← Chapters

ငွေမျက်လုံး အလောင်း ကောင်။

Vol. 131 Ch. 1826

ငွေမျက်လုံး အလောင်း ကောင်။

Vol. 131 Ch. 1826

အချိန် ကြာလာ သည်နှင့် အမျှ၊ အမည်ခံ သူတော်စင် ဦးရေ လျော့နည်း လာပြီး တိုက်ပွဲ မှာ၊ ပို၍ ပြင်းထန် လာသည်။

ထို့ကြောင့် ရင်ပြင် တစ်ခုလုံး သွေးများ စွန်းထင်း ကုန်၏။ သို့သော် လူတိုင်းက ပြိုင်ဆိုင် နေကြဆဲ ဖြစ်သည်။

သွေးစက် များက စတုရန်းကွက် ပေါ်တွင်၊ ရေးထွင်း ထားသော ရူရ်များကို အပြောင်း အလဲ ဖြစ်စေ သည်အား၊ မည်သူမျှ သတိ မထား မိချေ။

ရင်ပြင်ထောင့် တစ်နေရာ၌၊ စီးလာသော သွေးများကို၊ တိတ်တဆိတ် မျိုချ နေသည့်၊ ငွေ ရုပ်တု တစ်ခု ရှိနေသည်။

“ ထူးဆန်းတယ် ... ၊ ကြမ်းပြင် ပေါ်မှာ ရေးထွင်း ထားတဲ့ ရူရ်တွေက နည်းနည်း လင်း လက်လာ သလိုပဲ။ ”

တိုက်ပွဲတွင် မပါဝင် နိုင်သော ကြောင့်၊ ကျောက်ပြား ပေါ်ရှိ အပြောင်း အလဲ များကို မိန်ဇီဟော်မှ သတိပြု မိ၏။

ယင်းသည် လိပ်နက်ကြီး ဖြည်းညှင်းစွာ နိုးထလာ ပုံနှင့် ဆင်တူ၏။ အံ့အားသင့် သွားပြီး၊ လင်းယွန်ကို သတိ ပေးရန်၊ ခေါင်းမော့ ကြည့် လိုက်သည်။

သို့သော် လင်းယွန်မှာ လိပ်နက် အမြုတေ များကို စုဆောင်း နေဆဲ ဖြစ်သည်။ အဆုံးတွင် အံကြိတ်ကာ ပါးစပ် ပိတ်လိုက် မိ၏။

အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက်ခန့် အကြာ၌၊ အန်းလျူယွင်က လင်းယွန် အနားသို့ ချဉ်းကပ် လာပြီး၊

“ သခင်လေး လင်း ... ၊ လျူယွင် ကိုးလုံး ရပြီ။ ”

-ဟု အသိ ပေးသည်။

“ ကောင်းတယ် ... ။ ”

လင်းယွန်မှ ပြုံးလိုက်သည်။ သူ့တွင် (၁၈)လုံး ရထား၏။ နဝမ သွေးလွှတ်ကြော အထွတ် အထိပ် ရောက်ရန် လုံလောက် ချေပြီ။

“ ဝှစ် ... ။ ”

ထို့ကြောင့် ရပ်တန့်ရန် အချိန် ကျပြီ ဖြစ်သည်။။ သို့သော် လူ ခုနစ်ယောက်က သူတို့ လမ်းကို ရုတ်တရက် ပိတ်ဆို့ လာ၏။

အဖွဲ့ကို ဦးဆောင် လာသူမှာ အနက်ရောင် ဝတ်ဆင် ထားသည်။

“ နိဗ္ဗာန်ပွဲ ချန်ပီယံနဲ့ ... သူဌေး အန်း ... မျှော်လင့် ထားတဲ့ အတိုင်း၊ မင်းတို့မှာ လိပ်နက် အမြုတေ အများကြီး ပါလား၊ ဘယ်လိုတောင် မနာလို စရာ ကောင်းလိုက်လဲ။ ”

