ဘုရင် တစ်ပါး အလား။
Vol. 132 Ch. 1838
လူတိုင်း တအံ့ တသြ ဖြစ်နေစဉ်၊ ဝါးခမောက်နှင့် လူငယ်က ခရမ်း-ရွှေရောင် နတ် နဂါးကို ပြန်လွှတ် လိုက်ရသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
တစ်ဖက်တွင် လူငယ်မှ ဒူးတစ်ဖက် ထောက်ကျ သွားပြီး၊ ပါးစပ်မှ သွေးများ စီးကျ ကာ၊ ချက်ချင်း ခြေလှမ်း များစွာ နောက်ပြန် ဆုတ်သွား တော့၏။
အဖြူဝတ် လူရွယ်နှင့် အမျိုး သမီးသည် ခရမ်း-ရွှေရောင် နဂါး သရဖူကို၊ စိတ် မဝင်စား ဟု ပြောထား သဖြင့်၊ မလှုပ်ရှား ကြဘဲ တစ်ဦး ကို တစ်ဦး ပြန်ကြည့်ကာ၊ ပြုံးလိုက်သည်။
သူတို့သာ တိုက်ပွဲ ဝင်ရမည် ဆိုသော်၊ ကျင့်ကြံမှု ပွင့်ထွက် လာနိုင်ပြီး၊ အန္တရာယ် ရှိ ပေသည်။
“ ဝှစ် ... ။ ”
ပတ်ဝန်းကျင် လေထုမှာ၊ ရုတ်တရက် ငြိမ်သက် သွားသည်။ လူတိုင်း မလှုပ်ရှား ဝံ့ကြ ချေ။ သို့သော် လင်းယွန်မှ စတင် လှုပ်ရှား လာသည်။
ဓားရောင်ဝါကို ဖွင့်လျက်၊ ခရမ်း-ရွှေရောင် နဂါး ရှေ့သို့ ဆင်းသက် လိုက်သည်။ လူတိုင်းက ဟန့်တားရန် ဆန္ဒ မရှိဘဲ၊ ကြည့်နေ ခဲ့သည်။
နဂါး ရူရ်များ ဆင့်ခေါ်ကာ၊ ခရမ်း-ရွှေ နတ်နဂါး၏ လည်ပင်းကို ဆုပ်ကိုင် လိုက်၏။ နဂါးရူရ်များ အက်ကွဲ ကုန်သည်။
“ ငါ မင်းကို အနိုင် မယူ နိုင်ဖူး ဆိုတာ မယုံဘူး။ ”
လင်းယွန် မျက်နှာ ဖြူဖျော့ လာပြီး၊ လက်ဖဝါးမှ လာသော ဝေဒနာကြောင့်၊ နဖူး တွင် ချွေးပေါက်များ သီးလာ တော့သည်။
သည့်နောက် ဓား ရည်ရွယ်ချက်ကို နဂါးကြီးထဲ လောင်းထည့် လိုက်သည်။ စူးရှ သော ဓားအလင်းမှ လက်ဖဝါး၌ တောက်ပ လာ၏။
“ ဖျစ် ... ။ ”
ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးကြောင်း များနှင့်၊ နတ်နဂါး ရောင်ဝါ များက ပတ်ဝန်းကျင်ကို လှိုင်းဂယက်များ အသွင်၊ ပျံ့ကား ကုန်သည်။
လင်းယွန် လက်ဖဝါးမှ သွေးများ စီးကျ လာသည်။ ခရမ်း-ရွှေရောင် နဂါး သရဖူ၏ ခုခံ နိုင်စွမ်းမှာ မာကျော လှ၏။
ဓား ရည်ရွယ်ချက် ပို၍ ပြင်းထန် လာကာ၊ နဂါးရူရ် တစ်သိန်းက၊ ခရမ်း-ရွှေရောင် နတ်နဂါး ထံသို့၊ ဝင်ရောက် သွားသည်။
“ ခရစ် ... ။ ”
သို့တိုင် နဂါး ရူရ်များ ကွဲအက်ကုန် သဖြင့်၊ နဂါးပြာ အရိုးမှ အစားထိုးခြင်း လုပ်ငန်း စဉ်ကို၊ ပြုလုပ် ပေးလာ ရသည်။
“ စိတ်ဝင်စားဖို့ ကောင်းတယ် ... ၊ ဒီလို အဆုံး မရှိတဲ့ နဂါးရူရ် တွေကို၊ သူ ဘယ်လို လုပ် ထုတ်ယူ နိုင်ရ တာလဲ။ ”
အမျိုးသမီးမှာ အံ့သြမှု အပြည့်ဖြင့် လင်းယွန်၏ လုပ်ငန်းစဉ်အား စောင့်ကြည့် နေ ခဲ့သည်။
“ သူ့မှာ နတ်နဂါး အရိုး ရှိကောင်း ရှိနိုင်တာပဲ။ ”
