← Chapters

အုပ်စိုးရှင် ကံကြမ္မာ။

Vol. 132 Ch. 1841

အုပ်စိုးရှင် ကံကြမ္မာ။

Vol. 132 Ch. 1841

ယွီဝမ်ရှု တစ်ယောက် မြေပြင်ပေါ် လဲကျသွားပြီး ပါးစပ်မှ သွေးများ စီးကျလာ၏။ မျက်နှာ အသား အရေမှာ၊ ကြောက်စရာ ကောင်း အောင် ဖြူဖျော့ သွားသည်။

အခြားသော မင်ဂိုဏ်း၏ တပည့် များက၊ သူ့ကို ကူညီရန် အမြန်၊ ပြေးထွက်လာ တော့၏။

“ ဖယ်စမ်း ... ဘယ်သူ့ အကူ အညီမှ မလိုဘူး။ ”

ယွီဝမ်ရှုက လူတိုင်းကို ဒေါသတကြီး တွန်းထုတ် ပစ်လိုက်သည်။ သူ့၌ ယခင် လို ယုံကြည်မှု မရှိ တော့ချေ။

ဤမြင်ကွင်းကို အခြား မြင့်မြတ် မြေ၏ ပါရမီရှင်များ မြင်သော အခါ၊ သူတို့ ကံကောင်း သည်ဟု ခံစား လိုက်ရ၏။

“ တခြား ရတနာတွေပဲ ... ၊ သွားယူ ရအောင်။ ”

လူတိုင်း လျင်မြန်စွာ ဆုံးဖြတ် လိုက်သည်။ ကျောက်တိုင် များတွင် ရတနာ များစွာ ရှိသော ကြောင့်၊ တန်ဖိုးကြီး ရတနာ အချို့အား ရှာတွေ့ နိုင်မည်။

လင်းယွန်က လျှပ်စီး လက်နေသည့် ငွေရောင် ယပ်တောင်ကို ကြည့် လိုက်သည်။ ၎င်းသည် ထူးထူး ခြားခြား ဖြစ်ပြီး၊ ရှေးကျ လှပ၏။

“ တော်တော် လှတယ် ... ။ ”

အသွင် အပြင် ဖြင့်ပင် လင်းယွန်အား စွဲဆောင် နေသည်။

“ ကန့်သတ်ချက်က နည်းနည်းတော့ ဒုက္ခ ပေးနိုင်တယ်။ ”

အန်းလျူယွင်မှ မှတ်ချက် ပြုသည်။

“ မင်း ကြိုက်လား။ ”

“ အင်း ... ။ ”

“ ဒါဆို ငါယူပေးမယ်။ ”

လျှပ်စီး ကန့်သတ်ချက်ကို ဖြိုခွဲရန်၊ မိုးပြာ နဂါး သူတော်စင် ခန္ဓာ၏ ကြမ်းကြုတ်သော ခွန်အားဖြင့် အသုံး ပြုလိုက်သည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲ သံနှင့် အတူ၊ လျှပ်စီးများ ပြိုးပြက်လင်းလက် သွားသည်။ အန်းလျူယွင်က စိတ်လှုပ်ရှား လာ၏။

သူမ အတွက် အိပ်မက် တစ်ခု လိုပင်။ လင်းယွန်အား ခိုးကြည့်ကာ မျက်နှာ နီမြန်း သွား တော့သည်။ တစ်ဖက် လူသည် အမှန်ပင် ရင်ခုန် စရာ ကောင်းချေ၏။

အတားအဆီး ပျက်သွား သည်နှင့်၊ ရှေ့သို့ ခြေတစ်လှမ်း တိုးပြီး၊ ယပ်တောင်ကို လှမ်းကိုင် လိုက်သည်။

ဖီးနစ်နှင့် အပြာရောင် လွမ်ငှက် တို့၏ ဝိညာဉ်တော်များ ပါဝင်သော ပြည့်ပြည့် စုံသည့် ယပ်တောင် တစ်လက် ဖြစ်သည်။

“ လျူယွင် ... ၊ မင်း တကယ် ကံကောင်းတယ်၊ ဒါက ဘုန်း ဝိညာဉ်တော် နှစ်ပါး၊ သူတော်စင် လက်ရာပဲ။ ”

လင်းယွန်မှ ပြုံးကာ ပေးလိုက်၏။

“ ဘယ်လို ... ။ ”

အန်းလျူယွင် ခမျာ တုန်လှုပ် သွားသည်။ လင်းယွန် ထံမှ ယပ်တောင်ကို ယူကာ ချက်ချင်း စစ်ဆေး ကြည့်၏။

