← Chapters

ကောင်လေး ... ၊ ငါ့ရှေ့က ဖယ်စမ်း။

Vol. 131 Ch. 1827

ကောင်လေး ... ၊ ငါ့ရှေ့က ဖယ်စမ်း။

Vol. 131 Ch. 1827

ယွီဝမ်ရှုနှင့် ခို့ထျန်းဟွာ တို့၏ ခွန်အားကြောင့် ဖြစ်ပေါ် လာသော လှိုင်းများ သည် တုန်လှုပ် ချောက်ချားဖွယ်ရာ ပေပင်။

အထူးသဖြင့် ဘဝ-ပဉ္စမ အဆင့်ရှိ ခို့ထျန်းဟွာ ဖြစ်၏။ သူ့၌ အမည်ခံ ကောင်းကင် အမိုး ဓားမော့ ရှိသည်။

သို့သော် ၎င်းတို့သည် ရေကန်ထဲတွင် ရှိနေ သောကြောင့်၊ ပြင်ပ ကမ္ဘာ သကဲ့သို့ တိုက်ပွဲဝင် စွမ်းရည်မျိုး မပြသ နိုင်ချေ။

လင်းယွန် ကမူ နတ်ဆိုး အလောင်း ကောင်သည်၊ အခြားသော နတ်ဆိုး အလောင်း များနှင့် မတူမှန်း နားလည် ထားသည်။

လူတိုင်း နတ်ဆိုး အလောင်း ကောင်ကို ဝိုင်ရံပြီး ချိန်၌၊ အလောင်း ကောင်၏ ဒေါင်လိုက် မျက်လုံး ပွင့်လာ၏။

ဒေါင်လိုက် မျက်လုံးမှ ထိတ်လန့် တုန်လှုပ်ဖွယ် ငွေရောင် အလင်းများ ထွက်ပေါ် လာပြီး၊ လူ ဒါဇင်ပေါင်း များစွာကို အဝေးသို့ ပျံသန်း စေခဲ့သည်။

အများ စုမှာ ထက်ဝက် နီးပါး နှစ်ခြမ်း ကွဲကုန်၏။

“ သေစမ်း... သူက လိပ်နက် မိသားစုရဲ့ သူတော်စင် မဟုတ်ဘူး၊ ငွေမျက်လုံး အလောင်း ကောင် ဖြစ်နေပြီ။ ”

ယွီဝမ်ရှုမှာ စိုးရိမ် သွားသည်။ အသက် အတွက် တွန့်ဆုတ်ခြင်း မရှိ လှည့်ပြေး လိုက် တော့သည်။

ခို့ထျန်းဟွာ သည်လည်း ကြောက်ရွံ့ တုန်လှုပ် သွားပြီး၊ ချက်ချင်း လှည့်ပြေး၏။ သူတော်စင် အဆင့် အမြုတေကို မလိုချင် တော့ချေ။

ဤသို့ဖြင့် လူသတ်ပွဲပြီး၊ စတင် လာသည်။ အလောင်း ကောင်သည်၊ ယခင်က ကြုံဖူးသော အဆင့်မျိုး မဟုတ်မှန်း၊ လူတိုင်း သတိ ဝင် ကုန်သည်။

သူတို့ ခွန်အားဖြင့်၊ ကိုင်တွယ် ဖြေရှင်း နိုင်သည့် အဆင့်ကို ကျော်လွန် နေ၏။ ထိုအချိန် ၌ ငွေမျက်လုံး အလောင်း ကောင်မှ လင်းယွန်ကို မြင်ကာ၊ မျက်လုံးများ ကြည်လင် လာသည်။

သို့သော် ချက်ချင်း ရုန်းကန် ရိပ်များ ဖြစ်ပေါ်လာပြီး၊ ဆိုးသွမ်းသော အကြည့်များ ပြန်လည် ဝင်ရောက် လာသည်။

ဤတစ်ကြိမ်၌ မည်သူ့ ကိုမျှ ဂရု မစိုက် တော့ဘဲ၊ လင်းယွန် ဦးတည် ရာသို့၊ အားယူ လာခဲ့၏။

လင်းယွန်နှင့် အန်းလျူယွင်မှ၊ အဆိုပါ အချင်း အရာကို မသိတော့ချေ။ ရေ မျက်နှာပြင် ပေါ် ပြန်ရောက် သည်နှင့်၊ ကမ်းစပ်သို့ လျင်မြန်စွာ ကူးသန်း လိုက် ကြသည်။

နောက်ဆုံး၌ ဘေးကင်းပြီ ဖြစ်သည်။ သက်ပြင်း ချလျက် နောက်ပြန် လှည့်ကြည့်မိ၏။ ရေကန် အတွင်း အသက် မည်မျှ ဆုံးရှုံး သွား မည်ကို မမှန်းဆ နိုင်ချေ။

