ငါတို့ တွေ့ခွင့် ရတာ ကံကြမ္မာပဲ။
Vol. 132 Ch. 1835
ပန်းသင်္ချိုင်း ဓားသည် လေထု အလယ် တုန်ခါလျက် ပြန်လှည့် လာသဖြင့်၊ လင်းယွန်မှ ညင်သာစွာ ဆုပ်ကိုင် လိုက်သည်။
“ ငါသာ လောက နိယာမ နယ်ပယ်မှာ ရှိနေရင် မင်း သေသွားပြီ။ ”
“ ဒါပေမယ့် အခု မရှိဖူး ... မဟုတ်လား။ ”
မီးဗိုလ်ချုပ်မှ ပြုံးကာ ပြန်ပြော လိုက်သည်။
“ မီး ဗိုလ်ချုပ်၊ ဒီမှာပဲ ရပ်လိုက်ပါ၊ ငါတို့ ရှေ့မှာ ... လင်းရှောင် အသက်ကို၊ မင်း ယူသွား နိုင်မှာ မဟုတ်ဘူး။ ”
ရှယွမ်ကွီနှင့် ကျိလင်ဖုန်းက လျှပ်စီး အလား လင်းယွန်ရှေ့ လှမ်းတက် လာသည်။ လူတိုင်းကို ခြိမ်းခြောက်ရန် လင်းယွန်အား အသုံးပြု နေကြောင်း၊ သူတို့ နားလည် ၏။
သူသည် ပြုံးပြုံး ရွှင်ရွှင်ဖြင့် စကား ဆိုနေ သော်လည်း၊ မျက်ဝန်း များ၌ လူသတ် လိုသော ရည်ရွယ်ချက် များဖြင့်၊ ပြည့်နှက် နေသည်။
“ ယင်ကောင် နှစ်ကောင်က ငါ့ကို ဒီပုံစံနဲ့ ပြောဝံ့ သလား၊ ဟမ့် ... ။ ”
ဘဝ-သတ္တမ အဆင့် ရောင်ဝါ အပြင် ငရဲလမင်း သူတော်စင် ချပ်ဝတ်အား အသက် သွင်းလျက် မီးဗိုလ်ချုပ်မှ ပြောလာသည်။
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
ပြီးနောက် ကျိလင်ဖုန်းတို့ နှစ်ဦးထံ လက်သီးဖြင့် ထိုးချလာ၏။ အငိုက်မိ သွားကာ နှစ်ယောက်သား လွင့်စဉ် ကုန်သည်။
“ ဒါက ဘယ်လို လုပ် ဖြစ်နိုင် မှာလဲ။ ”
မီး ဗိုလ်ချုပ်သည် သူတို့ထက် ဦးစွာ ဘဝ အဆင့်သို့ ရောက်ရှိ နေသူ ဖြစ်သည်၊ သို့သော် ဤမျှ ထိတ်လန့်ဖွယ် ကောင်း နေစရာ အကြောင်း မရှိချေ။
ဤမြင်ကွင်းက လူတိုင်း၏ နှလုံးသားကို တုန်လှုပ် သွားစေသည်။ သတ္တမ-ဘဝ အဆင့်မှ သူများ သည်ပင်၊ မီးဗိုလ်ချုပ်၏ ရောင်ဝါကို ကြောက်ရွံ့ ကုန်သည်။
ငရဲ လမင်း သူတော်စင် ချပ်ဝတ်၏ စွမ်းပကား အောက်၌၊ သူ့ကို မည်သူမျှ တားဆီး နိုင်မည် မဟုတ်ဟု ခံစား လာရ၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် တံခါးဝ၌ သေးငယ်သော ကွက်လပ် တစ်ခု ပေါ်လာပြီး၊ အသွင် အပြင် တစ်ခု ဖြတ်ဝင် သွား ခဲ့သည်။
ယင်းမှာ ယွီဝမ်ရှု ဖြစ်၏။ သူ့ အာရုံသည်၊ ကြေးတံခါး တွင်သာ တစ်ချိန်လုံး ရှိနေခဲ့သည်။ ထို့ကြောင့် လင်းယွန်နှင့် မီးဗိုလ်ချုပ် တို့ထံ၊ အာရုံ ရောက်နေ ကြစဉ်၊ အတား အဆီးကို ဖြတ်ဝင် သွားခြင်း ဖြစ်သည်။
“ မြန် မြန် ... ။ ”
မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူ အများ အပြား ကလည်း၊ ယွီဝမ်ရှု နောက်ပြေး လိုက်ကုန်ကြ လေသည်။
