ခရမ်း-ရွှေရောင် နဂါး သရဖူ။
Vol. 132 Ch. 1836
၀တ်ရုံဖြူ အမျိုးသားကို အမျိုး သမီးက ခေတ္တမျှ အကဲ ခတ်ပြီး၊
“ ငါ မင်းကို ဘယ်လို ခေါ် ရမလဲ။ ”
-ဟု မေးမြန်း လိုက်သည်။
“ တန်ရှင်း ... မင်းရော... ။ ”
ဝတ်ရုံဖြူ အမျိုးသားက ပြန်မေးသည်။
“ တန်ရွှမ် ... မင်း ငါ့ကို ... ၊ အမျိုးသမီး တန်လို့ ခေါ်နိုင် ပါတယ်။ ”
အမျိုးသမီးမှ ပြုံးပြီး ဖြေ၏။
“ အမျိုးသမီး တျန် ... မင်းက အရမ်း လှနေတော့ ၊ မင်းရဲ့ ခင်ပွန်း နာမည်ကို သိလို့ ရမလား။ ”
“ ငါ ခင်ပွန်းက ကွယ်လွန် သွားပြီ၊ သူ့ကို မေးမနေနဲ့ ... ။ ”
မုဆိုးမလား။ လင်းယွန်မှ အံသြ သွား၏။ ဤအမျိုးသမီးနှင့် အဖြူဝတ် အမျိုးသားအား သူ မမြင် နိုင်ချေ။
နှစ်ယောက် စလုံး ကျင့်ကြံမှုကို ချိပ်ပိတ် ထားပြီး၊ အစစ် အမှန် ခွန်အားမှာ ကူကျွင့်ထက် ပို အားကောင်း နိုင်၏။
ကူကျွင့်သည် နိဗ္ဗာန် အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ ထို့ကြောင့် အနိမ့်ဆုံး အမည်ခံ သူတော်စင် သို့မဟုတ် သူတော်စင်များ ဖြစ်နိုင် ပေမည်။
သို့သော် ဤနေရာသည် လိပ်နက် ပင်လယ်ကွေ့ ဖြစ်သဖြင့်၊ သိပ် စိုးရိမ် နေစရာ မရှိနိုင်။ ၎င်းတို့ နှစ်ဦး သည်သာ သူတို့၏ ခွန်အားကို ကောင်းကောင်း ထိန်းထား သင့်ပေမည်။
နတ်ဘုရား စွမ်းအင် များသည် ကန့်သတ်ချက်ထက် ကျော်လွန်က အဖြူ- အမည်း ခွဲခြား နေမည် မဟုတ်ချေ။
ထို့ကြောင့် သူတော်စင် များမှ ဤနေရာသို့ လာရန် ဆန္ဒ မရှိရသည့် အကြောင်းရင်း လည်း ဖြစ်သည်။
အဆိုပါ အတွေး များက၊ လင်းယွန် ခံစားချက်အား ပြောင်းလဲ လာစေ ခဲ့သည်။
“ မင်းတို့ နှစ်ယောက် ... ၊ မိုးကြိုး လိပ်နက် သူတော်စင်ကျမ်း အတွက် လာတာ မဟုတ်လား ဒီလျှို့ဝှက် သော့က ငါ့ပစ္စည်းပဲ၊ မင်းတို့ကို ပေးလိုက်လို့ ရတယ်၊ ငါ ကတော့ ဝင်မှာ မဟုတ်ဘူး။ ”
“ ငါတို့က နှစ်ယောက်လေ ... သော့က တစ်ခုပဲ ရှိတယ်၊ ဒါဆို မင်း ဘယ်သူကို ပေးမလဲ၊ ငါတို့ကို အချင်းချင်း တိုက်ခိုက် စေချင် လို့လား။ ”
အဖြူဝတ် လူက ပြုံးကာ ပြန်မေးသည်။
“ ဒါဆိုလည်း သွား ရ အောင် ။ ”
လင်းယွန်မှ ဒေါသ တကြီးဖြင့်၊ ပြန်ပြော လိုက်သည်။ လင်းယွန်၊ အန်းလျူယွင်၊ ကူကျွင့် နှင့် မိန်ဇီဟော်က ကြေးတံခါး ဆီသို့၊ ပျံသန်း လိုက်ကြသည်။
