← Chapters

ငါ့နား မလာနဲ့ ... ။

Vol. 132 Ch. 1837

ငါ့နား မလာနဲ့ ... ။

Vol. 132 Ch. 1837

လူတိုင်း သလင်းကျောက် ရုပ်ထု ဆီသို့ အားယူ နေကြပြီး၊ ၎င်းတို့၏ အကြည့် များက ခရမ်း-ရွှေရောင် နဂါး သရဖူထံ၊ ကျရောက် နေသည်။

၎င်းသည် ရတနာ မဟုတ် သော်မှ၊ လှပ လွန်းသော အသွင် အပြင်ကြောင့်၊ ပိုင်ဆိုင်ချင် စိတ်များ ဖြစ်လာ ကြသည်။

ဤနဂါး သရဖူ တန်ဖိုးသည်၊ မိုးပြာ နဂါး နေ-လ ထီးထက် လုံးဝ နိမ့်ကျမည် မဟုတ်ဟု၊ လင်းယွန် ခံစား ရ၏။

ပို၍ပင် တန်ဖိုး ရှိနိုင်မည်။ ဝါးခမောက်နှင့် လူငယ်က သူ နီးနီး မြန်၏။ ထိုအချိန်တွင် လူရိပ် နှစ်ရိပ်က သူ့နောက် လိုက်လာသည်။

၎င်းတို့သည် မင်ဂိုဏ်းနှင့် ကောင်းကင် မီးလျှံဂိုဏ်းမှ အကြီး အကဲများ ဖြစ်၏။ ကူကျွင့် နည်းတူ ၎င်းတို့၏ ကျင့်ကြံမှုအား၊ ဘဝ-သတ္တမ အဆင့်် သို့တိုင်၊ ဖိနှိပ် ထားသည်။

“ အဖိုးကြီး ... မင်း ဘာလုပ် နေတာလဲ။ ”

လင်းယွန်က ကူကျွင့်အား လှမ်းအော် လိုက်၏။

“ လူယုတ်မာ လေး ... ။ ”

ကူကျွင့်မှ ကျိန်ဆဲ တော့၏။ ထို့နောက် အရိပ်သဖွယ် ပြောင်းလဲလျက်၊ အထွတ် အထိပ် ဘဝ အဆင့် ကျွမ်းကျင်သူ နှစ်ဦး၏ တိုက်ခိုက်မှု များကို၊ ဟန့်တားပေး တော့သည်။

“ ဝုန်း ... ။ ”

အင်အား ကြီးမားသော နဂါး မြစ်မှ လှိုင်းလုံးကြီး ထွက်ပေါ် လာသော အခါ၊ ဘဝ အထွတ် အထိပ် အဆင့်၊ ကျွမ်းကျင်သူ နှစ်ဦး ခမျာ၊ ပြန်လည် လွင့်စဉ် သွားသည်။

“ မင်း ... ဘယ်သူလဲ။ ”

အဖိုးကြီး နှစ်ဦးက အံ့အားသင့် တုန်လှုပ် သွားသည်။ အဆုံးတွင် သူတို့ နှစ်ဦးမှာ၊ သာမန် ကျင့်ကြံ သူများ မဟုတ်ချေ။

နိဗ္ဗာန် အထွတ် အထိပ် ကျင့်ကြံမှုကို ချိပ်ပိတ်ထား သူများ ဖြစ်သည်။ ထို့ကြောင့် တူညီသော နယ်ပယ်၌၊ ပြိုင်ဘက် များထက် အားနည်း နေစရာ အကြောင်း မရှိချေ။

“ မင်း အဖေ ... ။ ”

ကူကျွင့်မှာ တစ်ချိန်လုံး သည်းခံ နေခဲ့ ရသည်။ အမျိုးသမီးတန် ထို့နောက်၊ လင်းယွန် ဖြစ်သည်။

“ ဘုန်း ... ။ ”

“ အား ... ။ ”

အဖိုးအို နှစ်ဦး ထံမှ ကျယ်လောင်သော အော်သံ ထွက်လာ စေသည့်၊ စိတ် ပိုင်းဆိုင်ရာ ထိုးနှက်မှု တစ်ခုကို၊ ပြုလုပ် လိုက်သည်။

“ မဟာ သူတော်စင် အသံ။ ”

