ဝိုင်ခန်း ... ။
Vol. 132 Ch. 1842
“ သရဖူ ဆိုတာ ဘယ်သူ မဆို၊ ထိတွေ့ခွင့် နိုင်တဲ့ အရာ မဟုတ်ဘူး၊ မင်းက ကိုယ့်ကိုယ်ကို ပို တွက်နေ တာပဲ။ ”
ကူကျွင့်မှ ပြုံးလျက် ဝင်ပြောသည်။
“ အစ်ကိုကြီး၊ မင်းမှာ နည်းလမ်း ရှိလား။ ”
အန်းလျူယွင်က လင်းယွန်ကို လက် နှစ်ဖက်ဖြင့်၊ ထွေးပွေ့ ထားလျက်မှ အားကိုး တကြီး မေးသည်။
“ ရှိတယ် ... ။ ”
“ လုပ်ပါ ... ။ ”
သို့သော် ကူကျွင့်မှ ချီတုံချတုံ ဖြစ်နေ၏။ ဤအဖိုးကြီးသည် တမင် ကြွားလုံး ထုတ်နေ ခြင်း ဖြစ်မည်ဟု လင်းယွန်က ယူဆကာ၊
“ လျူယွင် လုပ် ... ။ ”
-ဟု ဆိုလိုက် တော့သည်။
သူမ၌ နဂါးဖြူ အရိုး ပိုင်ဆိုင် ထား သဖြင့်၊ မိန်ဇီဟော်ထက်၊ အခွင့် အလမ်း ပိုများ နိုင်မည်။
“ သခင်လေး ... သည်းခံပါ။ ”
အန်းလျူယွင်မှ ခေါင်းညိမ့်ကာ အချက်ပြ လိုက်သည်။ ထို့နောက် အသက် ပြင်းပြင်း ရှူပြီး၊ ခရမ်း-ရွှေရောင် နဂါး သရဖူအား၊ ကိုင်လိုက် တော့သည်။
သရဖူ ပေါ်တွင် လျှပ်စီးများ လက်လာ သော်လည်း၊ သူမအား တွန်းထုတ်ခြင်း မရှိချေ။ ယင်းကြောင့် ကူကျွင့်မှာ၊ ခေါင်း တညိတ်ညိတ် ဖြစ်လာ တော့၏။
အန်းလျူယွင်မှ အနည်းငယ် မျှော်လင့်ချက် ရှိလာ သဖြင့် ပြုံးရွှင်သွားသည်။ နဂါးဖြူ အရိုးကို အသက် သွင်းလျက်၊ ဖြည်းညှင်းစွာ မတင်၏။
လှုပ်ရှားမှုမှာ နှေးကွေးပြီး၊ နဖူး၌ ချွေးများဖြင့် ဖုံးလွှမ်း လာ၏။ သူမ အတွက် မလွယ်ကူ မှန်း၊ မြင်သာသည်။
မမြင် နိုင်သော ဖိအား တစ်ခုက သူမ ခေါင်းပေါ် ဆင်းသက် နေခဲ့သည်။ အဆုံးတွင် သရဖူ ကိုင်လျှက် နောက်ပြန် ဆုတ်မိ၏။
လင်းယွန်က လက်လွှဲ ယူလိုက် မှသာ ဖြူဖျော့ နေသော မျက်နှာ မျိုးဖြင့်၊ မြေပြင်ပေါ် ခွေကျ သွားသည်။
“ အဆင်ပြေ ရဲ့လား။ ”
လင်းယွန်မှ အန်းလျူယွင် လက်အား ကိုင်ကာ မေးသည်။ ရင်ဘတ်ကြီး မို့မောက် တက်လာသည် အထိ၊ အသက် ပြင်းပြင်း ရှူ လိုက်မှသာ၊ သူမ မျက်နှာ သွေးရောင် လွှမ်းလာသည်။
“ သခင်ငယ် အဆင် ပြေနေ သရွေ့ ... ၊ လျူယွင် ကောင်းပါတယ်။ ”
တစ်ဖက်တွင် ထို့မြင်ကွင်း ကြောင့်၊ ကူကျွင့်မှာ နှာခေါင်း ရှုံလျက်၊ ‘လူယုတ်မာ’ -ဟု စိတ်ထဲမှ ကျိန်ဆဲ နေတော့သည်။