ဝါးခမောက် ဆောင်းထားသည့် လူငယ်က သူနှင့် လင်းယွန် တို့ကြား၊ အကွာ အဝေး တစ်ခု ခြားကာ၊ လိုက်ပါ လာခဲ့သည်။
အဖြူဝတ် လူနှင့် အမျိုးသမီးက အတူတူ လျှောက်လှမ်း လျက်မှ၊ သူတို့ နောက်သို့ လိုက် ပါ လာသည်။
ကြေးတံခါးကို ဖြတ်ကာ ဝင်ရောက် လိုက် သည်နှင့်၊ ရွှေခေတ်သို့ ပြန်ရောက် သွား သကဲ့သို့ ခံစား လာရ၏။
သူတို့ ရှေ့၌ ပင့်ကူမျှင်များ အလား ပိတ်ထားသော ကျောက်တံခါး ကြီးများ ရှိနေ လေသည်။
“ ငါတို့ ဘယ်လမ်းကို သွားမှာလဲ။ ”
လင်းယွန်က ကူကျွင့်အား လှည့်မေး၏။ ၎င်းသည် လိပ်နက် မိသားစုဝင် တစ်ဦး ဖြစ်ရာ၊ ဤနေရာနှင့် သေချာပေါက် ရင်းနှီး ပေမည်။
လင်းယွန် မေးခွန်းကြောင့် လူတိုင်းက ကူကျွင့်ထံ ကြည့်လိုက် ကြသည်။ အထူး သဖြင့် အမျိုးသမီးမှ လှပစွာ ပြုံးလျက် ငံ့လင့် နေ၏။
တစ်ဖက်တွင် သူ့ အသွင်မှာ၊ အဖိုးကြီး တစ်ဦးကိုပင် မယှဉ်နိုင် လောက်အောင် ကျဆင်း နေပြီ လားဟု၊ မိန်ဇီဟော်မှ သံသယဝင် လာမိသည်။
လိပ်နက် သင်္ဘော တွင်လည်း၊ ဤအမျိုး သမီးမှ အဖိုးအို အပေါ်၊ မတူ ကွဲပြားစွာ ကြည့်ရှု ခဲ့သည်။ မနာလိုဖွယ် ဖြစ်၏။
“ အဟမ်း ... ၊ တကယ်တော့ ငါတို့က စီနီယာ ကူကို အနှောက် အယှက် ပေးစရာ မလို ပါဘူး၊ ငါ့မှာ အမြင် တစ်ခု ရှိပါတယ်။ ”
မိန်ဇီဟော်က ချောင်းဟန့်ပြီး၊ ကျိုးနွံစွာ ပြောလိုက်သည်။ မိုက်မဲသော လုပ်ရပ်ကို စတင် တော့မည်မှန်း သိလိုက် သဖြင့်၊ လင်းယွန်မှ စိတ်ပျက် သွားသည်။
“ ဟား ဟား ဟား ... ၊ အဲဒါက အကြံ ကောင်း တစ်ခုပဲ၊ မင်းပဲ ... လမ်းကို ဦးဆောင် သွားပါ။ ”
ကူကျွင့်မှ သက်ပြင်း မှုတ်ထုတ်ကာ၊ ခေါင်းညိတ် လိုက်တော့သည်။
“ ဒီလမ်းက ဝင်္ကဘာပဲ ... ၊ မိုမိသားစုရဲ့ ကြယ်တာရာ ဖန်တီးခြင်းလို့ ခေါ်တယ် ... ၊ ဒါနဲ့ ပတ်သတ်ပြီး ငါလေ့လာ ထားပါတယ်။ ”
“ အိုး ... မိတ်ဆွေ လေးက၊ ကြယ်တာရာ ဖန်တီးခြင်း ပညာရပ်ကို ကျွမ်းကျင် တာလား၊ တကယ့်ကို အံ့သြ မိပါတယ်။ ”
မိန်ဇီဟော် ပြောသည်ကို ကြား ပြီးနောက် အမျိုးသမီး၏ မျက်လုံးများ တောက်ပလာ ခဲ့ လေသည်။
“ ဟဲဟဲ ... ၊ နည်းနည်း သိရုံပါ၊ အခု ငါတို့ ရှေ့မှာ လမ်းကြောင်း ရှစ်ခု ရှိတယ်၊ တစ်ခု စီက ပင်မ ခန်းမကို ရောက်အောင် သွားတဲ့ လမ်းပဲ၊ ဒါပေမယ့် ...
