ကြယ်ရောင် ကောင်းကင် လျှို့ဝှက် နယ်မြေ။
Vol. 132 Ch. 1839
လင်းယွန် ပြသသော ခွန်အားကြောင့်၊ ခန်းဆောင် အတွင်းရှိ လူတိုင်း၊ ထိတ်လန့် သွား ကြသည်။
လက်ဖဝါး တစ်ချက်ဖြင့် အထွတ် အထိပ် ဘဝ အဆင့် ကျွမ်းကျင်သူ ကိုးဦးကို အဝေးသို့ ပျံသန်း စေခဲ့ခြင်း ဖြစ်၏။
ချပ်ဝတ်ကို အသက် သွင်း ထားသော ဗိုလ်ချုပ် သုံးပါး မှတပါး၊ ကျန် ခြောက်ဦးလုံး ဒဏ်ရာများ ရရှိ ကုန်သည်။ ဆက်၍ တိုက်ပွဲ ဝင်နိုင်ခြင်း မရှိ တော့ချေ။
လူများစွာက လင်းယွန် ခေါင်းပေါ်ရှိ ခရမ်း ရွှေရောင် နဂါး သရဖူကို ကြည့်ပြီး၊ တုန်လှုပ်လာ ကုန်သည်။
“ သေစမ်း ... ။ ”
မီးဗိုလ်ချုပ် မျက်နှာ ဖြူဖျော့ သွားပြီး နောက်တစ်ကြိမ် ထပ်မံ အားယူ လိုက်သည်။
ငရဲ လမင်း သူတော်စင် ချပ်ဝတ်မှ ကြက်သွေးရောင် အဆင်းများ ထွက်လာကာ၊ အစွမ်း ထက်သော ရောင်ဝါများ ပေါက်ကွဲ လာတော့သည်။
“ ကောင်းပြီ၊ လာ ... ။ ”
လင်းယွန်မှ မျက်ခုံး ပင့်လျက်၊ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။ ခရမ်း- ရွှေရောင် နဂါး သရဖူသည် တောက်ပစွာ ထွန်းလင်း လာ၏။
ထို့နောက် လက်မောင်း၌ ခရမ်း-ရွှေရောင် နဂါးကြီး ရစ်သိုင်း လာကာ၊ မီး ဗိုလ်ချုပ်အား လက်သီးနှင့် ထိုးချ လိုက်တော့သည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲ သံနှင့် အတူ၊ အားပြင်းသော လှိုင်များ ပျံ့ကားလာ သဖြင့်၊ မီး ဗိုလ်ချုပ် ခမျာ ခြေလှမ်း နှစ်လှမ်း ဆုတ်ခွာ သွားရသည်။
“ ဟား ဟား ဟား ... ။ ”
လင်းယွန်မှ ရယ်၏။ ယခင် မီးဗိုလ်ချုပ်နှင့် တိုက်ခိုက်ရာ၌ ဆိုးရွားသော အနေ အထားတွင် ရှိနေ ခဲ့ဖူးသည်။
သူတော်စင် ချပ်ဝတ်မှ၊ ဖိနှိပ် ချုပ်ချယ်မှု စွမ်းအားသည် သဘာဝ အားဖြင့် သူ့အား မပျော် မရွှင် ဖြစ်စေသည်။
တစ်စုံ တစ်ခုနှင့် ချည်နှောင် ထား သကဲ့သို့ ခံစား ခဲ့ရ၏။ ထို့ကြောင့် ခွန်အားကို အပြည့်အဝ ထုတ်လွှတ် နိုင်သော အခါ၊ ပျော်ရွှင် လာသည်။
ဆန့်ကျင်ဘက် အနေဖြင့်၊ ခရမ်း ရွှေရောင် နဂါး သရဖူကို၊ မီးဗိုလ်ချုပ်မှ ကြောက်ရွံ့ လာခဲ့ လေသည်။
အစောပိုင်း တိုက်ခိုက်မှုတွင်၊ သူ၏ ကျင့်ကြံမှု၊ သိုင်း ရည်ရွယ်ချက်နှင့် ငရဲ လမင်း သူတော်စင် ချပ်ဝတ်ကို၊ တပြိုင် နက်တည်း အသုံးပြု ခဲ့သည်။
