တန်ရာ တန်ကြေး ... ။
Vol. 131 Ch. 1829
“ ဟိတ် ... ။ ”
လင်းယွန်က မြေပြင်ပေါ် ကန်လျက်၊ ကောင်းကင်ပေါ် ခုန်တက် သွားတော့သည်။ ငွေမျက်လုံး အလောင်း ကောင်မှာ၊ မြန်လွန်း သဖြင့်၊ ဓားနှလုံးသား သည်လည်း၊ ထင် သလောက် အသုံး မဝင် တော့ခေျ။
မြေပြင်ပေါ်ရှိ လိပ်ခွံ ဒိုင်းက၊ ဖြည်းညှင်းစွာ လိမ့်ဆင်း ထွက်ပြေး၏။ လင်းယွန် အတွက်မူ၊ ရွေးချယ် စရာ မရှိတော့ သဖြင့်၊ ရင်ဆိုင်ရန် ဆုံးဖြတ် လိုက်ရသည်။
“ ဟိတ် ... ။ ”
အကြိမ် ပေါင်းများစွာ၊ ထိပ်တိုက် ရင်ဆိုင်ကြ ပြီးနောက်၊ ကွာဟချက် ကြီးမား ကြောင်း မြင်သာ လာ၏။
တတိယ မျက်လုံး မှိတ်ထား ပါက၊ အဆင် ပြေသည်။ တတိယ မျက်လုံး ဖွင့်သော အခါတွင်၊ မိုးကြိုး နန်းတော် အတွင်းရှိ စွမ်းအင် များကို၊ အလောင်း ကောင်မှ အသုံး ပြုခွင့် ရသွား၏။
ထိုအချိန်တွင် ပလွေသံ မြည်လာပြီး၊ ဖီးနစ်တောင်ပံ ဖြန့်လိုက် သကဲ့သို့၊ လေဟာနယ် လှိုင်းထ လာတော့သည်။
“ ကျိ ကျိ ... ။ ”
မဟာ သူတော်စင် အသံ ဖြစ်၏။ ကောင်းကင်၌ ငှက်ကလေးများ တေးဆို သံနှင့် အတူ၊ အုပ်စုလိုက် ပျံသန်း လာသည်။
“ ကျီး ... ။ ”
များမကြာခင် မီးငှက်ကြီး တစ်ကောင် ပေါ်လာကာ၊ နတ်ဆိုး ရောင်ဝါ များကို၊ မီးဖြင့် မှုတ်ထုတ် တော့သည်။
သက်တံ တစ်စင်း ပေါ်တွင် ရပ်လျက် မိန်ဇီဟော်မှ ပလွေ မှုတ်နေ ခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်၌ ၎င်းမှာ ကောင်းကင် ဖြစ်နေပြီး၊ ဂီတသည် မိုးရေများ ကဲ့သို့၊ အလောင်း ကောင် ပေါ် ကျဆင်း လာသည်။
သီချင်း တစ်ပုဒ် ဆုံးချိန်၌ ငွေမျက်လုံး အလောင်း ကောင် ခန္ဓာအနှံ့၊ မီးသင့် ဒဏ်ရာ များနှင့်၊ ပြည့်နှက် ကုန်သည်။
မိန်ဇီဟော်က ပလွေကို ဖယ်လျက် ပြုံးပြီး၊
“ လင်းရှောင် ... ၊ ငါ ပြောခဲ့ တာကို မင်း မှတ်မိ သေးလား၊ ငါနဲ့ အတူ မင်းကို ဘယ်သူမှ ထိလို့၊ မရ စေရဖူး ဆိုတာ ... ။ ”
-ဟု ပြောလာ တော့သည်။
တစ်ဖက် လူမှ ဆက်၍ ကြွားလုံးထုတ် နေမည်ကို ကြောက်ရ သဖြင့်၊
“ သွားကြ ရအောင် ... ၊ ငွေမျက်လုံး အလောင်း ကောင်က ... မင်းထင် သလောက် မလွယ်ဘူး။ ”
-ဟု လင်းယွန်မှ စကား ဖြတ်လိုက်၏။
“ စိတ် မပူ ပါနဲ့ ... ၊ ငါ့မှာ ဖြေရှင်းဖို့ နည်းလမ်း ရှိပါတယ်။ ”
မိန်ဇီဟော်မှ ဝင့်ကြွားစွာ ဆိုလာသည်။ ထိုအချိန်တွင် တတိယ မျက်လုံး ပွင့်လာပြီး၊ အလောင်း ကောင်၏၊ ဒဏ်ရာများ ပြန်၍ ကောင်းမွန် ကုန်သည်။
