ဘုန်း ဝိညာဉ်တော် နှစ်ပါး ... ။
Vol. 131 Ch. 1830
“ ပြစမ်း ... ငါ ကြည့်ရအောင်။ ”
ကူကျွင့်က လက်မောင်းကို စစ်ဆေး ကြည့်သော အခါ၊ လက်မောင်း ကြွက်သားများ သေဆုံးနေ သည်ကို၊ မြင်လိုက် ရသည်။
“ တကယ်ပဲ ... ဒီလက်မောင်းက ဒုက္ခိတ ဖြစ်သွားပြီ။ ”
“ ပြန်ကောင်း နိုင်မလား။ ”
မိန်ဇီဟော်က စိတ်လှုပ်ရှား စွာဖြင့် မေး သည်။ လိပ်နက် မိုးကြိုး သံကြိုးအား သုံးစဉ်က ထူးခြားသော အရာ တစ်ခုကို သူ သတိ ထားမိပြီး ဖြစ်သည်။
၎င်းက မယုံနိုင် လောက်အောင် လေးလံ နေပြီး၊ လျှပ်စီး မီးတောက်များ ထွက် လာသော အခါ၊ သူ့လက် တစ်ခုလုံး နာကျင် စေ၏။
လင်းယွန်သာ မကူညီ ခဲ့ပါက၊ ရလဒ်မှာ မတွေးဝံ့ စရာ ပေပင်။ ငွေမျက်လုံး အလောင်း ကောင်၏ ဆွဲငင်ခြင်း ခံရ နိုင်မည်။
ခွန်အား အနည်းငယ် ပြန်ရလာ သော အခါတွင်၊ ထိုလက်မောင်းမှ မည်သည့် တုန့်ပြန် မှု မျိုးမျှ မရှိကြောင်း၊ သတိ ထားမိ ခဲ့သည်။
“ နာလား ... ။ ”
ကူကျွင့်က လက်မောင်းကို လှည့်ကြည့် လိုက်သည်။
“ မနာဘူး ... ။ ”
“ အဆင် ပြေပါတယ်။ ”
“ စီနီယာ ... ငါ့လက် ပြန်ကောင်း နိုင်လား။ ”
မိန်ဇီဟော်မှ ဝမ်းသာ သွားသည်။
“ မင်း အနာဂတ်မှာ ... ပလွေ မှုတ်လို့ မရတော့ဘူး ... ၊ သနားစရာ ကောင်း လိုက်တာ၊ ဒီနေ့က စပြီး ... သူတော်စင် လက် ဆိုတဲ့ ဘွဲ့ကို၊ လက်တစ်ဖက် ဗျပ်စောင်း မိစ္ဆာလို့ ပြောင်း လိုက်တော့ ... ။ ”
“ စီနီယာ မင်း ... ။ ”
“ ဟုတ်တယ် ... တော်တော် ပျက်စီး သွားတယ်၊ မင်းက ဂီတ ပညာရှင် ဆိုတော့ လိပ်နက် အမွေတွေ အကြောင်း၊ မသိရင် မကိုင်သင့်ဘူး၊ ...
... ဒီလို ပျော့ညံ့တဲ့၊ မင်းရဲ့ ကိုယ်လုံး ကိုယ်ထည်နဲ့ ... ယုံကြည်မှုမျိုး ဘယ်က ရလဲ၊ အခု မင်းလက်ကို ဖြတ်ပစ် လိုက်ဖို့၊ ငါ အကြံပြုချင် ပါတယ်။ ”
“ ဒါက ... ။ ”
မိန်ဇီဟော် ခမျာ စိတ်ပျက် လက်ပျက် ဖြစ်သွားသည်။ ထိုအချိန်တွင် လက်တစ်ဖက်က သူ့လက်မောင်း ပေါ်သို့ ကျရောက် လာပြီး၊
“ သူ ပြော သလောက်လည်း မပြင်းထန် သေးပါဘူး။ ”
-ဟု လင်းယွန်မှ ပြောလာသည်။
“ တကယ်လား ... ။ ”
မိန်ဇီဟော်မှ မရဲ တရဲ မေးသည်။ ဝိုင်သောက်လျက်မှ ကူကျွင့်က ပြုံးပြီး၊
“ မင်းမှာ နည်းလမ်း ရှိလို့လား ... ၊ သူရဲ့ အပ်စိုက်မှတ်တွေ ပျက်စီးပြီး ... ၊ ကြွက်သားနဲ့ အရိုးတွေ ပျက်စီး ကုန်ပြီ၊ ပြန်လည် ဖြည့်တင်းခြင်း ဆေးလုံးမှ လွဲပြီး၊ ...