သူ ဟူသည် လိပ်နက် ပင်လယ်ကွေ့၌ မယုံကြည် နိုင်သော တည်ရှိမှု အဖြစ်၊ ယူဆ နိုင် ပေသည်။ ထို့ကြောင့် မည်သူမျှ သူ့လမ်း၌ မရပ်ဝံ့ ကြခြင်း ဖြစ်၏။
“ လင်းရှောင်... ခရမ်း ရွှေရောင် နဂါး သရဖူကို လွှဲပေးပါ ... ၊ မင်းကို ဒီအခန်း ထဲက ကြိုက်တဲ့ ရတနာ ငါးပါး ရွေးခွင့် ပြုမယ်။ ”
“ အိပ်မက် မက် မနေနဲ့ ... ။ ”
“ ကောင်းပြီ ... ၊ ဒါဆို ... မင်းရဲ့ ခေါင်းကို ဖြတ်ပြီး ယူလိုက်မယ်။ ”
မီးဗိုလ်ချုပ်၏ မျက်ဝန်းများ အတွင်း၌ လူသတ် လိုသော အငွေ့ အသက်များ၊ ထင်ဟပ် လာသည်။
အကယ် ၍သာ ဤအရပ်သည်၊ လိပ်နက် ပင်လယ်ကွေ့တွင် မဟုတ်က၊ မီး ဗိုလ်ချုပ်၏ ကျင့်ကြံမှုမှာ သည့်ထက် ပိုပေမည်။
“ မင်းရဲ့ ကျင့်ကြံမှုက၊ ဘဝ အဆင့်မှာ ... မဟုတ်ဖူး ဆိုတာ၊ ငါ ... သိထား တာ ကြာပါပြီ၊ စိတ် မကောင်း ပါဘူး၊ ဒီနေရာက လိပ်နက် ပင်လယ်ကွေ့ ဖြစ်နေတယ်။ ”
စကားဆုံး သည်နှင့်၊ လင်းယွန် မျက်လုံးများ၊ စူးရှစွာ တောက်ပ သွားပြီး၊ ပြေးဝင် လိုက်တော့ သည်။
ချက်ချင်းပင် လှုပ်ရှားမှု သုံးကြိမ် တိတိ ဖလှယ် ကြကာ၊ နှစ်ယောက် စလုံး နောက်ပြန် ဆုတ်လိုက် မိ၏။
မီးဗိုလ်ချုပ်က နှုတ်ခမ်း၌ သွေးများ စီးကျ နေပြီး၊ လင်းယွန် ခေါင်းပေါ်ရှိ ခရမ်း-ရွှေရောင် နဂါး သရဖူထံ၊ စိုက် ကြည့်သည်။
“ ဟမ့် ... ။ ”
လင်းယွန်မှ အနား မပေးချေ။ ခန္ဓာကိုယ် တစ်ဝိုက်တွင်၊ လျှပ်စီးများ လက်လာပြီး၊ ခရမ်း ရွှေရောင် နဂါး သရဖူ ဆီမှ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ တစ်ခု ထွက်လာကာ၊ လှစ်ခနဲ ပြေးတက် လာသည်။
“ ဝုန်း ... ။ ”
“ ဝေါ့ ... ။ ”
ခန်းမ အတွင်း ပေါက်ကွဲ သံများ နောက်တစ်ကြိမ် ပဲ့တင်ထပ် လာ၏။ မီးဗိုလ်ချုပ် ခမျာ သွေးတစ်လုတ် အန်လျက် လွင့်စဉ် သွားပြန်သည်။
“ ဘုန်း ... ။ ”
တစ်ချက် လှုပ်ရုံဖြင့်၊ မီးဗိုလ်ချုပ် ခမျာ ရှုံးနိမ့် သွားပြီး ဖြစ်သည်။ အောင်းဖန်နှင့် ရန်ချန်းမင်မှာ ကူညီရန် ပြင်လိုက်၏။
သို့သော် လင်းယွန်မှ ရုတ်တရက် လှည့်လာပြီး၊ လက်သီးဖြင့် ထိုးလာ တော့သည်။ ခရမ်း ရွှေရောင် နတ်နဂါး ပျံထွက် လာပြီး၊ အောင်းဖန်နှင့် ရန်ချန်းမင်၏ အငွေ့ အသက်များ ပြိုကျ သွား၏။
“ ဒူးထောက် ... ။ ”
လင်းယွန်မှ အေးစက်စွာ အော်ငေါက် လိုက်ပြီး၊ လက်သီး တစ်ချက် တည်းဖြင့်၊ ၎င်းတို့ နှစ်ဦးအား ဒူးထောက် စေလိုက်သည်။
“ ခရမ်း-ရွှေရောင် နဂါး သရဖူ ... ။ ”