“ ညီအစ်ကို လင်း၊ ... ငါ့ နောက်မှာနေ။ ”
မိန်ဇီဟော်မှ ယုံကြည်ချက် ရှိရှိဖြင့်၊ အားယူနေသော အလောင်း ကောင်ထံ ကြည့် ကာ ပြောလာသည်။
အလောင်း ကောင် နီးကပ် လာသော အခါတွင်၊ သူ့လက်ကို ဝှေ့ယမ်း ပစ်ပြီး တစ်စုံ တစ်ရာအား ထုတ်ယူ လိုက်သည်။ မိုးကြိုး လိပ်နက် ရောင်ဝါများ ထွက်လာ တော့၏။
ထို့နောက် သူတော်စင် ရူရ်များ နှင့် အတူ၊ ကြီးမား လှသော လိပ်နက် ပန်းချီကား အဖြစ် ပေါင်းစည်း သွားလေသည်။
တစ်ချိန် တည်း မှာပင် မိန်ဇီဟော် ရောင်ဝါသည်၊ ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိ လာ၏။
၎င်းသည် လိပ်နက် သွေးကို ပိုင်ဆိုင် ထားသည့် အလား မယုံ နိုင်စရာ ကောင်းနေ ခဲ့သည်။
“ လာ ... ။ ”
မိန်ဇီဟော် လက်ထဲ သူတော်စင် ရူရ်များ ပါဝင်သော ငွေရောင် သံကြိုး (၉) ကြိုးချောင်း အား ကိုင်ဆွဲ ထားသည်။
“ ချွင် ... ချွင် ... ။ ”
သံကြိုးများ ပြေးထွက် လာပြီး၊ ငွေမျက်လုံး အလောင်း ကောင်ကို ချက်ချင်း တုပ်နှောင် ပစ် တော့၏။
“ အူး ... ။ ”
ငွေမျက်လုံး အလောင်း ကောင်မှာ၊ ထိုငွေရောင် သံကြိုး များကို ကြောက်ရွံ့ နေပုံ ရလေ သည်။
များမကြာခင် သံကြိုးများ၌ မီးလျှံများ တောက်လောင် လာတော့သည်။ ငွေ မျက်လုံး အလောင်း ကောင်က ကျယ်လောင်စွာ ကြုံးဝါး သံ ပြုလျက်၊ ရုန်းကန် လာသည်။
မိန်ဇီဟော်သည် ဤရတနာကို ရယူရန် ထွက်ခွာ သွားခြင်း ဖြစ်ချေမည်။ ၎င်း၏ ကံမှာ မနည်း မနော ပေပင်။
“ အစ်ကို လင်း ... ၊ ငါ ဆက် မထိန်းနိုင် တော့ဘူး၊ မြန်မြန် သူ့နဖူးကို ဓားနဲ့ ထိုးလိုက် ... ။ ”
ငွေမျက်လုံး အလောင်း ကောင်မှ သံကြိုးများကို၊ တစ်ရစ်ခြင်း ဆွဲယူ နေသဖြင့်၊ မိန်ဇီဟော် မျက်နှာ၊ ချက်ချင်း ဖြူဖျော့ သွားသည်။
ယင်းက သူ့အား တရွေ့ရွေ့ နီးကပ် သွားစေသဖြင့်၊ ဝင့်ကြွား မှုများ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်သည်။
လင်းယွန်မှ အသက် ပြင်းပြင်း ရှူပြီး၊ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ကာ၊ ကောင်းကင် အမိုးဓား သွန်းလောင်း လိုက်သည်။
သည့်နောက် လျင်မြန် လွန်းသော အဟုန်ဖြင့်၊ ဒေါင်လိုက် မျက်လုံးထံ ထိုးသွင်း ပစ် မိသည်။ ဘုန်း ဝိညာဉ်တော် ပွင့်လာကာ၊ အနက်ရောင် မြူများကို ခွဲတော့၏။
