ခွဲတမ်း ချခြင်း။
Vol. 132 Ch. 1843
ဝိုင်ခန်း အတွင်း သူတို့ လေးဦးသာ ရှိနေ သဖြင့် စိတ်လှုပ်ရှား လာသည်။ အထူး သဖြင့် ဒီမီဂေါ့ ဝိုင်၏ တည်ရှိမှုကို၊ ကူကျွင့်မှ အတည်ပြု ပြီးနောက်၊ သုံးယောက်သား မျက်နှာများ ဝင်းပလာ ကြ၏။
လင်းယွန် အတွက်မူ အရည် အသွေးမြင့် ဝိုင်များစွာကို သောက်ခဲ့ဖူး လေရာ၊ ဝိုင်များ၏ အကျိုး သက်ရောက်မှု ကျဆင်း သွားပြီ ဖြစ်သည်။
ဒီမီဂေါ့ ဝိုင် သည်သာ အကူအညီ ရနိုင် ပေမည်။ နဂါး သွေးလွှတ်ကြော ကန့်သတ်ချက် သို့၊ ရောက်နိုင် မည်ဟု ယုံကြည်မိ၏။
“ ဘယ်မှာလဲ ... ။ ”
လင်းယွန်မှ မေးသည်။ ကူကျွင့်မှ ကျောက်တုံး အမျိုးသမီး ရုပ်တုကို စိုက်ကြည့် လိုက်ပြီး၊
“ ဂီတနဲ့ အဲဒီ ရုပ်တုကို အသက် သွင်းပြီး အစီရင်ကို နှိုးဖို့ လိုတယ်၊ ဒါက တစ်ခု တည်းသော နည်းလမ်းပဲ။ ”
“ ငါ့ ခန့်မှန်းချက် ... မှန်သားပဲ။ ”
မိန်ဇီဟော်က မျက်ဝန်းများ တောက်ပလျက် ပြောသည်။
“ ဟား ဟား ဟား ... မရှုပ် စမ်းနဲ့၊ မင်းမှာ သက်ဆိုင်တဲ့ တေးသွား မရှိ ပါဘူး၊ သတိ မထား ရင် ... သေရ လိမ့်မယ်။ ”
ကူကျွင့်မှ ရယ်မော လိုက်သည်။
“ ဒါဆို အဲဒီ သေတ္တာ ထဲက ဝိုင်တွေ ကိုရော ဘယ်လို ယူရမလဲ။ ”
အခန်းထောင့်ရှိ ဝိုင်စင် များကို လှမ်းကြည့် လိုက်သည်။ ထိုအထဲတွင် သူ မသောက် ဖူးသော ဝိုင်များ ရှိနေသည် ။
“ ဝိုင်စင် တွေကို ... ၊ အမည်ခံ သူတော်စင် တောင်မှ မဖွင့် နိုင်တဲ့ ... ၊ ကန့်သတ်ချက် တစ်ခု နဲ့ ပိတ်ထားတယ်၊ ... အဲဒီ တုန်းက ဒီဝိုင်ခန်းကို စီမံ ခန့်ခွဲသူ တစ်ဦးပဲ၊ ဝင်ရောက်ခွင့် ရှိတယ်။ ”
ကူကျွင့် ရှင်းပြ သံကြောင့်၊ လင်းယွန်တို့ သုံးဦးမှာ နှုတ်ဆိတ် သွားသည်။ ဤသို့ ဆိုသော် ရပ်ကြည့်ပြီး၊ ပြန်သွား ရမည် မဟုတ်လော။
“ ငါ စမ်းကြည့် ပါရစေ။ ”
မိန်ဇီဟော်မှ မယုံဘဲ၊ ဝိုင်စင် ဆီသို့ လျှောက်လှမ်း သွားသည်။ လင်းယွန်နှင့် ကူကျွင့်က သူ့အား မတားချေ။
ထို့ကြောင့် ခြေလှမ်း သုံးလှမ်း လှမ်း ပြီးနောက်၊ တစ်စုံ တစ်ဦးမှ သူ့အား တားဆီး မည်ဟု ထင်ခဲ့သော အတွေးမှာ၊ မှားယွင်း သွားမှန်း သိလိုက် ရသည်။