လျှပ်စီး ရေကန် တဝိုက်၌၊ ဖြစ်စဉ်မှာ ပျောက်ကွယ် သွားခြင်း မရှိ သောကြောင့် ယခုမှ ရောက်ရှိ လာသူ များလည်း ရှိနေ သေးသည်။

၎င်းတို့က လင်းယွန်နှင့် အန်းလျူယွင် ထွက်လာ သည်ကို တွေ့လိုက် ရသော အခါတွင်၊ စိတ်ပျက် လက်ပျက် ဖြစ်ကုန် ကြ၏။

တစ်စုံ တစ်ယောက် ပြန်ထွက် လာခြင်း ဟူသည်၊ ရတနာ များ၌ ပိုင်ရှင် ရှိသွား ပြီဟု၊ အဓိပ္ပါယ် ရသည်။

“ သွား ရ အောင် ... ။ ”

လင်းယွန်မှ အန်းလျူယွင်ကို ခေါ်ဆာင်ကာ မဆိုင်းမတွ ထွက်ပြေး တော့သည်။ ထိုအချိန်၌ ခို့ထျန်းဟွာနှင့် ယွီဝမ်ရှုတို့ ဦးဆောင်သော လူအုပ်ကြီး ပျံတက် လာကြသည်။

“ ဝုန်း ... ။ ”

တစ်ဆက်တည်း မှာပင်၊ ရေမျက်နှာပြင် ပေါက်ကွဲလျက်၊ ငွေမျက်လုံး အလောင်း ကောင် သည်လည်း ပျံတက် လာ၏။

အလောင်းကောင် အရေ ပြားတွင်၊ လျှပ်စီးများ လက်ကာ၊ အနက်ရောင် အငွေ့ အသက်များ ရစ်သိုင်း နေသည်။

၎င်းအငွေ့ အသက်မှာ ပျံ့နှံ့ လာသဖြင့်၊ လူတိုင်းကို မလှုပ်ရှား နိုင်အောင် လေးလံစွာ ဖိနှိမ် ကန့်သတ် ပစ်တော့သည်။

“ ငါတို့တော့ ... သွားပြီ။ ”

မိစ္ဆာ ရောင်ဝါဖြင့် ကန့်သတ်ခြင်း မည်၏။ အချို့မှာ မြေပြင်ပေါ် လဲကျ သွားပြီး၊ ပြန် မထ နိုင်တော့ချေ။ ခို့ထျန်းဟွာက စိတ်ပျက် လက်ပျက်ဖြင့် ခေါင်းယမ်း လိုက်၏။

ရေကန်မှ ထွက်ခွာ ပြီးနောက် အထွတ် အထိပ် ခွန်အားကို ပြန်လည် ရရှိလာ သကဲ့သို့၊ ငွေမျက်လုံး အလောင်း ကောင် သည်လည်း အဆ မတန် သန်မာ လာခဲ့သည်။

“ ဒီကောင် ပြေးတာ ... တကယ် မြန်တယ်။ ”

တစ်ဖက်တွင် မှုန်နေအောင် ထွက်ပြေး သွားသော လင်းယွန်နှင့် အန်းလျူယွင်ထံ ကြည့် မိပြီး၊ ဒေါသ ထွက်လာ ခဲ့သည်။

“ ဝူး ... ။ ”

သို့သော် ငွေမျက်လုံး အလောင်း ကောင်က ငွေရောင် အလင်းတန်း အဖြစ် ပြောင်းလဲလျက်၊ ၎င်းနောက် ပြေးလိုက် သွားတော့၏။

ရုတ်တရက် ဖိအားများ ပျောက်ကွယ် သွားသောကြောင့်၊ လူတိုင်း သက်သာရာ ရကုန် ပြီး၊ အလောင်းကောင် ထွက်သွားရာ အရပ်ထံ မော့ကြည့် လိုက်မိသည်။

ယွီဝမ်ရှု သည်ပင် အတွေးနက် သွား၏။ လင်းယွန်၌ အလောင်း ကောင် စိတ်ဝင်စား နေသော အရာ တစ်ခုခု ရှိရ ပေလိမ့်မည်။

သို့မဟုတ် မိုးပြာ နဂါး သူတော်စင် ခန္ဓာကိုယ်၏ သွေးသား စွမ်းအင် များမှာ၊ ၎င်း အတွက် ရတနာ ဖြစ်နေ ၍လည်း၊ ဖြစ်နိုင်၏။