... တစ်ခြား နည်းလမ်း မရှိဘူး၊ ဒါပေမယ့် အဲဒီ သူတော်စင် ဆေးလုံး ရှာတွေ့ ခဲ့ရင်တောင် အရမ်း နောက်ကျ သွားလိမ့်မယ်၊ အခု ဖြတ် မပြစ်ရင်၊ ယင် မီးတောက်က၊ ...
... သူ့ ခန္ဓာကိုယ် အနှံ့၊ ပျံ့သွား နိုင်တယ် ... ၊ အဲဒီ အချိန် ... ကြက်အူချောင်း ကိုပါ ဖြတ်ပစ် ရ လိမ့်မယ်။ ”
ထိုစကားကို ကြားသော အခါ၊ မိန်ဇီဟော် တစ်ယောက် မျက်လုံးပြူး သွားသည်။ နှုတ်ခမ်း များ တုန်ယင်လျက်၊ ကျောရိုး တစ်လျှောက် အေးစက် လာ၏။
“ အစ်ကို လင်း ... အဲဒါ အမှန် ပဲလား။ ”
“ ဒါတော့ အမှန် ပါပဲ။”
လင်းယွန်မှ ခေါင်းညိတ် လိုက်၏။ ကူကျွင့် ပြောနေ သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် နည်း မရှိဟု မဆိုလိုချေ။
“ အရမ်း လေးတယ် ... ။ ”
လင်းယွန်မှ လိပ်နက် မိုးကြိုး သံကြိုးကို ကောက်ကိုင် ကြည့် လိုက်သည်။ သူ့ ကိုယ်လုံး ကိုယ်ပေါက် နှင့်ပင်၊ ဝန်ဖြစ် နေသေး၏။
ထို့ကြောင့် မိုးကြိုး မီးလျှံများ လောင်ကျွမ်း လာသော အခါ၊ မိန်ဇီဟော် တစ်ယောက် ခံနိုင် ရည် မရှိခြင်း ဖြစ်သည်။
၎င်းသည် ဘုန်း သူတော်စင် လက်ရာ ဖြစ်နိုင်ပြီး၊ ဝိညာဉ် နတ်မိစ္ဆာ မိသားစုကို နှိမ်နင်း နိုင်သော အမွေခံ ရတနာ ဖြစ်၏။
ရန်သူကို ချုပ်နှောင်ရန် ရည်ရွယ်ပြီး၊ ပန်းသင်္ချိုင်း ဓားထက် ပိုမို အားကောင်း နေ လေသည်။
သို့တိုင် အကြမ်းဖျင်း ကြည့်ရုံဖြင့်၊ ဘုန်း မီးနှင့် ဘုန်းသတ္တု ဝိညာဉ်တော် နှစ်ပါးကို၊ မြင် နိုင်သည်။ ဘုန်း ဝိညာဉ်တော် နှစ်ပါး သူတော်စင် လက်ရာ ဖြစ်၏။
“ ကောင်လေး ... ၊ မင်း မျက်စိ မှိတ်ထား၊ မနာ ပါဘူး၊ ခဏပဲ ကြာလိမ့်မယ်။ ”
လင်းယွန် လှည့်ကြည့် လိုက်ရာ၊ ဓား တစ်လက် ဆွဲထုတ်ပြီး၊ ကူကျွင့်မှ မိန်ဇီဟော် လက်မောင်းကို ဖြတ်ရန် ပြင်နေ ခဲ့၏။
မိန်ဇီဟော် မျက်နှာမှာ ခါးသီးပြီး၊ ငိုချင်ပုံ ပေါက်နေသည်။ စိတ်ပျက် လက်ပျက် အသွင် ဖြင့်၊
“ စီနီယာ သတိ ထားပါ။ ”
-ဟု ပြောလိုက် တော့၏။
“ စိတ်မပူ ပါနဲ့၊ ဒါက မြန်တယ်။ ”