လူတိုင်းက လင်းယွန်ထက် သရဖူကို ကြောက်ရွံ့စွာ ကြည့်လိုက် ကြသည်။ သရဖူမှာ အစွမ်း ထက်လွန်း ချေ၏။
“ ဘယ်သူ တိုက်ချင် သေးလဲ။ ”
လင်းယွန်မှ လူအုပ်ထံ အေးစက်စွာ လှည့်ပတ် ကြည့်ပြီး မေးခွန်း ထုတ်လိုက်သည်။ ပြီးနောက် ဒူးထောက် နေသော အောင်းဖန်တို့ နှစ်ယောက်၏ ဦးခေါင်းထံ ထိုးချ လိုက်သည်။
“ ခွပ် ... ။ ”
ချပ်ဝတ်က ဦးခေါင်း ထိတိုင် တိုး၍ ကာကွယ် ပေးလာ သဖြင့်၊ နာကျင်စွာ အော်ဟစ် သံနှင့် အတူ၊ လွင့်စဉ် သွားကြ တော့သည်။
ယင်းက စိတ်မသက် မသာ စရာ ပေပင်။ တိရစ္ဆာန် များကို ရိုက်နှက် နေခြင်းနှင့် တူနေ၏။ သူတော်စင် ချပ်ဝတ်ပင်၊ အက်ကွဲ ကုန်သည်။
“ ဝှစ် ... ။ ”
“ ဖပ် ဖပ် ... ။ ”
မီးဗိုလ်ချုပ် မျက်နှာ မည်းမှောင် နေပြီး၊ ၎င်းတို့ နှစ်ဦးကို ဖမ်းယူရန်၊ ကောင်းကင် ပေါ် ပျံတက် လိုက်ရသည်။
ထို့နောက် မြေပြင်ပေါ် ပြန်ဆင်းကာ၊
“ လင်းရှောင် ... မင်းက ဘယ်လိုတောင် သတ္တိရှိ လိုက်လဲ ... ၊ လိပ်နက် ပင်လယ် ကွေ့က ထွက်တဲ့ အခါ၊ ငါ့သွေးလ ဂိုဏ်းက မင်းကို သတ်မှာ မကြောက် ဖူးလား။ ”
-ဟု အံကြိတ်ကာ ခြိမ်းခြောက် လိုက်၏။
“ သွေးလ ဂိုဏ်းလား၊ အဲဒီ ဂိုဏ်းကို ငါကြောက်ရင် ... မင်းနဲ့ အခုလို ပြိုင်ဖို့ ... သတ္တိ ရှိမှာတောင် မဟုတ်ဘူး။ ”
လင်းယွန်၏ စကားကြောင့်၊ မီးဗိုလ်ချုပ် တစ်ယောက် တုံ့ဆိုင်း သွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ် လာ၏။
“ မင်းက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်၊ ယွီဝမ်ရှု ... မင်း ဘယ်လောက် ကြာကြာ၊ ဆက်ပြီး ပုန်းနေ ဦးမှာလဲ။ ”
“ ဟား ဟား ဟား ... ။ ”
ကျောက်တိုင် တစ်တိုင် ပေါ်မှ ရယ်သံ ထွက်လာ၏။ အရိုးပလွေ ကိုင်လျက်၊ ယွီဝမ်ရှု အသွင် ပေါ်လာသည်။ သူက ပြုံးပြီး၊
“ လင်းရှောင် ... ၊ ခရမ်း ရွှေရောင် နဂါး သရဖူကို၊ မင်း မကာကွယ် နိုင်ပါဘူး၊ ဒါပေမယ့် မင်းက မာနကြီး လွန်းတယ်၊ ငါတို့ အားလုံးကို သတ်နိုင် တယ်လို့၊ ထင်နေ တာလား။ ”
- စကား ခဏရပ်ပြီး၊ ကျောက်တိုင် ပေါ်မှ ခုန်ဆင်းကာ၊
“ မင်းမှာ ဒီလို စွမ်းရည်မျိုး မရှိလို့ စိတ်မကောင်း ပါဘူး။ ”
-ဟု ဆိုလိုက် တော့သည်။
ခရမ်း ရွှေရောင် နဂါး သရဖူကို ထိန်းသိမ်းထား လိုပါက၊ ဤနေရာရှိ လူတိုင်းကို သတ်ပစ် ရမည်ဟု၊ ပြောနေခြင်း ဖြစ်သည်။
