ဘယ်သူ စမ်းကြည့်ချင် သေးလဲ ... ။
Vol. 131 Ch. 1833
မီးဗိုလ်ချုပ်မှ အတား အဆီးကို ချိုးဖြတ် မည်ဟု ဆိုနေ သဖြင့်၊ လူတိုင်း နားမလည် နိုင် ဖြစ်လာသည်။
“ ခဏ ... ။ ”
သို့သော် ခို့ထျန်းဟွာမှ ရုတ်တရက် ဟန့်တား လိုက်သည်။
“ ဘာလို့လဲ ... ဂုဏ်ပြု မလို့လား။ ”
မီးဗိုလ်ချုပ်မှ ပြုံးကာ မေး၏။
“ မင်းမှာ ဆန္ဒ ရှိနေရင် ... ၊ ဒီလို အတားအဆီး မျိုးက ပြဿနာ မဟုတ် သလို၊ လိပ်နက် သူတော်စင် ကျမ်း အတွက်၊ ဘယ်သူ မှလည်း မင်းနဲ့ ယှဉ်နိုင်မှာ မဟုတ် ပါဘူး၊ ဒါပေမယ့် ... ငါ လူသတ် ချင်တယ်။ ”
ခို့ထျန်းဟွာက ပြတ်ပြတ် တောင်းဆို လိုက်သည်။
“ ဘယ်သူ့ ကိုလဲ။ ”
“ လင်းရှောင် ... ။ ”
ခို့ထျန်းဟွာက အေးစက်စွာ ပြန်ဖြေ၏။
“ လိပ်နက် သူတော်စင် နန်းတော်မှာ၊ ငါမင်းနဲ့ မပြိုင် တော့ဘူး၊ ဒါပေမယ့် သူ့ခေါင်းကို အခု ဖြတ်ခွင့် ပေးပါ။ ”
လျှပ်စီးနှင့် လေ ဗိုလ်ချုပ်ကြီး နှစ်ပါး၏ မျက်နှာများ ပြောင်းလဲ သွားသည်။ လင်းရှောင် သည်သာ ပေါ်မလာ ပါက၊ ဆောင်းဦး သခင်၏ လက်၌၊ သူတို့ အရှက် ရမည် မဟုတ်ချေ။
ထို့ကြောင့် လင်းယွန်အား ကိုယ်တိုင် သတ်ချင် နေမိသည်။
“ မင်းမှာ အရည် အချင်း ရှိရင် ... သတ်နိုင်တယ်၊ ငါ့ကို တင်ပြ နေစရာ မလိုပါဘူး၊ ငါ့ရဲ့ ငွေလမင်း ဂိုဏ်း ကလည်း၊ ငှက်မွှေး နတ်မိစ္ဆာ အမိန့်ကို စိတ်မဝင် စားဘူး။ ”
“ အစ်ကိုကြီး ... ဒီကောင့်ကို ငါ့လက်နဲ့ သတ်ချင်တယ်။ ”
အောင်းဖန်မှ အံကြိတ်ကာ ဝင်ပြောသည်။
“ ပြဿနာ မရှိဘူး ... ၊ သူက ဘာမှ မဟုတ်တဲ့ ... ပုရွက်ဆိတ် လေးပါ၊ အာရုံစိုက် မနေနဲ့။ ”
မီးဗိုလ်ချုပ်က လူအုပ်ထဲ လှည့်ပတ် ကြည့်ကာ၊ ပြောလိုက် တော့သည်။ ၎င်းမှ မည်သည့် အရာများ ကြံစည် နေသည်ကို၊ မည်သူမျှ နားမလည် နိုင်ချေ။
ခို့ထျန်းဟွာက သူ့ နောက်လိုက် နှစ်ဦး နှင့်အတူ၊ ရှေ့လှမ်း ထွက်လာသည်။ ကျိလင်ဖုန်း နှင့် ရှယွမ်ကွီမှာ၊ မျက်နှာများ ပြောင်းသွားပြီး၊
“ လင်းရှောင် ... မင်း အရင် ထွက်သွား။ ”
-ဟု ဆိုကာ၊ လင်းယွန်ရှေ့ လှမ်းတက် လိုက်သည်။
“ ရ တယ် ... ၊ ငါ အဆင်ပြေတယ်။ ”
