သွေးလမင်း ... ဂိုဏ်း ။
Vol. 131 Ch. 1832
“ ဝှစ် ... ။ ”
လင်းယွန်နှင့် အန်းလျူယွင်က တောင်ကုန်းထက်မှ ခုန်ချကာ၊ လွင်ပြင်ပေါ် ဖြတ်ပြေး တော့သည်။
ဤနေရာသည် အန္တရာယ် ရှိပြီး သတိ မပြုသော်၊ အသက် ဆုံးရှုံးသွား နိုင်၏။ ထို့စဉ် ထူးခြားသော မြင်ကွင်း တစ်ခု ပေါ်လာသည်။
ယင်းက လက်ဖဝါး တစ်ဖက်ကို ကောင်းကင်ပေါ် မြှောက်ထားသည့်၊ ဧရာမ ရုပ်တုကြီး ဖြစ်၏။
အမြင်ပေ တစ်သောင်း ကျောက်ကာ၊ မြေပြင်၌ အဖြူရောင် အရိုးပုံကြီး ရှိနေ ခဲ့သည်။ အရိုးပုံသည် နတ်ဆိုး လော၊ လိပ်နက် သားစဉ် မြေးဆက် ပင်လော၊ မခွဲခြား နိုင်ချေ။
အသား များမှာ ပုပ်ပွ နေပြီး၊ သမုဒ္ဒရာ တစ်စင်း အလား၊ ပျံ့ကျဲ နေ၏။ အရိုး ပုံသည်ပင် ရုပ်ထု ခါးအမြင့် တိုင်အောင် ရှိနေသည်။
“ ဝူး ... ။ ”
ကူကျွင့်နှင့် မိန်ဇီဟော်က ကောင်းကင်မှ ဆင်းသက် လာပြီး၊ အံ့ဩ တုန်လှုပ် သွားခဲ့၏။
“ ဒါ လူသား ... ရုပ်တု လား၊ ကြောက်စရာ ကောင်းလိုက်တာ။ ”
“ (၈၉) ပါးသော တားမြစ် ပညာရပ်နဲ့ ... ၊ သန့်စင် ထားတဲ့ ... ကောင်းကင် ခန္ဓာ အထွတ် အထိပ် လူသား ခန္ဓာပဲ၊ သူက နန်းတော် သခင် မိုးကြိုး လိပ်နက် ဧကရာဇ်ပါ။ ”
ကူကျွင့်မှ သက်ပြင်းချပြီး ရှင်းပြသည်။ (၈၉)ပါးသော တားမြစ် နည်းစနစ်မှာ၊ လိပ်နက် အသွင် ပြောင်းခြင်း (၇၂)ပါး အနက်မှ တစ်ပါး ဖြစ်၏။
လင်းယွန်၏ လိပ်နက် အသွင် ပြောင်းနည်း နှင့် အဆင့်တူသည်။ ကူကျွင့်မှ ဒူးထောက်လျက်၊ ရုပ်တုအား သုံးကြိမ် ကန်တော့ လိုက်၏။
သူ ပြန်ထ လာချိန်၌ မိန်ဇီဟော်မှ သိချင် စိတ်များ ဝင် လာသည်။
“ စီနီယာ ကူ ... သူက ဘယ်သူလဲ။ ”
“ ဒီအရိုး ပင်လယ်မှာ ... မင်း မြင်နေရ သမျှက၊ လိပ်နက် မျိုးရိုးမှ ဆင်းသက် လာသူ တွေပဲ၊ သူတို့ အားလုံးကို ဝိညာဉ် နတ်မိစ္ဆာ ရောင်ဝါက ထိန်းချုပ် ထားခဲ့တယ်၊ ...