အဖိုးကြီး နှစ်ဦးမှာ၊ စိတ်ပျက် လက်ပျက် ရေရွတ် လိုက်တော့သည်။

တစ်ဖက်တွင် ဝါးခမောက် ဆောင်းထားသော လူငယ်ကို၊ ရှယွမ်ကွွီနှင့် ကျိလင်ဖုန်းမှ ဟန့်တား နေခဲ့သည်။

နှစ်ဦး စလုံးသည် လင်းယွန်အား ဆန့်ကျင်ရန် ဆန္ဒ မရှိ သောကြောင့်၊ ဤလူငယ် နောက်သို့သာ လိုက်နိုင် ခဲ့သည်။

သို့တိုင် ဝါးခမောက်နှင့် လူငယ်သည် နည်းနည်း လေးမှ အားနည်းချက် မရှိ ခဲ့ချေ။ ထို့ကြောင့် ကျိလင်ဖုန်း တို့၏ လက်နက် များက ကျောက်တိုင်နှင့် ထိမှန်ကာ၊ မီးပွားများ ပွင့်ထွက် ကုန်သည်။

လူငယ်၏ လက်ဖဝါးသည်၊ ရွှေရောင် အဆင်းများ တောက်ပ နေပြီး၊ လက်သည်းများ ရုတ်တရက် ရှည်ထွက် လာ၏။

တစ်ချိန်တည်း မှာပင် လူအများ အပြား မှလည်း၊ တိုင်များ ပေါ်ရှိ ရတနာများ အတွက် တိုက်ပွဲ ဝင်လာခဲ့ ကြသည်။

တစ်စုံ တစ်ခုကို ရယူနိုင် သရွေ့ ချက်ချင်း ထွက်သွား နိုင်မည်။ ထို့ကြောင့် ခွန်အားကို ဖုံး ကွယ် မနေ တော့ဘဲ၊ တိုက်ပွဲ ဝင်ကြသည်။

လင်းယွန် မှာမူ ထိုအချင်း အရာ များကို ဂရုမစိုက်ဘဲ၊ ပလ္လင် ထံသို့သာ ဦးတည် နေခဲ့ သည်။

“ ဒီအတွက် တောင်းပန် ပါတယ်။ ”

သူ့လမ်းတွင် လာရောက် ဟန့်တား သူ များကို ရိုက်နှက် တောင်းပန် လိုက်ပြီး၊ သရဖူ ဆီသို့သာ လက်လှမ်း မိ၏။

“ ဟား ဟား ဟား ... ၊ ငါတို့ အချိန် မီသေးတာပဲ၊ လင်းရှောင် ပြန်တွေ့ ကြပြီနော်။ ”

လင်းယွန်က နဂါး သရဖူကို လှမ်းကိုင် လိုက်စဉ်၊ ရယ်မော သံကြောင့် လည်ပြန် ကြည့် မိသည်။

“ ဟိတ် ... ။ ”

“ သေ လိုက် စမ်း ... ။ ”

အောင်းဖန်နှင့် ရန်ချန်းမင်မှာ သူ့အား တစ်ဖက် တစ်ချက်မှ၊ ဝင်ရောက် တိုက်ခိုက် လာ ခြင်း ဖြစ်၏။

နှစ်ဦး စလုံးသည် ဘဝ-စတုတ္ထ အဆင့်၌ ရှိကြပြီး၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်အား အသက်သွင်း ထားခဲ့ ကြသည်။

ချပ်ဝတ်၏ စွမ်းပကား အောက်တွင်၊ ဘဝ အထွတ် အထိပ် အဆင့် ခွန်အားကို ထုတ်လွှတ် လာနိုင်၏။

“ ချွင် ... ချလွင် ချွင်။ ”

ဤအရာက လင်းယွန်၏ မျက်နှာကို ပြောင်းလဲ သွားစေသည်။ ပေါ့ပေါ့ တန်တန် မဆက်ဆံ ဝံ့ တော့ဘဲ၊ သံကြိုး ကိုးချောင်းကို ထုတ်လွှတ် လိုက်မိသည်။

ခရမ်းရောင် လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာပြီး၊ ၎င်းတို့ နှစ်ဦးအား ပြန်လည် တွန်းထုတ် နိုင်ခဲ့သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

အောင်းဖန်နှင့် ရန်ချန်းမင်မှာ၊ မြေပြင်ပေါ် ဆင်းသက် လိုက်ရပြီး၊ မျက်နှာ ဖြူဖျော့လျက်၊ နောက်သို့ ထပ်မံ ဆုတ်ခွာ သွားသည်။

