← Chapters

မင်း ... ငါ့ အကြွေး ပြန်ဆပ် ရမယ်။

Vol. 132 Ch. 1845

မင်း ... ငါ့ အကြွေး ပြန်ဆပ် ရမယ်။

Vol. 132 Ch. 1845

ခရီးစဉ်သည် ပြီးဆုံး သွားပြီ ဖြစ်သော ကြောင့်၊ ရိတ်သိမ်း ထားသမျှကို ခွဲဝေ ရမည့် အချိန် ဖြစ်သည်။

လင်းယွန်က တိမ်မိုးကြိုး ဝိုင်၊ မိုးပြာ ကြာပန်းဝိုင်၊ အပြာရောင် လွမ်ဝိုင်နှင့် ထောင် စုနှစ် မီးလျှံ တို့ကိုသာ ယူခဲ့၏။

စုစုပေါင်း (၂၀%) သာ ရှိ၏။ ကျန် (၈၀%) ကိုမူ၊ ကူကျွင့်မှ (၅၀%)၊ အန်းလျူယွင်မှ (၂၀%) နှင့်၊ မိန်ဇီဟော်မှ (၁၀%) တို့ ဖြစ်သည်။

အန်းလျူယွင်က မည်သည့် အရာ ကိုမျှ မယူချင် သော်လည်း၊ ကူကျွင်နှင့် မိန်ဇီဟော် တို့က အတင်း အကြပ် ယူစေ ခဲ့သည်။

“ သူဌေး အန်း ... ငါတောင် (၁၀%) ယူထားတယ်၊ မင်းလည်း ယူပါ။ ”

မိန်ဇီဟော်မှ ပြောသည်။ ကူကျွင့် ကလည်း ခေါင်းညိတ် ပြပြီး၊

“ သူဌေး အန်း ... ၊ ဒါကို မငြင်းနဲ့၊ အရင် တုန်းက မင်း ငါ့ကို ကောင်းကောင်း ဂရုစိုက် ခဲ့တာပဲ၊ (၂၀%)နဲ့ ထိုက်တန် ပါတယ်။ ”

“ ကောင်းပြီ ... ။ ”

အန်းလျူယွင်မှ ပြုံးပြီး ခေါင်းညိတ် လိုက်သည်။

“ အဘိုးကြီး အခု ... ပျော်ပြီလား၊ မင်း တစ်ယောက် တည်း (၅၀%) ရတယ် ... ၊ ငါတို့ အားလုံး ပေါင်းမှ၊ မင်းနဲ့ ယှဉ်နိုင်တယ်။ ”

လင်းယွန်မှ ပြုံးပြီး ပြောသည်။

“ မင်း တို့တွေက၊ လိပ်နက် ရတနာ အခန်း ထဲမှာ အားလုံး ရခဲ့ ပြီးပြီ၊ အဲ့ဒီ တုန်းက ငါ ဘာမှ မရတဲ့ အပြင်၊ နှလုံးသွေး တစ်စက်တောင် ပေးခဲ့ ရတယ် မဟုတ်လား။ ”

ကူကျွင့်မှ ချက်ချင်း တုန့်ပြန်၏။

“ ဒါပေမယ့် ဒီမီဂေါ့ ဝိုင်က ... မင်းကို ပြန်ကောင်းအောင် ကူညီ ပေးနိုင် ပါတယ်။ ”

မိန်ဇီဟော်မှ ဝင်ပြောသည်။

“ ဒါတော့ သေချာတယ်၊ ဒီဝိုင်နဲ့ ဆိုရင် အမည်ခံ သူတော်စင် တစ်ပါး ဖြစ်လာ နိုင်တယ်။ ”

ဒီမီဂေါ့ ဝိုင်အကြောင်း တွေးမိ သွားကာ၊ လူတိုင်း စိတ်လှုပ်ရှား ကုန်၏။ အဆုံးတွင် ၎င်း တန်ဖိုးသည် ဤဝိုင် များထက် များစွာ တန်ဖိုး ရှိသည်။

“ အဖိုးကြီး၊ ဒီနေရာက ကောင်းကင် ဒုက္ခကို ခံနိုင်လား။ ”

ကူကျွင့်သည် ဤနေရာ၌ အမည်ခံ သူတော်စင် အဆင့်သို့ တက်ရောက်ရန် ကြံရွယ် နေမှန်း သိသဖြင့်၊ လင်းယွန် မှလည်း၊ အကြံ တစ်ခု ရလာ ခဲ့သည်။