“ မင်းကြောင့် ... ငါ့ အသက် ဆုံးရှုံး လု နီးနီးပဲ။ ”
လက်ထဲရှိ ခရမ်း-ရွှေရောင် နဂါး သရဖူကို ကြည့်ပြီး၊ လင်းယွန်မှ ပြောလိုက်သည်။
“ ဒါပေမယ့် လည်း ... ၊ သူ့ကြောင့် လျူယွင်တို့ ရတနာ နှစ်ပါး ရခဲ့တယ် မဟုတ် လား။ ”
အန်းလျူယွင်မှ ဖြည့်စွက် ပြောပေး၏။ ထိုစကားကို ခေါင်းညိတ် သဘောတူကာ၊ အနား ယူရန် ပြင်လိုက်သည်။
ခဏ အကြာတွင် နဂါးပြာ အရိုးကြောင့် ပြန်လည် ကောင်းမွန် လာခဲ့ပြီး၊ လင်းယွန်၏ မျက်ဝန်းများ ပွင့်လာ တော့သည်။
ကူကျွင့် မှာမူ ပြန် မကောင်း သေးချေ။ နှလုံးသွေး တစ်စက်သည်၊ သူ့အား များစွာ နစ်နာ စေပုံ ရ၏။
“ အဲဒီ အမျိုးသမီး ဘယ်သူလဲ၊ မင်း သိပြီး ပြီလား။ ”
လင်းယွန်မှ မေးသည်။
“ မသိဘူး၊ ဒါပေမယ့် သူမက ကြောက်စရာ ကောင်းတာတော့ အမှန်၊ သူဌေး အန်းနဲ့ မတူဘဲ ငါ့ကို ကျောချမ်း စေတယ်။ ”
“ အကြီးအကဲ ကူ ... ၊ မင်းက မြှောက်ပင့် လွန်းပါပြီ။ ”
အန်းလျူယွင်မှ ပြုံးလိုက်သည်။
“ ဒါဆို ... သွား ရ အောင်။ ”
ထိုအချိန်တွင် မိန်ဇီဟော်မှာ နိုးထ လာခဲ့သည်။ သူ့ တစ်ကိုယ်လုံး လျှပ်စီးများ လက်နေကာ၊ နာကျင် နေ၏။
“ ငါ ဘယ်ရောက် နေတာလဲ ... ။ ”
ထိုမေးခွန်းကြောင့် လင်းယွန်မှာ၊ နာကျင် သွားသည်။ သူ့ကို ကယ်တင်ရန် စိုးရိမ် စိတ်ဖြင့် ၎င်းမှ ပြုမူ ခဲ့ခြင်း ဖြစ်၏။
“ သခင်လေး မိန် ... အဆင်ပြေ ရဲ့လား။ ”
“ သခင်လေး မိန် ... ၊ သခင်လေး မိန် ဆိုတာ ဘယ်သူလဲ။ ”
“ ဟား ဟား ဟား ... လူမိုက် ... ၊ ဒီကောင် တရားဝင် ရူးသွားပြီ။ ”
ကူကျွင့်မှ လှောင်ပြုံးဖြင့် ဝင်ပြော လာ၏။
“ ကောင်းပြီ ... ငါတို့ ဒီကနေ မြန်မြန် ထွက်သွား ရအောင်၊ အဖြူဝတ် လူရွယ်နဲ့ အမျိုး သမီး ပြန်ရောက် လာရင် ခက်မယ်၊ အဖိုးကြီး လမ်းပြပါ၊ ဝိုင်ခန်း ဘယ်မှာလဲ။ ”
လင်းယွန်က နောက်ပြန် လှည့်ကြည့်ကာ မေးလိုက်၏။ အဝေးရှိ ခန်းမထဲတွင် တိုက်ပွဲများ ပြင်းထန် နေဆဲ ဖြစ်သည်။
အသွင် အပြင် အရ၊ အချိန် အတော်ကြာ ဖြစ်ပွား နေဦး ပေမည်။ နောက်ဆုံးသော ဘုန်း သူတော်စင် လက်ရာကို၊ ရည်ရွယ်ချက် ရှိရှိ ချန်ထား ခဲ့ခြင်း ဖြစ်သည်။
