← Chapters

တိုက်ပွဲ ... ။

Vol. 131 Ch. 1834

တိုက်ပွဲ ... ။

Vol. 131 Ch. 1834

လင်းယွန်၏ လေသံ အတွင်း ခြိမ်းခြောက် လိုသော အရိပ် အမြွက်များ ပါဝင် နေ၏။ သူ့ထံ လာလိုသော်၊ ခို့ထျန်းဟွာကို ကြည့်ဟု ပြောနေ သလို ပေပင်။

ယွီဝမ်ရှုက လင်းယွန် မျက်ဝန်း ထဲရှိ၊ ရန်လိုနေသော အသွင်ကို မမြင်ဟန် ပြုလျက်၊ ပြုံးပြ လိုက်သည်။

“ သခင် လေး ... ။ ”

ယွမ်ဟမ့်ရင်နှင့် ကျောက်တုံး မိန်းကလေးက သူတို့ ခြေရင်းရှိ၊ ခို့ထျန်းဟွာ ခေါင်းကို ကြည့်ပြီး၊ ထိတ်လန့် သွားသည်။

“ လင်းရှောင် ... ၊ မင်း ဘယ်လို တောင် သတ္တိ ရှိလိုက်လဲ၊ ဒါ ... ဒါက အရိုးဖြူ ဓားမော့ သူတော်စင်ရဲ့ ... တပည့်ပဲ။ ”

အရိုးဖြူ ဓားမော့ သူတော်စင် ဟူသည် အရှေ့ဘက် ပျက်စီး မြေရှိ၊ မိစ္ဆာ သူတော်စင် (၉) ပါး အနက်မှ၊ တစ်ပါး ဖြစ်သည်။

ဧကရာဇ် နယ်ပယ်အောက် တန်ခိုးရှင်များ ဖြစ်၏။ သို့သော် သူ့ဦးခေါင်းကို လက် တစ်ဖက် မှ၊ ဆုပ်ကိုင်ခြင်း ခံလိုက် ရသည်။ ယွမ်ဟမ့်ရင် ခမျာ စကား ဆက်မပြောနိုင် ဖြစ်သွား၏။

“ သူသာ လင်းရှောင်ကို သတ်ခွင့် ရှိပြီး၊ လင်းရှောင်က သူ့ကို မသတ်ရဖူး ဆိုတဲ့ ... ဒီလို ရူး ကြောင်ကြောင် အတွေးမျိုး၊ မင်း ဘယ်က ရလာ တာလဲ၊ ငါပြော ဟုတ်တယ် မလား လင်းရှောင်။ ”

မီးဗိုလ်ချုပ်က ယွမ်ဟမ့်ရင် ဦးခေါင်းကို ဆုပ်ကိုင် လိုက်ခြင်း ဖြစ်၏။ ကြက်သွေးရောင် အခိုး အငွေ့များ ဦးခေါင်းမှ ထွက်လာသည်။

ဘဝ- စတုထ္ထ အဆင့် ကျွမ်းကျင်သူ တစ်ဦးပင်၊ မီးဗိုလ်ချုပ် လက်၌ အရုပ် တစ်ရုပ် ကဲ့သို့၊ နှိပ်စက် ခံလိုက် ရ၏။

သွေးသား စွမ်းအင်များ တရွေ့ရွေ့ ခမ်းခြောက် လာကာ၊ လက်များ တဆက်ဆက် တုန်လာသည်။ ထိုမြင်ကွင်းက လူတိုင်းကို ကျောရိုးများ အေးစက် သွားစေ၏။

“ မှန်တယ် ... ဒါ အမှန် တရားပဲ။ ”

လင်းယွန်က ၎င်းအား ဂရု မစိုက်ဘဲ ပြန်ပြောသည်။ ဤမီး ဗိုလ်ချုပ်သည် ရူးသွပ် နေသူ တစ်ယောက် ဖြစ်၏။ ရန်ငြိုး မရှိသော ယွမ်ဟမ့်ရင် အပေါ်၊ သေသည် အထိ နှိပ်စက် ပြနေသည်။

“ ဟား ဟား ဟား ... ၊ လင်းရှောင် ငါတို့က ပုံစံ တူတယ်၊ နည်းနည်းလောက် ပျော်ရအောင်၊ ငါ့ ညီအစ်ကို နှစ်ယောက် ... မင်း လက်ထဲမှာ ဒုက္ခ ရောက်ခဲ့တာ ငါ ကြားတယ်။ ”