လင်းယွန်က အန်းလျူယွင် နားရွက် အနားသို့၊ စကား အချို့ ခပ်တိုးတိုး ဆိုကာ၊ ရှေ့ထွက် လာခဲ့သည်။
“ လင်းရှောင် အချိန် ကျပြီ။ ”
ခို့ထျန်းဟွာက အကွာအဝေး တစ်ခု ထားကာ၊ ရပ်လျက် သူ့အား စိုက်ကြည့်ပြီး စကား ဆို၏။
“ သေချင် နေတဲ့ မင်း ဆန္ဒကို၊ ငါ ဖြည့်ဆည်း ပေးမယ်။ ”
လင်းယွန်မှ ထိတ်လန့်ခြင်း မရှိ ပြန်ပြော လိုက်သည်။ သူ့ မျက်ဝန်း၌ လူသတ် လိုသော အရိပ် အယောင်များ ထင်ဟပ် လာ၏။
ခို့ထျန်းဟွာအား အသက် ရှင်ခွင့် ပေးထားပါက၊ သူ့ခေါင်းကို စိတ်ကူး နေသူများ ရှိနေ ကြပေ ဦးမည်။
“ မင်း အရင် သေလိုက်တော့ ... ။ ”
ယွမ်ဟမ့်ရင်က လက်ကို ဆန့်ကာ၊ လင်းယွန်ထံ ကုပ်စွဲလာ၏။ ကြက်သွေးရောင် အလင်းများ သူ့ထံမှ ဖြာထွက် လာသည်။
သူသည် ဘဝ-စတုတ္ထ အဆင့်တွင် ဖြစ်၏။ ထို့ကြောင့် သူ့ နဂါး မူလမှာ၊ ကြောက်မက်ဖွယ် အမြင့်သို့ ရောက်ရှိ နေသည်။
“ ဝှစ် ... ။ ”
အရှိန် သည်လည်း မြန်ဆန်ကာ၊ မျက်စိတစ်မှိတ် အတွင်း လင်းယွန် အနား ရောက်ရှိ လာ၏။
လက်ဖဝါးသည် ကြက်သွေးရောင် အဆင်းရှိပြီး၊ နဂါး မူလများ တောက်လောင် နေခဲ့သည်။
အကုပ်ခံ ရပါက၊ တစ်ချက် တည်းဖြင့် သေဆုံးသွား နိုင်၏။ လင်းယွန် ခန္ဓာ ကိုယ်မှ နဂါး ရူရ် တစ်သိန်း တစ်သောင်း ထွက်ပေါ် လာကာ၊ လေထဲ ပေါင်းစည်း သွားသည်။
“ ခရစ် ... ။ ”
ကြက်သွေးရောင် လက်ဖဝါးမှာ၊ အလွယ်တကူ ကွဲကြေ သွား၏။ မိုးပြာ နဂါး၏ ဖိအားကြောင့်၊ ဟွမ်ဟမ့်ရင် သည်ပင်၊ နောက် ဆုတ်ပေး လိုက်ရသည်။
“ ရွှပ် ... ။ ”
မျက်နှာ ပြောင်းလဲ သွားပြီး၊ သူတော်စင် ဓားတစ်လက်ကို ချက်ချင်း ထုတ်ယူတော့သည်။ သို့သော် လင်းယွန်မှ ဓား အလင်းဖြင့်၊ တောက်ထုတ် လိုက်သည်။
“ ထန် ... ။ ”
“ ချလွမ် ... ။ ”
ကောင်းကင် အမိုး ဓားကြောင့်၊ မီးပွားများ ပွင့်ကာ၊ သူတော်စင် ဓားလွတ် ကျသွား ခဲ့သည်။ ၎င်းအဟုန်က သူ့အား နောက်ဆုတ် စေခဲ့၏။
“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ ဓားလဲ။ ”
လူတိုင်း တုန်လှုပ် သွား၏။ ကျောက်တုံး မိန်းကလေးမှာ ရပ်ကြည့် မနေနိုင် တော့ချေ။ ကူညီရန် လှမ်းတက် လိုက်သည်။