ကူကျွင့်မှ ပြုံးသည်။ ထိုမြင်ကွင်းက လင်းယွန်အား စိတ်ပျက် သွားစေ ခဲ့သည်။
“ မင်းတို့ ဘာလုပ် နေကြ တာလဲ ... ။ ”
“ အစ်ကို လင်း၊ ငါ ချက်ချင်း မဖြတ်ရင် ယင်မီးတောက်တွေ ပျံ့နှံ့ပြီး၊ ဟိုဟာ ဖြတ်ပစ် ရမယ် မဟုတ်လား၊ ငါ မဖြတ် နိုင်ဘူး။ ”
မိန်ဇီဟော်မှ မျက်နှာ နီမြန်း လာပြီး ပြန်ဖြေသည်။
“ ငါ သူ့ကို ကယ်ဖို့ ကြိုးစား နေတာ။ ”
ကူကျွင့်မှလည်း ဝင်ပြော၏။
“ မင်းကိုယ်မင်း ဖြတ်လိုက် ပါလား၊ ဖယ် ... ။ ”
လင်းယွန်က ကူကျွင့်အား တွန်းထုတ် လိုက်သည်။ ဤလူမိုက် သည်လည်း အဖိုးကြီး စကားကို၊ တကယ် ယုံနေ ပေ၏။
“ မလှုပ်နဲ့ ... ။ ”
သူ့လက်ကို ဒုက္ခိတ ဖြစ်သွားသော မိန်ဇီဟော်၏ လက်မောင်းပေါ် တင်လိုက်ပြီး၊ နဂါးပြာ အရိုးကို အသက်သွင်း မိသည်။
အပြာရောင် စွမ်းအင်များ အဆက် မပြတ် စီးဝင်လျက်၊ လက်မောင်း တစ်ဖက်လုံး အက်ကွဲ လာတော့၏။
“ အား ... ။ ”
များမကြာခင် နာကျင်မှုကို ခံစား လာရပြီး၊ နဖူး၌ ချွေးများ ဖုံးလွှမ်း လာသည်။
“ တကယ် ကြီးလား။ ”
ကူကျွင့်မှာ အံ့အားသင့် သွားသည်။ ယင်းသည် သေနေသော သစ်ပင် တစ်ပင် ပြန်၍ အသက် ဝင်လာ ခြင်းနှင့် တူ၏။
ခဏ အကြာတွင်၊ မိန်ဇီဟော် အော်သံမှာ၊ တဖြည်းဖြည်း တိုးညှင်း လာပြီး၊ လက်မောင်းက ပြန်လည် ကောင်းမွန် လာတော့သည်။
“ စမ်းကြည့် ပါဦး ... ။ ”
လင်းယွန်က ပခုံးမှ သူ့လက်ကို ခွာကာ၊ ပြောလိုက်သည်။
“ ကောင်း သွား ပြီ ... ။ ”
မိန်ဇီဟော်က စိတ်လှုပ်ရှားစွာ ပြန်ဖြေ၏။ ထို့နောက် လင်းယွန်ဘက် လှည့်ပြီး၊
“ ငါ့ကို ကယ်တင် ပေးလို့ ကျေးဇူး တင်ပါတယ်။ ”
-ဟု ပြောမိသည်။
ကူကျွင့်မှာ မျက်ဝန်းများ မှေးစင်း သွားခဲ့သည်။ သူ့နှလုံးသား ထဲ၌ ရက်စက်သော မှန်းဆချက် တစ်ခု ရှိလာ၏။
“ ကောင်လေး ... ၊ မင်းက ငါ့ ခြေထောက်ကို ဘာလို့ ကုသ မပေးရ တာလဲ။ ”
“ မင်းရဲ့ တတိယ ခြေထောက်ကို ဖြတ်လိုက်ဖို့ ... ၊ ငါ အကြံပြု ချင်တယ်။ ”