ယင်းက ဒီမီဂေါ့ ဝိုင် အကူ အညီနှင့်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကန့်သတ်ချက်သို့ တက်ရောက်ရန် ဖြစ်၏။

အဆိုပါ မေးခွန်းကြောင့်၊ ကူကျွင့်နှင့် မိန်ဇီဟော်၏ မျက်နှာများ ပြောင်းလဲ သွား လေသည်။

“ မင်း ... နဂါး သွေးလွှတ်ကြော ကန့်သတ်ချက်ကို ရောက်အောင် ... ကြိုးစား မို့လား။ ”

“ အင်း ... ။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်၏။ ထိုတုံ့ပြန်မှုက ၎င်းသူတို့ နှစ်ယောက်အား လက်ဖျားများ အေးစက် သွားစေသည်။

နဂါး သွေးလွှတ်ကြော ကန့်သတ်ချက် ဟူသည်၊ ဒဏ္ဍာရီ တွင်သာ တည်ရှိပြီး၊ ထိပ်တန်း ပါရမီရှင်များ မှသာ စမ်းကြည့် ဝံ့မည် ဖြစ်၏။

“ ခံနိုင် ပါတယ် ... ဒါပေမယ့် ... မင်း စဉ်းစားပါ၊ ဒီမီဂေါ့ ဝိုင်က ကူညီ ပေးနိုင် ပေမယ့် မင်း ခံနိုင်ရည် ရှိပါ့ မလား၊ ...

.. မြင့်မြတ်မြေရဲ့ ဘီလူး တေွတောင် အဘက်ဘက် ကနေ ကြိုတင် ပြင်ဆင် ထားပြီး၊ အန္တရာယ် ကြုံလာရင် ကယ်တင်ပေးဖို့ သူတော်စင် တစ်ပါး ကိုတောင်၊ ...

... စောင့်ကြပ် စေရတယ်၊ ဒါတောင်မှ ... အလွန် အန္တရာယ် များပြီး၊ အောင်မြင်မှု နှုန်းတွေ နည်းပါး တယ်။ ”

“ အဲဒါတော့ အမှန်ပဲ ... ၊ မင်း သေချာ စဉ်းစား ရမယ် အစ်ကိုလင်း။ ”

မိန်ဇီဟော်မှ ခေါင်းညိတ် ကာ ထောက်ခံ လိုက်၏။

“ ဒီအထိ လာခဲ့တာ ... ဒသမ သွေးလွှတ် ကြောကို ရောက်ဖို့ အတွက်ပဲ၊ ဒါကြောင့် ဒီအခွင့် အရေးကို ငါ လက်လွတ် ခံမှာ မဟုတ်ဘူး၊ ပြောပါ ဒုက္ခကို ဘယ်မှာ ခံယူရ မလဲ။ ”

လင်းယွန်က ခေါင်းမာစွာ ဆို လိုက်သည်။

“ မင်း သေချာလား၊ မိုးကြိုး သူတော်စင် နန်းတော် ကနေ ထွက်သွားတဲ့ အထိ၊ ဘာလို့ မစောင့် နိုင်ရ တာလဲ။ ”

“ မဟုတ်ဘူး၊ သေချာတယ် ဒီမှာပဲ ခံယူဖို့ ဆုံးဖြတ် ပြီးပြီ။ ”

“ ကောင်းပြီ ... ဒီရေကန် အောက်မှာ ... ၊ မိုးကြိုး လျှို့ဝှက် နယ်မြေ ရှိတယ်၊ မင်းရဲ့ ဒုက္ခ ကို အဲဒီ နေရာမှာ ဖြတ်သန်းပါ၊ ရှေးခေတ်က မိုးကြိုး လိပ်နက်ရဲ့ တပည့်တွေ အဆင့် တက်တဲ့ နေရာပဲ၊ အကျိုး ကျေးဇူး များစွာ ရှိတယ်။ ”

ကူကျွင့်မှ စိတ်မသက် မသာဖြင့်၊ ထုတ်ပြော လာသည်။

“ မင်းမှာ ဖုံးကွယ် ထားတဲ့ အရာတွေ ဘယ်လောက်များ ရှိသေးလဲ။ ”