ရုတ်တရက် သတိရ သွားပြီး ခို့ထျန်းဟွာ ဘက်လှည့်ကာ ပြုံးပြလျက်၊

“ ခိုထျန်းဟွာ ... မင်း သူ့နောက် လိုက်မကြည့် ဖူးလား၊ သူ့ ဦးခေါင်းက ငှက်မွှေး နတ်မိစ္ဆာ အမိန့်နဲ့ ထိုက်တန် တယ်နော်။ ”

-ဟု လှုံ့ဆော် လိုက်တော့သည်။

“ ဟား ဟား ဟား ... ၊ ငါက မင်း အမြင်မှာ အရူး တစ်ယောက်လို ဖြစ်နေ လို့လား၊ စိတ်ဝင် စားရင် မင်း လိုက်သွားပါ။ ”

ခို့ထျန်းဟွာမှ ရယ်မောလျက် ပြန်ဖြေ၏။ သို့သော် ချက်ချင်း စိတ်လည် သွားပြီး၊ တုံ့ဆိုင်း လျက် အလောင်းကောင် သွားရာ အရပ်ထံ မျှော်ကြည့် လိုက်တော့သည်။။

ငွေမျက်လုံး အလောင်း ကောင်သည် ကြောက်မက်ဖွယ် ကောင်း၏။ ၎င်းကို ရင်ဆိုင် ရန်မှာ မလွယ် လှချေ။

လင်းယွန်ကို သတ် ပြီးနောက်၊ သူ့ဘက် လှည့်မလာ နိုင်ဟု၊ မည်သူမျှ အာမ ခံမည်နည်း။ တွေဝေ နေသော သူ့ကို ကြည့်ပြီး၊ ယွီဝမ်ရှုက ပြုံးကာ ထွက်ခွာ သွားတော့သည်။

“ သခင်လေး ငါတို့ သွားရအောင်၊ ဒီယွီဝမ်ရှုက လူယုတ်မာပဲ၊ သူ့ စကား အတိုင်း လိုက် မလုပ်နဲ့။ ”

ကျောက်တုံး မိန်းကလေးက သတိ ဝင်ပေးသည်။

“ ငါ သိတယ် ... ။ ”

ခို့ထျန်းဟွာမှ ခေါင်းညိတ်၏။

လင်းယွန်နှင့် အန်းလျူယွင် မှာမူ၊ တစ်နာရီကြာသည် အထိ၊ မနားတမ်း ထွက်ပြေး လာခဲ့ ကြသည်။

မိုးကုပ် စက်ဝိုင်းကို ဖြတ်နေသော အလင်းတန်း နှစ်သွယ်နှင့် တူပြီး၊ သူတို့ အသွင် အား၊ ကောင်းကောင်း မမြင် နိုင်ချေ။

သို့သော ကောင်းကင်ကြီး ရုတ်တရက် ငွေရောင် တောက်ပ လာပြီး၊ သူတို့ နှစ်ဦးထံ လျင်မြန်စွာ ချဉ်းကပ် လာနေ၏။

“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”

လင်းယွန် မျက်နှာ ပြောင်းသွားသည်။ ငွေမျက်လုံး အလောင်း ကောင်မှ၊ သူတို့နောက် အဘယ့်ကြောင့် လိုက်လာ ရ သည်ကို၊ နားမလည် တော့ချေ။

ကူကျွင့် ပြောသည့် အတိုင်း၊ ဤအလောင်းကောင်ကို စွဲဆောင် နေသော တစ်စုံ တစ်ရာ ရှိပုံ ရသည်။

လိပ်ခွံ သည်လော။ ၎င်းနှင့် ပတ်သက်ပြီး ထူးထူး ခြားခြား မရှိချေ။ သို့သော် အဖိုးအိုမှ တစ်စုံ တစ်ရာ မြင်ထား နိုင်မည်။

“ မင်း သွားတော့ ... ငါ သူ့ကို ခေါ်သွား လိုက်မယ်။ ”

လင်းယွန်မှ ဆုံးဖြတ်ချက် ချပြီး၊ အခြား တစ်ဖက် ဆီသို့ ပြေးသွား တော့သည်။ မျှော်လင့် ထား သလို ပေပင်။ အလောင်း ကောင်က၊ သူ့ နောက်သာ လိုက်လေသည်။

ဤငွေမျက်လုံး အလောင်း ကောင်သည်၊ လိပ်နက် ကေျာက်တိုင်ဖြင့် ချိပ်ပိတ် ထားသည့်၊ အလောင်း ကောင်ထက် ပို၍ ကြောက်စရာ ကောင်းသည်။

ထိုစဉ်က အနားတွင် ကူကျွင့် ရှိနေသည်။ ယခုမူ မည်သူမျှ မရှိ သဖြင့်၊ နေ-လ ထီး ကိုသာ ထုတ်ရ ပေလိမ့်မည်။