“ အား ... ။ ”
သို့သော် သူတို့ အနား မရောက်ခင် မီးဗိုလ်ချုပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ ရသည်။ သူ့ ကျင့်ကြံမှု အပြည့် အ၀ကို ထုတ်ဖော် ပြသ ပြီးနောက်၊ ၎င်းက အစွမ်းထက် လာ၏။
အလောင်းပင် မကျန်ရစ် သောကြောင့်၊ ပတ်ဝန်းကျင်ရှိ လူတိုင်း ပြန်လည် ငြိမ်သက် ကုန် တော့သည်။
“ ဘယ်သူ လှုပ်ရှား ရဲလဲ ... ။ ”
မီးဗိုလ်ချုပ်က အေးစက်စွာ ဝေ့ကြည့် လိုက်သည်။ ထို့နောက် လင်းယွန်အား သတ်ရန် ကြိုးစား လာတော့သည်။
“ ဝှစ် ... ။ ”
သို့သော် တောင်ဝှေး တစ်ချောင်းက သူ့လမ်းသို့ ဝင်ရောက် နှောက်လှက် လာသည်။
“ လူငယ်လေး ... မင်းက အရမ်း မောက်မာ လွန်းတယ်။ ”
တောင်ဝှေးကို စိုက်ကြည့် ပြီးနောက် ကူကျွင့်ထံ ကြည့်ကာ၊ မီးဗိုလ်ချုပ် တစ်ယောက် တဖြည်းဖြည်း ငြိမ်သက် သွားသည်။
“ အစ်ကိုကြီး ယွီဝမ်ရှုကို လွှတ်ထားလို့ မရဘူး။ ”
ကျောက်တုံး မိန်းကလေးမှ သတိပေး လိုက်သည်။
“ ငါ မင်းကို ... အချိန် နည်းနည်း ထပ်ပေး လိုက်မယ်။ ”
စကားဆုံး သည်နှင့်၊ မီး ဗိုလ်ချုပ်က အောင်းဖန်၊ ရန်ချန်းမင် တို့အား ခေါ်ဆောင်ကာ၊ ကြေးတံခါး ဆီသို့ ပျံသန်း ဝင်ရောက် သွား တော့သည်။
ဤအရာက အခြား လူများကို စိတ် သက်သာရာ ရစေသည်။ ချက်ချင်းပင် အမြန် လိုက်ပါ ပျံသန်း သွားကြ၏။
လိပ်နက် သူတော်စင် ကျမ်း အတွက် အရည်အချင်း မပြည့်မီ လျှင်ပင်၊ အခြားသော ရတနာများ ရှိနေ ပေမည်။
ကျိလင်ဖုန်းနှင့် ရှယွမ်ကွီက ဒဏ်ရာများ အတွက်၊ ဆေးလုံး တစ်လုံးကို သောက်ယူကာ၊ လင်းယွန်အား နှုတ်ဆက်ပြီး၊ အလျင် အမြန် လိုက်ပါ သွားခဲ့သည်။
သူတို့အား မီး ဗိုလ်ချုပ်မှ၊ ဤမျှနှင့် ခြိမ်းခြောက် နိုင်မည် မဟုတ်ချေ။ သဘာဝ အတိုင်း ယှဉ်ပြိုင် ကြရ ပေမည်။
“ ငါတို့ သွားမှာလား။ ”
မိန်ဇီဟော်က လင်းယွန်ကို ကြည့်ကာ မေးသည်။ အန်းလျူယွင်မှ ကူကျွင့်ထံ ကြည့်ပြီး၊
“ အကြီးအကဲ ကူ ... ဘယ်လို ထင်လဲ။ ”
-ဟု မေးမြန်း လိုက်သည်။
မီး ဗိုလ်ချုပ်၏ ခွန်အားသည် သူတို့အား သတိဝင် စေ၏။ ၎င်းသည် ဘဝ-သတ္တမ အဆင့် တွင် ရှိပြီး၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်နှင့် အကူအညီ ပေးမည့်သူ နှစ်ဦး ရှိနေသည်။
ထို့ကြောင့် မြင့်မြတ် မြေ၏ ပါရမီရှင်များ ပေါင်းစည်း ထားလျှင်ပင်၊ သူ့ကို မနှိမ်နင်း နိုင်ခြင်း ဖြစ်၏။