လိပ်နက် အမြုတေ များမှာ၊ ကုန်ဆုံး တော့မည် ဖြစ်သဖြင့်၊ အလားတူ မြင်ကွင်းမျိုး နေရာ အနှံ့၌၊ ဖြစ်ပျက် နေသည်။

“ စိတ်ဝင်စားဖို့ ကောင်းတယ်၊ မင်းတို့က ငါ့ကို ပစ်မှတ်ထား နေတာလား၊ မသေချင်ရင် မင်းတို့ရဲ့ လိပ်နက် အမြုတေ တစ်ဝက်ကို လွှဲပေးပါ။ ”

လင်းယွန်မှ ပြန်လည် ခြိမ်းခြောက် လာသဖြင့်၊ အနက်ဝတ် လူ ခုနစ်ဦးမှာ အံ့ဩ သွား လေသည်။

သူတို့ အားလုံးသည်၊ ဘဝ တတိယ အဆင့် အထွတ် အထိပ်တွင် ရှိကြပြီး၊ ခေါင်းဆောင်မှာ စတုတ္ထ အဆင့် ဖြစ်၏။

“ ဖျပ် ... ။ ”

ထို့ကြောင့် ခေါင်းဆောင်မှ စကား ပြောရန် ပြင်စဉ်၊ နဂါးရူရ် တစ်သိန်းနှင့် အတူ လင်းယွန်မှ လှမ်းတက် လာခဲ့သည်။

သူ့ခန္ဓာ ကိုယ်မှ နဂါး ဟောက်သံများ ထွက်လာပြီး၊ မိုးပြာ နဂါးကြီး ထွက်လာ၏။ မိုးပြာ နဂါး သူတော်စင် ခန္ဓာသည်၊ သူ့အား ရေကန် အတွင်း၊ လွတ်လပ်စွာ လှုပ်ရှား စေနိုင်သည်။

ပတ်ဝန်းကျင်ရှိ လျှပ်စီး စွမ်းအင် ကိုပင် စုပ်ယူ ပေး၏။ တစ်ဖက်တွင် ပြိုင်ဘက် များမှာ၊ ၎င်းတို့၏ ခွန်အား (၆၀%)ကို ထုတ်ယူရန်၊ အနိုင်နိုင် ဖြစ်နေသည်။

“ ဝှစ် ... ။ ”

လက်သီးဖြင့် ထိုးချ လိုက်သော အခါ၊ နဂါး ရူရ် တစ်သိန်းက နဂါးခေါင်း အဖြစ် ပေါ်လာပြီး ပြေးထွက် သွား၏။

ဤမြင်ကွင်းကြောင့် အနက်ဝတ် လူ၏ မျက်နှာကို လေးနက် သွားစေပြီး၊ သတ္တုရောင် တောက်ပ နေသော၊ အနက်ရောင် အကြေးခွံ အလွှာဖြင့်၊ ချက်ချင်း ဖုံးအုပ် လိုက်သည်။

“ ဝုန်း ... ။ ”

လက်သီး နှစ်လုံး တိုက်မိ သွားသော အခါတွင်၊ လှိုင်းလုံးများ ပျံ့ကားလျက် ရေပြင် အနှံ့၊ ပေါက်ကွဲ သွား၏။

“ ဓား ... ။ ”

လင်းယွန် နဖူး တောက်ပ လာပြီး၊ ဓား ရည်ရွယ်ချက်က၊ ရွှေရောင် အဆင်းများ ထုတ် လွှတ် လာသည်။

၎င်းက ဝင်လာသော နဂါး မူလကို အပိုင်းပိုင်း ဖြတ်တောက် ပစ်၏။ ထို့ကြောင့် ခြေ တစ်လှမ်း မျှပင်၊ မဆုတ် လိုက် ရဘဲ၊ ပြိုင်ဘက် သည်သာ၊ နောက်ပြန် ဆုတ်သွား ရသည်။

“ ဘယ်လို တောင် ... ၊ အစွမ်းထက် လိုက်တဲ့ ဓား ရည်ရွယ်ချက်လဲ။ ”

အနက်ဝတ် လူ၏ မျက်ဝန်းများ ပြူးကျယ် သွားသည်။ လင်းယွန်ကို လျှော့မတွက် နိုင်မှန်း သူ သိလာ၏။