... မှန်ကန်တဲ့ လမ်းကို ရွေးနိုင်ရင် ဒုက္ခတွေ အများကြီး သက်သာ ပါလိမ့်မယ်၊ ဟိုမှာ ကြည့် ဆောင်ပုဒ် ရှစ်ပုဒ် ရှိတယ်၊ သူတို့က တံခါး (၈) ချပ်ကို ကိုယ်စားပြု ထားတာပဲ၊ ငါတို့ ဘဝ တံခါးကို ရွေးရအောင်။ ”
နံရံရှိ စာပိုဒ် တစ်ပိုဒ်ကို မိန်ဇီဟော်မှ ညွှန်ပြ လာ၏။ သို့သော် ကူကျွင့်က ချက်ချင်း ငြင်းဆန် တော့သည်။
“ ဒါက မှန်ကန်တဲ့ လမ်းကြောင်းလို့ မထင်ဘူး။ ”
“ ဘာလို့လဲ စီနီယာ ကူ ... ၊ ဒါဆို မင်း တစ်ခုလောက် ရေွးကြည့် ပါလား။ ”
မိန်ဇီဟော်မှ လှည့်ကြာ ပြောလာသော စကားကြောင့်၊ ကူကျွင့် ခမျာ ချက်ချင်း အကျပ် ရိုက်သွား ခဲ့သည်။
“ ဒါဆို သွားကြ ရအောင်၊ သခင်လေး မိန် ... လမ်းကို ဦးဆောင်ပါ။ ”
အမျိုး သမီးက ပြုံးကာ ပြောသည်။ ထို့နောက် လူတိုင်းက မိန်ဇီဟော် ဦးဆောင် သည့်၊ လမ်းကြောင်းသို့ ဦးတည် သွားလိုက် ကြသည်။
လမ်းတလျှောက် အခက်အခဲ တချို့ ကြုံတွေ့လာ ရသော်လည်း၊ လွယ်ကူစွာ ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့သည်။
လမ်း တစ်ဖက် တစ်ချပ် ဆီ၌ လျှို့ဝှက်ခန်း အများအပြား ရှိသည်။ သို့သော် တစ်ချက် မျှသာ ကြည့်ပြီး၊ ခရီး ဆက်လာ မိကြ၏။
ယခု အချိန်၌ လင်းယွန်တွင် အခြား အတွေးများ မရှိချေ။ အမျိုးသမီနှင့် အဖြူဝတ် ယောက်ျား ကိုသာ အာရုံစိုက် မိသည်။
မည်သည့် အခက် အခဲမျှ၊ ထပ်မံ မကြုံရ တော့ဘဲ၊ လမ်း တစ်လျှောက် အေးချမ်းစွာ ခရီး ဆက်လာ နိုင်ခဲ့သည်။
များမကြာခင် ပေပေါင်း တစ်သောင်းကျော် ကျယ်ဝန်းသော၊ ကျောက်စိမ်းရောင် ရင်ပြင်ကြီး တစ်ခုထံ၊ ရောက်ရှိ လာသည်။
ရင်ပြင်၌ လျှပ်စီးများ လက်နေ၏။ အဆုံးတွင် ဟောင်းနွမ်း နေသော ခန်းမ တစ်ခု ရှိနေသည်။
ခရီးစဉ်သည် သူတို့ မျှော်လင့် ထားသည် ထက်၊ ပို၍ ချောမွေ့ နေ၏။ ကူကျွင့်မှာ ၎င်းအား မျှော်လင့် ထားပြီး ဖြစ်ပုံ ရသည်။
အမျိုးသမီးက ခြေလှမ်း များကို ရပ်လျက်၊ အဖြူဝတ် အမျိုးသားနှင့် စကား စမြည် ပြောနေ ခဲ့သည်။