“ မဝင်နဲ့ ... ၊ အထဲမှာ အန္တရာယ်များ လွန်းတယ်၊ လိပ်ခွံ ကိုသာ ငါ့ ပေးပါ၊ လိပ်နက် သူတော်စင် ကျမ်းကို ငါ ရရင်၊ မင်းတို့ ရတာနဲ့ အတူတူ ပါပဲ။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်က မဆိုင်းမတွဘဲ၊ လိပ်ခွံကို ထုတ်ပြီး လွှဲပေး လိုက်သည်။ ဤမျှ လွယ်လွယ် ကူကူ ပေးလာ လိမ့်မည်ဟု မမျှော်လင့် ထား သော ကူကျွင့်မှ အံ့အားသင့် သွား၏။
“ ကောင်လေး ... ၊ မင်း ဘာ လှည့်ကွက်တွေ သုံးနေ တာလဲ။ ”
ထို့ကြောင့် ချီတုံ ချတုံဖြင့် လိပ်ခွံအား မယူ သေးဘဲ၊ ပြန်မေး မိသည်။
“ လိပ်နက် သူတော်စင် ကျမ်းကို၊ ငါ ... မလိုချင်ဘူး၊ ရခဲ့ ရင်သာ တစ်ချက်လောက် ပေး ကြည့်ပါ၊ ဒါပေမယ့် ဒီလိပ်ခွံ ကိုတော့ ပြန်ပေး ရမယ်၊ ဒါကို ငါ့စီနီယာ အစ်ကိုက ပေးထား တာမို့၊ အဓိပ္ပာယ် အများကြီး ရှိတယ်။ ”
လင်းယွန်က ပြန်ပြောသည်။ သူသည် ကိုယ်ပိုင် လမ်းကို လျှောက်လို၏။ ထို့ကြောင့် အခြားသော ကိုယ်ခံ ပညာ များ၏ အားသာ ချက် များကို၊ စုဆောင်း နေခြင်း ဖြစ်သည်။
ဘဝ အဆင့် ၌သာ ရှိသော၊ ဤမီးဗိုလ်ချုပ် သည်ပင် သူ့အား ကြီးမားသည့် ဖိအားများ ပေးစွမ်း နေ၏။
မြင့်မြတ်မြေ အသီးသီး၏ အသန်မာ ဆုံးသော ပါရမီရှင် များသာ ဆိုက၊ မည်မျှ အားကောင်း မည်ကို၊ မတေွးဆ နိုင်ချေ။
ဖီးနစ် ရထားလုံး ပေါ်မှ၊ ဖီးနစ် နှလုံးသား သီချင်းကို တောင်းဆို ခဲ့သော အမျိုး သမီးအား ဥပမာ ကြည့်နိုင်သည်။
ထို့ကြောင့် ကောင်းကင် တာအို ဂိုဏ်းသို့ အမြန် သွားကာ၊ စီနီယာ အစ်ကိုအား ရှာဖွေရန် အလျင် လို လာသည်။
ကူကျွင့်သည် လိပ်နက် မျိုးရိုးမှ ဆင်းသက် လာသူ ဖြစ်၏။ လိပ်နက် သူတော်စင် ကျမ်းကို ရရှိရန်၊ သူ့၌ အခွင့်အလမ်း ပိုများသည်။
အေစာပိုင်းတွင် သူ့အတွက် မီးဗိုလ်ချုပ်အား တားဆီး ပေးသည့် အတွက်၊ နောက်ဆုံး အကြိမ် ယုံကြည် ပေးရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
“ ကောင်ပြီ ... မင်းတို့တွေ လိပ်နက် ပင်လယ်ကွေ့ ကနေ၊ ချက်ချင်း ထွက်သွားပြီး၊ ဝိညာဉ် ကျွန်းကို သွားပါ၊ အဲဒီ ကျွန်းမှာ ဘယ်သူမှ လူ မသတ် ရဲဘူး။ ”
ကူကျွင့် စကားဆုံး ချိန်၌၊ ကောင်းကင်မှ ပုံရိပ် တစ်ရိပ် ဆင်းသက် လာ၏။ အနက်ရောင် ၀တ်စုံနှင့် ဝါးခမောက် ဆောင်းထားသော လူငယ် ဖြစ်သည်။
ထိုလူငယ်က လင်းယွန်ကို မြင်ချိန်၌ အံ့သြသွား လေသည်။ တစ်ဖက်တွင် ဦးခေါင်း မပါသော ခို့ထျန်းဟွာ အလောင်းကို မြင်ပြီး၊