တုံ့ဆိုင်း မနေ တော့ဘဲ၊ လင်းယွန်နှင့် ထိပ်တိုက် ရင်ဆိုင် တော့သည်။ အန်းလျူယွင်မှ ကျန်(၆) ယောက်ထံ ပြေးဝင် လိုက်၏။

သူမ ပြသ လာသော ခွန်အားသည်၊ လင်းယွန် ထက်ပင် ကြောက်စရာ ကောင်းနေ ခဲ့သည်။

“ အနန္တ နတ်မိစ္ဆာ မျက်ဝန်း ... ။ ”

အန်းလျူယွင် မျက်ဝန်း များသည် ဖန်သားပြင် တစ်ခု ကဲ့သို့၊ ပြောင်းလဲ သွားပြီး၊ ခြောက်ဦး လုံးကို ထင်ယောင် ထင်မှား ဖြစ်အောင်၊ ဆွဲဆောင် လာသည်။

ထိုနယ်မြေကို မရေ မတွက် နိုင်သော ကြက်သွေးရောင် မျက်ဝန်း များဖြင့် ဖွဲ့စည်း လျက်၊ မျက်လုံး တိုင်း၌ သူမ ပုံရိပ် ပါရှိ၏။

(၆)ယောက် လုံးမှ၊ ပိတ်မိ နေမှန်း သိချိန်၌၊ လွတ်မြောက်ရန် ကြိုးစား တော့သည်။ သို့သော် သေွးလမင်း ယပ်တောင် ပျံသန်း လာပြီး၊ သူတို့ လည်ပင်းအား လှီးဖြတ် သွား၏။

ပြတ်ရှရာ အတွင်းမှ၊ သွေးများ စီးကျ လာသဖြင့်၊ အမြန် အုပ်ကိုင်ကာ၊ မျက်နှာများ ဖြူဖျော့ တုန်ယင်သွား ကုန်သည်။

အန်းလျူယွင်မှ အမြုတေ များကို တောင်းယူကာ၊ သူတို့အား ပြန်လည် တွန်းထုတ် ပစ်လိုက်သည်။ ပြတ်ရှရာမှာ သေလောက်သော ဒဏ်ရာ မဟုတ်ချေ။

“ မင်း ထွက်သွား ချင်လား ... ။ ”

တစ်ချိန်တည်း မှာပင် လင်းယွန်နှင့် တိုက်နေသော အနက်ဝတ် လူ သည်လည်း၊ လွင့်စဉ် သွားသည်။

ရင်ဘတ် ပေါ်တွင် အပေါက်ကြီး တစ်ခု ပေါ်လာကာ၊ သွေးများ စီးကျလျက်၊ ထိတ်လန့် တုန်လှုပ် နေခဲ့၏။

သူ့အဖော် ခြောက်ယောက်မှာ လည်ပင်းများ ပြတ်လု နီးနီး ပါးဖြင့်၊ ထွက်ပြေး ကုန်ပြီ ဖြစ်ရာ၊ အမြုတေ သုံးလုံး ထုတ်ပေးပြီး၊

“ ယူလိုက် ... ။ ”

-ဟု မကျေ မနပ်ဖြင့် ဆိုလာ၏။

လင်းယွန်မှာ အားနာခြင်း မရှိချေ။ ထိုအချိန်တွင် အန်းလျူယွင်က အမြုတေ (၁၄) လုံးနှင့် အတူ၊ အနား ရောက်လာသည်။

(၁၄)လုံး အနက် (၆)လုံးမှာ၊ သူမ ရရှိ ထားခြင်း ဖြစ်၏။

“ သူ့မှာ ရှိတဲ့ ... လိပ်နက် အမြုတေရဲ့ တစ်ဝက်က ... သုံးလုံး ထက် ပိုပါတယ်။ ’

“ ထားလိုက်ပါ ... ။ ”

လင်းယွန်မှ ခေါင်းယမ်း လိုက်သည်။ ထိုလူအား သတ်ရန်၊ သူ့ ဝှက်ဖဲ များကို ထုတ်ပြ ရမည် ဖြစ်သည်၊