လင်းယွန်က ရေကန်ကို ကြည့်လျက် ကူကျွင့်အား မေးသည်။

“ ငါ့မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိပေမယ့် အသုံး မဝင်တော့ ပါဘူး၊ ဒီခရီးစဉ် ပြီးရင် ... လိပ်နက် သူတော်စင် နန်းတော်က ပျောက်ကွယ် သွားရ တော့မယ်။ ”

ကူကျွင့်မှာ ပြုံးပြီး ပြန်ဖြေ၏။

“ ဘာလို့လဲ ... ။ ”

“ သူတော်စင် နန်းတော်ကို ... ၊ မိုးကြိုး လိပ်နက် ဧကရာဇ်က ထိန်းထား ပေးခဲ့ တာပါ၊ အမှန်ဆို သူက ပျက်စီးသင့် နေပြီ၊ ဒီတစ်ကြိမ် ကြယ်တာရာ နယ်မြေကို ဖွင့်လှစ် လိုက်ပြီ ဖြစ်လို့၊ လိပ်နက် သူတော်စင် ကျမ်းက၊ ...

... သေချာပေါက် ... ပိုင်ရှင် တွေ့သွား လိမ့်မယ်၊ ဒီကျမ်း မရှိတော့ရင်၊ မိုးကြိုး လိပ်နက် ဧကရာဇ် ကလည်း နန်းတော်ကို ဆက်ပြီး ထိန်းထား တော့မှာ မဟုတ်ဘူး၊ ...

... ဒါပေမယ့် မိုးကြိုး လိပ်နက် သူတော်စင် ကျမ်းက၊ အပြင်လူ ... လက်ထဲ ရောက်သွားတာ နှမျော စရာ ပါပဲ။ ”

ထိုအကြောင်း ပြောချိန်၌ ကူကျွင့် မျက်နှာမှာ၊ များစွာ နာကျင် နေ၏။ လင်းယွန်၏ လိပ်ခွံသော့ ကြောင့်သာ၊ ဤနေရာသို့ အသက် စွန့် လိုက်လာ ခဲ့ခြင်း ဖြစ်သည်။

“ မိုးကြိုး လိပ်နက်ရဲ့ ... အမျိုး အနွယ် တွေက၊ အရှေ့ ပင်လယ်ပြင်မှာ ကျဆင်း နေပြီ၊ ဒါကြောင့် မိုးကြိုး သူတော်စင် ကျမ်းနဲ့ ငါ့ မျိုးရိုးကို ပြန်လည် အသက်သွင်း မို့ပဲ။ ”

ကူကျွင့်မှ သက်ပြင်းချကာ စကားကို အဆုံးသပ် လိုက်သည်။ ထို့ကြောင့် သူ့အား နှစ်သိမ့်ရန် အန်းလျူယွင်မှ ကြိုးစား ပေး လေသည်။

“ အကြီးအကဲ ကူ ... မင်း အရမ်းကြီး ဝမ်းနည်း နေစရာ မလို ပါဘူး၊ အနာဂတ်မှာ အခွင့်အရေး မရှိ ဖူးလို့ ဘယ်သူ ပြောလဲ။ ”

“ ကျေးဇူး တင်ပါတယ် သူဌေး အန်း၊ ဒါပေမယ့် ငါတို့က နှစ်ပေါင်း များစွာ တည်းက၊ ဒါကို မျှော်လင့် မထားရဲ တော့ပါဘူး။ ”

ကူကျွင့်မှ ခေါင်းယမ်းလျက် ဆိုသည်။ တစ်ချိန်လုံး ငြိမ်သက် နေခဲ့သော လင်းယွန်မှ ရုတ်တရက် ဝင်ပြော လိုက်၏။

“ အခွင့်အလမ်း ရှိပါ သေးတယ်။ ”

“ မင်း ... ဘာကို ဆိုလို တာလဲ။ ”

“ နောက်မှ ပြောကြ ရအောင် ... ၊ လောလောဆယ်တော့ မသေချာ သေးဘူး။ ”

ထိုအမျိုး သမီးသည် မည်သူ မည်ဝါ ဖြစ်မည်ကို မသိ သော်လည်း၊ အဖြူဝတ် လူရွယ်မှာ ယုံကြည် ရနိုင်သည်။

ထို့ကြောင့် ၎င်း သည်သာ လိပ်နက် သူတော်စင် ကျမ်းအား ရရှိ ခဲ့ပါက သူတို့အား မျှဝေ နိုင်ချေ ရှိ၏။ သို့သော် လင်းယွန်မှ ထုတ်ပြောရန် ဆန္ဒ မရှိချေ။