... လိပ်နက် မိုးကြိုး ဧကရာဇ်က၊ လိပ်နက် သူတော်စင် နန်းတော်ကို ကာကွယ်ဖို့၊ တားမြစ် နည်းစနစ်ကို သုံးပြီး ... သူတို့ အားလုံးကို သတ်ဖြတ် ခဲ့ရတယ်။ ”
ကူကျွင့်မှ ဝမ်းနည်း သံ ကြီးဖြင့် ပြန်ဖြေသည်။ ထိုစကားကို ကြားသော အခါ လင်းယွန်မှာ နှုတ်ဆိတ် နေမိသည်။
ရုပ်ထု အပေါ် လေးစား စိတ်များ ဝင်လာ ခဲ့၏။ ဤတိုက်ပွဲသည် ၎င်းအတွက် မည်မျှ နာကျင် ရမည်ကို တွက်ဆ နိုင်သည်။
မိသားစုဝင် များကို၊ ကျွန် ပြုခြင်းမှ ကာကွယ်ရန်၊ လက်ဖြင့် ကိုယ်တိုင် သတ်ဖြတ် ခဲ့ရ လေသည်။
“ အကြီးအကဲ ကူ ... ၊ ဟိုမှာ မိုးကြိုး သူတော်စင် နန်းတော် မဟုတ်လား။ ”
လိပ်နက် မိုးကြိုး ဧကရာဇ်၏ မြှောက် ထားသော လက်ဖဝါးမှ လျှပ်စီးများ လက်နေပြီး၊ ခမ်းနားသည့် နန်းတော် တစ်လုံး အသွင်ကို ဖျတ်ခနဲ မြင်လိုက် ရသည်။
“ သွား ရ အောင် ... ၊ နန်းတော်ထဲ တစ်ယောက် ယောက်က ငါတို့ထက် စောပြီး ဝင်သွား ပြီလား မသိဘူး ။ ”
ကူကျွင့်မှ သတိ ပြန်ဝင် လာပြီး၊ ပြောလေသည်။ လေးယောက်သား မိုးကြိုး တိမ် များကို ဖြတ်လျက်၊ ကောင်းကင်ပေါ် ပျံတက် လိုက်ကြသည်။
“ ဝှစ် ... ။ ”
ပြီးနောက် လိပ်နက် ဧကရာဇ်၏ လက်ဖဝါး ပေါ်သို့၊ ဆင်းသက် လိုက်၏။ လက်ဖဝါး ပြင်မှာ၊ အဆုံးမဲ့ လွင်ပြင် တစ်ခု ဖြစ်သည်။
ဆိုလို သည်မှာ လက်ဖဝါး၌ အာကာသ သူတော်စင် ရူရ် ရေးထွင်း ထားခြင်း ဖြစ်ချေ၏။ ထို့ကြောင့် လက်ဖဝါး ပေါ်တွင်၊ လူ တစ်ထောင် ကျော် ရောက်ရှိ စုရုံး နေသည်။
အများစုမှာ ဘဝ-စတုတ္ထ အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ အဖိုးကြီး များပင် ပါ ချေ၏။
မြင့်မြတ်မြေ အသီးသီး၏ ပါရမီရှင်များ ကလည်း၊ တပည့်ငယ်များ ခြံရံလျက်၊ ရောက်ရှိ နေခဲ့သည်။
ကောင်းကင် တာအို ဂိုဏ်းမှ၊ ရှယွမ်ကွီ နတ်ဖီးနစ် တောင်၏ ကျိလင်ဖုန်း၊ ကောင်းကင် မီးလျှံ ဂိုဏ်းက ရန်ချီဟွာ၊ မင်ဂိုဏ်းမှ ယွီဝမ်ရှု၊ အနန္တ လျှပ်စီး ဂိုဏ်းမှ ရီဖန်းနှင့် နတ်တာအို ဂိုဏ်း၏ လင်းချင်းယန်တို့ ဖြစ်သည်။
လျှပ်စီးကြောင်း ထဲတွင် ကြေးတံခါးဖြင့် ပိတ်ထားသော နန်းတော် တစ်လုံးအား မြင်နေရ ၏။
လင်းယွန်တို့ ဆင်းသက် လိုက်သော အခါတွင်၊ လူတိုင်းမှ ချက်ချင်း လှည့်ကြည့် လာ ကြသည်။
“ သူ မသေ ဖူးလား။ ”