အဖြူဝတ် လူရွယ်မှ ဝင်ပြောသည်။ သို့သော် အမျိုးသမီးက ခေါင်းယမ်းလျက်၊
“ ငါ သူ့ကို ကိုယ်တိုင် ကိုယ်ကျ စစ်ဆေး ပြီးပြီ၊ သူ့မှာ နတ်နဂါး အရိုး မရှိဘူး ... ၊ ရှိခဲ့ရင် သူ သေနေတာ ကြာပြီ။ ”
သူမ စကားကြောင့်၊ အေးစက်သော လေထုကို ရှူရှိုက် လိုက်ရသည်။ အမျိုးသမီးက အဖြူဝတ် လူရွယ်အား လှည့်ကြည့်ကာ၊ ပြုံးပြ လာ၏။
မယုံကြည် နိုင်သော အကြည့် များစွာ အောက်တွင်၊ ခရမ်း-ရွှေရောင် သရဖူမှ ထွက်နေ သော၊ လျှပ်စီး ကြောင်းနှင့် နဂါး ရောင်ဝါမှာ၊ ချက်ချင်း ကျဆင်း သွားသည်။
“ ဒါက ဘယ်လိုမှ မဖြစ် နိုင်ဘူး။ ”
ဤအရာက မီးဗိုလ်ချုပ်ပင်၊ မလုပ်ဆောင် နိုင်သော အရာ ဖြစ်၏။ ထို့ကြောင့် အာမေဋိတ် သံများ ထွက်ပေါ် လာသည်။
“ ဝှစ် ... ။ ”
ကြည့်နေဆဲ မှာပင်၊ ခရမ်း-ရွှေရောင် နဂါးသည် သရဖူ အဖြစ်သို့ ပြန်ပြောင်းလျက်၊ လင်းယွန် လက်ထဲ ကျသွားသည်။
မယုံနိုင်ဖွယ် သေသပ် လှပသော သရဖူ ဖြစ်ပြီး၊ သရဖူ၏ ထိပ်တွင် ဒေါင်လိုက် ခရမ်း-ရွှေ သတ္တု အပိုင်း အစ (၄)ခု ပါရှိ၏။
၎င်း၌ ခရမ်း-ရွှေ နတ်နဂါးကို ထွင်းထု ထားသည်။ နဖူး၌ တစ်ကောင်၊ နား နှစ်ဖက်နှင့် ဦးခေါင်း အနောက် ဘက်တွင် တစ်ကောင်စီ ဖြစ်၏။
နဂါး များ၏ မျက်ဝန်း တွင်မူ၊ စူးရှ တောက်ပသော ကျောက်မျက် ရတနာ နှစ်ပါးကို ထည့်သွင်း ထားသည်။
“ အရမ်း လေးတယ်။ ”
လင်းယွန်က ကောင်းကင်မှ ဆင်းကာ၊ ခရမ်း-ရွှေရောင် နဂါး သရဖူကို၊ ခက်ခက် ခဲခဲ ဆုပ်ကိုင် ထားသည်။
ရုပ်ပိုင်း ဆိုင်ရာ လေးလံမှုမျိုး မဟုတ်ဘဲ၊ ကံကြမ္မာ တစ်ခုလုံး ကိုင်ဆောင် ထားရ သကဲ့သို့ လေးလံ နေခြင်း ဖြစ်၏။
ဆိုလို သည်မှာ၊ စိတ်ဝိညာဉ် လေးလံ လာခြင်း ဖြစ်သည်။ သရဖူကို ပိုင်ဆိုင် ထားက နတ်နဂါး မိသားစု၏ ကံကြမ္မာကို သယ်ဆောင် ထား သည်ဟု ခံစား ရ၏။
“ သူ တကယ် ... ရသွားပြီ။ ”
ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့ဩ သွား ကြသည်။ မြင့်မြတ်မြေ တပည့် များမှာ၊ စိတ်ပျက် သွားကုန်၏။
ကျိလင်ဖုန်းနှင့် ရှယွမ်ကွီမှ သက်ပြင်း ချလျက်၊ အံ့သြခြင်း မရှိ ခဲ့ချေ။ လင်းရှောင်သည် ကျွမ်းကျင်သူ ဖြစ်မှန်း သူတို့ သိသည်။
ထို့စဉ် ခန်းမ အတွင်း၊ လူသတ် လိုသော ရည်ရွယ်ချက်များ လွှမ်းခြုံ လာခဲ့ တော့သည်။
“ မင်းနဲ့ မထိုက်တန်ဘူး။ ”
ဤသည်မှာ မီးဗိုလ်ချုပ် ဖြစ်၏။ ဒေါသတကြီး လှုပ်ရှား လာလေသည်။ သူနှင့် အတူ၊ လူ အချို့ လိုက်ပါ လာ၏။
၎င်းတို့ အားလုံးသည် အထွတ် အထိပ် ဘဝအဆင့် ကျွမ်းကျင် သူများ ဖြစ်ကြသည်။ လင်းယွန် တစ်ယောက် အဆင် မပြေသည့် အနေအထားသို့ ကျရောက် လာ၏။
