုံ့ဆိုင်း သွား၏။ ဤနေရာသည် အနည်းငယ် ထူးဆန်း နေသည်။

သို့သော် ၎င်းကို အဖြေရှာရန် အချိန် မရှိသဖြင့်၊ လိပ်နက် အမြုတေများ ကိုသာ၊ လိုက်လံ လုယူမိ တော့သည်။

ခဏ အကြာတွင်၊ ခို့ထျန်းဟွာကြောင့် အသက်ပေး လိုက်ရ သူများ ထွက်ပေါ် လာ ခဲ့၏။

၎င်းတို့သည် ရက်စက် ကြမ်းကြုတ်ပြီး၊ သူတို့ထံ လာ သူတိုင်းကို သတ်ဖြတ် နေခဲ့သည်။ ထို့ကြောင့် ကြမ်းပြင်၌ သွေးများ စွန်းထင်း လာ၏။

သွေးစက် များက လိပ်နက် အသွင် ရူရ်များပေါ် စီးဆင်း ကုန်သည်။ ထို့ကြောင့် သူတော်စင် ရူရ်များ၊ လင်းလက် လာ၏။

ရင်ပြင် အောက်တွင် ဆယ်ပေခန့် မြင့်မားသော ငွေရောင် ရုပ်တုကြီး တစ်ရုပ် ရှိ လေသည်။ ၎င်းထံသို့ ထိုသွေး များက စီးဝင် နေ၏။

လင်းယွန်က နဂါးရူရ် များဖြင့် ကာကွယ် ပြီးနောက်၊ လိပ်နက် အမြုတေ များကို ဖမ်းယူ နေခဲ့သည်။

ခို့ထျန်းဟွာ တို့ကိုလည်း၊ သတိထား နေရ လေရာ၊ အရှိန်အား မမြှင့်တင်ဝံ့ချေ။ ယင်းအစား လူတိုင်း အာရုံ မစိုက် မိစေရန်၊ ကြိုးစား နေရသည်။

လူအများ အပြားက ရယူ ရန်သာ အာရုံရှိသဖြင့်၊ လျှပ်စီး စွမ်းအင်များ ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် လာသော အခါ ထိတ်လန့် ကုန်၏။

၎င်းပမာဏသည် သတိ မထား မိသော်၊ အသက်ပင် ဆုံးရှုံး နိုင်သော ပမာဏ ဖြစ်သည်။ လင်းယွန်က အန်းလျူယွင် အနား တိုးကပ် သွားပြီး၊

“ မင်း ဘယ်လောက် ရပြီလဲ။ ”

-ဟု မေးမြန်း လိုက်သည်။

“ ငါးလုံး ... ။ ”

အန်းလျူယွင်မှ ပြန်ဖြေ၏။ တိုက်ပွဲက ရှုပ်ထွေး လွန်းပြီး၊ အမြုတေမှာ များပြားလွန်း သောကြောင့်၊ လူတိုင်း၌ အခွင့် အရေး ရှိလေသည်။

သို့သော် လူ တော်တော် များများသည် သူမနှင့် လင်းယွန် နောက်သို့ လိုက်ရန်၊ သတ္တိ မရှိခဲ့ ကြချေ။

“ သခင်လေး ... ၊ ဟိုကောင်က အမြုတေ (၉)လုံးလောက် ရနေပြီ။ ”

ယွမ်ဟမ့်ရင်မှ ခို့ထျန်းဟွာကို တိုးတိုး လေးပြောသည်။ ခို့ထျန်းဟွာက အလေး အနက် မထားဘဲ ပြုံးလိုက်ပြီး၊

“ သူ့မှာ မိုးပြာ နဂါး ခန္ဓာကိုယ် ရှိတယ်၊ ဒီနေရာက သူ့အတွက် အသင့်လျော်ဆုံး ဖြစ်နေ ပြီ၊ စိတ် မပူနဲ့ ... သူ စုဆောင်း ပြီးရင် ... ၊ ငါ ယူလိုက်မယ်။ ”

-ဟု ပြန်ပြော လိုက်၏။

ထို့ကြောင့် ကျောက်တုံး မိန်းကလေးနှင့်၊ ယွမ်ဟမ့်ရင်မှာ သဘောပေါက် သွားတော့သည်။

“ မင်းနဲ့ ... ကျောက်တုံး မိန်းကလေးက၊ ယွီဝမ်ရှု ကိုပဲ အာရုံစိုက်ပါ၊ သူတို့က နည်းနည်း ထူးဆန်းတယ်၊ ငါ့လမ်းကို ဝင် မရှုပ် စေနဲ့။ ”

“ ဟုတ်ကဲ့ ... ။ ”

မင် ဂိုဏ်းထံ လှမ်းကြည့်ကာ၊ ဟွမ်ဟမ့်ရင်နှင့် ကျောက်တုံး မိန်းကလေးမှ ခေါင်းညိတ် ပြလာ၏။

ယွီဝမ်ရှုက သဘာဝ အတိုင်း၊ ၎င်းတို့၏ အကြည့်ကို သတိ ပြုမိ သော်လည်း ပြုံးရုံလျက်၊ လိပ်နက် အမြုတေ များအား၊ ဆက်လက် စုဆောင်း နေတော့သည်။

***

All Chapters