“ ဝေါ့ ... ။ ”
“ လင်းရှောင် ... မသတ်နဲ့ ... ။ ”
ရုတ်တရက် အလောင်း ကောင်မှ သွေး တစ်လုတ် အန်လာသည်။ သည့်စဉ် ကူကျွင့်က လိပ်ခွံ ထဲမှ တိုးထွက် လာကာ၊ အော်ဟစ် ဟန့်တား ခဲ့၏။
လင်းယွန်မှ ပြန်ကြည့် မိသော အခါတွင်၊ ငွေမျက်လုံး အလောင်း ကောင်၏ မျက်ဝန်းများ ကြည်လင် နေသည်ကို သတိ ပြုမိသည်။
“ ပြန် လာ ... ။ ”
တုန်လှုပ် သွားပြီး၊ ပန်းသင်္ချိုင်း အား ချက်ချင်း ခေါ်ယူ မိသည်။ လင်းယွန် ဘေးသို့ ကူကျွင့် ရောက်ရှိ လာစဉ်၊ မိန်ဇီဟော်မှာ မျက်နှာမှာ ဖြူဖျော့ နေခဲ့၏။
“ အနှစ် တစ်သိန်း ကုန်လွန် ပြီးမှ ... ၊ ငါ့မျိုးဆက် တစ်ယောက်ကို မြင်ရ လိမ့်မယ်လို့ မမျှော်လင့် ထားဘူး။”
ငွေမျက်လုံး အလောင်း ကောင်က ကူကျွင့်အား ကြည့်ကာ၊ မှတ်ချက် ပြုလေသည်။ သူ့မျက်ဝန်း၌ ကျေနပ်ပြီး ဖော်ရွေသော အရိပ် အယောင်များ စွန်းထင်း နေ၏။
“ ဒါက ဝိညာဉ် နတ်မိစ္ဆာ မိသားစုရဲ့ ... ၊ နတ်မိစ္ဆာ မွေးဖွားခြင်း လျှို့ဝှက် ပညာရပ် တစ်ခု ပါပဲ၊ မျိုးနွယ်ခြား တွေကို သူတို့ရဲ့ ကျွန်အဖြစ် ပြောင်းလဲ ပစ်တဲ့ နည်းလမ်းပဲ။ ”
လင်းယွန်၏ သံသယကို မြင်သဖြင့်၊ ငွေရောင်ဝတ် အလောင်း ကောင်မှ ရှင်းပြ လာသည်။
“ ဒါပေမယ့် ဒီနည်းလမ်းက အချိန် ပေးရသလို၊ အသုံး ပြုသူ ကလည်း သူတော်စင် နယ်ပယ် ရောက်နေဖို့ လိုတယ်။ ”
“ ဒါဆို စောစောက ... ။ ”
လင်းယွန်မှ ထိတ်လန့် သွားသည်။ အပြစ်မဲ့သော လူ တစ်ဦးကို သတ်မိ တော့မည့် ဆဲဆဲ ပေပင်။
“ မင်းမှာ အပြစ် မရှိ ပါဘူး၊ မင်း ငါ့ကို မသတ် ရင်တောင်၊ ငါက သေပြီးသား လူပါ၊ ပြီးတော့ ဒီလို ပုံစံမျိုး အသက်ရှင် ရတာထက်၊ သေတာက ပိုကောင်း ပါတယ်၊ ...
... အမှန်ဆို ငါ့ကို လွတ်လပ်အောင် ကူညီပေးလို့ ... ကျေးဇူးတောင် တင်ရမှာ၊ ဟိုက လိပ်နက် မိုးကြိုး သံကြိုး တွေကို သုံးတဲ့၊ မင်း မိတ်ဆွေ လေးကို ရောပေါ့။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်သည်။ သို့သော် အနည်းငယ် စိတ်မကောင်း ဖြစ်နေဆဲ ပေပင်။
“ ငါ့ မျိုးရိုးရဲ့ ... သားမြေးတွေ ဘယ်လို နေလဲ။ ”
ငွေရောင်ဝတ် အလောင်း ကောင်က ကူကျွင့်အား ကြည့်ကာ မေးသည်။ ယခု အချိန်၌ ၎င်းအား ငွေရောင် အဖိုးကြီး အဖြစ် ခေါ်ဆို ရပေမည်။ ကူကျွင့်မှ ပြန်ဖြေ၏။