ဤနေရာသည် မည်မျှ ထူးခြား သည်ကို သိသောကြောင့်၊ အနည်းငယ် တွန့်ဆုတ် သွားမိ ၏။ အဆုံးတွင် အံကြိတ်ကာ ဆက်သွား မိသည်။
သို့သော် ဝိုင်စင်နား မရောက်ခင် ဆယ်ပေ အကွာ၌ ရုတ်တရက် မူးလာပြီး၊ ယိမ်းယိုင် သွား တော့၏။
မမြင်နိုင်သော မြူအချို့က၊ ရေဝဲ တစ်ခု အသွင် ရှိနေသည်။ ၎င်းသည် ရွှေရောင် အဆင်း ရှိသော ရနံ့များ ဖြစ်ပြီး၊ ဝိုင်စင်အား ဖုံးလွှမ်း ကာကွယ် နေ၏။
ယင်းအား ပကတိ မျက်စိဖြင့် မမြင်နိုင် သော်လည်း၊ လင်းယွန်၏ ဓား နှလုံးသားမှ မြင် လိုက်ရသည်။
အနားကပ် လာ သူတိုင်း မူးမေ့ စေရန် ရည်ရွယ်သည်။ သန်မာသော စိတ် ဝိညာဉ် ရှိသူ မိန်ဇီဟော် သည်ပင်၊ ဆယ်ပေ အကွာ ထိသာ ရောက်နိုင် ခဲ့သည်။
“ အကြီးအကဲကူ ... ၊ မိန်ဇီဟော် အဆင်ပြေ ရဲ့လား။ ”
အန်းလျူယွင်မှ မေးသည်။
“ မသေ ပါဘူး၊ ဆယ်ရက် ဆယ့်ငါးရက် လောက်တော့ အိပ်ပျော် နေလိမ့်မယ်၊ ဒါလည်း ကောင်းပါတယ်၊ သူ အနားယူ ရတာပေါ့။ ”
ကူကျွင့်မှ ပြန်ဖြေသည်။ လင်းယွန်က စိုးရိမ်ပြီး မိန်ဇီဟော်အား ပြန်လည် ဆွဲထုတ် လာခဲ့သည်။
“ ငါတောင် ကြာကြာ မနေ နိုင်ဘူး။ ”
လင်းယွန်မှ ညည်းတွား မိ၏။ ဝိုင် ရနံ့ များသည် နေရာ တိုင်းတွင် ရှိသည်။ သို့သော် အန္တရာယ် မရှိချေ။ မူးဝေ အိပ်ပေျာ် သွား အောင်သာ လုပ်ပေ လိမ့်မည်။
ဓား ရည်ရွယ်ချက် သည်ပင်၊ ထိုရနံ့ကို မခွဲထုတ် နိုင်ဘဲ၊ အစွမ်း ထက်သော ကိုယ်လုံး ကိုယ်ပေါက် ကြောင့်သာ၊ အချိန် အနည်းငယ် ပိုနေနိုင် ခဲ့ခြင်း ဖြစ်သည်။
“ နည်းလမ်း ... မရှိဖူးလား။ ”
လင်းယွန်မှ မေးစေ့ကို ကိုင်ကာ စဉ်းစား နေမိသည်။
“ မင်း လူမိုက်လား၊ အမည်ခံ သူတော်စင် တေွတောင် ကူကယ်ရာ မဲ့တဲ့ ကန့်သတ်ချက် တွေ ရှိတယ်လို့ ငါ ပြောသားပဲ။ ”
ကူကျွင့်မှ ပြုံးပြီး ပြောလာသည်။
“ အစ်ကိုကြီး၊ မင်းမှာ နည်းလမ်း ရှိတယ် မဟုတ်လား။ ”
အန်လျူယွင်မှ အဖိုးအို အထာကို သိနေသဖြင့်၊ ချော့မော့ မေးမြန်း လိုက်တော့၏။
“ ရှိတာပေါ့ ... ၊ ဒါပေမယ့် (၉၀%) ငါ လိုချင်တယ်၊ ကျန်(၁၀%)ကို မင်းတို့ အချင်းချင်း ခွဲယူပါ၊ ဒီမီဂေါ့ ဝိုင် အတွက်တော့၊ ...