လင်းယွန်က ချက်ချင်း မြေပြင်ပေါ် ထိုင်ချကာ၊ မိန်ဇီဟော်ကို ကုသပေး ခြင်းမှ ခံစား ရသော ပင်ပန်း နွမ်းနယ်မှု များအား ကုသနေမိသည်။
“ ဟား ဟား ဟား ... ဒါက အကြံကောင်း တစ်ခုပဲ။ ”
မိန်ဇီဟော်က သဘောကျစွာ ရယ်မော လိုက်၏။ လင်းယွန် စကားကို ကြားသော အခါ၊ ကူကျွင့် မျက်နှာ မည်းမှောင် သွားသည်။
များမကြာခင် ကူကျွင့်နှင့် မိန်ဇီဟော် သည်လည်း၊ ဒဏ်ရာ များကို အပြီးသတ် ကုသ ရန်၊ တရား ထိုင် တော့၏။
ထိုအချိန်တွင် လင်းယွန်က သူတော်စင် အမြုတေအား သန့်စင်ရန် ပြင်သည်။ လက်ဖဝါး ပြင်၌ စုပ်ဝဲ တစ်ခုစီ ဖြစ်ပေါ် လာကာ၊ အမြုတေ နှစ်လုံးအား ဆုပ်ကိုင် လိုက်၏။
၎င်းအတွင်း လျှပ်စီး စွမ်းအင် များနှင့်၊ ပြည့်သိပ် နေခဲ့သည်။ သို့သော် သူ့ အတွက် အခက် မတွေ့ချေ။
မိုးပြာ နဂါး ခန္ဓာ ကိုယ်အား အသက် သွင်းလိုက် သောအခါ၊ စုပ်အားမှာ အားကောင်း လာသည်။
အမြုတေကို ဖုံးလွှမ်းပေး ထားသော သူတော်စင် ရောင်ဝါမှာ၊ တဖြည်းဖြည်း ပြိုကျ လိုက်လာ တော့၏။
များမကြာခင် အကန့် အသတ် မရှိ လိပ်နက်၏၊ စွမ်းအင်များ သူ့ခန္ဓာ ကိုယ်ထဲ စီးဆင်း လာသည်။
ခရမ်း-ရွှေရောင်နှင့် ကျောက်စိမ်းပြာ ရူရ်များက၊ ထိန်းချုပ်မှုမှ လွတ်ထွက် သွားကာ၊ ထိုစွမ်းအင်ကို ဝါးမြို တော့၏။
ဤစွမ်းအင်သည် သူတို့ကို ပို၍ သန်မာ စေသည်ဟု ပြောနေ သလို ပေပင်။ ထို့ကြောင့် အပြီး သတ်ရန်၊ အချိန် သိပ်မကြာ လိုက်ချေ။
“ အရမ်း မြန်တယ်။ ”
လင်းယွန်မှ အံ့သြ သွား၏။ ဘဝ-သုံးပါး နယ်မြေတွင်၊ နတ်ဘုရား သွေးစက်ကို သန့်စင် ပြီးနောက်၊ သူ့ခန္ဓာ ကိုယ်မှာ တစ်စုံ တစ်ရာ ငတ်မွတ်မှုကို မပြ တော့ချေ။
ဤလိပ်နက် အမြုတေ ကိုသာ၊ ကလေး တစ်ယောက် ကဲ့သို့ တဂျီဂျီ တောင်းနေ ခဲ့သည်။ ယင်းမှာ လိပ်နက် အသွင်ပြောင်း နည်းဖြင့် သက်ဆိုင် နိုင်၏။
“ ဆက်ပြီး သန့်စင် ရအောင်။ ”
နောက်ထပ် ထုတ်ယူကာ၊ ဆက်၍ သန့်စင် နေမိသည်။ အချိန် ကြာလာ သည်နှင့် အမျှ၊ နဂါး ရူရ် အသစ်များ တဖြည်းဖြည်း ထုတ်လုပ် လာ နိုင်၏။