“ ထားပါတော့ ... လူမိုက် မင်း စောစောက ခန်းမထဲက ဘာရ ခဲ့လဲ။ ”

ကူကျွင့်မှ ခေါင်းစဉ် ပြောင်းပြီး၊ မိန်ဇီဟော်ထံ လှည့်မေး လိုက်သည်။

“ ကံကောင်းပြီး သူတော်စင် ဆေးလုံး ရခဲ့တယ်၊ သတ္တမတန်း ဖြစ်ပေမယ့် ... ၊ ကာလ ကြာရှည် ပျောက်ဆုံး နေတဲ့၊ အမျိုး အစား တစ်ခု ပါ။ ”

မိန်ဇီဟော်က ပြုံးကာ ပြန်ဖြေ၏။

“ သခင်လေး လင်းက လျူယွင်ကို ... ဒါလေး ရအောင် ကူညီ ပေးတယ်။ ”

ပြီးပြည့် စုံသော ဖီးနစ် ယပ်တောင်ကို အန်းလျူယွင်မှ ထုတ်ပြ လိုက်သည်။

“ ဝိညာဉ်တော် နှစ်ပါး လက်ရာ။ ”

ကူကျွင့်နှင့် မိန်ဇီဟော်မှ ထ အော်သည်။ ဖီးနစ်နှင့် အပြာရောင် လွမ်ငှက်အား ဝိုးတဝါး မြင်နိုင်၏။

အသက် သွင်းပြ လိုက်သော အခါ၊ အနီရောင်နှင့် အပြာရောင် အဆင် အသွေးများ ထွန်းလင်း လာသည်။

ဝိညာဉ်တော် နှစ်ပါးက သူမ ပတ်ပတ် လည်တွင် လှည့်ပတ် နေသဖြင့် ပြုံးပြီး တို့ထိ ပြလိုက်၏။

ထိုမြင်ကွင်းက ကူကျွင့်နှင့် မိန်ဇီဟော်အား မနာလို ဖြစ်စေသည်။

“ သူဌေး အန်းနဲ့ ... အရမ်း လိုက်ဖက် ပါတယ်၊ မြင့်မြတ် မြေရဲ့ ပါရမီရှင် ဘယ်လောက် များ၊ မင်းကို မနာလို ဖြစ်လာ ကြမလဲ သိချင် သား။ ”

ကူကျွင့်က ပြုံးပြီး မေးစေ့ကို ကိုင်ထား လေသည်။

“ ဒီလိုမျိုး ရှေးဟောင်း ပစ္စည်း မျိုးက၊ ရှားပါးတယ်၊ တန်ကြေး အရ ပြောစရာ မလို လောက်အောင်၊ အဖိုးတန် ပါတယ်။ ”

မိန်ဇီဟော်မှ ချီးကျူး လေသည်။ အန်းလျူယွင် ရတနာနှင့် နှိုင်းယှဉ်သော်၊ သူ၏ သူတော်စင် ဆေးလုံးမှာ ပမွှား ဖြစ်၏။

“ ငါကတော့ ပုတီး တစ်ကုံးနဲ့ ... ရတနာ တချို့ ပါပဲ။ ”

လင်းယွန်က ပုတီး တစ်ကုံးကို ထုတ်ယူ ပြလိုက်သည်။ ပုတီးစေ့ များအား မရဏ နတ် နဂါး သစ်သားဖြင့်၊ သွန်းလုပ် ထား၏။

ပုတီးမှ လျှပ်စီးများ လင်းလက် လာပြီး၊ ကျမ်းစာ ရွတ်သံများ ထွက်ပေါ် လာ သည်ကို ကြားလိုက် ရသည်။

မသန့်စင် ရသေး ခင်မှာပင်၊ ပြင်းထန်ပြီး သိပ်သည်းသော ရောင်ဝါအား ထုတ်လွှတ် နေခဲ့ ၏။

“ မင်း ... တကယ် ကံကောင်း တာပဲ။ ”

ကူကျွင့်က ပုတီးကို စစ်ဆေး ကြည့်ကာ ဆိုသည်။

“ ဒါ ... ဗုဒ္ဓ ဘာသာ ဝင်တွေရဲ့ တန်ခိုးကြီး ရတနာပဲ၊ မိုးကြိုး နတ်မိစ္ဆာ ပုတီးလို့ ခေါ်တယ်၊ သန့်စင် ပြီးရင်၊ မိုးကြိုး ကျောင်းတိုက်ကို ဆင့်ခေါ် နိုင်တယ်၊ ဒါက၊ ...