... တစ်ယောက် ကို တစ်ခွက်စီ ရမယ် ... ၊ မင်းတို့ရဲ့ လက်ရှိ ကျင့်ကြံမှု အရ၊ အလွန်အကျွံ သောက်မိရင် သေကုန် လိမ့်မယ်။ ”
ကူကျွင့်က တောင်းဆိုချက် ပြုလုပ် လာသည်။
“ အဖိုးကြီး ... မင်းရဲ့ နှလုံးသွေး ပြန်ရဖို့ ဘယ်လောက် ကြာမလဲ။ ”
လင်းယွန်မှ စကား ဖြတ်မေး လိုက်သည်။
“ အနည်းဆုံး နှစ်ဝက် ... ဘာလို့လဲ၊ လူယုတ်မာ မင်းက ရုတ်တရက် ... ငါ့ကို ဘာလို့ စိတ်ပူ နေရ တာလဲ။ ”
ကူကျွင့်က ပြုံးပြီး ပြန်ဖြေသည်။
“ လိပ်နက် ပင်လယ်ကွေ့မှာ ... ၊ ဘဝ အဆင့်ထက် ကျော်လွန်တဲ့ ခွန်အားမျိုး အသုံးပြု လို့ မရဖူး မဟုတ်လား။ ”
လင်းယွန်မှ အေးစက်စွာ ပြုံးလိုက်၏။ ကူကျွင့် မျက်နှာ ရုတ်ချည်း ပြောင်းလဲ သွားကာ ဒေါသ တကြီးဖြင့်၊
“ လူယုတ်မာ ... ၊ ငါ့ကို ခြိမ်းခြောက် နေတာလား။ ”
-ဟု ပြန်လည် မေးမြန်း လာသည်။
လင်းယွန်မှ ပြန်မဖြေဘဲ၊ လက် (၃)ချောင်း ထောင်ပြကာ၊
“ ၃၀ ရာခိုင်နှုန်း။ ”
-ဟု ပြောလိုက်သည်။
“ မင်း (၃၀) ရာခိုင်နှုန်းယူ၊ ကျန်တဲ့ (၇၀) ရာခိုင်နှုန်းကို ငါတို့ ခွဲယူ လိုက်မယ်။ ”
“ မင်း ငါ့ကို သတ်လိုက်တော့။ ”
ထိုအချိန်တွင် အန်လျူယွင် လှမ်းထွက် လာပြီး။
“ အကြီးအကဲ ကူ ... ၊ ဘာတွေ ပြောနေ တာလဲ၊ သခင်လေး လင်းက အကြီးအကဲ အပေါ် အားကိုး နေရ ဆဲပါ၊ ပြီးတော့ ... အဲဒီ အမျိုး သမီးက နှလုံး သွေးကို လိုချင်တဲ့ အခါ၊ မင်း ရှေ့မှာ သူ ရပ်ပေး ခဲ့တယ် မဟုတ်လား။ ”
“ (၇၀) ရာခိုင်နှုန်းတော့ မပေး နိုင်ဘူး။ ”
ကူကျွင့်မှ ခေါင်းမာ နေဆဲ ဖြစ်၏။ လင်းယွန်မှာ အချိန် မဖြုန်းချင် သောကြောင့်၊
“ မင်းက ငါတို့ကို ဒီကို ခေါ်လာ ခဲ့တာမို့၊ (၄၀%) ယူလို့ ရတယ်၊ ဒီမီဂေါ့ ဝိုင်ကို ... ရခဲ့ ရင်၊ (၇၀%) အထိ တိုးပေးမယ်၊ ငါတို့က (၃၀%)ပဲ ယူမယ်။ ”