(၁၈)လုံး ကုန်ပြီးနောက်၊ တိုးလာသော နဂါးရူရ် အရေ အတွက်မှာ၊ ရပ်တန့် လုနီးပါး ဖြစ် လာသည်။
မျက်လုံး ဖွင့်လိုက်သော အခါတွင် လျက်စီးများ လက်လာပြီး၊ ငွေရောင် အလင်း များပင် ထွက်ပေါ် နေ၏။
ခရမ်း-ရွှေနှင့် ကျောက်စိမ်းပြာ နဂါးရူရ် အရေအတွက်မှာ၊ တစ်သိန်း တစ်သောင်း အထိ၊ ရောက်ရှိ သွားသည်။
အများကြီး တိုးလာ ခြင်းမျိုး မဟုတ် သော်လည်း၊ အဓိပ္ပါယ် ရှိသည်။ ကန့်သတ်ချက် ကို ဖြတ်ကျော် နိုင်သဖြင့်၊ ထပ်မံ တိုးတက်ရန် အလား အလာ ရှိကြောင်း သေချာ စေ၏။
ကံကောင်း ပါက၊ နှစ်သိန်း သို့မဟုတ် တစ်သန်း လောက် အထိ၊ နဂါး ရူရ်များ ရရှိလာ နိုင်မည်။ ၎င်းအား မဖြစ်နိုင်ဟု မပြော နိုင်ချေ။
၎င်းအရေ အတွက်၊ အလွန် နည်းပါးနေ သောကြောင့်၊ မိုးပြာ နဂါး နတ်ခန္ဓာ ကိုယ်အား ပေါင်းစည်း နိုင်ခြင်း မရှိသည် မျိုးလည်း၊ ဖြစ် နိုင်သည်။
အဓိပတိ နဂါး တံဆိပ်သည်၊ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်ခုကို အတင်းအကြပ် ခဏတာ ပေါင်းစည်းထား ခြင်းသာ ဖြစ်၏။
အပြည့်အဝ မွေးရာပါ ခန္ဓာကိုယ် အဖြစ် ပေါင်းစပ် နိုင်သော်၊ ခရမ်း-ရွှေရောင်နှင့် နဂါးပြာ ရူရ်များမှာ၊ ပုံစံ အသစ် ပြောင်းလဲ လာပေမည်။
“ ကျင့်ကြံမှုလည်း တိုးလာတယ်၊ နဂါး သွေးလွှတ်ကြော တွေက၊ မီတာ (၂၃၀၀၀)အထိ ရှိနေပြီ။ ”
သူ့ကိုယ်သူ ဆန်းစစ်ပြီး၊ တုန်လှုပ် သွားသည်။ ခန့်မှန်းချက် အရ၊ ဒသမမြောက် သွေး လွှတ်ကြော ရောက်သော်၊ မီတာ (၃၀၀၀၀) ရောက်ရှိ နိုင်၏။
လောက နိယာမ နယ်ပယ်၌ သူ မည်မျှ အစွမ်းထက် လာမည်ကို၊ စိတ်ကူး မယဉ်နိုင် တော့ချေ။
ထိုအချိန်တွင် ကူကျွင့်မှာ မျက်လုံးများ ပွင့်လာသည်။ သူ့ခြေထောက်ရှိ အနက်ရောင် အငွေ့ အသက် များကို ဖယ်ထုတ်ပြီး ဖြစ်၏။
“ ငါတို့ ကံကောင်းတယ်၊ လာ ... သောက် ရအောင်။ ”
ပြောသည့် အတိုင်း၊ ဝိုင် ပုလင်းကို ထုတ်ယူကာ၊ လင်းယွန်ထံ ပစ်ပေး လိုက်သည်။ လင်ယွန်က ဝိုင်ပုလင်းကို ဖမ်းနေစဉ်၊ အပြုံးနှင့်၊ လိပ်နက် မိုးကြိုး သံကြိုးအား ကိုင်လိုက်၏။
