← Chapters

ဒီမီဂေါ့ ဝိုင် ... ။

Vol. 132 Ch. 1844

ဒီမီဂေါ့ ဝိုင် ... ။

Vol. 132 Ch. 1844

ထောင်စုနှစ် မီးလျှံကို၊ အန်းလျူယွင်ထံ လွှဲပေး လိုက်ပြီး၊ နောက်ထပ် ဝိုင်အိုး များကို ဆက်၍ ဆွဲယူ နေခဲ့သည်။

၎င်းတို့မှာ နဂါး မီးတောက် ဝိုင်၊ နှလုံး လောင်မြိုက်ခြင်း ဝိုင်၊ တိမ်မိုးကြိုး ဝိုင်၊ မိုးပြာ ကြာပန်း ဝိုင်၊ အပြာရောင် လွမ် ဝိုင်နှင့်၊ မူလ ဝိုင်တို့ ဖြစ်၏။

နဂါး မီးတောက် ဝိုင်သည်၊ မီး ဂုဏ်သတ္တိ ဖြစ်သောကြောင့်၊ လင်းယွန် အတွက် အသုံး မဝင် လှချေ။

လွမ် ဝိုင်နှင့် တိမ်မိုးကြိုး ဝိုင် တို့သည် လေနှင့် လျှပ်စီး ဖြစ်ပြီး၊ သူ၏ မိုးပြာ နဂါး ခန္ဓာ ကိုယ် အတွက်၊ သင့်လျော် ချေ၏။

မိုးပြာ ကြာပန်း ဝိုင်သည်၊ ဓား ရည်ရွယ်ချက်အား ထာဝရ တည်စေပြီး၊ မူလ ဝိုင် မှာမူ၊ ကျင့်ကြံမှုအား ခိုင်မာ စေ၏။

အားလုံးမှာ ဝိုင်များ ဖြစ်သော်လည်း၊ သူတော်စင် ဆေးလုံး များနှင့် ယှဉ်နိုင်သည်။ ကူကျွင့် သီချင်း ဆုံးသွားသော အခါ၊ ဝိုင်များ အကုန် အစင် နှိုက်ယူပြီး ဖြစ်၏။

“ ဒီဝိုင်အိုးနဲ့ ခွက်တွေက ... ၊ အစီရင် ခင်းကျင်းထားတဲ့ အစိတ် အပိုင်း တွေပဲ၊ အဲဒါကို ပြန်ထား ပေးရ မလား။ ”

ဝိုင်များကို လှယ်ယူကာ၊ အိုးခွက်များ ပြန်ထားပေး ပါက၊ အစီရင်သည် သူ့ အလိုလို ဝိုင်များ ဆက်လက် ချက်လုပ် နေပေမည်။

ကူကျွင့်မှ အဲဟူကို ကိုင်ပြီး၊

“ မလိုပါဘူး၊ ဘယ်သူမှ ဒီကို လာနိုင် တော့မှာ မဟုတ်ဘူး။ ”

-ဟု ပြန်ဖြေ၏။

သူ့ လေသံတွင် ဝမ်းနည်း ရိပ်များ စွန်းထင်းနေ သောကြောင့်၊ မည်သို့ နှစ်သိမ့် ရမည်မှန်း၊ လင်းယွန် မသိ တော့ချေ။

“ ကောင်းပြီ ... ၊ (၇၀) ရာခိုင်နှုန်း ငါ့ကို ပေးမယ်လို့ ... ၊ မင်းတို့ ပြောထားတယ် မဟုတ် လား။ ”

သို့သော် ရုတ်တရက် အသွင်ပြောင်း သွားသော အမူအရာ အရ၊ ဤအဖိုးအို အပေါ် သနားရန် မသင့်ဟု၊ သတိ ဝင်လာ၏။

“ ဒီမီဂေါ့ ဝိုင် ... ဘယ်မှာလဲ။ ”

“ လိပ်ခွံ ထဲမှာ ... ။ ”