ဒီမီဂေါ့ ဝိုင်အား ရယူရန် ရိုးရှင်းမည် မဟုတ်ကြောင်း လင်းယွန် သိသည်။ ထို့ကြောင့် ညှိနှိုင်း စျေးမှာ တိုးသာ ဆုတ်သာ ရှိနေ၏။
“ အဲဒါက ပို ကောင်းတယ်၊ ဒါနဲ့ ... မင်း ဘာလို့ ဒီမီဂေါ့ ဝိုင်ကို အသည်းအသန် လိုချင် နေရ တာလဲ။ ”
ကူကျွင့်က မေးလိုက်သည်။ သို့သော် လင်းယွန်မှ ပြန်မဖြေဘဲ၊ ပတ်ဝန်းကျင်ကို ကြည့်ကာ၊
“ တကယ်တော့ ... ကန့်သတ်ချက် ကို ဘယ်လို ချိုးဖျက် ရမယ် ဆိုတာ၊ ငါအကြမ်းဖျင်း သိနေပြီ။ ”
-ဟု ပြောလိုက်သည်။
“ မဖြစ် နိုင်တာ ... ။ ”
ကူကျွင့် ခမျာ ထိတ်လန့် သွား၏။
“ သော့ချက်က ... အဲဒီ သလင်းကျောက် ရုပ်ထုမှာ ရှိတယ်၊ သူမက အစီရင်ရဲ့ ဗဟိုချက်ပဲ။ ”
“ မင်း ... မင်း ဘယ်လို သိလဲ။ ”
မေးခွန်း ပြန်ထုတ် ပြီးနောက်၊ တစ်ဖက် လူ၏ ထောက်ချောက်ထဲ ကျသွားမှန်း နားလည် လိုက်သည်။
အမှန်ပင် လင်းယွန်မှ ၎င်းကို မှန်းဆ နိုင်ရုံ မျှသာ ဖြစ်သည်။ လိမ္မာ ပါးနပ်မှု မရှိသော် ဤ အဖိုးကြီး၏ လှည့်စားခြင်း ခံရ ပေမည်။
“ ငါတို့ ... ဒီမီဂေါ့ ဝိုင်ကို ရပြီးမှ ... ၊ ဆက်ပြော ကြရအောင်၊ မရလည်း ဒီထိပ်တန်း ဝိုင် တွေနဲ့ ... အချိန် အတော် ကြာတဲ့ အထိ၊ သောက်ဖို့ လုံလောက် ပါတယ်၊ ဒါက ...
... ငါ အလျော့ပေး နေတယ် ဆိုတာ ... ၊ မင်းသိ ပါတယ်၊ ပြီးတော့ ဒီမီဂေါ့ ဝိုင်ရရ- မရရ (၅၀%) တိုးပေးမယ်၊ ငါ မရှိရင် မင်းလည်း ဒီကို လာနိုင်မှာ မဟုတ်ဘူး ဟုတ်တယ် မလား။ ”
လင်းယွန်က ရာခိုင်နှုန်းအား ထပ်တိုး ပေးလိုက်၏။ ယင်းကြောင့် ကူကျွင့် ခမျာ၊ အချိန် အတော်ကြာ ချိန်ဆ သွားခဲ့သည်။
“ ကောင်းပြီ ... ၊ ငါတို့ အားလုံး အတူတူ လာခဲ့ ကြတာပဲ၊ ဒီလောက် တွက်နေစရာ မလို ပါဘူး၊ ငါ ဘယ်လို လူလဲ ဆိုတာ ... မင်းလည်း သိပါတယ်၊ ...