၎င်းတို့ နှစ်ဦးသည် လိပ်နက် မျိုးနွယ်စု အကြောင်း၊ အတိတ်ကို ကောင်းစွာ သိရှိ ထားပုံ ရ၏။
သူတို့ စကားတွင် လိပ်နက် မိသားစု၏ အတိတ်နှင့် ပစ္စုပ္ပန် အကြောင်း၊ ဗဟုသုတ ရ ဖွယ်များ ပါဝင်သည်။
လင်းယွန်က သူမအား အကဲခတ် နေ သည်ကို၊ သတိ ထားမိသော အမျိုးသမီးက လှည့်ကာ ပြုံးပြ လာ၏။
သူမ အပြုံးသည် အကြောင်း တစ်ခု ခုကြောင့်၊ ရင်းနှီး နေပုံရ သော်လည်း၊ မည်သူ ဖြစ်မည်ကို မမှတ်မိ နိုင်ချေ။
သူမ အလှသည် ယွဲ့ဝေဝေ ကဲ့သို့ မှော်ဆန်ပြီး၊ အသွင် အပြင်မှာ ကွဲပြား နေ၏။ ထိုမှ လွဲ၍ မည်သူ နှင့်မျှ မတူချေ။
အကြည့် လွှဲလိုက်ကာ၊ ခန်းမကြီး ဆီသို့ လျှောက်လှမ်း လာမိသည်။ မိုင် နှစ်ထောင်ခန့် ကျယ်ဝန်းပြီး၊ ကျောက်စာ တိုင်များ ထိုးထိုး ထောင်ထောင် ရှိနေ၏။
မျက်နှာကြတ် အမိုးတွင် ကြယ်တာရာ ပါရှိသော နဂါး ငေွ့တန်းကြီး တစ်ခု၊ လှည့်ပတ် နေခဲ့သည်။
၎င်းမှ လိပ်နက် နက္ခတ် ကိုပင်၊ ဝေဝါးဝါး မြင်နိုင်၏။ ကျောက်စာတိုင် ကြီးများ ပေါ်တွင် များပြား လှသော ရတနာများ ရှိသည်။
ထို့ကြောင့် တိုင်ထိပ်တွင် လျှပ်စီးများ လင်းလက် နေပြီး၊ ရှေးဟောင်း လက်နက်များ၊ ကိုယ်ခံ ပညာ၊ ဆေးလုံးနှင့် အမျိုး မျိုးသော ပညာရပ်များ ရှိနေ၏။
ဤသည်မှာ ရတနာ သိုက်တစ်ခု ဖြစ်လေသည်။ လိပ်နက် မိုးကြိုး ဧကရာဇ်မှ၊ ကိုယ်တိုင် ကာကွယ် ခဲ့သော အရပ် ဖြစ်၏။
သူ့ မိသားစုဝင် များမှာ မည်သည့် အရာ ကိုမျှ သိမ်းယူရန်၊ အချိန် အလုံ အလောက် မရှိ ခဲ့ချေ။ ထို့ကြောင့် အသက်ပေးကာ၊ ကာကွယ် ခဲ့ခြင်း ဖြစ်သည်။
“ သခင်လေး လင်း ... ဒါက ရတနာ သိုက်ပဲ။ ”
အန်းလျူယွင်မှ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လေသည်။
“ အိုး ... ၊ မယုံနိုင် စရာပဲ။ ”
မိန်ဇီဟော်က မျက်လုံးပြူး သွားသည်။ ထိုအချိန်တွင် လူရိပ်များ ခန်းမ အတွင်း ဝင်လာ တော့၏။
၎င်းတို့ အားလုံးသည်၊ နတ်မိစ္ဆာ အဆင့် သတ်မှတ်ချက်တွင် ရှိသော ကျင့်ကြံသူ များနှင့်၊ မြင့်မြတ် မြေ၏ ထူးချွန် သူများ ဖြစ်သည်။
“ သခင်လေး ဟိုမှာ ... ။ ”