“ တကယ်ပဲ ... ဝိညာဉ်တော် နှစ်ပါး လက်ရာပဲ၊ ကျေးဇူး တင်ပါတယ် သခင်လေး။ ”

ထိုအချိန်တွင် ကျန် ဘုန်း သူတော်စင် လက်ရာ အတွက် ပြိုင်ဆိုင်မှုသည်၊ အထွတ် အထိပ်သို့ ရောက်ရှိ လာသည်။

မီးဗိုလ်ချုပ်က ဝါးခမောက်နှင့် လူငယ်အား တိုက်ခိုက်သည်။ သို့သော် သူ့တွင် ဒဏ်ရာ ရရှိ ထားသဖြင့်၊ အားသာချက် မရှိ တော့ချေ။

ဝါးခမောက်နှင့် လူငယ်မှာ၊ ရွှေနဂါး ခန္ဓာကိုယ် အပေါ် အားကိုးပြီး၊ သူတော်စင် လမ်းကို လျှောက်လှမ်း နေသူ ဖြစ်သည်။

တစ်ဖက်တွင် နောက်ထပ် ရတနာ (၄/၅)ခုကို ယူပြီးနောက်၊ လင်းယွန်မှ ထွက်ခွာ ရန် ပြင်သည်။ အန်းလျူယွင် လက်ကို ဖမ်းဆွဲ လိုက်ကာ၊

“ သွားကြ ရအောင် ... ။ ”

-ဟု ပြောလိုက်သည်။ အန်းလျူယွင်က နာခံပြီး၊ လင်းယွန် နှင့်အတူ ကျောက်တိုင် ပေါ်မှ ခုန်ဆင်း တော့၏။ မြေပြင်ပေါ် ရောက်ချိန်၌ ကူကျွင့်ထံ ဆက်လက် ပျံသန်း သွားသည်။

“ အဆင်ပြေ ရဲ့လား ... ။ ”

အဘိုးအိုသည် နှလုံးသွေး တစ်စက် ပေးလိုက် ရသောကြောင့်၊ ချိနဲ့စွာဖြင့် မြေပြင် ပေါ် ထိုင်နေသည်။

လင်းယွန်၏ နဂါးပြာ အရိုး သည်လည်း နှလုံးသွေးနှင့် ပတ်သတ်သော် မကူညီ နိုင်ချေ။

“ ချက်ချင်းတော့ ... ၊ ငါ သေ မသွားသေး ပါဘူး။ ”

ကူကျွင့်မှ မျက်လုံး ဖွင့်ကာ ပြန်ဖြေ၏။

“ ဒါဆို ... လမ်းပြပါ ။ ”

လင်းယွန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ မင်းက ... တကယ် မှတ်ဉာဏ် ကောင်းတာပဲ။ ”

လင်းယွန်မှ ဝိုင်ခန်းကို ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိသဖြင့် ကူကျွင့်က အံသြသွား လေသည်။ ၎င်းကို မေ့နေ ပြီဟုပင်၊ သူ ထင်ခဲ့သည်။

“ ဟဲဟဲ ... ၊ ငါလည်း လိုက်မယ် ... ။ ”

မိန်ဇီဟော်က အမြန် ပြေးလာသည်။ သူ့အာရုံမှာ တစ်ချိန်လုံး လင်းယွန်ထံ ရှိနေ ခဲ့သည်။

သူ မပါဘဲ၊ ထွက်သွားကြ မည်ကို စိုးရိမ်သဖြင့် ရတနာများ ယှဉ်ပြိုင် ရန်ပင် စိတ် မဝင်စား ခဲ့ချေ။

ထိုအချိန်တွင် ယွီဝမ်ရှုမှာ မျက်လုံးများ ပြန်ပွင့်လာ တော့သည်။ ဒဏ်ရာမှာ အနည်းငယ် ပြန်ကောင်းလာ သဖြင့်၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်အား ပြသ လာ၏။

“ လင်းရှောင် ... မင်း ထွက်သွားချင် နေတာလား။ ”

သူ့ စကားကြောင့် တိုက်ပွဲများ ရပ်ကာ လင်းယွန်ထံ လူတိုင်း လှည့်ကြည့်လာ ကြသည်။ ဤသို့ ထွက်သွား တော့ မည်ကို၊ သိ သူများ ရှိသော်လည်း၊ မတားရဲ ကြချေ။

သို့သော် နဂါး သရဖူကို ဆင်မြန်းထား သည်မှာ အချိန် အတော် ကြာပြီ ဖြစ်သဖြင့်၊ ကန့်သတ်ချက် ရောက်ရှိ သွားနိုင်သည်။