“ ဖောင်း ... ။ ”

တစ်ချိန်တည်း မှာပင်၊ လက်ကို ဖျစ်ညှစ် လိုက်ရာ၊ ယွမ်ဟမ့်ရင် ဦးခေါင်းမှ သွေးစက်နှင့် ဦးနှောက်များ ပွင့်ထွက် လာတော့သည်။ ပြီး လင်းယွန်ထံ ရိုက်ချ လာ၏။

လင်းယွန်က နဂါး-ဖီးနစ် ကမ္ဘာ ဖျက် ဓားကျမ်းကို အသက်သွင်း လိုက်သော အခါ၊ နဂါးနှင့် ဖီးနစ် ပေါ် လာ၏။

“ ဘုန်း ... ။ ”

ထို့နောက် လက်သီးနှင့် လက်ဖဝါး ထိမှန် သွားပြီးကာ၊ နှစ်ယောက် စလုံး ပြန်ဆုတ် လိုက် ရသည်။

လင်းရှောင်သည် ရုပ်ခွန်အား သက်သက် ကိုသာ အသုံးပြု လာခဲ့ခြင်း မဟုတ်ကြောင်း၊ မီး ဗိုလ်ချုပ်မှ သိလိုက်သည်။

၎င်းတွင် မြင့်မြတ်မြေ တပည့် များနှင့် ယှဉ်နိုင်သော နတ်နဂါး စွမ်းအင် ကျင့်ကြံမှု နည်းစနစ် ရှိပုံ ရ၏။

“ နတ်တောင်ရဲ့ တပည့် လင်းရှောင်၊ တကယ်ပဲ ထူးခြား ပါပေတယ်၊ ခို့ထျန်းဟွာ ဓားဆွဲ ရင်တောင်၊ မင်း ပြိုင်ဘက် မဟုတ်မှာ၊ ...

... ငါကြောက်တယ်၊ ဒါပေမယ့် သွေးလ ဂိုဏ်းကလည်း တစ်ချိန်တုန်းက ခွန်လွန်မြေမှာ ပြိုင်ဘက် ကင်းပဲ၊ ငါတို့က နတ်တောင် ထက် အားနည်း လှတာ မဟုတ်ဘူး။ ”

မီးဗိုလ်ချုပ်က သူ့လက်ဖဝါး နှစ်ဖက်ကို (၉)ဒီဂရီနှင့် ပခုံးဖြင့် တစ်တန်းတည်း မြှောက် ယူ လိုက်သည်။

လက်ဖဝါး နှစ်ဖက်မှာ၊ မြေပြင်ကို မျက်နှာမူလျက်၊ သွေးသား စွမ်းအင် များက မီးတောင် ကဲ့သို့ ပေါက်ကွဲ လာ၏။

ကြက်သွေးရောင် အဆင်းများ သည်လည်း ဖြာကျ လာသည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော ဖီးနစ် တစ်ကောင် ပေါ်လာ၏။

“ ဖီးနစ် နတ်မိစ္ဆာ သူတော်စင် ခန္ဓာ ... ။ ”

ကူကျွင့်မှ မျက်နှာ ပြောင်း သွားပြီး၊ အော်လိုက်သည်။ ပတ်ဝန်းကျင်ရှိ မြင့်မြတ်မြေ ၏ တပည့် များနှင့်၊ မိစ္ဆာ ကျင့်ကြံသူ များပင် လှုပ်လှုပ် ရွရွ ဖြစ်လာ၏။

ဖီးနစ် နတ်မိစ္ဆာ သူတော်စင် ခန္ဓာ ကိုယ်သည်၊ ရှေးကျသော အမွေ အနှစ်များ ထဲမှ တစ်ခု ဖြစ်သည်။ အချိန် အတော်ကြာ ပျောက်ဆုံး နေခဲ့၏။

အကြောင်းမှာ ၎င်းသည် ခန္ဓာ ကိုယ်ကို သန့်စင်သည့် နည်းပညာ တစ်ခုသာ မဟုတ်ချေ။ ရွေ့လျားမှု၊ ဓား၊ လက်ဖဝါး၊ လျှို့ဝှက် ပညာနှင့် တားမြစ် နည်းစနစ် များပင် ပါဝင်၏။