သို့သော် သူမ ခန္ဓာ ကိုယ်မှ၊ မူလ စွမ်းအင်လှိုင်း ထလာ ရုံဖြင့်၊ ဓား ရောင်ခြည် တစ်စင်းက ပျံသန်း လာတော့သည်။
“ ဝှစ် ... ။ ”
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ထိတ်လန့် တုန်လှုပ်စွာဖြင့် လက်ကို ချက်ချင်း ဝှေ့ယမ်းကာ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ ပေးလိုက် ရသည်။
ထိုအချိန်တွင် ယွမ်ဟမ့်ရင်မှာ၊ နောက်တစ်ကြိမ် တိုက်ရန် အားယူ လာခဲ့၏။ သို့သော် လင်းယွန်မှ ခွင့်မပြုချေ။
“ ရွှပ် ရွှပ် ရွှပ် ... ။ ”
ဓားအလင်းများ ဆက်တိုက် ပစ်လွှတ်ကာ၊ ဓားရောင်ခြည်အား ဓားကြီး တစ်လက် အဖြစ် ပေါင်းစည်း လိုက်သည်။
၎င်းသည် သူ့လမ်းကြောင်း ပေါ်ရှိ လေဟာနယ်ကို ခွဲထုတ်လျက် ပျံသန်းသွား တော့၏။
ယင်းကြောင့် ယွမ်ဟမ့်ရင် ခမျာ၊ လှမ်း မတက်ဝံ့ တော့ဘဲ၊ ချက်ချင်း နောက်ပြန် ဆုတ် လိုက် ရသည်။
မူလ နေရာမှ တစ်ချက်ပင် မလှုပ်ဘဲ၊ လင်းယွန်မှ သူတို့အား နောက်ဆုတ် စေခဲ့ခြင်း ဖြစ်သည်။
၎င်းသည် လူတိုင်းကို နား မလည်နိုင် ဖြစ်စေ၏။ ကောင်းကင် အမိုးဓားသည် ဤမျှ အစွမ်းထက် နေသည်လော။
လက်ရှိ ပုံစံ အတိုင်းသာ ဆိုက လင်းယွန် အနားကပ် လိုသော်၊ ဓား ရည်ရွယ်ချက် ကုန်ဆုံး မည့် အချိန်ထိ၊ စောင့်ရ ပေလိမ့်မည်။
“ ခရစ် ... ။ ”
ရုတ်တရက် ကြီးမားသော အဖြူရောင် အရိုးစု လက်ဖဝါးကြီး ပေါ်လာပြီး၊ ဝင်လာသော ဓားရပ်ကို ကုပ်ဖြဲပစ် လိုက်သည်။
“ ဝုန်း ... ။ ”
ဓားရိပ်မှာ ပေါက်ကွဲ သွား၏။ အရိုးဖြူ လက်ကြီး သည်လည်း၊ အပိုင်း အစများ အဖြစ် ကွဲထွက် ကုန်တော့သည်။
သို့မှသာ ယွမ်ဟမ့်ရင်နှင့် ကျောက်တုံး မိန်းကလေးတို့ နှစ်ဦး စိတ် သက်သာရာ ရသွား သည်။
“ အထင်ကြီး စရာပဲ ... ။ ”
ခို့ထျန်းဟွာမှ ဒေါသဖြင့် အံကြိတ်ကာ ဆိုလိုက်သည်။ လင်းယွန်က နတ်ဘုရား ပုံရိပ် ယောင် ဓားဖြင့် ပစ်ခြင်းကို ရပ်လိုက်ပြီး၊
“ ဒါက ဘာမှ မဟုတ် ပါဘူး၊ ဒါပေမယ့် မင်းကို သတ်ဖို့တော့ ... လုံလောက် တာထက် ပိုပါတယ်။ ”
-ဟု ပြန်လည် ပြောဆို၏။