ထို့ကြောင့် လင်းယွန်မှ ထွက်ခွာရန် အလျင်လို နေခြင်း ဖြစ်မည်။ မဟုတ်သော် သူ့ ခွန်အားဖြင့်၊ အားလုံးကို သိမ်းယူ နိုင်သည်။

“ ဟား ဟား ဟား ... ၊ မင်း ငါ့ကို ဖုံးကွယ် ထားနိုင် မယ်လို့ ထင်နေလား၊ ဟမ့် ... အခု မင်း ကန့်သတ်ချက် ရောက်နေပြီ မဟုတ်လား။ ”

ယွီဝမ်ရှုက မတ်တတ် ထရပ် လာပြီး၊ အေးစက်စွာ ပြောသည်။ လင်းယွန် မျက်နှာ မည်းမှောင် သွား၏။ ထို့နောက်၊

“ ငါ မင်းကို ... ၊ အကြိမ်ကြိမ် လွှတ်ပေး ထားခဲ့ တာတောင်၊ အနှောက် အယှက် အရမ်း ပေးချင် နေတုန်းပဲ၊ မင်းကို တကယ် မသတ် ဝံ့ဖူးများ ထင်နေလား။ ”

-ဟု မေးမြန်း လိုက်သည်။

“ ဟား ဟား ဟား ... ၊ ဟုတ်လား ... ဒါဆို လုပ်ပါဦး။ ”

ယွီဝမ်ရှုက ရယ်ပြီး ချက်ချင်း ပြေးဝင် တော့သည်။ လင်းယွန်နှင့် အဓိပ္ပါယ် မဲ့စွာ အချိန် မဖြုန်း လိုချေ။

“ ဟိတ် ... ။ ”

လင်းယွန် အနား ပေါ်လာပြီး၊ သေကွင်း သေကွက် များထံ၊ ဦးတည် နေသည့် လှုပ်ရှားမှု (၁၀) ခုကို ထုတ်ဖော် လိုက်သည်။

သို့သော် လင်းယွန်မှာ၊ ပုံရိပ်ပေါင်း များစွာ ခွဲထွက် သွားပြီး၊ ပတ်ဝန်းကျင် အနှံ့ အပြား၌ ရပ် နေခဲ့သည်။ မည်မျှ ကြိုးစား စေကာမူ မထိနိုင် တော့ချေ။

“ လုံလောက်ပြီ ... ။ ”

ဆယ်ကြိမ် ပြည့်ပြီးနောက်၊ လင်းယွန် ပုံရိပ်များ ထပ်လျက်၊ လက်ကောက် ဝတ်ကို ဖမ်းကိုင် လိုက်သည်။

နဂါး သရဖူကို အသုံးပြု နိုင်ဆဲ ဖြစ်သော ကြောင့်၊ ယွီဝမ်ရှု ခမျာ မျက်လုံးပြူး သွားသည်။ ယင်းက အဓိပ္ပာယ် မရှိချေ။

လင်းယွန်မှ လက်ကောက် ဝတ်ကို လိမ်ချိုးလျက်၊ ဘယ် လက်သီးအား ဆုပ်ကာ ထိုးချ လိုက်သည်။

“ ဘုန်း ... ။ ”

“ အား ... ။ ”

အနီးကပ် ထိုးနှက် ခံလိုက်ရ သဖြင့် ရင်ဘတ်ကြီး ပွင့်ထွက် သွားကာ၊ အရုပ် တစ်ရုပ် ကဲ့သို့ လွင့်စဉ်လျက်၊ ကျောက်တိုင် ကြီးနှင့် ရိုက်မိ သွားသည်။

ဤတစ်ကြိမ်တွင် ကံမကောင်း တော့ဘဲ၊ မြေပြင်ပေါ် ပြုတ်ကျ လာချိန်၌ အသက် ပါသွား ခဲ့လေသည်။

“ လင်းရှောင် ... ၊ မင်း မိစ္ဆာကောင် ... ။ ”

မင်ဂိုဏ်း၏ တပည့် များက ယွီဝမ်ရှု အလောင်းထံ ချက်ချင်း ဝိုင်အုံလာပြီး ကျိန်ဆဲ လိုက် ကြသည်။ သို့သော် မည်သူမျှ ခြေ တစ်လှမ်း မတိုး ဝံ့ချေ။

“ ငါ မင်းကို ရင်ဆိုင် ပါရစေ။ ”