နေ-လ ထီးကို အသုံး ပြုခြင်းကြောင့်၊ ဖြစ်စဉ်များ လိုက်ပါ လာမည် ဖြစ်ရာ၊ အဝေး မှပင် သတိ ပြုမိ နိုင်သည်။

ထိုအချိန်တွင် သူ ငြင်းလျှင်ပင် မည်သူမျှ ယုံတော့မည် မဟုတ်ချေ။ ပန်းသင်္ချိုင်း ဟူသော လျှို့ဝှက်ချက် ပေါ်သွားမည် ဖြစ်သည်။

“ သခင်လေး ... ။ ”

အန်းလျူယွင်က အဝေးမှ မြင်ကွင်းကို ကြည့်ပြီး စိုးရိမ်လျက်၊ သွေးလမင်း ယပ်တောင် အား၊ တင်းတင်း ကျက်ကျပ် ဆုပ်ကိုင် လိုက်သည်။

လင်းယွန် နာကျင်အောင် မည်သူမျှ လုပ်ဆောင်ခွင့် မပြုနိုင် သောကြောင့်၊ ချက်ချင်း ဆုံးဖြတ်ချက် အမြန်ချ မိသည်။

“ ဝှစ် ... ။ ”

တုံ့ဆိုင်း မနေ တော့ဘဲ၊ ငွေမျက်ဝန်း အလောင်း ကောင်နှင့် လင်းယွန် ဦးတည်ရာ အရပ်သို့ လှည့်ကာ၊ ပျံသန်း လိုက်သည်။

ထိုအချိန်တွင် လင်းယွန်မှ ရွေ့လျားမှု နည်းစနစ်ကို ကန့်သတ်ချက်ထိ တွန်းပို့ လိုက် ရသည်။

“ ဝှစ် ... ။ ”

အရှိန်မှာ နှစ်ဆ မြင့်တက် လာပြီး၊ လေဟာနယ် ကမောက် ကမ ဖြစ်သွား၏။ သူ့ အမြင် အာရုံ၌ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း ဖြစ်လာသည်။

သို့သော် ငွေမျက်လုံး အလောင်း ကောင်မှ အနက်ရောင် မြူများကို နေရာ အနှံ့ ပျံ့နှံ့ စေရန်၊ အဆက် မပြတ် ထုတ်လွှတ် လာသည်။

ယင်းကြောင့် ဆက် မပြေးနိုင် တော့ဘဲ၊ အနက်ရောင် အငွေ့အသက် များ အတွင်း ဖမ်းမိ သွား၏။

ဆိုလို သည်မှာ ရောင်ဝါဖြင့် ကန့်သတ်ခံ လိုက်ရခြင်း ဖြစ်သည်။ အသက် ပြင်းပြင်း ရှူပြီး၊ လှည့်ကြည့် လိုက်မိ၏။

“ ဟိတ် ... ။ ”

မလွတ်မြောက် နိုင်သဖြင့်၊ အဆုံးထိ တိုက်ပွဲဝင် ရန်သာ ရှိပေ တော့သည်။ ဓားဆွဲ ထုတ် လိုက်ပြီး၊ ဓားချက်ပေါင်း ဆယ်ချက် တိတိ၊ ထုတ်ဖော် ပစ်လိုက်၏။

သို့တိုင် ငွေမျက်လုံး အလောင်း ကောင်က ဓားရောင်ခြည် များကို၊ အဆက် မပြတ် ဖျက်ဆီး ကာ၊ အနား ရောက်လာ သဖြင့်၊ လင်းယွန် ပါးစပ်မှ သွေးများ ထွက်ကျ လာသည်။

ခွန်အား ကွာခြားချက်မှာ၊ ကြီးမား လွန်းချေ၏။ သူ့၌ လုပ်နိုင်စွမ်း မရှိ တော့ချေ။ ငွေမျက်လုံး အလောင်းကောင် အပေါ်၊ လျှော့တွက် မိခဲ့ ချေပြီ။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

အဆုံးတွင် လက်ဖဝါး တစ်ချက် ထိမှန်ကာ၊ ကြောက်ရွံ့မှု ဝင်ရောက် လာတော့သည်။ မိုးပြာ နဂါး နေ-လ ထီးကို၊ ထုတ်ယူရန် ချက်ချင်း လုပ်ဆောင် လိုက်ရ၏။

“ ကောင်လေး မင်း အဲဒီမှာ ... ဘာရပ် လုပ်နေတာလဲ၊ သေခြင်း တရားကို စောင့်နေ တာလား၊ ငါ့ ရှေ့က ဖယ်စမ်း။ ”

ရုတ်တရက် တန်ခိုးရှင် အလား၊ ကျယ်လောင်သော အော်ငေါက်သံ တစ်သံ ထွက်ပေါ် လာတော့သည်။

***

All Chapters