ခို့ထျန်းဟွာမှာ မျက်မှောင်ကြုတ် လိုက်၏။
“ သူ ဘယ်လို လွတ်မြောက် လာတာလဲ။ ”
အလောင်း ကောင်၏ ကြောက်မက်ဖွယ် စွမ်းအားကို သူတို့ ကိုယ်တိုင် ခံစားဖူး ကြသဖြင့်၊ ယွမ်ဟမ့်ရင်နှင့် ကေျာက်တုံး မိန်းကလေးမှာ အံ့သြ သွားသည်။
ယွီဝမ်ရှုမှ စကား မဆို နိုင်တော့ချေ။ နဂါး သွေးလွှတ်ကြော နယ်ပယ် မျှဖြင့်၊ လင်းယွန်မှာ မည်သို့ လွတ်လာ သည်ကို၊ တွေးဆ နေမိ၏။
တစ်ဖက်တွင် လင်းယွန်မှာ၊ အသက်ရှင် နိုင်သည်သာ မက၊ ကြီးစွာသော အသွင်ပြောင်း မှုကို ရရှိ ခဲ့သည်။
နဂါး ကိုးကောင်သည်၊ မီတာ (၂၃၀၀၀) အထိ ရောက်လာသည် သာမက၊ နဂါး ရူရ်များ မှလည်း၊ (၁၁၀,၀၀၀) ဖြစ်လာသည်။
ဘုန်း ဝိညာဉ်တော် နှစ်ပါး ပါဝင်သော မိုးကြိုး သံကြိုး ကိုပင်၊ ရရှိ ထား၏။ ထို့ကြောင့် သူတို့ထက် များစွာ သာလွန် နေသည်။
သူတော်စင် အမြုတေ (၁၈)လုံးလည်း ကျန်ရှိ နေသေးသည်။
“ လင်းရှောင် ... ၊ ဒီကိုလာ။ ”
ကျိလင်ဖုန်းနှင့် ရှယွမ်ကွီမှ သူ့ကို လှမ်းခေါ်သည်။ လူတိုင်းသည် လင်းယွန်အား ငှက်မွှေး နတ်မိစ္ဆာ တံဆိပ် အဖြစ်သာ မြင်ကြ တော့၏။
ထို့ကြောင့် လင်းယွန်အား ကူညီရန် ခေါ်ယူခြင်း ဖြစ်သည်။ လင်းယွန်မှ မငြင်းဘဲ၊ လှောက်လှမ်း လာ၏။
“ ဘာလို့ နန်းတော်ထဲ မဝင်ကြ တာလဲ။ ”
အနား ရောက်သည်နှင့် အန်းလျူယွင်မှ မေးသည်။ အာကာသ ရူရ်ကြောင့် လက်ဖဝါး ပြင်သည်၊ ကမ္ဘာငယ် တစ်ခု ဖြစ်နေ၏။
လူတစ်ထောင်ကျော် စုရုံးနေ ကြပြီး၊ ရက်စက် ကြမ်းကြုတ်သော ရောင်များ ထုတ် ဖော်လျက်၊ ရန်လို သူများလည်း ရှိသည်။
သူတို့ အားလုံးမှ မြင့်မြတ်မြေ များကို ခေါင်းထဲ ထည့် မထား ခဲ့ကြချေ။ သူတို့အား ခြိမ်းခြောက် လိုသော်၊ အနိမ့်ဆုံး သူတော်စင် တပည့် ဖြစ်မှသာ အဆင့်မီ ပေမည်။
“ နန်းတော်မှာ ... မိုးကြိုး အတားအဆီး တစ်ခု ရှိတယ်၊ ငါတို့ အားလုံး ... ကြိုးစား ကြ ပေမယ့် ဝင်လို့ မရဘူး၊ ဒါကြောင့် တစ်ခုခု ဖြစ် လာဦး မလားလို့၊ စောင့်ကြည့် နေတာ။ ”
ကျိလင်ဖုန်းမှ ရှင်းပြသည်။
“ ဘယ်လောက် ကြာကြာ စောင့်ရမယ် ထင်လဲ၊ အကြမ်းဖျင်း ခန့်မှန်းချက် ရှိလား။ ”
“ ဆယ်ရက် ဒါမှ မဟုတ် ဆယ့်ငါးရက် လောက်တော့ ကြာမယ်၊ တစ်လလည်း ဖြစ်ရင် ဖြစ်မယ်။ ”
ရှယွမ်ကွီမှ ပြုံးကာ ဖြေသည်။ ထိုအဖြေကြောင့် အန်းလျူယွင်မှ ကြေးတံခါး ကြီးထံ ပြန်ကြည့် မိ၏။
