← Chapters

ကူကျွင့် ဟူသည် ... ။

Vol. 131 Ch. 1828

ကူကျွင့် ဟူသည် ... ။

Vol. 131 Ch. 1828

“ ဟိတ် ... ။ ”

“ ဘုန်း ... ။ ”

လင်းယွန်က လက်ဖဝါးကို မြေပြင်ထံ ရိုက်လိုက်ပြီး၊ တွန်းကန် အားဖြင့် ကောင်းကင် ပေါ် တစ်ဟုန်ထိုး ပျံတက်ကာ၊ ငွေမျက်လုံး အလောင်း ကောင်နှင့် မီတာ တစ်ထောင် အကွာသို့၊ ဆင်းသက် လိုက်သည်။

မြေပြင်ပေါ် ခြေချမိ သည်နှင့်၊ ပြေးရန် ပြင်လိုက် သော်လည်း၊ အားပြင်းသော စုပ်ဝဲ တစ်ခုက သူ့နောက်ကျောအား ဆွဲငင် လာ တော့၏။

“ ကောင်လေး ... ခဏ ထိန်းထားဦး၊ ပြီးမှ ပြေး ... ။ ”

ထပ်မံ ထွက်ပေါ် လာသော ကူကျွင့် အသံကြောင့်၊ လင်းယွန် တစ်ယောက် သွေးအန် ချင် သွား၏။ ဤအဖိုးကြီးမှာ အမှန်ပင် စိတ်မချ ရချေ။

ထိုအချိန်တွင် ငွေမျက်လုံး အလောင်း ကောင် လက်မှ စုပ်ယူမှု စွမ်းအားသည်၊ သူ့အား နောက်ပြန် ဆွဲငင် လာတော့၏။

“ မိုးပြာ နဂါး ဆင်းသက်ခြင်း။ ”

ဒေါသများ ထွက်လာပြီး၊ နဂါး ရူရ် တစ်သိန်းဖြင့်၊ ခရမ်း-ရွှေရောင် နဂါးကြီးအား ဖန်တီး လိုက်သည်။

ထို့နောက် ပြန်လှည့်ကာ၊ အလောင်း ကောင်နှင့် ထိပ်တိုက် ရင်ဆိုင်ရန်၊ ဆုံးဖြတ် လိုက်ရ၏။

မိုးပြာ နဂါးမှာ အစွမ်း ထက်သော စုပ်ယူမှု စွမ်းအား အောက်၌ ပုံပျက် လာသည်။ အဆုံး၌ နာကျင်စွာ အော်ဟစ်သံ ပြုတော့၏။

“ နဂါး ထွက်သက် ... ။ ”

“ ဂျိန်း ... ။ ”

ထိုမြင်ကွင်းကြောင့် နဂါး ထွက်သက်ကို၊ ချက်ချင်း ထုတ်ဖော် လိုက်ရသည်။ မိုးကြိုးများ ကောင်းကင် အပြည့် ဖုံးလွှမ်း လာပြီး၊ နဂါး လက်တစ်ဖက် တိုးထွက် လာ၏။

ယင်းကြောင့် ငွေမျက်လုံး အလောင်း ကောင်ထံမှ နတ်ဆိုး အငွေ့အသက်များ ထွက် လာကာ၊ အလင်း တစ်စက၊ နဂါး လက်သည်း ဆီသို့ ပြေးဝင် လာလေသည်။

၎င်းအလင်းသည် လက်သည်းကို ချေဖျက် ပြီးနောက်၊ မိုးကြိုး တိမ်များ အတွင်း ရှိနေသည့် မိုးပြာ နဂါး ကိုပါ၊ ဖျက်ဆီး ပစ်လိုက်သည်၊

လှိုင်းလုံး ကြီးများ ပျံ့ကျဲလျက်၊ မိုးကြိုး တိမ်တိုက်များ ကင်းစင်ကာ၊ ငွေရောင် အလင်း များသာ ကျန်ရစ် ခဲ့တော့၏။