ရုတ်တရက် ဝါးခမောက်နှင့် လူငယ်က မီးဗိုလ်ချုပ်အား ထားရစ်ကာ၊ လင်းယွန် ရှေ့ ရိပ်ခနဲ ဆင်းသက် လာသည်။

“ ဟား ဟား ဟား ... ၊ မင်းက ... ငါ့ဆီ လာဖို့ တကယ် သတ္တိ ရှိတာပဲ။ ”

လင်းယွန်မှ ရယ်မော လိုက်၏။

“ ဘာလို့ သတ္တိ မရှိ ရမှာလဲ ... ၊ မင်းက အဲဒီလူ ဖြစ်နေ ရင်တောင် ... ၊ ငါ မင်းကို တိုက်ဖို့ သတ္တိ ရှိပါတယ်။ ”

ဝါးခမောင်နှင့် လူငယ်က အေးစက်စွာ ပြောပြီး၊ လင်းယွန်အား တိုက်ရန် ခြေလှမ်း ပြင်ယူ လေသည်။

သူ့ တွင်လည်း မှန်းဆချက် ရှိ၏။ တစ်ဖက်လူ အနေဖြင့်၊ စောလျင်စွာ ထွက်ခွာရန် ဆုံးဖြတ်ရ သည်မှာ၊ ပြဿနာ တစ်စုံ တစ်ရာ ရှိနေ သောကြောင့် ဖြစ်ပေမည်။

ထို့ကြောင့် စမ်းကြည့်ရန်၊ ဆုံးဖြတ် လိုက်ခြင်း ဖြစ်၏။ ကျောက်တိုင် ပေါ်တွင် ကျန်ရစ် ခဲ့သော မီးဗိုလ်ချုပ် သည်လည်း၊ စိတ်ဝင်စား လာသည်။

လင်းယွန် လက်တွင် အကြိမ်ပေါင်း များစွာ ခံစားရ ပြီးနောက်၊ ရူးသွပ်စွာ ပြုမူ ဝံ့ခြင်း မရှိ တော့ချေ။

“ ဟိတ် ... ။ ”

“ ဝှစ် ... ။ ”

ဆယ်ကြိမ် ပြည့်ပြီး ချိန်၌၊ လူငယ်၏ ရွှေရောင် ကိုယ်ထည်သည်၊ ကြွေထည် တစ်ချပ် ကဲ့သို့ ကွဲအက် သွားသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ရောင်ဝါများ ကျဆင်းကာ၊ ဝါးခမောက် ကြေမွှလျက်၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ် သွားတော့သည်။

“ ချင်းကန် ... ၊ သူ ... သူ ထျန်ရွှမ်ဇီ တပည့် ချင်းကန် မဟုတ်လား၊ တစ်ချိန်က အင်ပါ ရီယန် ချန်ပီယံပဲ။ ”

“ ဟုတ်တယ် ... ၊ ပန်းသင်္ချိုင်း လက်မှာ ရှုံးပွဲကြုံပြီး၊ သေသွား ပြီလို့ တောင် ထင်ခဲ့တာ၊ သူ တကယ် မသေ သေးဖူးပဲ။ ”

လူတော်တော် များများက ချင်းကန်ကို မှတ်မိပြီး၊ အံ့သြ သွားလေသည်။ ပန်းသင်္ချိုင်း ဟူသော နောက်ဆက်တွဲ အမည်ကြောင့်၊ ချင်ကန်မှာ မျက်နှာ ဖြူဖျော့ သွား၏။

“ ဘုန်း ... ။ ”

လူတိုင်းက သူ့ ရှုံးပွဲကို မေ့ပုံ မရချေ။ မကျေမနပ်ဖြင့်၊ လက်သီးကို တင်းတင်း ဆုပ် ကာ မြေပြင်ကို ထိုးချ လိုက်သည်။

“ ဟား ... ဟား ... ဟား ... လင်းရှောင်၊ မင်းမှာ တိုက်ပွဲ ဝင်ဖို့ ... ခွန်အားတွေ၊ တကယ် ရှိသေး တာပဲ။ ”

မီး ဗိုလ်ချုပ်က ကျောက်တိုင် ပေါ်မှ ရယ်သည်။ ဤအချိန်သည် တစ်ဖက် လူအား စစ်ဆေးရန် အကောင်းဆုံး အချိန် ဖြစ်၏။

“ ဘုတ် ... ။ ”

“ အွတ် ... ။ ”

ထို့ကြောင့် လှုပ်ရှားရန် ပြင်လိုက် ချိန်တွင်၊ သံကြိုး ကိုးချောင်းက သူ့ဆီ လွင့်ပျံ လာတော့ သည်။ သွေး တစ်လုတ် အန်လိုက် ရ၏။