အခြား လူများ ကလည်း သူ့အပေါ် မျက်စိ ကျနေ သေး၏။ ထို့ကြောင့် ဒုက္ခ ထပ် မလိုချင် တော့ချေ။

ထိုအချိန်တွင် ထွက်ပြေး သွားသော အနက်ဝတ် လူမှာ၊ နောက်ပြန် လွင့်စဉ် လာပြီး၊ ခန္ဓာကိုယ် ကွဲထွက် သွားလေသည်။

သူ့ နှလုံးသား သည်သာ တစ်ဒုတ်ဒုတ် ခုန်လျက် ကျန်ရစ် တော့၏။ ဤအရာသည် ငွေရုပ်တု အသက် ဝင်လာခြင်း ဖြစ်သည်။

သူ့ခန္ဓာ ပေါ်၌ လျှပ်စီးများ လက်လာ တော့၏။ ဤနေရာ၌ အမည်ခံ သူတော်စင် များစွာ သေဆုံး ရသည့် အကြောင်းရင်း တစ်ရပ် ရှိရ မည်ဟု၊ လင်းယွန်မှ တွေးထားပြီး ဖြစ်သည်။

“ မိန်ဇီဟော် ဘယ်မှာလဲ ... ။ ”

အန်းလျူယွင် နှင့်အတူ လျင်မြန်စွာ ဆုတ်ခွာနေစဉ်၊ မိန်ဇီဟော်အား လှည့်ပတ် ကြည့်မိသည်။

“ စောစော ကပဲ၊ သူ ဒီမှာ ရှိသေးတယ်။ ”

အန်းလျူယွင်မှ ပြန်ဖြေ၏။ ယင်းကြောင့် လင်းယွန်က ဓားနှလုံးသားကို ချက်ချင်း အသုံး ပြု လိုက်သည်။

“ မတွေ့ဘူး ... ၊ ငါတို့ ... ဒီနေရာ ကနေ မြန်မြန် ထွက်ရအောင်။ ”

နှစ်ယောက်သား ရေကန်ပေါ် အမြန် ပြန်တက် ခဲ့ကြသည်။ သူတို့ နောက်၌ အသက် အတွက်၊ ထွက်ပြေး လာသော လူ အချို့ ရှိ၏။

“ ဒီအလောင်း ကောင်က သူတော်စင် နယ်ပယ်လား။ ”

အန်းလျူယွင်မှ စိတ်လှုပ်ရှားစွာ မေးသည်။

“ မသေချာဘူး၊ ငေွမျက်လုံး အလောင်း ကောင် ဖြစ်ဖို့တော့ များတယ်၊ သူတို့က အခြား အလောင်း တေွနဲ့ မတူဘူး၊ လာသွား ရအောင်။ ”

ရှေးဟောင်း စစ်မြေပြင်တွင်၊ ငွေ မျက်လုံး အလောင်း ကောင်နှင့် ဆုံတွေ့ ဖူးသည်။ ၎င်းတို့ မည်မျှ ကြောက်စရာ ကောင်းသည်ကို သူ သိ၏။

သူတို့၏ ကိုယ်ခံ ပညာ များမှာ၊ ဆိုးဆိုး ဝါးဝါးနှင့် ရှေးကျသည်။ နတ်နဂါး ခေတ်၏ သိုင်း တာအို များနှင့် လုံးဝ ကွဲပြား ချေ၏။

တစ်ဖက်တွင် သေဆုံး ပြီးနောက်၊ နတ်ဆိုးများ၏ ရောင်ဝါကြောင့်၊ အသွင် ပြောင်း သွားသည့်၊ လိပ်နက် မျိုးရိုးမှ သူတော်စင် တစ်ပါးလည်း ဖြစ်နိုင် သေးသည်။

မည်သို့ပင် ဆိုစေ ကာမူ၊ အန္တရာယ် ပေးနိုင်ဆဲ ဖြစ်၏။ ရင်ပြင်မှ ပျံတက်ကာ ရေဝဲကို ဖြတ်သန်း လိုက်သော အခါတွင်၊ လူတိုင်း စိတ် သက်သာရာ ရသွား ကြသည်။