“ မင်း တကယ် အသက်ပြင်း တာပဲ။ ”
-ဟု ဆိုလိုက် တော့သည်။
“ မင်း ... လုပ်ရင်တောင်၊ ငါ့ သေမှာ မဟုတ် ဖူးလို့၊ ပြောခဲ့ သားပဲ။ ”
ဤလူကို လင်းယွန်မှ မေ့လုနီးပါး ဖြစ်ခဲ့သည်။
“ မင်းက ... ငါ့မိတ်ဆွေနဲ့ တော်တော် တူတယ်၊ သတ်ရ တာလည်း ခက်တယ် ... ။ ”
အနက်ဝတ် လူငယ်က ကြောက်စရာ ကောင်းသော အေးစက်မှုကို ထုတ်လွှတ်ကာ၊ ပြောလာ ခဲ့သည်။
“ မင်းလည်း အတူတူ ပါပဲ ... ၊ သတ်ရ ခက်တယ်။ ”
လင်းယွန်က ရယ်မော လိုသော အပြုံးဖြင့် ပြန်ပြောသည်။ ဤလူကို အကြမ်းဖျင်း ခန့်မှန်း ထားနိုင် ခဲ့သည်။ ထိုမှန်းဆ ချက်သာ မှန်က အမှန်ပင်၊ သတ်ရ ခက်ပေ၏။
နောက်ဆုံးတွင် သူ့အား ရှုံးနိမ့် သူတိုင်း၊ သေခြင်း သို့မဟုတ် ဒုက္ခိတများ ဖြစ်ခဲ့ ကြသည်။ သို့သော် ဤလူငယ်မှ မသေ နိုင်သည့် အပြင်၊ အခွင့် အရေး တစ်ခု ရရှိထား ပုံရ၏။
“ အိုး အားလုံး ... ဒီမှာ ရှိေနကြ တာလား။ ”
သို့သော် ထိုအချိန်တွင်၊ စူးရှသော အသံ တစ်သံ ထွက်ပေါ် လာသည်။ အသံ ပိုင်ရှင်မှာ သူတို့နှင့် အတူ တစ်လှေတည်း စီးလာသော အမျိုးသမီး ဖြစ်သည်။
ထိုအမျိုး သမီးကို တွေ့ရှိ လိုက် ချိန်၌၊ ကူကျွင့် တစ်ယောက် မျက်နှာ ဖြူဖျော့ သွား တော့သည်။
အမျိုး သမီးသည် ပန်းချီကား ထဲမှ ထွက်လာသော နတ်သမီးလေး တစ်ပါး ကဲ့သို့ အပြစ် ကင်းစင် နေသည်။
အမျိုးသမီးနှင့် အနက်၀တ် လူငယ်အား ဤသို့ အတူတူ တွေ့ရ ခြင်းသည်၊ တိုက်ဆိုင် လွန်း သဖြင့်၊ လင်းယွန်မှ မျက်ခုံးပင့် မိ၏။
လင်းယွန် ကဲ့သို့ပင် အနက်ဝတ် လူငယ် ကလည်း၊ အမျိုး သမီးကို အံ့ဩစွာ လှည့်ကြည့် လိုက်လေသည်။
ဤအမျိုးသမီးမှာ သူ့နောက် လိုက်နေခဲ့ သည်လော။ ထိုအတွေးက အနက်ဝတ် လူငယ် အား၊ သတိ အနေ အထား ဖြစ်စေ ခဲ့သည်။
“ လိပ်နက် လျှို့ဝှက် သော့ပဲ။ ”
အမျိုးသမီး၏ အကြည့် များက လိပ်ခွံပေါ် ကျရောက် သွားပြီး၊
“ ဒါက ကံကြမ္မာ ပါပဲ ... ၊ ငါတို့ အားလုံး ဘာလို့ အတူတူ မသွား ရတာလဲ၊ သူတောင်းစား အိုကြီး လမ်းပြပါ။ ”
-ဟု ဆိုလျက် ကူကျွင့်အား လက်ဝှေ့ ယမ်းကာ၊ ပြုံးပြ လိုက်တော့သည်။
ကူကျွင့် ခမျာ ထိတ်လန့် သွားပြီး၊ လိပ်ခွံအား လင်းယွန်ထံ ချက်ချင်း ပြန်ပေး လိုက်လေသည်။
“ ဒါက ငါ့ပစ္စည်း မဟုတ်ဘူး၊ ငါလည်း အသက်ကြီး နေပြီ၊ ဒုက္ခတွေ မလိုချင် တော့ဘူး၊ မင်း သွားချင်ရင် လူငယ် တွေနဲ့ သွားတာ ... ပိုသင့်တော် ပါတယ်။ ”