ခရမ်း-ရွှေရောင် နဂါး သရဖူသည် အလွန် လေးလံ သောကြောင့်၊ ဓားဆွဲရန် ခွန်အားပင် မရှိ တော့ချေ။
အဆုံးတွင် အံကြိတ်ပြီး၊ ခရမ်း-ရွှေရောင် နဂါး သရဖူကို ခေါင်းထက်သို့၊ ဆောင်းလိုက် ရသည်။
“ မလုပ်နဲ့ ... ။ ”
အဖြူဝတ် လူရွယ်က ဣန္ဒြေ မထိန်းနိုင် တော့ဘဲ၊ အော်ဟစ် သတိပေး လာတော့သည်။
“ စောင့်ကြည့် ပါဦး ... ။ ”
သို့သော် အမျိုးသမီးက သူ့အား မသွား စေရန် လက်ဆန့်တန်းကာ၊ ပြုံးလျက် ဟန့်တား လာလေသည်။
“ မင်း ... ငါ့ကို တားရဲလား။ ”
အဖြူဝတ် လူရွယ်၏ မျက်ဝန်း၌ ကြောက်မက်ဖွယ် ထက်ရှသော ဓားတစ်လက် လည်ပတ် လာသည်။
သို့သော် အမျိုးသမီးက မကြောက်ဘဲ၊ ပန်းများ ပွင့်နေသော မျက်ဝန်းဖြင့် ပြန်ကြည့် လေသည်။
နှစ်ဦးသား အကြည့်ချင်း ပြိုင်နေ၏။ ထိုအချိန်တွင် လင်းယွန်မှာ သရဖူကို ၀တ်ဆင် လိုက် သဖြင့်၊ လေးလံသော ဖိအားများ ခံစားလာ ရသည်။
သူသည် ဤလောက၏ သခင် ဖြစ်၏။ သူတော်စင် သခင်ပင် ဦးညွှတ် ရပေမည်။ နဖူး နေရာရှိ ထောင်ထားသော သတ္တု အပိုင်းအစ ထံမှ၊ ကြက်သွေးရောင် ရူရ် လင်းလာ၏။
“ ခရမ်း-ရွှေရောင် နဂါး သရဖူ ... ဟား ဟား ဟား ... ။ ”
လင်းယွန်မှ လက်သီးကို တင်းတင်း ဆုပ်လျက်၊ ပြုံးရယ် လိုက်သည်။ ယင်းကြောင့် မီးဗိုလ်ချုပ်နှင့် ပြေးလွှားလာ သူများမှာ၊ အံ့သြ ရပ်တန့် ကုန်၏။
“ မင်းတို့ကို သင်ခန်းစာ ပေးဖို့ ... အချိန် တန်ပြီ။ ”
မီးဗိုလ်ချုပ်နှင့် ပျံသန်း လာသူ များကို လှမ်းကြည့်ကာ၊ အေးစက်သော အငွေ့ အသက် များ၊ ထုတ်လွှတ် လိုက်သည်။
စုစုပေါင်း ဘဝ အထွတ် အထိပ် ကျွမ်းကျင်သူ ကိုးဦး ဖြစ်သော်လည်း၊ လင်းယွန် မှ မကြောက်ခေျ။
“ ဟိတ် ... ။ ”
ကောင်းကင်ပေါ် ခုန်တက်လျက်၊ လက်သီးဖြင့် ထိုးချ လိုက်သည်။ နဂါး လက် ကြီးက၊ ထိုကိုးယောက်ထံ ပြေးဝင် သွား၏။
ဗိုလ်ချုပ် သုံးပါး အပြင်၊ လူတိုင်း မြေပြင် ပေါ်သို့ ပြုတ်ကျ သွားသည်။ ချက်ချင်း လူးလဲ ပြန်ထ လာ၏။
ခန်းမ ထဲရှိ လူတိုင်းမှာ၊ ထိတ်လန့် သွားလေသည်။ ယင်းသည် ခရမ်း-ရွှေရောင် နဂါး သရဖူ၏ စွမ်းအား ပင်လော။
လင်းယွန်မှ ၎င်းကို မသန့်စင် ရသေး သော်လည်း၊ နဂါး သွေးလွှတ်ကြောဖြင့် လောက နိယာမ နယ်ပယ်မှ လူ အနည်းငယ်ကို အလွယ် တကူ အနိုင်ယူ ပြခဲ့ ချေပြီ။
“ သူ ... ဘယ်လို လုပ်လိုက် တာလဲ။ ”
အမျိုးသမီးပင် အံ့သြ သွား၏။ အဖြူ၀တ် လူရွယ်မှာ ပြန်လည် ငြိမ်သက် သွားပြီး၊ အပြုံး ဖြင့် ကြည့်လာ နိုင်တော့သည်။
ဤလင်းရှောင်သည် သူ့အား နှလုံးဖောက် လုမတတ် အံ့အားသင့် စရာများ ပေးစွမ်း နေ၏။ ၎င်းလုပ်ရပ်သည် ငရဲ တံခါးကို ဖြတ်သန်းသွား ခဲ့ခြင်း ဖြစ်မှန်း၊ သိလိုက် ဦးမည် မဟုတ်ချေ။
***