နှစ်ယောက်သား အံ့သြ လာမိ၏။ ကောင်းကင် အမိုးဓားပင် မထုတ်ဘဲ သံကြိုးဖြင့်၊ သူတို့အား တွန်းထုတ် နေချေပြီ။

တစ်ဖက် လူသည် ထိုရတနာကို မသန့်စင် ရသေးသည့် အတွက်၊ သူတို့ ကံကောင်း သွားခဲ့ သည်။

မဟုတ်သော် ငရဲ လမင်း သူတော်စင် ချပ်ဝတ် ရှိလျှင်ပင်၊ အသက် ရှင်ရန် မသေချာ နိုင်ချေ။

“ နိဗ္ဗာန်ပွဲ ချန်ပီယံ ... မင်းမှာ ရတနာတွေ အများကြီး ရှိတာပဲ၊ ဒါကြောင့် ခရမ်း ရွှေရောင် နဂါး သရဖူကို၊ ငါ ယူလိုက် တော့မယ်။ ”

မီးဗိုလ်ချုပ်မှ ပလ္လင်ဆီသို့ လွတ်လွတ် ကျွတ်ကျွတ် ရောက်ရှိ သွားသည်။ ထို့ကြောင့် လင်းယွန်မှ လှုပ်ရှားရန် ပြင်စဉ်၊ ဗိုလ်ချုပ် နှစ်ပါးမှ တားဆီး လာတော့၏။

ထိုအချိန်တွင် မိစ္ဆာ ကျင့်ကြံသူ အများ အပြား ပြေးထွက်လာ ကြသည်။ သူတို့က ခရမ်း ရွှေရောင် နဂါး သရဖူ၏ သွေးဆောင် မှုကို ဆက်ကြည့် မနေ နိုင်တော့ချေ။

“ မင်းတို့ ... သေချင် နေကြ တာပဲ။ ”

မီး ဗိုလ်ချုပ်က ဒေါသ ထွက်လာပြီး၊ ငရဲလမင်း သူတော်စင် ချပ်ဝတ်ကို အသက်သွင်း ခဲ့သည်။

သူတော်စင် ရူရ်များ ပွင့်လာ၏။ ချပ်ဝတ်သည် သူ့လက်၌ အခြားသော ဗိုလ်ချုပ် နှစ်ပါးထက် ပိုမို သန်မာ နေသည်။

“ ဘုန်း ... ။ ”

မျက်စိ တစ်မှိတ် အတွင်း၊ ထိုမိစ္ဆာ ကျင့်ကြံသူများ လွင့်ပျံ သွားကာ အားနည်းသော ကျင့်ကြံသူ အချို့မှာ၊ ပွဲချင်းပြီး သေဆုံး သွား ကုန်တော့၏။

“ ဘယ်သူ ... ငါ့ကို တားရဲလဲ။ ”

မီးဗိုလ်ချုပ်က အော်ဟစ်ပြီး၊ ခြိမ်းခြောက် လိုသော အကြည့်ဖြင့်၊ လှည့်ပတ် ကြည့်လိုက် လေသည်။

ပြီးနောက် ခြေလှမ်း တစ်လှမ်း လှမ်းတက်ကာ၊ ခရမ်း-ရွှေရောင် နဂါး သရဖူ အနား ရောက်ရှိ သွားသည်။

သို့သော် နဂါး သရဖူအား ကိုင်လိုက်သော အခါတွင်၊ နဂါး ဟောက်သံများ တဟုန်ထိုး မြည် ဟည်း လာ၏။

ယင်းကြောင့် ခန်းမ တစ်ခုလုံး တုန်လှုပ် လာကာ၊ သရဖူ ပေါ်ရှိ နဂါး မျက်လုံးများ ပွင့် လာသည်။

“ ဝေါ့ ... ။ ”

တစ်ချိန် တည်း မှာပင်၊ နဂါး အငွေ့ အသက်များ ပေါက်ကွဲ လာသဖြင့်၊ သွေးအန်ပြီး မီးဗိုလ်ချုပ် ခမျာ ဆုတ်ခွာ ပေးလိုက် ရသည်။

“ အစ်ကိုကြီး ... ။ ”

အောင်းဖန် နှင့် ရန်ချန်းမင် တို့က မီးဗိုလ်ချုပ်အား ကူညီရန် ချက်ချင်း ပြေးထွက် လာကြသည်။

နဂါး သရဖူတွင်၊ ဤမျှ ကြောက်မက်ဖွယ် စွမ်းအားများ ပိုင်ဆိုင် နေလိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားချေ။

လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ မီးဗိုလ်ချုပ်၏ ညာလက်မှ သွေးများ စီးကျလျက်၊ အရိုး များပင် ပေါ်နေ၏။

ထိုအချိန်တွင် နဂါး သရဖူသည် အနှစ် တစ်သိန်း ကြာ အိပ်ပျော် နေခဲ့သော နဂါးကြီး နိုးထ လာ သကဲ့သို့၊ အသက်ဝင် လာသည်။

ထို့နောက် သရဖူသည် ခရမ်း-ရွှေရောင် နတ်နဂါး အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ ခန်းမ အတွင်း လှည့်ပတ် တော့သည်။

“ ဝှစ် ... ။ ”

လူတိုင်းမှ ဖမ်းယူရန် ကြိုးစား လာကြ သော်လည်း၊ မအောင်မြင်ချေ။ ရုပ်ခန္ဓာ ကွဲထွက် ခြင်း ဖြင့်သာ အဆုံးသတ် သွားကည်။

“ အရမ်း ကြောက်စရာ ကောင်းတယ် ။ ”

ခရမ်း ရွှေရောင် နတ်နဂါးနှင့် ထိတွေ့ရန် အားလုံး ကြောက်ရွံ့ သွားကုန်သည်။ ထို့နောက် မီး ဗိုလ်ချုပ်ထံ လှည့်ကြည့်ကာ၊ သူ မည်မျှ သန်မာမည်ကို တွက်ဆ နေမိ၏။

သူ့နေရာ၌ အခြားသော ဘဝ အဆင့် ကျွမ်းကျင် သူများသာ ဆိုက ထိရုံဖြင့်၊ ပေါက်ကွဲ သွားနိုင်မည်။

“ မ လာ နဲ့ ... ။ ”

ခရမ်း-ရွှေရောင် နဂါးကြီးက၊ လေထဲ ပျံသန်းလာ သည်ကို မြင်သော အခါ၊ ကူကျွင့်မှ ထိတ်လန့် သွားပြီး၊ လင်းယွန် အနား ပြေးကပ် လေသည်။

လင်းယွန်မှ နဂါးထံ လက်လှမ်း လိုက် သော်လည်း၊ မအောင်မြင် ခဲ့ချေ။ နဂါးက သူ့ကို လျစ်လျူရှုကာ ပိုင်ရှင်ကို ရှာဖွေနေ သကဲ့သို့ ပြန်လှည့် သွားသည်။

“ တကယ်ကို အန္တရာယ် များတယ်။ ”

ကူကျွင့်မှ တုန်လှုပ် သွား၏။ ခရမ်း- ရွှေရောင် နဂါးသည် ဝါးခမောက်နှင့် လူငယ် ဆီသို့၊ ပျံသန်း နေပြီ ဖြစ်သည်။

“ ဟိတ် ... ။ ”

လူငယ်က ချက်ချင်း နဂါးကို လှမ်းဆွဲ လိုက်၏။ သူ့ခန္ဓာ ကိုယ်မှ ရွှေနဂါး ရောင်ဝါ လွင့် ထွက်လာပြီး၊ လက်သည် ရွှေနဂါး လက်သည်း အဖြစ် ပြောင်းလဲ သွားသည်။

နဂါးက ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး များကို ထုတ်လွှတ်လျက်၊ သူ့ လက်မှ ရုန်းကန် တော့သည်။

သို့သော် ဝါးခမောက်နှင့် လူငယ်မှ လွှတ် မပေးချေ။ လျှပ်စီးကို ခုခံရန် အစွမ်း ထက်သော သူ့ခန္ဓာကို အားကိုး လိုက်သည်။

“ ဘယ်လိုတောင် ... ၊ ကြံ့ခိုင် လိုက်တဲ့ ကိုယ်လုံး ကိုယ်ပေါက်လဲ။ ”

“ ဒါက နဂါး မိသားစုရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ် မဟုတ်လား။ ”

“ ရွှေနဂါး မျိုးရိုးလား၊ ဒီကောင်ရဲ့ ဇာစ်မြစ်က ဘာလဲ။ ”

သူတို့ ကြားထဲတွင်၊ သည်မျှ ကြီးကျယ် ခမ်းနားသော ပါရမီရှင် တစ်ပါး ရှိလိမ့် မည်ဟု၊ မမျှော်လင့် ထားသော ကြောင့်၊ အာမေဋိတ် သံများ ထွက်ပေါ် လာရခြင်း ဖြစ်သည်။

***

All Chapters