“ အဲဒီ အလောင်း ကောင်က ... ၊ သူတော်စင် နယ်ပယ်ပဲ၊ သူ့မှာ သူတော်စင် အဆင့် အမြုတေ မျိုး ရှိရမယ်။ ”

ရုတ်တရက် ခို့ထျန်းဟော်၏ လောဘသံ ထွက်ပေါ် လာသည်။ သူ့ အသံကို နဂါး မူလမှ တစ်ဆင့် ဖြန့်ကျက် လိုက် သောကြောင့် လူတိုင်း ကြားနေ ရ၏။

“ လိပ်နက် မျိုးနွယ်စုရဲ့ ... သူတော်စင် တစ်ပါးသာ ဆိုရင်၊ အမြုတေ ... တစ်လုံးထက် မနည်း ရှိမယ်၊ အနည်းဆုံး (၉) လုံး ကနေ (၃၂) အထိ ဖြစ်နိုင်တယ်၊ ...

... သူတော်စင် တစ်ပါးရဲ့ ... ၊ အမြုတေ တွေက၊ အမည်ခံ သူတော်စင် အဆင့် တေွထက် ပို ကောင်းတယ်၊ ဒါကြောင့် ငါတို့ တိုက်ကြ ရအောင်။ ”

ခို့ထျန်းဟော် စကားကြောင့် ယွီဝမ်ရှု မျက်နှာမှာ၊ အနည်းငယ် ပြောင်းလဲ သွားပြီး နောက်၊

“ အင်း ... ဟုတ်တယ်၊ မဖြစ်နိုင် တာတော့ မရှိ ပါဘူး၊ ဘာပဲ ဖြစ်ဖြစ် စမ်းကြည့် ရတာပေါ့။ ”

-ဟု သဘော တူ လိုက်၏။

“ ငါတို့ ... သူတို့နဲ့ မပူးပေါင်းဘူး။ ”

လင်းယွန်က အန်းလျူယွင်ကို အသိ ပေးလိုက်သည်။ ဤလူများသည် လောဘကြီး သောကြောင့်၊ ဒုက္ခ ရောက်ရပေ လိမ့်မည်။

ရေဝဲ အတွင်းမှ ငွေရောင် နတ်ဆိုး အလောင်းကောင် ထွက်လာ ချိန်၌၊ အားလုံးက တိုက်ရန် သဘောတူ လိုက်ပြီ ဖြစ်သည်။

အလောင်း ကောင်မှာ ရေဝဲ အတွင်းမှ၊ ထွက်ကာ၊ လူအုပ်ထံ ကြည့်သည်။ သူ့ဝတ်ရုံ သည် ငွေရောင် ဖြစ်ပြီး၊ လိပ်နက် မိသားစု ဝင်များနှင့် တူ၏။

သို့သော် နဖူးတွင် ငွေရောင် ဒေါင်လိုက် မျဉ်းတစ်ကြောင်း ရှိနေပြီး၊ ပွင့်မလာ သေးချေ။ ဤသည်မှာ တတိယ မျက်လုံး ဖြစ်သည်။

“ သွား ကြရအောင် ... ။ ”

လင်းယွန်က ဆုတ်ခွာရန်၊ ဆုံးဖြတ် လိုက်သည်။ လက်ရှိ အချိန်၌ အလောင်း ကောင် ခွန်အားမှာ၊ မရဏ အဆင့်နှင့် ညီပြီး၊ ဉာဏ်ရည် ဉာဏ်သွေး ပြန်မရ သေးချေ။

“ တိုက် ... ။ ”

ခို့ထျန်းဟော်နှင့် ယွီဝမ်ရှု တို့က ရှေ့ဆုံးမှ ပြေးဝင်သွား ကြပြီး၊ အခြား လူများသည် ၎င်းတို့ နှစ်ဦးအား ကူညီရန်၊ ဝိုင်းရံ လိုက် တော့၏။

***

All Chapters