“ သူတို့ အားလုံး ... အရှေ့ ပင်လယ်မှာ ရှိနေပါတယ်၊ မိုးကြိမ်း မျိုးရိုးက မျိုး မတုံးသေး ပေမယ့်၊ အရမ်း အားနည်း သွားပါပြီ၊ ဒါကြောင့် လိပ်နက် မိုးကြိုး သူတော်စင် ကျမ်းကို ရယူမို့၊ ရောက်လာ တာပါ၊ စီနီယာ ကူညီ ပေးနိုင် မလားဗျ။ ”
“ လိပ်နက် မိုးကြိုး သူတော်စင် ကျမ်း ... ၊ အဲဒီတုန်းက တတ်နိုင် သမျှ ငါ ... ခုခံခဲ့ ပေမယ့်၊ ပျက်စီး ခဲ့ရတယ်၊ ငါသာ မမှားရင်၊ ဒီကျမ်းက သူတော်စင် ရေကန်မှာ ရှိပါတယ်။ ”
“ သူတော်စင် ရေကန်က ဘယ်နား မှာလဲ စီနီယာ။ ”
“ ဒီအနီး အနား မှာပါပဲ၊ မြေမဟာ ဘုရားကျောင်း၊ သူတော်စင် နန်းတော် တည်ရာ၊ သူတော်စင် ရေကန် အရပ် မှာပဲ ... ။ ”
ငွေရောင်ဝတ် အဖိုးကြီးက ပြောပြ လာသည်။ ထို့နောက် လင်းယွန်ထံ လှည့်ကြည့် လိုက်ပြီး၊
“ ဒီကလေးက လိပ်နက် မျိုးနွယ်က ပဲလား။ ”
-ဟု မေးလာသည်။
“ မဟုတ်ဘူး၊ ဒါပေမယ့် ... နတ်ဘုရား ဝိုင်ခန်း အတွက်၊ လိပ်နက် လျှို့ဝှက် သော့က သူနဲ့ အတူ ရှိနေ ပါတယ်။ ”
“ စီနီယာ ... ၊ လိပ်နက် သူတော်စင် နန်းတော်မှာ၊ ငွေမျက်လုံး အလောင်း ကောင် တွေ ရှိသေးလား။ ”
ကူကျွင့်မှ ပြန်ဖြေ၏။ လင်းယွန်က စကား များကို နားထောင် နေရာမှ၊ အရေး ကြီးသော အရာအား၊ ဝင်မေး လိုက်သည်။
“ ရှိတယ်။ ”
ငွေရောင်ဝတ် အဖိုးအိုက နာကျင်သော အမူအရာဖြင့်၊
“ အနည်းဆုံး ... သုံးယောက် လောက် ရှိမယ်၊ သူတို့ အားလုံး အသိစိတ် ပျောက်နေပြီး ငွေမျက်လုံး မိစ္ဆာတွေ ဖြစ်ကုန်ပြီ၊ ငါက လျှပ်စီး ရေကန် အောက်မှာ ပုန်းအောင်း နေလို့သာ၊ ...
... ကံကောင်း သွားတာ၊ ပြီးတော့ ... ဒီမိုးကြိုး သံကြိုး တွေရဲ့ ... အကူအညီ တွေနဲ့ သူ့ကို တွန်းလှန် နိုင်ခဲ့တယ်။ ”
သူစကား ပြောနေစဉ်၊ ငွေရောင်ဝတ် အဖိုးအို၏ ခန္ဓာကိုယ်မှာ၊ တဖြည်းဖြည်း ယို့ယွင်း လာသည်။ သည်မြင်ကွင်းက ကူကွင့်အား မျက်ရည်များ ရစ်သိုင်း လာစေ၏။
“ စိတ်မကောင်း မဖြစ်နဲ့ ... ၊ ငါတို့ရဲ့ မျိုးဆက်တွေ ရှိနေ သေးတဲ့ အတွက်၊ ကျဆုံး သွားတဲ့၊ ညီအစ်ကို တွေက ဝမ်းသာ မှာပါ။ ”
ငွေရောင်ဝတ် အဖိုးအိုက နှစ်သိမ့် ပေး ပြီးနောက်၊ ချက်ချင်း ပေါက်ကွဲ ပျောက်ကွယ် သွားတော့သည်။
ငွေရောင် စွမ်းအင် အလုံးများ၊ လေထဲ ကျန်ရစ် ခဲ့သည်။ ၎င်းမှာ (၃၆)လုံး တိတိ ရှိပြီး၊ သိပ်သည်းသော သူတော်စင် ရောင်ဝါ များ၊ ထွန်းလင်း နေ၏။