“ လိပ်နက် မျိုးရိုးက လူတိုင်း ... ၊ အရည်အချင်း ရှိပါတယ်၊ ဘာလို့ ကိုယ့်ကိုယ်ကို အသက်ကြီး ပြီလို့၊ ညွှန်းဆို နေရ တာလဲ ... ၊ လာပါ ... ငါတို့က ကံကြမ္မာ ပါ ပါတယ်။ ”
လှပသော အပြုံး အမျိုးသမီးက၊ ဆိုနေ သော်လည်း ကူကျွင့်မှ တုန်ယင် လာ၏။ သူမ အနား မကပ်ရဲ သလို၊ လှုပ်လည်း မလှုပ်ရဲ တော့ချေ။
ဤအရာက မိန်ဇီဟော်နှင့် အန်းလျူယွင် တို့ကို စိတ်ဝင်စား လာစေသည်။ ထိုအမျိုးသမီး အား ကူကျွင့်မှ အဘယ့်ကြောင့်၊ သည်မျှ ကြောက် နေမှန်း၊ နားမလည် တော့ချေ။
မိန်ဇီဟော် အတွက်မူ၊ ဤအမျိုးသမီး အလှမှာ၊ သဘောကျ နှစ်ခြိုက်စရာ ကောင်းနေ သဖြင့် ပြုံးလိုက်ပြီး၊
“ အစ်ကိုလင်း၊ ငါတို့ ဒီက အစ်မ ကြီးနဲ့ ဘာလို့ မလိုက်ရ တာလဲ၊ ကံကြမ္မာက ငါတို့ကို ပေါင်းစုံ ပေးနေပြီ၊ မီးဗိုလ်ချုပ်ကို ကြောက် နေစရာ မလိုတော့ ပါဘူး။ ”
-ဟု အဆိုပြု လိုက်တော့သည်။
“ မင်းတို့ သွားကြ၊ ငါတော့ မလိုက်ဘူး။ ”
ကူကျွင့်မှ အကြောက် အကန် ငြင်းဆန် လိုက်သည်။
“ မင်း တို့နဲ့ ... ၊ အတူတူ မသွား နိုင်ဘူး။ ”
ရုတ်တရက် ဝါးခမောက်နှင့် လူငယ်က တစ်ယောက်တည်း ထွက်ခွာရန် ပြင်လိုက်တော့ သည်။
“ လိပ်နက် သူတော်စင် နန်းတော်က မရိုးရှင်းဘူး၊ နတ်ဆိုး အလောင်းတွေ ရှိကောင်း ရှိနိုင်တယ်၊ လူငယ်လေး ... မင်း ဘာလို့ ပြန် မစဉ်းစား ရတာလဲ။ ”
သို့သော် အမျိုးသမီးက ပြုံးရယ်လျက်၊ ဝါးခမောက်နှင့် လူငယ်၏ ပခုံးပေါ်၊ သူ့လက်ကို တင်လိုက် လေသည်။
ပခုံးပေါ် လက်ကျလာ မှသာ၊ သတိ ထားမိလိုက် သဖြင့်၊ လူငယ် ခမျာ အံ့သြ သွား မိသည်။ ရှောင်ချိန်ပင် မရ ခဲ့ချေ။
အရမ်း နောက်ကျ နေသည်။ လင်းယွန် သည်ပင် ထိုမြင်ကွင်းကြောင့်၊ မျက်ခုံး ပင့်လျက် နှလုံးခုန် လာလေသည်။
မိန်ဇီဟော်နှင့် အန်းလျူယွင် တို့မှာ မျက်နှာများ ပြောင်းလဲ သွားပြီး၊ ကြောက်ရွံ့ ကုန် တော့၏။
ဤအမျိုးသမီးသည် မကောင်း ဆိုးရွား တစ်ကောင် ဖြစ်နိုင်၏။ ထို့ကြောင့် လင်းယွန်ထံ လှည့်ကြည့် လိုက်ကြသည်။
“ ဟား ဟား ဟား ... ၊ ဒီမှာ အရမ်း အသက်ဝင် နေကြ ပါလား ... ၊ ငါ့ကို လည်း ထည့်တွက် ပေးပါ။ ”
လင်းယွန်မှ စကား ပြောရန် ပြင်စဉ်၊ ရယ်မောသံ ထွက်လာပြီး၊ သူတော်စင် မူလကို လုယူ သွားသည့်၊ အဖြူဝတ် အမျိုးသား ရောက်ရှိ လာ၏။
ထိုလူ ပေါ်လာ သဖြင့်၊ အမျိုးသမီးက သူ့လက်ကို ပြန်ရုတ်ပြီး၊ ပြုံးလျက် လှမ်းကြည့် လိုက် တော့သည်။
***