ကူကျွင့်က ချက်ချင်း မောပန်း နွမ်းနယ် လာဟန်ဖြင့်၊

“ ဒါပေမယ့် ... ငါ့ရဲ့ လက်ရှိ အခြေ အနေ အရ၊ မိုးကြိုး လိပ်နက် တေးသွားကို ကစားလို့ မရနိုင် တော့ဘူး။ ”

“ ဒါဆို ငါ လုပ်ပါ ရစေ၊ နုတ်တွေ ပေးပါ။ ”

လင်းယွန်မှ နုတ်များကို လိုက်လံ မှတ်သားပြီး၊ မျက်လုံး ခဏ မှိတ်ထား မိသည်။

“ ရလား ... ။ ”

ကူကျွင့်က သံသယဖြင့် မေးလာ၏။

“ ငါက နိဗ္ဗာန် ပွဲရဲ့ ချန်ပီယံပဲ၊ ငါ မလုပ်နိုင်ရင် ... တခြား ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ”

“ ဒါဆို ဒီမီဂေါ့ ဝိုင်ကို ... ၊ ဘယ်သူ သွားယူ မလဲ။ ”

လင်းယွန်က အန်းလျူယွင်ထံ၊ လှည့် ကြည့်သည်။ အန်လျူယွင်မှ ဆိုလို ရင်းအား နားလည်ပြီး၊ ခေါင်းညိတ် ပြ လိုက်၏။

သည့်နောက် နတ်ကျောက်စိမ်း ပလွေကို ထုတ်ယူကာ၊ မိုးကြိုး လိပ်နက် တေးသွားအား၊ စတင် တီးမှုတ် တော့သည်။

အမျိုးသမီး ရုပ်တုမှ ရောင်ခြည်များ ဖြာထွက် လာပြီး၊ နောက်တစ်ကြိမ် ပလွေမှုတ် ပြန်၏။

ထိုမြင်ကွင်းကြောင့် အန်းလျူယွင်က အသက် ပြင်းပြင်း ရှူကာ၊ ရှေ့ တစ်လှမ်း တိုး လိုက်လေသည်။

“ နေဦး ... ၊ ဒါကို ယူ ... ၊ သူက ဝိုင်ရနံ့ တွေကို ဖယ်ရှား ပေးလိမ့်မယ်။ ”

ကူကျွင့်မှ ကျောက်စိမ်း ပုလင်း တစ်လုံး ထုတ်ယူပြီး၊ ကမ်းပေး လာသည်။ အဖိုးအို၏ စေသနာကို အန်းလျူယွင်မှ အသိအမှတ် ပြုဟန် ပြုံးပြ လိုက်သည်။

“ ပြီးတော့ ... ၊ အဲဒီ မြွေတွေက မင်းကို တိုက်ခိုက် လိမ့်မယ်၊ သတိ ထား ... ။ ”

ရေလယ် ကောင်ရှိ မြွေရုပ်တု များကို လှမ်းကြည့်ကာ၊ သတိ ပေးသည်။ ထိုသတိပေး စကား အရ၊ လင်းယွန်ပင် စိတ်ထဲမှ ကျိန်ဆဲ မိ၏။

အန်းလျူယွင် နေရာ၌ သူသာ ဆိုက၊ ဤလျှို့ဝှက်ချက်ကို အဖိုးကြီးမှ ထုတ်ဖော် ပြော ပြမည် မဟုတ်ချေ။

သို့သော် မည်သို့ပင် ဆိုစေ ကာမူ၊ အန်းလျူယွင် အန္တရာယ် ကင်းနေ သ၍၊ ၎င်းကို ခွင့်လွှတ် နိုင်သည်။

“ သူဌေး အန်း ... သတိ ထားပါ။ ”

ကူကျွင့်က လင်းယွန် အကြည့်ကြောင့် အနည်းငယ် ရှက်သွားပြီး၊ ပြုံးလျက် သတိပေး လာသည်။

အန်လျူယွင်မှ ခေါင်းညိတ် ပြကာ၊ ကျောက်စိမ်း ပုလင်းထဲမှ ဆေးလုံးကို ထုတ် သောက် လိုက်၏။