ဖီးနစ် နတ်မိစ္ဆာ သူတော်စင်အား အသက် သွင်းပြီးသည်နှင့်၊ လက်ဖဝါးကို ငှက်လက်သည်း အသွင်၊ ပြောင်းလဲ လိုက်သည်။

“ ဝှစ် ... ။ ”

မရေ မတွက် နိုင်သော ဖီးနစ် နတ်မိစ္ဆာများ မီးဗိုလ်ချုပ် ခန္ဓာ ကိုယ်မှ ပျံထွက် လာတော့၏။ သည့်နောက် လင်းယွန်ရှေ့ ချက်ချင်း ရောက် သွားပြီး၊ အပြန် အလှန် တိုက်ခိုက် ကြသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

တိုက်ခိုက်မှု သုံးကြိမ် ပြီးနောက်၊ လင်းယွန် တစ်ယောက် ခြေလှမ်းများစွာ နောက်ပြန် ဆုတ် လိုက်ရ၏။

တစ်ဖက် လူ၏ တိုက်ခိုက်မှုများသည် သူမျှော်လင့် ထားသလောက်၊ ပြင်းထန်ခြင်း မရှိ ခဲ့ချေ။

ဤသည်မှာ ထူးဆန်း နေသဖြင့်၊ အံ့ဩ သွားသည်။ ထိုသူတော်စင် အမြုတေ များအား၊ သန့်စင် ပြီးနောက်၊ ခန္ဓာကိုယ် အသွင်ပြောင်း သွားပုံ ရ၏။

“ မဆိုး ပါဘူး ... ၊ မင်း ငါ့ဆီက သုံးကြိမ် တိုင်တိုင် ခံယူ နိုင်တယ်။ ”

မီးဗိုလ်ချုပ်က စိတ်ဝင်တစား ပြော လာသည်။ လင်းရှောင်သည် သူ့ ပြိုင်ဘက် ဖြစ်ရန် ထိုက်တန်၏။

“ ဖီးနစ် နတ်မိစ္ဆာ၊ - ကောင်းကင်ကို ခွဲမဲ့ လက်ဖဝါး။ ”

ဖီးနစ် နတ်မိစ္ဆာက အတောင်ပံ များကို ဖြန့်ချရာ၊ မီးဗိုလ်ချုပ်၏ ရောင်ဝါများ မြင့်တက် လာ ခဲ့သည်။

ဤလက်ဖဝါးသည် အောင်းဖန်နှင့် ရန်ချန်းမင် အတွက်၊ လက်စားချေရန် ရည်ရွယ် ချေ၏။ ထို့ကြောင့် တစ်ချက် တည်းဖြင့်၊ ဒုက္ခိတ ဖြစ်သွား နိုင်မည်။

“ မိုးပြာ နဂါး လက်သည်း ... ။ ”

သို့သော် လင်းယွန်က မိုးပြာ နဂါး ဓား ဝိညာဉ်ကို၊ ဓား ပင်လယ်မှ ဆင့်ခေါ်ပြီး၊ ရင်ဆိုင် လာသည်။

မိုးပြာ နဂါး ဓားဝိညာဉ်က၊ ခရမ်း-ရွှေရောင် နဂါးရူရ် များနှင့် ပေါင်းစပ် သွားပြီး၊ ပန်းသင်္ချိုင်း ဓားမှ ပျံထွက် လာ၏။

နဂါး ဟောက်သံ နှင့် အတူ၊ မိုးကြိုး မုန်တိုင်းများ ဆင်းသက်လာ၏။ ထို့နောက် နဂါး ကြီးက မီးဗိုလ်ချုပ်၏ ဖီးနစ်ကို၊ ရင်ဆိုင် တော့သည်။

ဖီးနစ်နှင့် နဂါး ဖြစ်စဉ်များ ရောယှက် သွားပြီး၊ ရှေးဟောင်း သားရဲကြီးများ တိုက်ပွဲ ဖြစ်ပွား နေ သကဲ့သို့၊ မီးနတ် ဗိုလ်ချုပ်မှာ လွင့်စဉ် သွား၏။

သည့်အပြင် ခြေထောက် အောက်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ် လာပြီး၊ လိပ်နက် ဧကရာဇ် ရုပ်တု လက်ဖဝါးရှိ၊ အာကာသ သူတော်စင် ရူရ်၊ ထိခိုက် သွားသည်။

အာကာပြင် တစ်ခုလုံး တုန်လှုပ် နေစဉ်၊ လင်းယွန်မှ မိုးပြာ နဂါး ဓားအမြီးကို ဆက်လက် ထုတ်ဖော် လိုက်သည်။