“ ဒီလို သနားစရာ ကောင်းတဲ့ လှည့်ကွက်လေး တွေနဲ့ ... တခြား လူတွေ ကိုသာ ခြိမ်းခြောက် နိုင်မယ်၊ ငါ့ ကိုတော့ မရဘူး။ ”
“ ဒါဆို လာစမ်း ပါဦး၊ မင်းကို ဓားတစ်ချက် တည်းနဲ့ ... ငါ သတ်ပြမယ်။ ”
“ ချွမ် ... ။ ”
လင်းယွန်က လက်ဝှေ့ ယမ်းပြီး၊ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်၏။ အဖြူရောင် ဝတ်ရုံနှင့် သူ့အသွင်က၊ လွှမ်းမိုးမှု တစ်ခု ပေါ်လာသည်။
“ ဟား ... ဟား ... ဟား ... ၊ မင်းရဲ့ ကောင်းကင် အမိုးဓား နဲ့လား၊ ဒါက ... ငါ့ကို ကြောက်အောင်၊ မလုပ် နိုင်သေး ပါဘူး ။ ”
ခို့ထျန်းဟွာ၏ ဓားမော့ ရည်ရွယ်ချက် သည်လည်း၊ အမည်ခံ ကောင်းကင် အမိုးဓား ဖြစ် သဖြင့်၊ ထိုစကားမျိုး ပြောရန်၊ အရည် အချင်း ပြည့်မီ လေသည်။
သူ့နောက်ကျော၌ သွယ်လျသော ဓားမော့ တစ်လက်ကို သိုင်းလွယ်ထား၏။ သို့သော် ၎င်းမှ ဓားမဆွဲ ခဲ့ချေ။
ရှေ့သို့ တစ်လှမ်း တိုး၏။ ခန္ဓာ ကိုယ်မှာ ပေါ့ပါး သွက်လက် နေပြီး၊ နောက်ဆက်ပွဲ ပုံရိပ် တစ်ရိပ် မျှပင်၊ ချန် မထား ခဲ့ချေ။
ထူးဆန်းသော ရွေ့လျားမှု ပညာရပ် ဖြစ်သည်။ သူ့အသွင်မှာ လူတိုင်း အမြင်မှ ရိပ်ခနဲ ပျောက်ကွယ် သွားသည်။
သို့သော် လင်းယွန်၏ သိပ်သည်းသော ဓားရောင်ဝါ ကြောင့်၊ သူ့ အမြန်နှုန်းမှာ အခက် အခဲ ဖြစ်လာ၏။
လင်းယွန် အနား မရောက်ခင် ပြန်ပေါ် လာရသည်။ ထိုအချိန်၌ လင်းယွန် လက်ထဲရှိ ဓားက သူ့ လည်ပင်းထံ ဝင်လာသည်။
“ ဝှစ် ... ။ ”
ခို့ထျန်းဟွာက လက်နှင့် ဖမ်းယူ လိုက်သည်။
“ အဟက် ... မင်းဓားက အထင်ကြီး စရာလည်း မရှိ ပါလား။ ”
အန်းလျူယွင်နှင့် မိန်ဇီဟော်ပင် မျက်နှာ သိသိ သာသာ ပြောင်းလဲ သွားသည်။ ကူကျွင့်က ရှုပ်ထွေးသော အမူအရာဖြင့်၊ ဝိုင် တစ်လုတ်ကို မျိုချပြီး၊
“ ငါများ အမြင်မှား နေတာလား။ ”
-ဟု ညည်းတွား လိုက်သည်။
လင်းယွန် တစ်ယောက် ဓားလွှဲ ခဲ့သည့် အချိန်ကို မည်သူမျှ မမြင်လိုက် ရချေ။ သို့သော် ခို့ထျန်းဟွာမှ ဖမ်းဆီး ထားနိုင် ခဲ့သည်။
ဓားသမား တစ်ဦး၏ တိုက်စစ် ဓား လမ်းကြောင်းကို မြင်နိုင် ပါက၊ ထိုဓားသမား အပေါ်၊ အနိုင် ရပြီး ဖြစ်လေသည်။