“ ဝှစ် ... ။ ”

ရေကန်သို့ ပျံသန်း သွားစဉ်၊ မြွေရုပ် (၁၀)ခုက ရုတ်တရက် အသက် ဝင်လာပြီး၊ တိုက်ခိုက် လာတော့သည်။

၎င်းတို့မှာ သူမ ထင်သည်ထက် ပို၍ ကိုင်တွယ်ရ ခက်ခဲ နေ၏။ လျှပ်စီးများ ဖုံးလွှမ်း လျက်၊ အနား မကပ် နိုင်အောင် တွန်းထုတ် နေကြသည်။

“ ထန် ထန် ... ။ ”

သွေးလမင်း ယပ်တောင်သည် ထိုမြွေ များနှင့် တွေ့ဆုံသည့် အကြိမ်တိုင်း၊ မီးပွားများ ပွင့်ထွက် လာ၏။

“ ဟိတ် ... ။ ”

ပြတ်သားသော ဆုံးဖြတ်ချက် နှင့်အတူ၊ အတင်း အကြပ် တိုးဝင် လိုက်သည်။ လျှပ်စီးမြွေ များ၏ ကိုက်ခဲမှု များစွာ ခံလိုက် ရသဖြင့်၊ သွေး အလိမ်းလိမ်း ဖြစ်သွား၏။

“ ဖပ် ... ။ ”

သို့သော် လိပ်ခွံပေါ်သို့ အောင်မြင်စွာ ဆင်းသက် နိုင်ခဲ့သည်။ အဆုံးတွင် လျှပ်စီးမြွေ များမှာ၊ လိုက်မရ သဖြင့်၊ ဒေါသ ထွက် လာပြီး၊ အနက်ရောင် အဆိပ် အငွေ့များ မှုတ်ကာ တိုက်ခိုက် လေသည်။

“ ခရစ် ... ။ ”

ထိုအချိန်တွင် လိပ်ခွံမှာ စစ်တုရင် ကစားသော ခုံကဲ့သို့ ပွင့်ထွက် လာပြီး၊ ဒီမီဂေါ့ ဝိုင်အား မြင်လိုက် ရသည်။

“ ဝှစ် ... ။ ”

လင်းယွန်က ခေါင်းမော့ကာ၊ ပလွေကို ရုတ်လျက်၊ အန်းလျူယွင် ထံသို့ ပြေးလွှား သွား တော့သည်။

“ အ ... ။ ”

အန်းလျူယွင်မှာ လျှပ်စီး မြွေများ၏ အဆိပ်ငွေ့ များကြောင့်၊ ချက်ချင်း ယိမ်းယိုင် လာတော့၏။

ထိုအချိန်တွင် လင်းယွန်မှာ ရုတ်ချည်း ရောက်ရှိ လာသည်။ ဓား ရည်ရွယ်ချက် ထုတ် လွှတ်လျက်၊ မြွေများ အပါအဝင် အဆိပ် ငွေ့ များကို၊ ဖျက်ဆီး ပစ် လိုက်သည်။

အန်းလျူယွင် အတွက် ဒီမီဂေါ့ ဝိုင်ကို စွန့်လွှတ် လိုက်ခြင်း ဖြစ်၏။ ထို့နောက် လက် ဆွဲပြီး၊ ရင်ခွင်ထဲ ထိန်းထား လိုက်ရသည်။

“ သခင်လေး လင်း ... ။ ”

လိပ်ခွံ ပေါ်ရှိ အက်ကြောင်းများ၊ ဖြည်းညှင်းစွာ ပြန်ပိတ် နေသည်ကို မြင်သဖြင့်၊ အန်းလျူယွင်မှ အကျပ်ရိုက် သွား၏။

“ အဆင်ပြေတယ် ... ၊ မင်းက ဒီမီဂေါ့ ဝိုင်ထက် ပို အရေးကြီးတယ်။ ”