“ ငါ့နောက်က လိုက်ခဲ့။ ”
ကူကျွင့်မှ လေးနက်သော အမူအရာဖြင့် မိန်ဇီဟော်အား ပြန်ကြည့်ကာ၊
“ ဒါနဲ့ ... ၊ ဒီလူမိုက်ကို ဘယ်လို လုပ်မလဲ။ ”
-ဟု မေးမြန်း လာသည်။
“ လျူယွင် ... ၊ သူ့ကို ဂရုစိုက်ပါ၊ ငါလမ်းကြောင်း ကြည့်မယ်။ ”
လေးယောက် ကြားတွင်၊ သူ သည်သာ အကောင်း မွန်ဆုံး အခြေ အနေမျိုး ပိုင်ဆိုင်ထား သဖြင့်၊ လမ်းကို စောင့်ကြပ်ရန် ရွေးချယ် လိုက်ရသည်။
လေးယောက်အား ဝိုင်ခန်းထံ ဦးတည် လာစဉ်၊ ခန်းမ ထဲရှိ တိုက်ပွဲမှာ အထွတ် အထိပ် ရောက်ရှိ သွားခဲ့သည်။
မီးဗိုလ်ချုပ်နှင့် ဝါးခမောက် ဆောင်း ထားသည့် လူငယ်မှာ၊ ဒဏ်ရာ ပြင်းထန်သည်။ ထို့ကြောင့် မဟာမိတ် ဖွဲ့ထားသော၊ ကျိလင်ဖုန်း နှင့် ရှယွမ်ကွီတို့ ရရှိ သွား၏။
“ သွား ရ အောင်။ ”
မီးဗိုလ်ချုပ် မျက်နှာမှာ၊ ကြောက်မက်ဖွယ် မည်းမှောင် နေခဲ့သည်။
“ အစ်ကိုကြီး ... ၊ ငါတို့ ဒီအတိုင်း ထွက်သွားတော့ မှာလား၊ ဒါတွေ အားလုံးဟာ ရတနာ တွေပဲ ... ။ ”
အောင်းဖန်နှင့် ရန်ချန်းမင်မှ တွန့်ဆုတ် သွားသည်။
“ လောလောဆယ် ... သူတို့ ထားလိုက်၊ သွေးလ ဂိုဏ်းရဲ့ ပြန်လည် မွေးဖွား လာမှုကို၊ ဘယ်သူမှ တားဆီး နိုင်မှာ မဟုတ်ဘူး။ ”
မီးဗိုလ်ချုပ်က လူတိုင်းကို အေးစက်စွာ ကြည့်ပြီး၊ လှည့်ထွက် လာခဲ့သည်။ ဤလူများကို သွေးလွှမ်းသည် အထိ၊ သတ်ဖြတ် လို၏။
လိပ်နက် ပင်လယ် ကွေ့သည် သူ့အတွက်၊ စင်မြင့် တစ်ခုဟု အစက ထင်မိခဲ့ သော်လည်း၊ ခိုကိုးရာ မဲ့စွာ ပြန်သွား ရချေပြီ။
တွေးကြည့် လိုက်ချိန်၌၊ တရားခံသည် လင်းရှောင် ဖြစ်သောကြောင့် အံကြိတ်လျက်၊ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လိုက် မိသည်။
တစ်ချိန်တည်း မှာပင် ယွီဝမ်ရှု အလောင်းကို သယ်ဆောင်လျက်၊ မင်ဂိုဏ်း သည်လည်း ပြန်၍ ဆုတ်ခွာ သွားသည်။
မြင့်မြတ်မြေ တစ်ပါး အနေဖြင့်၊ ကြီးစွာသော ဆုံးရှုံးမှု ဖြစ်သည်။ မည်သည့် ရတနာ ကိုမျှ မရ သည့် အပြင်၊ ယွီဝမ်ရှု ကိုလည်း ဆုံးရှုံး ခဲ့သည်။