“ ဘယ်လို တောင် ... သန်မာ လိုက်လဲ။ ”

နဂါး ထွက်သက်ကို အမြစ်ပြတ် ဖျက်ဆီး နိုင်သည့် ပြိုင်ဘက်မျိုး၊ ပထမ ဦးဆုံး အကြိမ် ကြုံတွေ့ ဖူးခြင်း ဖြစ်သည်။

စိတ်ပျက် လက်ပျက်နှင့်၊ နေ-လ ထီးကို ထုတ်ယူရန် ပြင်လိုက်ရာ၊ လျှပ်စီးများ ချက်ချင်း လက်လာ တော့၏။

ကောင်းကင်၌ ငွေရောင် လျှပ်စီး ရေကန် ဖွဲ့တည် လာပြီး၊ ကန်ထဲ၌ သူတော်စင် တစ်ပါး ရပ်နေ သကဲ့သို့ ကူကျွင့် ပေါ်လာသည်။

“ အဖိုးကြီး လား။ ”

အဖိုးကြီးသည် နိဗ္ဗာန် အထွတ် အထိပ်၌ ရှိကာ၊ အမည်ခံ သူတော်စင် နယ်ပယ်သို့ တက် ရောက်ရန်၊ အချိန် တစ်ခုသာ လို၏။

မဟာ သူတော်စင် အသံ ကိုလည်း၊ ဆုပ်ကိုင်ထားသည်။ သို့သော် ဤနေရာတွင် သူ့ ကျင့်ကြံမှုကို ကန်သတ် ထားရ ပေမည်။

မဟုတ်သော် ၎င်းအား ချက်ချင်း မိုးကြိုး ပစ်ကာ၊ သတ်ပစ် နိုင်သည်။ အဘယ့်ကြောင့် ဤမျှ အစွမ်း ထက်လာ သနည်း။

“ လိပ်နက် ကျောက်တိုင် ... ။ ”

ရုတ်တရက် ဖြစ်နိုင်ချေ တစ်ခုကို တွေးမိ လာတော့သည်။

“ မိုးကြိုး တစ်သိန်း၊ ငါ့ အမိန့်ကို နာခံပါ။ ”

ကူကျွင့်က မိုးကြိုး တစ်သိန်းအား ဆင့်ခေါ် တော့သည်။ လက်တစ်ဖက်တွင် ကိုင်ထားသည့် လိပ်နက် ကေျာက်တိုင်ကို ကောင်းကင်ပေါ် မြှောက် လိုက်၏။

“ ဂျိန်း ... ။ ”

အခွံ ပေါ်တွင် အနက်ရောင် အလင်းများ တဖျပ်ဖျပ် ခတ်ပြီး၊ အအေး လှိုင်းများ ထုတ်ပေး နေသည့် လိပ် တစ်ကောင်၏ ပုံရိပ် ပေါ်လာ လေသည်။

မျက်ဝန်း၌ အနက်ရောင် လျှပ်စီးများ လက်နေသော နတ်မိစ္ဆာ မြွေဆိုး တစ်ကောင်က၊ ၎င်းအား ရစ်ခွေ ထား၏။

( ဆိုလို သည်မှာ လိပ်နက်၏ အမြီးသည် မြွေြဖစ် သဖြင့်၊ ထိုမြွေမှ လိပ်နက်အား ရစ်ခွေ ထား သည်ဟု ပြောခြင်း ဖြစ်သည်။ )

ရွှေခေတ်သို့ ပြန်ရောက် နေသည့် အလား၊ မိုးကြိုး လိပ်နက်က သူ့ ရောင်ဝါကို ဖြန့်ကျက်ခဲ့ လေသည်။

“ ဝုန်း ... ။ ”