“ ဝူး ... ။ ”

သံကြိုး ကိုးချောင်းက၊ တစ်ချောင်း တည်း အဖြစ် ပေါင်းစည်းကာ၊ နဂါး တစ်ကောင် ကဲ့သို့ ဆက်လက် ဝေ့ဝဲ နေခဲ့သည်။

ယွီဝမ်ရှု သေဆုံးပြီး၊ ချင်ကန်၏ ရွှေနဂါး ခန္ဓာကိုယ် ပျက်စီးသွား၏။ မီးဗိုလ်ချုပ် ရင်ဘတ် ၌လည်း၊ အပေါက် တစ်ခု ဖြစ်ပေါ် လာသည်။

မီးဗိုလ်ချုပ် ဘဝတွင်၊ ဤသို့ ကြီးကြီး မားမား ဆုံးရှုံး မှုမျိုး၊ တစ်ကြိမ်မျှ မကြုံ ဖူးချေ။ လင်းယွန်က လက်ဝှေ့ ယမ်းကာ သံကြိုး များကို ပြန်လည် သိမ်းဆည်း လိုက်သည်။

“ သွားကြ ရအောင် ။ ”

ချက်ချင်းပင် အကြည့်ကို ရုတ်ကာ၊ လင်းယွန်မှာ ထွက်ခွာလိုက် တော့သည်။ ခန်းမ အတွင်းမှ ထွက်ပြီး မကြာခင်၊ ပါးစပ်မှ သွေးများ စီးကျလျက်၊ ဒူးတစ်ဖက် ထောက်ကျ သွား၏။

“ သခင်လေး ... ။ ”

အန်းလျူယွင်မှာ ထိတ်လန့် သွားသည်။

“ အဆင်ပြေ ပါတယ် ... ။ ”

နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ ရှိန်ဖြင့်၊ မျက်နှာ ဖြူဖျော့ လာ၏။ အကြိမ်ကြိမ် ကြိုးစား ထရပ်လိုက် သော်လည်း၊ မအောင်မြင်ချေ။

၎င်းသည် အုပ်စိုးရှင် သူတော်စင် လက်နက်အား၊ အသုံးပြု ခြင်း၏ အကျိုးဆက် ပေပင်။

ခရမ်း-ရွှေရောင် နဂါး သရဖူသည် လေးလံလွန်း သဖြင့် လက်ရှိ အခြေ အနေ၌၊ ဖယ်ရှား မရ ဖြစ်လာသည်။

‘ဝန်’သည် ခရမ်း-ရွှေရောင် နဂါး မျိုးရိုး၏ တော်ဝင် မိသားစုနှင့် သက်ဆိုင်သော အုပ်စိုးရှင် ကံကြမ္မာ ဖြစ်သည်။

ထို့ကြောင့် သန့်စင်ခြင်း မပြုခင် ဝတ်ဆင် ခြင်းဖြင့်၊ ကြောက်စရာ ကောင်း လောက်အောင် ပင်ပန်း နွမ်းနယ် စေမည်။

ယွီဝမ်ရှု သည်သာ မတား ခဲ့သော်၊ ဖယ်ရှားရန် ခွန်အား ကျန်ရှိ နေသေးသည်။

“ ဒီသရဖူကို ဖယ်ရှားဖို့ ... ကူညီ ပေးမှ ရမယ်၊ မဟုတ်ရင် ... သေတဲ့ အထိ သူ သွေးအန် နေလိမ့်မယ်။ ”

ခရမ်း ရွှေရောင် နဂါး သရဖူကို ကြည့်ပြီး ကူကျွင့်မှ စဉ်းစားခန်း ဝင်၏။ သူ သည်လည်း လက်လွတ် စပယ် အနား မကပ် ရဲပေ။

“ ငါ ... လုပ်ပါ ရစေ။ ”

မိန်ဇီဟော်က ကူညီ ဖယ်ရှား ပေးရန် သရဖူကို ကိုင်လိုက်၏။

“ မလုပ်နဲ့ ... ။ ”

“ အား ... ။ ”

“ ဘုန်း ... ။ ”

လင်းယွန်မှ အော်ဟစ် သတိပေး လိုက် သော်လည်း နောက်ကျ သွား၏။ သည်းတွားသံ ပြုလျက်၊ မိန်ဇီဟော် ခမျာ နံရံပေါ်၊ လွင့်စဉ် ထိမှန် သွားတော့သည်။

***

All Chapters