မီတာ တစ်ရာ ရှည်သော နဂါးကြီး အမြီး ကဲ့သို့၊ ဓားရောင်ဝါများ လွင့်လာပြီး၊ မီးဗိုလ်ချုပ် ကို အသက် ရှူခွင့်၊ မပေး ခဲ့ချေ။

ယင်းကြောင့် မီးဗိုလ်ချုပ် ခမျာ၊ မျက်နှာ ပြောင်းလဲလျက်၊ သူ့လက်သီးဖြင့် လျင်မြန်စွာ တုန့်ပြန် လိုက်ရသည်။

“ ဖောင်း ... ။ ”

လက်သီးနှင့် ဓားရောင်ခြည် ထိမှန်ပြီး၊ ဓားရောင်ခြည်များ ကွဲအက် သွား၏။ ထို့ကြောင့် မီးဗိုလ်ချုပ်မှ အသက်ဝဝ ရှူချိန် ရသွားသည်။

“ ဝှစ် ... ။ ”

အမော ဖြေရန် မြေပြင်ပေါ် ဆင်းသက် လိုက်သော အခါ၊ သူ့လက်သီးမှ သွေးများ စီးကျ လာတော့၏။

ဓားအလင်းသည် သူ့အား ထိမှန်လု နီပါး ပေပင်။ ဤမျှ အန္တရာယ် များသော အခြေ အနေ မျိုး၊ မခံစား ရသည်မှာ ကြာပြီ ဖြစ်၏။

မျက်စိ တမှိတ် အတွင်း ဖြစ်ပျက် သွားခြင်း ဖြစ်ရာ၊ လူတိုင်း တိတ်ဆိတ် ကုန်သည်။ ရန်ပွဲမှာ ပြင်းထန် လှ၏။

မီးဗိုလ်ချုပ် စွမ်းအားမှာ၊ အံ့အားသင့် စရာ ပေပင်။ တစ်ဖက်တွင် လင်းယွန် သည်လည်း သန်မာ ကြောင်း၊ သိရှိ လိုက်ရသည်။

မီး ဗိုလ်ချုပ်သည် လောက နိယာမ နယ်ပယ်သို့ မဝင်မီ နာမည် ကြီးခဲ့ဖူး လေသည်။ သို့သော် လင်းယွန်အား အသာစီး မရနိုင် ဖြစ် နေ၏။

“ လာ ဦး မယ်။ ”

မီး ဗိုလ်ချုပ်က ပြုံးပြီး၊ လင်းယွန်ထံ လျင်မြန်စွာ ပြေးဝင် လာ၏။ သည်တစ်ကြိမ် တိုက်ပွဲမှာ ပို၍ ပြင်းထန်သည်။

လင်းယွန်ပင် သူ့ ဓားရည်ရွယ်ချက်နှင့် အဆတ်ပြတ် သွားခဲ့၏။

“ ဘာဖြစ် တာလဲ ... ။ ”

ထို့ကြောင့် အံ့သြ သွားသည်။

“ အံ့သြ မနေနဲ့ ... ၊ ခို့ထျန်းဟွာ အသက် အတွက် ဓားတစ်ချက်ပဲ လိုသလို၊ မင်း အတွက် လည်း၊ လက်ဖဝါး တစ်ချက်ပဲ လိုတယ်။ ”

မီး ဗိုလ်ချုပ်၏ မျက်ဝန်း အတွင်း၌ အနက်ရောင် အငွေ့ အသက်များ စုရုံး လာပြီး၊ လှောင်ပြော ပြောလာသည်။

ဖီးနစ် နတ်မိစ္ဆာ ရောင်ဝါများ ပေါက်ကွဲ လျက်၊ လက်ကို ဘေးသို့ ဆန့်ထုတ် လိုက်သည် နှင့်၊ အတောင်ပံ ဖြန့်လိုက် သကဲ့သို့၊ ရောင်ဝါက အုပ်မိုး လာသည်။

“ ဝှစ် ... ။ ”

ထို့နောက် လက်ဖဝါး ချက်များ ရိုက်ချ လာ၏။ လက်ဖဝါး တစ်ချက် စီသည် သေစေ နိုင်သော အစိတ် အပိုင်း များထံ၊ ရည်ရွယ် လေသည်။