ထိုရောင်ဝါသည် ငွေမျက်လုံး အလောင်း ကောင်၏ ရောင်ဝါနှင့် တိုက်မိ သွားသော အခါ၊ အလောင်း ကောင်အား၊ အဝေးသို့ လွင့်စဉ် သွားစေ၏။

ရလာဒ် အနေဖြင့်၊ အလောင်း ကောင် ရောင်ဝါမှာ နှင်းစက်များ ကဲ့သို့၊ ဖြည်းညှင်းစွာ ပျော်ဝင် ပျောက်ကွယ် လာသည်။

“ အဖိုးကြီး ကူ ... မင်းက လိပ်နက် မိသားစု ဝင် မဟုတ် ဖူးလို့၊ ငြင်းဦး မလား။ ”

လင်းယွန်မှ မေးလိုက်သည်။ ကူကျွင့်က ပြန်မဖြေ ချေ။ တိုက်ပွဲ အပေါ် လုံးဝ အာရုံစိုက် ထား ခဲ့သည်။

လိပ်နက် ကျောက်တိုင်သည်၊ သူ့လက်၌ အရွယ်အစား သေးငယ်သော တောင်ဝှေး ကဲ့သို့ ဖြစ်နေ၏။

“ ဟိတ် ... ။ ”

နှစ်ယောက်သား ကမ္ဘာမြေ တုန်လုလု တိုက်ပွဲကြီးကို ဆင်နွှဲ နေတော့သည်။ ကူကျွင့်က မိုးကြိုး လိပ်နက်ကို ဆင့်ခေါ်ကာ၊ အသာစီး ရလာသည်။

ထိုမြင်ကွင်းကြောင့် လင်းယွန်မှာ စိတ်သက်ရာ ရသွား၏။ ချက်ချင်း ထိုင်ချပြီး၊ လက်သီး ချက်ကြောင့်၊ ကွဲကြေ သွားသော နဂါးရူရ် များကို၊ ပြုပြင် နေမိသည်။

များမကြာခင် မျက်လုံး ပြန်ဖွင့် လိုက်ရာ၊ ကူကျွင့် တစ်ယောက် ပျံသန်း လာနေ သည်ကို၊ မြင်လိုက် ရ၏။

“ အဆင်ပြေ သွားပြီလား။ ”

“ လခွမ်း ... အဆင်ပြေ၊ ပြေး ... ။ ”

ကူကျွင့်က သူ့အား ကျိန်ဆဲပြီး၊ ဖြတ်ကျော်သွား တော့သည်။ လုံးဝပင် လှည့် မကြည့် ခဲ့ချေ။

သို့မှသာ အဖိုးကြီး၏ ခြေထောက် တစ်ချောင်း ကျိုးလျက်၊ သွေးများ ထွက်ကျ နေသည်ကို၊ မြင်လိုက် ရ၏။

“ ဝှစ် ... ။ ”

ထို့စဉ် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော အော်ဟစ်သံ ကြားလိုက် ရ သဖြင့်၊ သူ သည်လည်း ချက်ချင်း ပြေးလိုက် သွားမိ တော့သည်။

ကူကျွင့်တွင် ဒဏ်ရာ ရထား သည့်တိုင် ပြေးအားမှာ၊ လိုက် မမီအောင် မြန်ဆန် နေဆဲ ဖြစ်၏။

“ အဖိုးကြီး မင်းက၊ ထော့နဲ့ ... ထော့နဲ့ ဖြစ်နေ တာတောင်၊ ပြေးတာ တော်တော် မြန် တယ်နော်၊ လေးစား စရာပဲ။ ”

ကူကျွင့်အား မီသည်နှင့် လင်းယွန်မှ ပြောလိုက်သည်။

“ ဒါ ... ငါ့ အရည် အချင်းပဲ ... ၊ စကား များမနေနဲ့ ... ငါ့ကို မီအောင်လိုက်၊ မဟုတ်ရင် ငါလည်း ကယ်နိုင်မှာ မဟုတ်ဘူး။ ”