လင်းယွန်မှ နှစ်သိမ့် ပေးလိုက်သည်။ သူ့စကားကြောင့် အန်းလျူယွင် မျက်နှာ နီရဲ လာပြီး၊ ခေါင်းငုံ့ သွား၏။

“ ဒင် ... ။ ”

ထိုအချိန်တွင် တေးဂီတသံ ထွက်ပေါ် လာသည်။ သတိ ပြန်ရ လာသည့် မိန်ဇီဟော်မှ တီးမှုတ် လိုက်ခြင်း ဖြစ်၏။

သူ့ပေါင် ပေါ်ရှိ ဗျပ်စောင်း သံမှာ၊ နတ်ကျောက်စိမ်း ဝါးပလေွသံ ထက်ပင်၊ နားဝင် ချိုနေသည်။

သူသည် ဂီတ မျိုးနွယ်စု (၁၀)ပါးမှ၊ လာသူ ဖြစ်၏။ ထို့ကြောင့် လင်းယွန်ထက် ပိုကောင်းနေ သည်မှာ သဘာဝ ပေပင်။

သလင်းကျောက် ရုပ်တုမှ မျက်ဝန်းများ ပြန်ပွင့်လာပြီး၊ သူမ နှုတ်ခမ်းတွင် ပလွေကို တေ့ လျက်၊ တီးမှုတ် ပြန်၏။

ထို့ကြောင့် လင်းယွန်နှင့် အန်းလျူယွင် ခြေဖဝါး အောက်ရှိ လိပ်ခွံက၊ နောက်တစ်ကြိမ် ပွင့်လာပြီး၊ ဝိုင်ပုလင်း တစ်လုံးအား မြင်လိုက် ရလေသည်။

ပုလင်းမှာ ကြည်လင် လွန်းသဖြင့်၊ ဝိုင်များ ကိုပင် ဖြတ်၍ မြင်နေ ရ၏။ ဤသည်မှာ သူတို့ အိပ်မက် မက်နေသော ဒီမီဂေါ့ ဝိုင် ဖြစ်သည်။

“ သခင်လေး ... ရပြီ။ ”

အန်းလျူယွင်က ဝမ်းသာ အားရဖြင့် ပုလင်းကို အမြန် လှမ်းဆွဲသည်။ သည့်နောက် လင်းယွန်နှင့် အတူ၊ ချက်ချင်း ထွက်ခွာ ခဲ့၏။

“ ဖပ် ... ။ ”

မြေပြင်ပေါ် ဆင်းသက် ပြီးနောက်၊ မူးဝေ လာ သောကြောင့်၊ ချက်ချင်း ထိုင်ချကာ၊ တရား ထိုင်လိုက် ရသည်။

ရေကန် ထဲသို့ ပြုတ်ကျ ခဲ့သော်၊ မည်မျှ အကျိုးဆက် ပြင်းထန်နိုင် မည်ကို၊ သူမ မတွေး နိုင်ချေ။

“ သူဌေးအန်း ... အဆင် ပြေရဲ့လား။ ”

ကူကျွင့်မှ ချက်ချင်း ရောက်လာ၏။ ဤသည်မှာ သူ့ အပြစ် ဖြစ်သည်။ သို့သော် အလုံးစုံ မဟုတ်ချေ။ တွန့်တို တတ်ခြင်းသည် သူ့ ဗီဇသာ ဖြစ်၏။

တစ်ဖက် လူအပေါ် တမင် ထိခိုက် နစ်နာစေရန်၊ ရည်ရွယ် ခြင်းမျိုး မဟုတ်ချေ။ အန်းလျူယွင် မျက်နှာမှာ၊ ဖြူဖျော့နေ သော်လည်း၊ ချက်ချင်း ပြုံးပြ၏။

“ အဆင်ပြေ ပါတယ် အကြီး အကဲကူ၊ သိပ်ပြီး စိတ်မပူ ပါနဲ့။ ”