နာကျင်သော အမူအရာဖြင့် ကူကျွင့်က မျက်ရည် များကို သုတ်ကာ၊
“ မင်း ယူလိုက်။ ”
-ဟု ဆိုလာသည်။
“ မသင့်တော် ဖူး ထင်တယ်။ ”
သဘာဝ အတိုင်း လိုချင် သော်လည်း၊ ၎င်းတို့သည် လိပ်နက် မိသားစု အတွက် ဖြစ်၏။ ထို့ကြောင့် ကူကျွင့်နှင့် ပြိုင်လုရန် ဆန္ဒ မရှိချေ။
“ မင်း အရူးလား၊ ငါက ကိုယ့် အမျိုးကို စားသုံးမဲ့ သူများ မင်း ထင်နေလား၊ ဒါတွေကို ငါ မသန့်စင် ရဲဘူး။ ”
ကူကျွင့်မှ သက်ပြင်းချကာ ပြောသည်။ တခြား သူများ အတွက် မထူးခြား သော်လည်း၊ ဤသည်မှာ လိပ်နက် အသွေး အသားများ ပေပင်။
သတ္တိ တစ်ရာ ရှိလျှင်ပင်၊ သူ မဝံ့ သည်မှာ သဘာဝ ဖြစ်၏။ ကောင်းမွန်သော အခြေ အနေ မျိုးဖြင့်၊ ဆိုက အမွေေ အဖြစ် ခံယူ နိုင်မည်။
မျက်စိ ရှေ့၌ပင် သေဆုံး သွားခဲ့သော မိသားစုဝင် တစ်ဦး၏ သွေးသားကို သန့်စင် ရန်မှာ၊ ရိုင်းရာ ကျပေ၏။
“ ငါ့ကို အချိန် နည်းနည်း ပေးပါ။ ”
ကူကျွင့်က မြေပြင်ပေါ် ထိုင်ချပြီး၊ လင်းယွန်ထံ လက်လှမ်းကာ၊
“ အဲဒီ အစား ... ၊ ငါ့ကို နဂါးဝိုင် ပေး။ ”
-ဟု တောင်းဆို လာသည်။
ယင်းကြောင့် လင်းယွန်မှ မျက်လုံးပြူ သွားသည်။ ကူကျွင့် တစ်ယောက် အမှန်ပင် ဝမ်းနည်း နေသည် လောဟု၊ သံသယ ဝင်မိ တော့၏။
“ ဒါက ငါ့မှာ ရှိတာ အကုန်ပဲ။ ”
သို့သော် တွေဝေခြင်း မရှိဘဲ၊ ထုတ်ပေး လိုက်မိသည်။ ထောင်စုနှစ် မီးလျှံကို သောက်ခဲ့ ပြီးသည်မှာ ကြာပြီ ဖြစ်၏။ ယခု နဂါးဝိုင် သည်လည်း၊ လက်စ ပြတ်ချေပြီ။
ကူကျွင့်က ဝိုင်ကို အားရ ပါးရ သောက်ပြီး၊ အသက် ပြင်းပြင်း ရှူလျက်၊
“ ဒါက အရမ်း ကောင်းပါတယ်၊ မင်း ဘယ်လိုတောင် တွန့်တို နေရတာလဲ၊ နတ်ဝိုင် ရတဲ့ အခါ၊ မျက်စိ ပွင့်လာအောင် ... မင်းကို နည်းနည်း မြည်းခွင့် ပေးမယ်။ ”
ကူကျွင့်မှ ကြွားလုံး ထုတ်နေ သဖြင့်၊ လင်းယွန်က နားမထောင် တော့ဘဲ၊ သူတော်စင် အမြုတေ (၃၆)လုံးကို သိမ်းယူ လိုက်သည်။
“ အား ... ။ ”
ထိုအချိန်တွင် ထိတ်လန့်စွာ ညည်းတွား သံကြီး တစ်သံ ထွက်ပေါ် လာ၏။ မိန်ဇီဟော်က သူ့ ညာလက်အား ကိုင်ကာ၊ အဝတ်စ တစ်စလို လှုပ်ခါ နေသည်။
“ ငါ့လက် ... ငါ့လက် ... ။ ”
အစော ပိုင်း၌ ငွေမျက်လုံး အလောင်း ကောင်အား ချုပ်နှောင်ရန်၊ လိပ်နက် မိုးကြိုး သံကြိုးကို အသုံးပြု မိခဲ့ သဖြင့်၊ တန်ကြေး တစ်ခု ပေးဆပ် လိုက်ရပုံ ပေပင်။
***