“ ဟီးဟီး ... ၊ ဒါက တော်တော် အန္တရာယ် များတယ်၊ ဒါကြောင့် ငါပဲ သိမ်းထား ပါရစေ၊ သူ ပေးတဲ့ ဝေဒနာကို ငါ ခံနိုင်တယ်။ ”
သို့သော် လင်းယွန်မှ လိပ်နက် မိုးကြိုး သံကြိုးကို၊ သူ့ထက် ဦးစွာ ကောက်ကိုင်လျက်၊ ဝိုင် ပုလင်းအား မြှောက် ပြကာ၊
“ ဝိုင် အတွက် ... ကျေးဇူး တင်ပါတယ်၊ ငါတို့လို လူငယ် တွေက၊ နာကျင်မှုကို ခံနိုင်ရည် ပိုရှိ ပါတယ်၊ စွန့်စား ရတာ ကိုလည်း သဘောကျတယ်။ ”
-ဟု ပြန်ပြော လိုက် တော့သည်။
***
( နဂါး သွေးလွှတ်ကြော ပေ အရှည်နဲ့ ပတ်သတ်ပြီး ... ပြောစရာ အချို့ ရှိလာ လို့ပါ။ ပထမ သွေးလွှတ်ကြောမှာ အမှန်ပဲ ယူနစ်ကို ပေနဲ့ ဖော်ပြ ခဲ့ပါတယ်။
နောက်ပိုင်း မှာတော့ မီတာ ဖြစ်လိုက် ပေ ဖြစ်လိုက်နဲ့၊ ရေးနေလို့ ကျွန်တော်က ပေ အဖြစ်၊ တသတ်မှတ်တည်း ယူဆ လိုက် တာပါ။
ဒါပေမယ့် ကြည့်ရတာ မီတာ ဖြစ်မယ် ထင်ပါတယ်။ ဘာလို့ လဲဆို ကျန့်ကျင်းရှန်ရဲ့ နဂါး သွေးလွှတ်ကြောကို၊ ပေ (၁) သိန်းလို့ ဆိုပါတယ်။
ဒါကြောင့် ယူနစ်ကို ပေနဲ့သာ ပြရင်၊ လင်းယွန်နဲ့ အခြား သူတွေရဲ့ နဂါးက တီကောင် ဖြစ်သွား ပါတယ်။ ဆက်ပြီးတော့ ယူနစ်ကို မီတာ နဲ့ပဲ ခိုင်းနှိုင်း ပါတော့မယ်။ တစ်ခု ပြောစရာ ရှိပါသေးတယ်။
တချို့ တိုက်ပွဲ တွေမှာ၊ မီတာ တစ်ထောင် အကွာသို့ လွင့်သွားတယ်လို့၊ မီတာ တစ်သောင်း အကွာ ပျက်စီးသွား တယ်တို့၊ ဒါတွေကို နားလည် ပေးပါ။
တိုက်ပွဲ စင်မြင့်က အဲဒီ လောက်တောင် ကျယ်လားလို့ ကျွန်တော်တောင် တွေးတွေး မိပါ သေးတယ်။
နာမည်တွေ ဆိုရင်လည်း၊ ရှေ့နဲ့ နောက် လွဲနေခဲ့တာ လေးတွေ ရှိပါတယ်၊ မူရင်း ရေးတဲ့ သူကိုက နာမည်တိုင်း မှတ်မိပုံ မရ ပါဘူး၊ အချို့ နာမည်တေွ လွဲကုန်တာပါ။
အချက် အလက် တွေလဲ၊ အချို့ နေရာ လေးတွေမှာ ကွာဟချက် လေးတွေ ရှိပါတယ်။ ဒါကလည်း ဇာတ်အိမ်ကို ရေရင်း တည်နေ ရတဲ့ ဝတ္ထုတွေ မို့ပါ။ အားလုံးကို ကျေးဇူး တင်ပါတယ်။ )
***