“ ယွီဝမ်ရှု ... မင်းက အရင်လို ခိုးကြောင် ခိုးဝှက် ပါပဲလား၊ ငါ လူတိုင်းကို သတ်စရာ မလို ပါဘူး၊ နဂါး သရဖူကို လိုချင်တဲ့ ... ဘယ်သူ မဆို ငါ့ဆီ လာနိုင် ပါတယ်။ ”
လင်းယွန်မှ ပြုံးကာ ပြန်ပြော သည်။ မီးဗိုလ်ချုပ် သည်ပင် ရှုံးနိမ့် ထားရာ၊ မည်သူမျှ ထိုသို့ မလာဝံ့ ကြချေ။
“ ဟား ဟား ဟား ... ငါ သိချင် ပါတယ်၊ ခရမ်း-ရွှေရောင် နဂါး သရဖူကို၊ ဘယ်လောက် ကြာကြာ မင်း ဆောင်းထား နိုင်မှာလဲ၊ မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက် နဲ့တောင် ကြာရှည် ခံနိုင်မှာ မဟုတ်ဘူး။ ”
“ ဒါဆို မင်းဘာလို့ ... လာ မစမ်းကြည့် ရတာလဲ။ ”
“ ဒီလောက်လည်း အလျင် လိုစရာ ... အကြောင်း မရှိပါဘူး။ ”
ယွီဝမ်ရှုက အရိုး ပုလွေအား လက်ထဲ လှည့်ပတ် ကစား နေပြီး၊
“ ငါ ဒီနေရာကို အကြမ်းဖျင်း စစ်ဆေး ပြီးသွားပြီ၊ ရတနာတွေ အများကြီး ရှိနေတယ်၊ ဒါပေမယ့် ... ဘုန်း သူတော်စင် လက်ရာ ကတော့၊ ထင် သလောက် ရှိ မနေဘူး၊ ...
... ပြီးတော့ လိပ်နက် သူတော်စင် ကျမ်း ရောပဲ၊ ဒါကြောင့် လိပ်နက် ရတနာ သိုက်က ငါတို့ အထက်မှာ၊ ကြယ်တွေ ပွင့်နေတဲ့ ကောင်းကင်ကြီး ဖြစ်နိုင်တယ်။ ”
-ဟု ထုတ်ပြော လာခဲ့သည်။
သူ့စကားကို ကြားသော အခါ၊ လူတိုင်း မျက်နှာများ ပြောင်းလဲ သွားပြီး၊ မျက်နှာကြက် အား မော့ကြည့် လိုက်သည်။
“ ဒီကြယ်စုံ ကောင်းကင် ကြီးထဲ ... ဝင်ဖို့ ဆိုရင်၊ ခရမ်း- ရွှေရောင် နဂါး သရဖူက ... သော့ ဖြစ်နိုင် ပါတယ်၊ မင်း လိုချင်ရင် ယူပါ၊ ဒါပေမယ့် ကြယ်စုံ ကောင်းကင် ကြီးကို ဖွင့်ပေး ရမယ်။ ”
ယွီဝမ်ရှုမှ လင်းယွန်အား လူတိုင်း၏ ပစ်မှတ် ဖြစ်လာစေရန် ရည်ရွယ် နေခဲ့သည်။
“ ငါ စိတ်မဝင်စားဖူး၊ ဒီမှာ ရတနာတွေ အများကြီး ရှိတယ်၊ မင်းတို့ ဆန္ဒ ရှိရင် ... သူတို့ အတွက် ပြိုင်လို့ ရတယ်၊ ဒါပေမယ့် ငါ့နောက် လိုက်မလာ ဖို့တော့၊ သတိပေး ပါရစေ။ ”
“ ဟား ဟား ဟား ... ၊ ကြယ်စုံ ကောင်းကင် ထဲကို၊ မင်းတို့ ဝင်ခွင့် မရှိဘူး၊ ဒါကြောင့် .. အခုပဲ ထွက်သွား ကြပါ။ ”
သို့သော် ရယ်မော သံနှင့် အတူ၊ တစ်ချိန်လုံး ရပ်ကြည့် နေခဲ့သော အမျိုးသမီးမှ၊ ဝင်ပြော လာ တော့သည်။
“ မင်းက ဘယ်သူ မို့လဲ ... ၊ ငါတို့ကို ထွက်သွား စေချင် လို့လား ... ၊ မင်းမှာ ... ဒီလို စွမ်းရည်မျိုး မရှိမှာ၊ ငါ ကြောက်တယ်။ ”