ကျောက်တိုင်ကြီး တစ်တိုင် ပေါ်တွင်၊ ရှယွမ်ကွီနှင့် ကျိလင်ဖုန်း တို့က၊ ဘေးချင်းယှဉ် ရပ်နေ ခဲ့သည်။ ဘုန်း သူတော်စင် လက်ရာကို ပိုင်ဆိုင် ခဲ့သော်လည်း၊ သူတို့ မပျော်ချေ။
ကျိလင်ဖုန်းမှ သက်ပြင်း ချကာ၊
“ ညီအစ်ကို လင်းက ဒီတစ်ခေါက် လူတော်တော် များများကို စော်ကား ခဲ့တာပဲ၊၊ သူ လွတ်ပါ့ မလားလို့ ... ငါ တွေးမိတယ် ... ။ ”
-ဟု ညည်းတွား လိုက်သည်။
ရှယွမ်ကွီက ပြန် မပြောချေ။ တိတ်ဆိတ်စွာ အဝေးကို ငေးနေသည်။
“ သူ ဉာဏ်ကောင်းတယ် ... ၊ ငါလည်း လင်းရှောင်သာ ဆိုရင်၊ ဒီကောင် ယွီဝမ်ရှုကို သတ်ပစ် မိမှာပဲ။ ”
ကျိလင်ဖုန်း ကပင် ဆက်ပြောသည်။ သူသည်လည်း လင်းယွန်နှင့် အတွေး တူ၏။ ယွီဝမ်ရှုအား ကြည့် မရချေ။ ရွံ့စရာ ကောင်း လေသည်။
“ ဒီကိစ္စ လွယ်လွယ်နဲ့ ... ပြီးဦးမှာ မဟုတ်ဘူး။ ”
ရှယွမ်ကွီက တွေးတွေး ဆဆဖြင့်၊ ပြောလာသည်။ ချင်းကန်သည် အမျိုးသမီး ပေး ခဲ့သော အရိုး ပလွေကို ကြည့်ပြီး၊ အတွေးများ နေ၏။
ထို့ကြောင့် ရတနာများ ပြိုင်လု ရန်ပင်၊ စိတ်မဝင်စား နိုင်ခဲ့ချေ။ လိပ်နက် သူတော်စင် နန်းတော်သည် ဝင်္ကပါ တစ်ခု ပေပင်။
ကူကျွင့် လမ်းပြ ပေးမှုဖြင့်၊ မြေအောက် ခန်းသို့ ရောက်ရှိ လင်းယွန်တို့ ရောက်ရှိ လာ၏။ သို့သော် အခန်းမှာ ဗလာ ဖြစ်နေသည်။
“ ဝိုင် တွေ ... ။ ”
နံရံပေါ်တွင် ပန်းချီကား များသာ ရှိသည်။ ရုတ်တရက် မိန်ဇီဟော် မျက်ဝန်းများ ကြည်လင် လာပြီး၊ ဦးတည်ရာ တစ်ရပ်ထံ ကြည့်သည်။
ပြန်လည် သတိ ဝင်လာပုံ ရသည်။ ၎င်း၏ စိတ်စွမ်းအင်သည် လင်းယွန် တို့ထက် များစွာ အားကောင်း၏။
ထို့ကြောင့် လေထဲရှိ ဝိုင်ရနံ့ကို ရရှိသွား ခဲ့သည်။
“ နိုးလာ ပြီလား ။ ”
ကူကျွင့်မှာ အနည်းငယ် စိတ်ပျက် သွားတော့၏။ နောက်ဆုံးတွင် အသိစိတ် မရှိချိန် ၌ပင်၊ ဤလူမိုက်သည် ရတနာကို အာရုံ ခံနိုင် နေသည်။
“ ဟဲဟဲ ... ငါ အနံ့ ရတယ်၊ လာ ... ငါ့ နောက်လိုက်ခဲ့။ ”
မိန်ဇီဟော်မှ ပြုံးရွှင် စွာဖြင့်၊ ခန်းမထဲမှာ ထွက်ကာ၊ ဦးတည်ရာ တစ်ရပ်ထံ လျှောက်လှမ်း သွားတော့သည်။
“ မှန်သွား ပြန်ပြီ ... ။ ”