အန်းလျူယွင်မှ ဦးတည်ရာ တစ်ရပ်ထံ ညွှန်ပြသည်။ နံရံပေါ်တွင် ကြီးမားသော မိုးကြိုး လိပ်နက် ပန်းချီ ကားချပ်ကြီး တစ်ချပ် ရှိ၏။
၎င်းနှင့် မနီး မဝေး၌၊ ပလ္လင် ပေါ်တွင် ထိုင်နေသော အမျိုးသမီး သလင်းကျောက် ရုပ်ထုကြီး ရှိသည်။ သူမ ဦးခေါင်း ထက်တွင် လှပသော သရဖူ တစ်ခု ရှိနေ၏။
အန်းလျူယွင်မှ ၎င်းကို ညွှန်ပြခြင်း ဖြစ်သည်။ သရဖူသည် ဘုရင် တပါး အတွက် ဖန်တီး ထားသော လက်ရာ ဖြစ်၏။
ခရမ်း-ရွှေရောင် နဂါး တစ်ကောင်က တစ်ချက်-တစ်ချက်၊ ၎င်းအား လှည့်ပတ် နေ သည်ဟု၊ မြင်လာ ရစေသည်။
ထိုနဂါးသည် သရဖူကို အလှဆင်ရန် ရေးထွင်းထားသော ရူရ်မှ လာခြင်း ဖြစ်သည်။ ခမ်းနားပြီး၊ မြင့်မြတ် ချေ၏။
“ ခရမ်-ရွှေရောင် နဂါး သရဖူ။ ”
၎င်းသည် နဂါး မျိုးရိုး၏ အမြင့်မြတ်ဆုံး ရတနာ ဖြစ်၏။ လိပ်နက် ဧကရာဇ်သည် နဂါး မျိုးရိုးမှ၊ အမျိုးသမီး တစ်ဦးနှင့် လက်ထပ် ထားပုံ ရသည်။
ထို့ကြောင့် သရဖူ၏ တန်ဖိုးသည် တိုင်းတာ၍ မရချေ။ အမျိုး သမီး ရုပ်တုအား အတန်ကြာ ကြည့်မိ ပါက ဒူးထောက်ရန်၊ တွန်းအားပေး ခံရ ပေမည်။
အသက်ရှင်စဉ် အချိန်က၊ အမျိုး သမီး၏ ခွန်အားမှာ ဧကရာဇ် နယ်ပယ် ဖြစ်နိုင်သည်။ လင်းယွန် မှာမူ၊ သရဖူအား မြင်လိုက် ချိန်၌ ဆုစီယာအား သတိရ သွားသည်။
ပလ္လင် ရှေ့တစ်ဖက် တစ်ချက် စီ၌၊ အစောင့်အကြပ် ရုပ်တု နှစ်ခု ရှိပြီး၊ ၎င်းတို့သည် ခရမ်း-ရွှေရောင် ပုစိန် အသွား ပါသော လှံကို ကိုင်ဆောင် ထားသည့်၊ နဂါး လူသားများ ဖြစ်သည်။
“ ခရမ်း-ရွှေရောင် နဂါး သရဖူ။ ”
လူတိုင်း၏ အကြည့်များက သရဖူ ပေါ်သို့ ကျဆင်း သွားသည်။ အဆုံးတွင် ထိုသရဖူသည် အုပ်စိုးရှင် သူတော်စင် လက်ရာ တစ်ပါး ဖြစ် နိုင်၏။
“ တကယ်ပဲ ခရမ်း-ရွှေရောင် နဂါး သရဖူ ပါလား၊ ဒါဟာ နဂါး မျိုးရိုးရဲ့ ... အမြင့် မြတ်ဆုံး ရတနာပဲ ... ။ ”
“ အရမ်း လှတယ် ... ။ ”
လင်းယွန်မှ ခရမ်း-ရွှေရောင် နဂါး သရဖူကို လိုချင်စိတ် ပြင်းပြ လာသည်။ ထို့ကြောင် ဦးစွာ လှုပ်ရှား လိုက်၏။
“ ငါ့ကို မမေ့နဲ့ ... ။ ”