ကြေးတံခါး ကြီးအား အလွှာ ပါးပါး တစ်ခု ဖုံးအုပ် ထားသည်။ ၎င်း၌ လျှပ်စီးများ လက်နေ ခဲ့၏။
ကြေးတံခါး ရှေ့တွင်၊ အလောင်း အချို့ ရှိနေသည်။ အကြမ်းဖျင်း တွက်ဆ ကြည့်ပါက၊ ထိုအတား အဆီးသည် ထင်သလောက် မဟုတ်ချေ။
သို့သော် လူတိုင်းသည် ဝှက်ဖဲ များကို၊ ထုတ်ဖော် လိုခြင်း မရှိကြ သဖြင့်၊ ပျောက်ကွယ် သွားမည့် အချိန်အား စောင့်မျှော် နေကြခြင်း ဖြစ်သည်။
အချိန်ကြာ လာသည်နှင့် အမျှ၊ ကျွမ်းကျင် သူများ ပိုမို များပြား လာကာ၊ လက်ဖဝါး ပေါ်၌ စည်ကား လာတော့သည်။
ဤအရာက လူတိုင်းကို တဖြည်းဖြည်း ဒေါသ ထွက်လာ စေ၏။ လူများ ပို၍ များပြား လာ ခြင်းမှာ၊ ကောင်းလှသည် မဟုတ်ချေ။
“ ငါ့မှာ စိတ်ကူး တစ်ခု ရှိတယ်။ ”
ခို့ထျန်းဟွာမှ ဦးစွာ အကြံပြု လိုက်သည်။ ဤအရာက လူတိုင်း၏ မျက်ဝန်းကို လင်းထိန် သွားစေ၏။
“ ပြောပါ ... ။ ”
“ နိဗ္ဗာန် ပွဲရဲ့ ချန်ပီယံ လင်းရှောင်သာ ဆန္ဒရှိတယ် ဆိုရင်၊ ဒီအတား အဆီးကို သူ ဖြတ် နိုင်တယ်၊ သူ့ ကျင့်ကြံမှုက ... နိမ့်ကျ ပေမယ့်၊ ကောင်းကင် အမိုးဓားက အရမ်း ထက်ရှ ပါတယ်။ ”
“ တကယ် လား ... ။ ”
“ ဟုတ်တယ် ... ဓား ရည်ရွယ်ချက်က တခြား သိုင်း ရည်ရွယ်ချက် တွေထက်၊ ပိုပြတ်ရှ တယ်၊ အာကာပြင် ကိုတောင် ဖြတ်နိုင်တယ်၊ ဒါကြောင့် သူသာ ဆန္ဒ ရှိရင် ... ။ ”
လူအချို့မှာ သူ့စကားကြောင့် တွေးဆ လာကြသည်။ ကျိလင်ဖုန်း မျက်နှာ မည်းမှောင် သွားပြီး၊
“ ခို့ထျန်းဟွာ ... မင်း ပါးစပ် ပိတ်ထား၊ လင်းရှောင်ကို ... သေလမ်း ပို့ချင် နေတာလား၊ မြင့်မြတ်တဲ့ မိုးကြိုး မီးတောက်ကို၊ သူ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး၊ ဘဝ-ပဉ္စမ အဆင့်တောင် သေသွား ရတယ် မဟုတ်လား။ ”
“ ဟား ဟား ဟား ... ၊ ဒီနေရာကို သူ့လို နဂါး သွေးလွှတ် ကြောက၊ တစ်စုံ တစ်ယောက် လာသင့်တဲ့ နေရာမျိုး မဟုတ်ဘူး၊ သေသွား တော့ရော ဘာဖြစ်လဲ၊ အထဲမှာ အသက်ရှင် နိုင်မယ် ထင်လား။ ”
ခို့ထျန်းဟွာမှ ရယ်မော လှောင်ပြောင် လိုက်သည်။
“ သူ့ခေါင်း ... ဘယ်လောက် တန်လဲ မင်းသိပါတယ်၊ ဒီတစ်ကြိမ်သာ အကျိုးဆောင် ပေးရင်၊ နန်းတော် ထဲမှာ ချက်ချင်း မသတ်ဖို့ ငါ ကတိ ပေးနိုင်တယ်။ ”