ဆယ်ကြိမ် ပြည့်ပြီးနောက်၊ လင်းယွန်မှာ အန္တရာယ် ရှိသော အနေ အထားသို့ စိုက်ရောက် သွားသည်။

“ ဒူးထောက် ... ။ ”

လောက နိယာမ နယ်ပယ် ဖိအားကို ထုတ်ဖော်လျက်၊ မီးဗိုလ်ချုပ်မှ ဖိအား ပေးလာ တော့၏။ ထိုဖိအားကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း အသက်ရှူ ကြပ်သွားသည်။

“ ဘန်း ... ။ ”

လက်ဖဝါး အချင်းချင်း၊ ထိမိ သွားသော အခါတွင်၊ လင်းယွန် နောက်၌ မီတာ (၂၃၀၀၀) ရှည်သော နဂါး ကိုးကောင် ပေါ်လာ၏။

နဂါး များက ကောင်းကင်ကို ဖုံးလွှမ်း သွားပြီး၊ လူတိုင်းကို ထိတ်လန့် သွားစေ သည်။ မီး ဗိုလ်ချုပ်ပင် လွင့်စဉ် သွား၏။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ သူ့နဂါးက မီတာ နှစ်သောင်းကျော် နေတယ် ... ငါ့ အမြင်များ မှားနေလား။ ”

“ ဒါက နည်းနည်းတော့ လွန်သွားပြီ၊ မကြာသေးခင် ကမှ ... မီတာ (၁၀၀၀၀)ပဲ ရှိပါ သေးတယ်၊ ဘယ်လိုလုပ် အခု (၂၀၀၀၀) ကျော်သွား ရတာလဲ။ ”

မြင့်မြတ်မြေ၏ ပါရမီရှင် များပင် တုန်လှုပ်ကုန်၏၊ ဤအရာကို သူတို့ လိုက်မမီ တော့ချေ။

“ ဓား ... ။ ”

ပန်းသင်္ချိုင်း ဓားက၊ မီးဗိုလ်ချုပ်ထံ ပျံတက် သွားသည်။ မီးဗိုလ်ချုပ် ခမျာ ကြောက်ရွံ့သွားပြီး ချက်ချင်း တိမ်းရှောင် လိုက်၏။ သို့တိုင် ဆံပင် အနည်းငယ် လှီးဖြတ် ခံလိုက် ရသည်။

“ မိုးပြာ နဂါး လက်သည်း။ ”

လင်းယွန်က အသုံးပြု ပြီးသော ဓားပုံစံကို ထပ်မံ ထုတ်ဖော် လိုက်သည်။ ရပ်လျက်ဖြင့် ညာ လက်ကို မြှောက်ကာ အဝေးမှ ထိန်းချုပ်၏။

လေထဲရှိ ပန်းသင်္ချိုင်း ဓားမှာ၊ တစ်စုံ တစ်ဦးမှ ဆုပ်ကိုင်လိုက် သကဲ့သို့၊ ဆတ်ခနဲ တုန်လျက် ဓားရေးကို ထုတ်ဖော် တော့၏။

ယင်းသည် မိုးပြာ နဂါး ဓား၏၊ နဂါး လက်သည်း ဖြစ်သည်။ ဓားရောင်ဝါ များက နဂါး လက် သည်းကြီး ဖြစ်လာ၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

မီးဗိုလ်ချုပ်မှ နောက်ဆုတ် ရှောင်တိမ်း သွားသဖြင့်၊ မိုးပြာ နဂါး အမြီးအား ဆက်ကာ၊ ထုတ်ဖော် လိုက်သည်။

ပန်းသင်္ချိုင်း ဓားသည် ၎င်းနှင့် နီးကပ် လွန်းသော အနေ အထားတွင် ရှိနေခဲ့ သဖြင့်၊ ပေတစ်ရာ ရှည်သော ဓား ရောင်ခြည်အား၊ ရှောင်တိမ်း နိုင်စရာ အကြောင်း မရှိချေ။

“ ဝှစ် ... ။ ”

နဂါး အမြီး အလား၊ မြန်ဆန် လွန်းသဖြင့်၊ ရပ်ကြည့် နေသူ တိုင်း၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။

မီးဗိုလ်ချုပ်က သူ့ လက်ဖဝါးကို တွန်း ထုတ်လျက်၊ ဓားရောင်ခြည်အား ဖြိုခွဲ လိုက်ရ တော့သည်။

***

All Chapters