ဝါးခမောက် ဆောင်းထားသည့် အမျိုးသားက လင်းယွန်ကို လှမ်းကြည့်ကာ၊ လိုက်ပါ လှုပ်ရှား တော့သည်။
“ မြန်မြန် သူတို့ကို တား ... ၊ ဒီခရမ်း ရွှေရောင် နဂါး သရဖူက ... ၊ အုပ်စိုးရှင် လက်ရာ ဖြစ်ဖို့ များတယ်။ ”
ခန်းမ ထဲရှိ လူတိုင်း ရူးသွပ် ကုန်ပြီး၊ ခရမ်း ရွှေရောင် နဂါး သရဖူထံ၊ ပျံသန်း လာ ကြသည်။ ဝတ်ရုံဖြူ လူရွယ်နှင့် အမျိုးသမီးက စိတ်မဝင် စားချေ။
သူတို့ အကြည့် များက၊ ကြယ်တာရာများ ရှိရာ မျက်နှာကြက် ဆီသို့ ဖြစ်သည်။ လိပ်နက် နက္ခတ် အသွင်၊ အလှဆင် ထားသော ရောင်စုံ ကောင်းကင်သည် အရည်နှင့် တူ၏။
ထိုကြယ်ရောင်စုံ ကောင်းကင်မှ သူတို့၏ စိတ်ဝိညာဉ်ကို စုပ်ယူ နိုင်သော ခံစားချက်များ ရရှိ စေသည်။
ခဏ အကြာတွင် ဝတ်ရုံဖြူ လူရွယ်က ပြုံးပြီး၊
“ အမျိုးသမီး တန် ... ၊ ဒီခရမ်း ရွှေရောင် နဂါး သရဖူကို၊ မင်း ... စိတ် မဝင်စား ဖူးလား၊ အဲဒါက ငါတို့ ပြောနေတဲ့ ... အုပ်စိုးရှင် သူတော်စင် လက်ရာ စင်စစ်ပါ။ ”
-ဟု မေးလိုက်သည်။
“ ဒါက နတ်နဂါး အင်ပါယာ ကပဲ ... ၊ ပိုင်ဆိုင် သင့်တဲ့ ရတနာပါ၊ လူတိုင်းနဲ့ မသင့် တော်ဘူး၊ တော်ဝင် အသွေး အသား မရှိရင် အလကား ပါပဲ။ ”
အမျိုးသမီး တန်မှ ပြုံးကာ ပြန်ဖြေ လာသည်။
“ အမျိုးသမီး တန် ... မင်းက နတ်နဂါး အင်ပါယာနဲ့ ... တော်တော် ရင်းနှီးပုံ ရတယ်၊ နောက်ဆုံးတော့ တော်ဝင် မျိုးနွယ်စု တည်ရှိ ကြောင်းကို၊ လူတိုင်း မသိ နိုင်ဘူး။ ”
“ အတွေး မများနဲ့ ... ၊ ငါ့က သာမန် လူတစ်ယောက် ပါပဲ။ ”
အမျိုးသမီး တန်မှ ရယ်မော လိုသော အပြုံးဖြင့် ပြန်ပြော လာသည်။ ထိုအကြောင်းကို အဖြူဝတ် လူရွယ်မှ မှတ်ချက် မပေး တော့ဘဲ၊
“ အမျိုးသမီး တန် ... ၊ ခရမ်း -ရွှေရောင် နဂါး သရဖူကို ... ၊ ဘယ်သူ ရမယ် ထင်လဲ။ ”
-ဟု မေးမြန်း လိုက်သည်။
“ ဘယ်သူ သိနိုင် မလဲ ... ၊ နိဗ္ဗာန် ပွဲတော် ချန်ပီယံ မဟုတ်ရင်၊ ဝါးခမောက်နဲ့ လူငယ်လေး လေး ဖြစ်နိုင်တယ်၊ အင်း ... သခင်လေး မိန် မှာလည်း၊ အခွင့် အရေး ရှိပါတယ်။ ”
***