“ ဟုတ်တယ် ... စမ်းကြည့် သင့်တယ်။ ”
ခို့ထျန်းဟွာ စကားကို၊ ယွီဝမ်ရှုက ထောက်ခံ နေသဖြင့်၊ လူတိုင်း အံ့ဩကုန်၏။ မြင့်မြတ်မြေမှ ပါရမီရှင် တစ်ပါး အနေဖြင့်၊ သူ့ ရပ်တည်ချက် သည်၊ စိတ်ဝင်စား စရာ ပေပင်။
ကောင်းကင် မီးလျှံ ဂိုဏ်း၏ ရန်ချီဟွာက အနည်းငယ် စဉ်းစား ပြီးနောက်၊
“ ဟုတ်တယ် ... ၊ ညီအစ်ကို လင်းသာ ကူညီချင်စိတ် ရှိရင် ... ဒီမိုးကြိုး အတား အဆီး အလွှာက၊ သူ့အတွက် ပြဿနာ မဖြစ် နိုင်ဘူး၊ သူ့ဓား ဘယ်လောက် ထက်လဲ၊ ရေနွေးကြမ်း သောက်ပွဲမှာ၊ ငါတို့ တွေ့ခဲ့ ကြတာပဲ။ ”
-ဟု ဝင်ရောက် ပြောဆို လာပြန်သည်။
ယင်းက ကျိလင်ဖုန်းနှင့် ရှယွမ်ကွီကို ဖိအား ဖြစ်စေသည်။ ထိုလူ များမှာ လင်းရှောင် ခွန်အား အပေါ်၊ မနာလို ဖြစ်နေ ကြခြင်း ဖြစ်၏။
“ လင်းရှောင် ... မြန်မြန် လုပ်စမ်း ... ။ ”
ခို့ထျန်းဟွာမှ ဟိန်းဟောက် လိုက်သည်။
“ မင်းက အရိုးဖြူ ဓားမော့ သူတော်စင်ရဲ့ တပည့် ဖြစ်တာနဲ့ ... ငါ့ကို အမိန့် ပေးလို့ ရမယ် ထင်နေလား၊ မင်းကိုယ်မင်း ဘယ်သူများ ထင်နေလဲ။ ”
လင်းယွန်မှ အေးစက်စွာ ပြန်မေး လိုက်သည်။ ဤလူ အပေါ် ဒေါသ ထွက်လာပြီ ဖြစ်၏။
သေခြင်း တရားကို ဖိတ်ခေါ် နေချေပြီ။ ၎င်းကဲ့သို့သော လူများသည် အားနည်း သူများ အပေါ်၊ အနိုင်ကျင့် လေ့ ရှိသူများ ဖြစ်၏။
ယဉ်ကျေး နေစရာ မလိုချေ။ ထိုအချိန်တွင် ကောင်းကင်မှ လူသုံးယောက် ဆင်းသက် လာ ခဲ့သည်။
“ ဝှစ် ... ။ ”
ထိုလူ သုံးဦးသည် ပြုံးရွှင်သော မျက်နှာ ထားဖြင့်၊ မြင့်မြတ် မြေ၏ ပါရမီရှင် များထံ လှည့်ကြည့် လာတော့သည်။
ဤသည်မှာ သွေးလ ဂိုဏ်းမှ ဗိုလ်ချုပ် (၂)ပါးနှင့်၊ ဆံပင်နီ လူငယ် ဖြစ်သည်။ ယခင်က ဓား နှလုံးသားဖြင့်၊ လင်းယွန်မှ ရှာတွေ့ ခဲ့ဖူး သည်။
“ မီး ဗိုလ်ချုပ် ... ။ ”
လူတိုင်း တုန်လှုပ် ကုန်၏။ ၎င်းတို့ သုံးယောက်တွင်၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်များ ရှိလေသည်။
မီး ဗိုလ်ချုပ်က၊
“ အရှေ့ဘက် ပျက်စီးမြေက၊ တကယ် သွားပြီပဲ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်က တစ်စုံ တစ်ယောက် အပေါ်၊ မီခို ရတဲ့ အထိ ကျဆင်း ကုန်တာလား၊ ငါ လုပ်ပါရစေ။
-ဟု ပြုံးလျက် ကြေတံခါး ကြီးထံ လှမ်းကြည့်ကာ၊ ကြေငြာ လိုက်တော့သည်။
***