ယွီဝမ်ရှုက သဘာဝ အတိုင်း ပြန်လည် လှောင်ပြောင် လိုက်သည်။ ဤအမျိုး သမီးနှင့် လူရွယ်မှာ မျိုးဆက် ဟောင်းများ ဖြစ်မှန်း၊ သူသိ၏။
“ ငါတို့ အတူတူ သွားရအောင်၊ သူတို့ နှစ်ယောက်က လင်းယွန်နဲ့ အတူတူ လာပြီး၊ ဒီနေရာကို သိမ်းပိုက် ချင် နေတာ ... ။ ”
လူအုပ်အား လှည့်ကာ လှုံ့ဆော် ပေးပြီး၊ အရိုး ပလွေ မှုတ်လျက်၊ နဂါး စစ်သည်တော် ရုပ်တု နှစ်ရုပ်အား၊ အသက် သွင်းလေသည်။
တန်ခိုး ကြီးသော ရှေးဦးခေတ် ရောင်ဝါ တစ်ခု၊ သူတို့ထံမှ လွင့်ထွက် လာပြီး၊ လှုပ်ရှား လာတော့သည်။
“ ဘယ်လို လူမိုက်လဲ ... ။ ”
အမျိုး သမီးက ပြုံးပြီး၊ သူ့ လက်ညှိုးနှင့် လက်မကို ကွင်းလျက်၊ နှုတ်ခမ်းပေါ် တင်ကာ မှုတ်ချ လိုက်သည်။ ( လက်ခေါက် မှုတ်ခြင်းကို ပြောလိုခြင်း ဖြစ်၏။)
အကန့် အသတ်မဲ့ ပန်းပွင့် ချပ်များ လွင့်ပျံသွားပြီး၊ လူတိုင်းအား အနားမကပ် နိုင်မီ အဝေးသို့ ၊ ပြန်၍ လွင့်စဉ် ကုန်စေသည်။
ပန်းပွင့်ချပ် များက ဆက်လက် လွင့်စဉ်လျက်၊ အဝေး၌ ရပ်နေ သူများ ကိုပင်၊ တွန်းထုတ် လိုက်တော့၏။
ကောင်းကင် တာအို ဂိုဏ်းမှ၊ တပည့် များထံ ရောက်ရှိ သွားသော ပန်းပွင့်များ ကိုမူ အဖြူဝတ် လူရွယ်က ဓားဖြင့်၊ ဖြတ်တောက် ပေးလိုက် သည်။
“ ဝှစ် ... ။ ”
လူတိုင်း မြေပေါ် ပြုတ်ကျ ကုန်ပြီး၊ ပါးစပ်မှ သွေးများ စီးကျလျက်၊ မျက်နှာ ဖြူဖျော့ သွားကြ လေသည်။
“ ရွှပ် ... ။ ”
“ ဖောက် ဖောက် ... ။ ”
ထိုအချိန်တွင် အဖြူဝတ် လူရွယ်က လက်ညှိုးကို တောက်ကာ၊ နဂါး စစ်သည်တော် နှစ်ပါး၏ ဒူးဆစ်အား၊ ချိုးဖြတ် ပစ်သည်။
“ ဘုန်း ... ။ ”
ဓား အလင်းက ဒူးဆစ်ကို ဖောက်ဝင်ကာ မြေပေါ်သို့ လဲကျ သွားစေ ခဲ့၏။ ယွီဝမ်ရှု မည်မျှ ကြိုးစား-ကြိုးစား၊ ပြန်ထ မလာ နိုင်တော့ချေ။
ဤအရာသည် ဘဝ အဆင့်ထက် ကျော်လွန်သော စွမ်းအား ဖြစ်သဖြင့်၊ လူတိုင်း ကြောက်ရွံ့ ကုန်၏။
သို့တိုင် နတ်စွမ်းအင် များမှ၊ ၎င်းတို့ နှစ်ဦးအား အာရုံ မခံမိ သည်မှာ၊ မယုံ နိုင်စရာ ပေပင်။
အမျိုးသမီးက လက်ဝှေ့ ယမ်းပြီး၊ အရိုး ပလွေအား ယူလိုက်သည်။ ၎င်းကို လှည့်ပတ် ကစား ပြီးနောက်၊ ဝါးခမောက်နှင့် လူငယ်ထံ ပစ်ပေး လိုက်၏။
“ ဝှစ် ... ။ ”
“ ဖပ် ... ။ ”
( သူ ... ငါ့ကို သိလို့လား။ )
ဝါးခမောက်နှင့် လူငယ်က အတွေးနက် သွားသည်။ ဤအမျိုး သမီးသည် သူနှင့် အတူ ခရီး သွားရန် တောင်းဆို ခဲ့ဖူး၏။
***