ပြီးနောက် မျက်ဝန်း ပြန်ဖွင့် လာကာ၊ လင်းယွန်ထံ ဒီမီဂေါ့ ဝိုင်အား ကမ်းပေး လိုက် လေသည်။

“ သခင်လေး ... ဒီမှာ ... ။ ”

လင်းယွန်နှင့် အန်းလျူယွင်က သူတို့ နှစ်ဦးတည်း ရှိနေသည့် အလား၊ တစ်ယောက် ကို တစ်ယောက် စိုက်ကြည့်ကာ၊ ပြုံးလိုက် တော့၏။

ယင်းကြောင့် ကူကျွင့်အား နာကျင် စေခဲ့သည်။ လင်းယွန် ကဲ့သို့ ဒီမီဂေါ့ ဝိုင် ကိုပင်၊ ပြတ်ပြတ် သားသား စွန့်လွှတ် ဝံ့သည့် ဆန္ဒမျိုး မလုပ်နိုင် သဖြင့်၊ ၎င်းက အဓိပ္ပါယ် ရှိနေသည်။

မနာလို စရာ ကောင်း သော်လည်း၊ မည်သူမဆို စိုက်ထုတ်မှုထက် ပို၍၊ အကျိုး အမြတ် ရနိုင်စရာ အကြောင်း မရှိနိုင်။

“ ဟား ... ဟား ... ဟား ... ငါ့ကို မမေ့နဲ့၊ လင်းရှောင် ငါ ရှိနေ သရွေ့ ... မင်းကို ဘယ်သူမှ နစ်နာအောင် လုပ်လို့ မရဖူး ဆိုတာ ယုံပြီလား။ ”

“ ဟဲဟဲ ဟုတ်ပါတယ် ... ၊ သခင်လေး မိန်က အတော်ဆုံးပဲ။ ”

အန်းလျူယွင်မှ ချီးကျူး စကား ဆိုလိုက် လေသည်။

“ ဒါပေါ့ ... သူဌေး အန်းက အမြင် ရှိတယ်။ ”

မိန်ဇီဟော်က ချက်ချင်း ရင်ကော့ကာ၊ ချီးကျူးမှုကို ခံယူသည်။

“ ငါတို့ ... ဒီမီဂေါ့ ဝိုင်ကို၊ အရင် သောက်ကြ ရအောင်။ ”

လင်းယွန်က ဝိုင်ပုလင်းကို အလယ်တွင် ချလိုက်၏။

“ ဟင့်အင်း ... ငါ မသောက် တော့ဘူး။ ”

အစောပိုင်း အန်းလျူယွင်၏ အဖြစ် အပျက်သည် ကူကျွင့်အား စိတ်မသန့် ဖြစ်သွား စေပုံ ရသည်။

ဤအရာက ကူကျွင့်သည် တာဝန် သိသူ တစ်ဦး ဖြစ်ကြောင်း သိသာ ချေ၏။ အမှန်မှာ သူ့ အမှား မဟုတ်ချေ။

“ အကြီးအကဲ ကူ လာပါ ... ၊ ငါတို့ သခင်လေးက မင်းကို ဝိုင်သောက်ဖို့ ... ခေါ်နေ တာ၊ သူ့ကို မျက်နှာသာ ပေး ရအောင်။ ”

အန်းလျူယွင်က လင်းယွန် အတွေး များကို သိနေ သဖြင့်၊ ကူကျွင့်အား ချော့မော့ ခေါ်ယူပေး လိုက်သည်။

သူမ၏ နူးညံ့ သိမ်မွေ့သော အသံသည် မည်သူ့ နှလုံးသားကို မဆို၊ အရည်ပျော် သွားစေ နိုင်၏။

သူမ သဘော ထားသည်၊ လင်းယွန်၏ သဘောထားပင် ဖြစ်သည်။ ထို့ကြောင့် ကူကျွင့် မှ တွန့်ဆုတ် စွာဖြင့် ထိုင်ချ လိုက်တော့၏။

***

All Chapters