ကူကျွင့်မှ မိန်ဇီဟော် သွားနေသော လမ်းကြောင်းကို ကြည့်ပြီး၊ အံ့သြ သွားခဲ့သည်။ များမကြာခင် ဝိုင်ခန်းသို့ ရောက်ရှိ လာ၏။
ခန်းမ အတွင်း၊ မရေမတွက် နိုင်သော ဝိုင်ပုလင်းများ ရှိနေ ခဲ့ပြီး၊ ရနံ့ ရှူရှိုက် မိရုံဖြင့်၊ မူးဝေ သွားစေသည်။
ခန်းမသည် ယခင် လင်းယွန် တွေ့ဖူးသော ဝိုင်ခန်း များထက် ကျယ်၏။ ခန်းမ အလယ်၌ ရေကန် တစ်ကန် ရှိသည်။
ရေကန် အကျယ်မှာ၊ ပေ တစ်ရာခန့် ရှိပြီး အလယ် ဗဟိုတွင် အနက်ရောင် လိပ်ရုပ် တုကြီး တစ်ခု ရှိနေ၏။
အနား၌ အမျိုးသမီး ရုပ်တု တစ်ခု ရှိနေသည်။ သူမ အနီး တစ်ဝိုက်တွင် လျှပ်စီး မြွေ (၁၀)ကောင် ရှိ၏။
၎င်းတို့၏ ပါးစပ် များမှ၊ ရေများ စီးကျ နေသည်။ ခန်းမ ထောင့်တိုင်း၌၊ ဝိုင် ထားရာ စင်များ ရှိသည်။
ဝိုင်အိုးများ၊ ပုလင်း များနှင့် ဖန်ခွက် များစွာကို၊ ထိုစင်မြင့် ပေါ်၌ ထည့်သွင်း ပြသ ထားသည်။
ထိုအရာများ သည်ပင်၊ ရတနာများ ဖြစ်နေပြီး၊ ထူးခြားသော အာကာသ ရူရ်များ ပါရှိ ချေ၏။
အခန်း အတွင်းရှိ အရာ ဝတ္တု များကို အပေါ်စီးမှ ကြည့်သော်၊ အစီရင် တစ်ခု သဖွယ် မြင်ရ စေမည်။
အမျိုးသမီး သလင်းကျောက် ရုပ်ထုနှင့် ပတ်သက်၍၊ သာမန် မဟုတ်ကြောင်း ခံစား နိုင်သည်။
ရုပ်ထု အတွင်း နတ်ဘုရားများ ကိန်းဝပ် နေပုံရသည်။ ၎င်းသည် သူတော်စင် ဝိုင် များကို ချက်လုပ်ရန် အတွက်၊ အသုံး ပြုသည့် အစီရင် ဖြစ်နိုင်မည်။
“ ဒီဝိုင်ခန်း တစ်ခု လုံးက၊ ဝိညာဉ် ရေးရာ အစီရင် တစ်ခုနဲ့ ဖုံးအုပ် ထားတယ် ... ၊ သူ့ကို အသက် သွင်းပြီး တာနဲ့၊ ဝိုင်ချက်လို့ ရပြီ၊ ဒါက မိုမိသားစုရဲ့ နည်းလမ်းနဲ့ တူနေတယ်။ ”
မိန်ဇီဟော်မှ ထူးခြားချက်ကို သတိ ပြုမိကာ ရှင်းပြ လေသည်။
“ အစ်ကိုလင်း ... ဒီသလင်းကျောက် ရုပ်တုကို၊ ငါ အသက် သွင်းနိုင် မလား ကြည့် ရအောင်။ ”
ထို့နောက် စိတ်လှုပ်ရှား စွာဖြင့် ပလွေ မှုတ်ရန် ပြင်တော့သည်။
“ မလုပ်နဲ့ ... ။ ”
“ ရပ် ... ။ ”
“ လူမိုက် ... ။ ”
သို့သော် မည်သူမျှ သူ့အား လက်မခံချေ။ ဝိုင်သည် သူ၏ အသက် ဖြစ်သဖြင့်၊ ကူကျွင့်မှာ ရန်လို လာ တော့၏။