“ ပါးစပ် ပိတ်ထား ... ။ ”

လင်းယွန်မှ အဖိုးအိုအား အော်ငေါက် လိုက်သည်။

“ ဟီးဟီး ... ဒါနဲ့ မင်း ဒီကောင့်ကို ဘယ်လို ဆွဲဆောင်ခဲ့ တာလဲ ... ၊ မိန်ဇီဟော်ရဲ့ ကံတောင်၊ မင်းလောက် မဆိုး သေးဘူး။ ”

“ မသိဘူး ... ၊ ဒီအလောင်း ကောင်က တခြား လူတွေကို လျစ်လျူရှုပြီး၊ ငါ့နောက်ကို တန်းလိုက် လာတာ ... ။ ”

“ မင်း ... ။ ”

ကူကျွင့်မှ စကား ဆက်မပြော တော့ဘဲ၊ လင်းယွန်နှင့် ဆန်ကျင်ဘက် အရပ်သို့၊ လမ်းခွဲ ပြေးထွက် သွားလေသည်။

လင်းယွန်မှာ မကျိန် ဆဲဘဲ၊ မနေနိုင် တော့ချေ။ သည်အဖိုး ကြီးကို ယုံကြည် မိသော သူ့ကိုယ် သူသာ၊ အပြစ်တင် ရပေမည်။

မိုးကြိုး နန်းတော် အတွင်း၊ ပြေးစရာ မြေမရှိသဖြင့်၊ တတ်နိုင် သမျှ မြန်မြန် ပြေးကာ၊ ခွန်အားကို စုဆောင်း နေရသည်။

“ ဝှစ် ... ။ ”

ငွေမျက်လုံး အလောင်း ကောင်က ကောင်းကင်မှ ဆင်းသက်ပြီး၊ လမ်းကြောင်း နှစ်သွယ်ကို တစ်ချက် ကြည့်၏။

နောက်ဆုံး၌ ကူကျွင့်နောက် လိုက်ရန် ရွေးချယ်သွား တော့သည်။ တစ်နာရီ ကုန်လွန် ပြီးနောက်၊ သူ့နောက် လိုက် မလာ သည်ကို လင်းယွန်မှ သတိပြု မိသည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် ဝမ်းသာ အားရ ဖြစ်နေစဉ်၊ ကူကျွင့်မှ သူ့ရှေ့ ရုတ်တရက် ပြန်ရောက် လာသည်။

“ နောက်ဆုံးတော့ မင်းကို တွေ့ပြီ။ ”

၎င်းက ဝမ်းသာ အားရ ဆို၏။

“ ငွေမျက်လုံး အလောင်းကောင် ဘယ်မှာလဲ။ ”

လင်းယွန်မှ ပြန်မေး မိသည်။

“ မင်း နောက်မှာ ... ။ ”

ကူကျွင့်က ပြုံးလျက် ပြန်ဖြေ၏။ လင်းယွန် မျက်နှာ ဖြူဖျော့ သွားပြီး၊

“ မင်း ... သူ့ကို ခေါ်လာတာ မဟုတ်လား။ ”

-ဟု အော်မေး လိုက်သည်။

“ မင်း ... ဘယ်သူ့ အကြောင်း ပြောနေ တာလဲ၊ ငါ့ကို အဲဒီလို လူများ ထင်နေလား ဟမ့် ... ၊ မင်း တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်လို့၊ ...