“ မင်းမှာ ... ကောင်းကင် အမိုးဓား ရှိရင်တောင်၊ ဘာမှ လုပ်လို့ မရ ပါဘူး၊ မင်းကို သတ်ဖို့၊ ငါ့ဓား ဆွဲစရာတောင် မလိုတော့ဘူး။ ”
ခိုထျန်းဟွာ စကားကို လင်းယွန်မှ တုန့်ပြန်ခြင်း မရှိဘဲ၊ ဓားအား လွှတ်လိုက်ကာ၊ နောက်တစ်လှမ်း ဆုတ်သွားသည်။
“ ဖရူး ... ။ ”
ထို့ကြောင့် ပန်းသင်္ချိုင်း ဓားသည်၊ ခို့ထျန်းဟွာ လက်၌၊ ရုန်းကန် တုန်ခါလျက် ကျန်ရစ် ခဲ့သည်။
“ မင်းက သေနေပြီ ... ။ ”
လင်းယွန် စကား သံနှင့် အတူ၊ ခို့ထျန်းဟွာ ရင်ဘတ် ထဲမှ သွေးများ စီးထွက် လာတော့၏။ ချက်ချင်း မျက်နှာ ဖြူဖျော့ လာပြီး၊
“ မ ... မဖြစ် နိုင်တာ ... ။ ”
-ဟု ရေရွတ် လိုက်သည်။
“ မင်းကို သတ်ဖို့ ... ဓား တစ်ချက်ပဲ လိုတယ်။ ”
လင်းယွန်မှ ထပ်ပြောသည်။ သို့မှသာ ခို့ထျန်းဟွာ သဘောပေါက် သွား၏။ ဓားမှာ နှစ်ချက် ဖြစ်ခဲ့ပြီး၊ ဒုတိယ ဓားကိုသာ သူ ဖမ်းမိပုံ ရလေသည်။
ပထမ ဓားသည် နှလုံးသားကို ချေမွှပြီး၊ ဒုတိယ ဓားသည် ခေါင်းဖြတ်ရန် ဖြစ်လေသည်။ ဒေါသ ထွက်လျက်၊ ပန်းသင်္ချိုင်း ဓားကို လွှတ်ကာ၊ ဓားမော့အား ဆွဲသည်။
ထို့ကြောင့် လေထဲ ဝဲကျန်ရစ် ခဲ့သော ပန်းသင်္ချိုင်း ဓားကို လင်းယွန်မှ လှမ်းကိုင် ပြီး၊ ဆက်လက် ခုတ်ပိုင်းပစ် လိုက်၏။
ထို့နောက်တွင် ခို့ထျန်းဟွာ ခမျာ မျက်လုံးများ ပြူးကျယ်လျက်၊ ယွမ်ဟမ့်ရင်နှင့် ကျောက်တုံး မိန်းကလေး တို့၏ ခြေရင်းသို့၊ လိမ့်ဆင်း သွားတော့သည်။
လင်းယွန်မှ မရပ် သေးဘဲ၊ ဓားကို ထပ်မံ လွှဲယမ်းကာ၊ ကြေးတံခါး ကြီးထံ ပစ်သွင်း လိုက် လေသည်။
ပတ်ဝန်းကျင်၌ မိုးကြိုး မုန်တိုင်းများ ဖြစ်တည် လာကာ၊ လေဟာနယ်ကို လေးပိုင်း ကွဲသွား တော့၏။
ထိုဓားရောင်ခြည် နှစ်စင်းက အပေါင်း လက္ခဏာ ပုံစံ ရွေ့လျားပြီး၊ မိုးကြိုး အတား အဆီးထံ၊ ထိမှန် သွားလေသည်။
“ ဝုန်း ... ။ ”
“ သူ ပြောတာ မှန်တယ်၊ ငါ့ ဓားက ... ဒီအတား အဆီးကို ခွဲနိုင်တယ်၊ ဘယ်သူ စမ်း ကြည့်ချင် သေးလဲ။ ”
ဓားချက်ကြောင့် မိုးကြိုး အတား အဆီးမှာ၊ မှိန်ဖျော့သွား လေသည်။ လင်းယွန်က နတ်မိစ္ဆာ အဆင့် သတ်မှတ်ချက်မှ လူတိုင်းထံ ဝေ့ကြည့် လိုက်တော့သည်။
***