“ လူမိုက် ... ထပ်ရှုပ်ရင် ... ၊ မင်းကို ငါသတ်ပစ် တော့မယ်၊ မင်း တစ်ယောက်တည်း မဟာ သူတော်စင် အသံကို၊ ဆုပ်ကိုင် ထား နိုင်တယ် ထင်နေလား၊ လင်းရှောင်က နိဗ္ဗာန် ပွဲမှာ မင်းကို အနိုင် ယူခဲ့တာ မမေ့နဲ့။ ”
“ ငါက ဒီအတိုင်းလေး ပြောမိ တာပါ။ ”
မိန်ဇီဟော်မှ ရှက်ရွံ့စွာ ခေါင်းကုတ် လိုက်တော့သည်။ လင်းယွန်က အခန်း ပတ်ပတ် လည်ကို ဝေ့ကြည့် သည်။
ဝိုင်စင်များ ပေါ်တွင်၊ နာမည်များ ရေးထိုး ထား၏။ လ-မီးတောက် ဝိုင်၊ နဂါး မီးတောက် ဝိုင်၊ တိမ်မိုးကြိုး ဝိုင်နှင့် အခြားသော အမည် များစွာ ရှိနေသည်။
၎င်းတို့ အားလုံးသည်၊ မြင့်မြတ်သော ဝိုင် အမျိုးအစားများ ဖြစ်၏။ ထောင်စုနှစ် မီးလျှံပင် ရှိနေ ခဲ့သည်။
“ အဖိုးကြီး ... ၊ မင်း ပြောတဲ့ ... ဒီမီဂေါ့ ဝိုင် ဘယ်မှာလဲ။ ”
လင်းယွန်မှ မေးသည်။
“ ရှိတယ် ... ။ ”
ဤနေရာသည် မိုးကြိုး လိပ်နက် မိသားစု အတွက်၊ အထွတ်အမြတ် ထားရာ နေရာဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းတည်း ကပင်၊ တားမြစ်ခန်း ဖြစ်သည်။
ထို့ကြောင့် (Demigod) ဒီမီဂေါ့ ဝိုင်သည် အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်၏။ လူတိုင်း သိရန် ထိုက်တန်ခြင်း မရှိချေ။
( ဒီမီဂေါ့ဟု သုံးစွဲ ရသည်အား ကြိုက်သဖြင့်၊ ဝိုင် အမည်ကို Demigod အဖြစ်သာ၊ ဆက်လက် သုံးစွဲ ပါတော့မည်။ )
၎င်းသည် ကိုယ်ခံပညာ အဆင့်ကို မြင့်မား စေသည် သာမက၊ လူ့သက်တမ်း အပေါ်လည်း ရှည်စေသည်။
လောက နိယာမ နယ်ပယ်မှ၊ တစ်စုံ တစ်ယောက်သည်၊ အနည်းငယ် သောက်သုံးခွင့် ရပါက၊ သူတော်စင် ဖြစ်ရန် အခွင့် အရေး ရရှိ သွားပေမည်။
အမည်ခံ သူတော်စင်များ အတွက်မူ၊ သူတော်စင် ဖြစ်ရန်၊ (၃၀%) အခွင့် အလမ်း ရှိ ချေ၏။
၎င်းရာခိုင်နှုန်းသည် နည်းသည်ဟု ထင်ရ သော်လည်း၊ သူတော်စင် ဟူသည် ခွန်လွန် ဘုံ၌ အထွတ်အထိပ် တန်ခိုးရှင် တစ်ပါး ဖြစ်သဖြင့်၊ ကြီးစွာသော ကံကောင်းမှု ဖြစ်သည်။
ဤသည်မှာ သာလွန် နယ်ပယ် တစ်ခု ဖြစ်ပြီး၊ လူတိုင်း လိုလို နှစ်ပေါင်း ထောင်ဂဏန်း တိုင်အောင်၊ ပိတ်မိ နေသော အရာ ဖြစ်၏။
***