... ငါ ပြန်လှည့် လာတာ၊ သူတော်စင် အကြီးအကဲက မင်း တစ်ခုခု ဖြစ်သွားရင်၊ ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ”

“ ဒါဆိုလည်း ... ငါနဲ့ ဝေးဝေး နေပါ။ ”

လင်းယွန်က ချက်ချင်း ထွက်ပြေး တော့သည်။ သို့တိုင် ကူကျွင့်က သူ့နောက်သို့ အရှက် မဲ့စွာ ပြေးလိုက် လာဆဲ ဖြစ်၏။

“ အဖိုးကြီး ... လိုက် မလာနဲ့။ ”

“ ငါ့ကို ငတုံးများ ထင်နေလား၊ မင်းမှာ ရတနာတွေ အများကြီး ရှိနေတာ ... ငါ သိတယ်၊ ဟဲဟဲ ... မင်း နောက်လိုက်ရင် သေချာပေါက်၊ အန္တရာယ် ကင်းမယ်။ ”

လေဓား သခင်နှင့် အဖွဲ့အား သတ်ပစ် လိုက်တည်းက ထိုအချက်ကို ကူကျွင့်မှ တွက်ဆ ထားပြီး ဖြစ်သည်။

လင်းယွန်မှာ ဒေါသ ထွက်လာစဉ်၊ ငွေမျက်လုံး အလောင်း ကောင်မှ ရုတ်တရက် လှုပ်ရှား လာတော့၏။

“ ဝုန်း ... ။ ”

လက်ဖဝါး နှစ်ချက်ကို ဆက်တိုက် ရိုက်ချလာခြင်း ဖြစ်သည်။ ၎င်းကျ ဆင်းသွားရာ မြေပြင်၌ နတ်ဆိုး ရောင်ဝါကြောင့်၊ ချက်ချင်း ကြေမွ သွား၏။

၎င်းတွင် လိပ်နက် စွမ်းအားနှင့်၊ ဝိညာဉ် နတ်မိစ္ဆာ မိသားစု အမွေကို ဆက်ခံ ထားချေပြီ။ တကယ့် ဘီလူး တစ်ကောင် ဖြစ်လာ၏။

ကူကျွင့်က လိပ်ခွံ ဒိုင်းကို ထုတ်ကာ၊ ပုန်းအောင်းရန် ပြင်နေ သဖြင့်၊ လင်းယွန်မှ ပြုံးရွှင် သွားသည်။

“ ဝှစ် ... ။ ”

ထို့ကြောင့် မြေပြင်ကို ဖြေဖြင့် ပုတ်ကာ၊ နောက်ထပ် တိုက်ခိုက်မှုများ ဝင် မလာ နိုင်ခင်၊ ၎င်းထံ ခုန်ဝင် လိုက်တော့သည်။

“ ခွပ် ... ။ ”

သို့သော် လိပ်ခွံမှာ ချက်ချင်း သေးငယ် သွားသည်။ လင်းယွန် ခမျာ၊ ဦးခေါင်းနှင့် လိပ်ခွံ တိုက်မိပြီး၊ သွေးများ ယိုစီးလာ တော့၏။

“ မင်း ... ပြောပါလား ... ၊ လာ အတူတူ ပုန်းလို့ ရတယ်။ ”

လင်းယွန်မှ စိတ်ပျက် လက်ပျက် ထွက်ခွာ တော့မည့် အချိန်တွင်၊ လိပ်ခွံ ဟလာပြီး ကူကျွင့် က သူ့လက်ကို ဖမ်းဆွဲ သည်။

ဝမ်းသာ အားရဖြင့်၊ ဝင်မည် လုပ်ချိန်၌ ကူကျွင့် မျက်လုံးများ ပြူးကျယ် လာကာ၊ လိပ်ခွံ ကို ချက်ချင်း ပြန်ပိတ် သွားပြန်၏။

ငွေမျက်လုံး အလောင်း ကောင်မှာ၊ သူ့နောက် ရောက်နေပြီ ဖြစ်သဖြင့်၊ လင်းယွန် တစ်ယောက် မျက်နှာ ပျက်ယွင်း သွားသည်။

အဖိုးကြီးကို ယုံကြည် လိုက်မိ ပြန်၏။

***

All Chapters