... မင်းရဲ့ လှည့်ကွက် တွေကို ပြန်သိမ်း ထားဖို့ အကြံ ပေးချင်တယ် ... ၊ ကြယ်ခန်းမမှာ သူဌေး အန်းက မင်း အပေါ်၊ ကောင်းကောင်း ဆက်ဆံ ခဲ့တာကို မမေ့ပါနဲ့၊ သူ့ကို အကြွေး ပေးစရာတွေ ရှိသေးတယ် မဟုတ်လား။ ”
လင်းယွန်မှ မျက်ခုံး ပင့်တင်ကာ၊ ထပ် ပြောလိုက် သဖြင့် အန်းလျူယွင်က ပြုံးလျက်၊ သူ့အား ကြည့်လိုက် တော့သည်။
ထို့ကြောင့် သူ့ကိုယ် သူသာ ပါးရိုက် ချင် လာသည်။ သည်လင်မယား နှစ်ယောက် အတိုင် အဖောက် ညီညီဖြင့်၊ ခြယ်လှယ် သမျှ ခံရ ပေတော့မည်။
အမှန်ပင် သူ သည်လည်း၊ ကြယ်ခန်းမမှ အလွန်အမင်း ယူခဲ့မိသည်။ ထို့အတွက် နောင်တ ရသွား၏။
“ ကောင်းပြီ၊ ငါ ကန့်သတ်ချက်ကို ချိုးဖျက် ပေးမယ် ၊ ဒါကြောင့် ဝိုင် ယူဖို့ မင်းက နည်းလမ်း ရှာပါ။ ”
ကူကျွင့်က အံကြိတ်လျက် အဲဟူအား ထုတ်ကာ၊ စတင် ကစား တော့သည်။ မိုးခြိမ်း သံလို မြည်ဟည်း နေသည့် ရှေးဟောင်း ယဇ် ပူဇော်ခြင်း ဆိုင်ရာ တေးဂီတ ဖြစ်၏။
“ ..... ။ ”
၎င်းလက်သံမှာ လင်းယွန်ကို မှင်တတ် သွားစေ၏။ အဖိုးကြီးသည် မဟာ သူတော်စင် အသံကို၊ ဆုပ်ကိုင် ထားသော ပညာရှင် တစ်ပါး ဖြစ်သည်မှန်း ပြန်၍ သတိ ရလာသည်။
သူတော်စင် ဘုရင် အသံ၏၊ မျက်နှာပြင် နှင့်ပင် ထိတွေ့ နေ၏။ မိန်ဇီဟော် လက်ရည်မှာ၊ သူ့ ခြေဖျားကို မမီချေ။
အမျိုးသမီး သလင်းကျောက် ရုပ်ထုက၊ စတင်လှုပ်ရှား လာပြီး၊ ပလေွ တေးသွားကို အပြိုင် တီးမှုတ် တော့သည်။
ရေကန် တစ်ဝိုက်ရှိ သူတော်စင် ရူရ်များ ပွင့်လာကာ၊ ဝိုင်စင် ပေါ်ရှိ ကန့်သတ် ချက်များ ကျိုးပဲ့ သွား၏။
“ ဝှစ် ... ။ ”
ပိတ်ထားသော တံခါးများ ပွင့်လာသည်။ လိပ်နက် မိုးကြိုး သံကြိုး ထုတ်ယူကာ၊ ဝိုင်အိုး အပေါ်၊ ရစ်သိုင်း ဆွဲယူ လိုက်သည်။
သွက်လက်သော မြွေများ ကဲ့သို့၊ သံကြိုး ကိုးချောင်း ပြေးထွက် သွား၏။ ထောင်စုနှစ် မီးလျှံ သိမ်းဆည်း ထားသည့် ဝိုင်အိုး၊ ဦးစွာ ပါလာသည်။
ဝိုင်အိုးအား ကိုင်လိုက်သော အခါ၊ လေးလံနေ သဖြင့်၊ အမှန် တကယ် အာကာသ ရတနာ တစ်ခု ဖြစ်ကြောင်း သိလိုက် ရ၏။
***