... ကျင့်ကြံမှု မြင့်မားတဲ့ ရန်သူ တေွကို နှိမ်နင်းရာမှာ အသုံး ဝင်တယ်၊ သူ့ရဲ့ တန်ဖိုးက သူဌေး အန်းရဲ့ ယပ်တောင်ထက် ပိုများတယ်။ ”

“ တကယ်လား ... ။ ”

အန်းလျူယွင် ခမျာ လင်းယွန် အစား ပျော်ရွှင် လာသည်။

“ ဟုတ်တယ် ... ၊ သတ်ဖြတ်ဖို့ ခွင့်ပြု ထားတဲ့ တပည့် တွေကို၊ ရည်ရွယ် ပေးကမ်းတဲ့ ဗုဒ္ဓ ရတနာပဲ၊ သာမာန် တပည့်တွေ ကိုင်ခွင့်တောင် မရှိဘူး၊ သူ့မှာ ဓားတစ်လက် ပါသေးတယ် မဟုတ်လား။ ”

လင်းယွန်မှ ခေါင်းညိတ် ပြ၏။ ယင်းသည် သာမာန် မျှသာ ဖြစ်သဖြင့်၊ ထုတ်ပြ မနေတော့ ချေ။

“ အိုး ... သခင်လေး တကယ် ကံကောင်း တာပဲ။ ”

အန်းလျူယွင် တစ်ယောက် ရွှင်မြူး သွားသည်။ လင်းယွန်မှ ခေါင်းညိတ်လျက် ပိုင်ဆိုင် မှုအား တွက်ဆ မိ၏။

သူ့တွင် ဤပုတီး အပြင် လိပ်နက် မိုးကြိုး သံကြိုးနှင့်၊ အနန္တ အကြေးခွံ ချပ်ဝတ်လည်း ရှိ နေသည်။ ပန်းသင်္ချိုင်း ဓား အပါအဝင် ဘုန်း သူတော်စင် လက်ရာ လေးပါး ဖြစ်၏။

၎င်းတို့အား တပြိုက် နက်တည်း အသုံးပြု ခဲ့ပါက၊ သူ မည်မျှ အစွမ်း ထက်မည်ကို စိတ်ကူး မယဉ် နိုင်ချေ။ မိုးပြာ နဂါး နေ-လ ထီးလည်း ရှိသေး၏။

“ အဖိုးကြီး ... ၊ ဒီမီဂေါ့ ဝိုင် သောက်ပြီးရင် မင်း တကယ် အမည်ခံ သူတော်စင် ဖြစ်လာ နိုင် မလား ... ။ ”

လင်းယွန်က မေးသည်။

“ ဘာလဲ ... မင်း မယုံ ဖူးလား၊ နဂါး သွေးလွှတ်ကြောရဲ့ ... ၊ ဒသမ သွေးလွှတ်ကြော တက်ရတာ ထက်တောင် လွယ်သေးတယ်။ ”

“ ကောင်းတယ် ... ၊ ဒါဆို မင်း အတွက် အလုပ် တစ်ခု ရှိတယ်၊ အမည်ခံ သူတော်စင် ဖြစ်လာတဲ့ အခါ၊ ကူညီ ပေးဦး။ ”

အနန္တ အကြေးခွံ ချပ်ဝတ်ကို ထုတ်ကာ ကူကျွင့်ထံ ကမ်းပေးလျက်မှ လင်းယွန်က ပြော လိုက်သည်။ ဤချပ်ဝတ်အား အချိန် အတော် ကြာသည် အထိ၊ သူ အသုံးပြု လို၏။

“ ဘယ်က ရလာ တာလဲ။ ”

ကူကျွင့်က အံ့သြသော လေသံနှင့် မေးသည်။

“ မှန်း ကြည့် ... ။ ”

“ လေဓား သခင် ... ။ ”

“ မှန်တယ် ... ။ ”

“ မင်း တကယ် ရဲရင့် တာပဲ၊ ဒါနဲ့ သူက အနန္တ အကြေးခွံ ချပ်ဝတ်ကို ဝတ်ထား ခဲ့တာ မဟုတ်လား၊ ဘယ်လိုများ သတ်လိုက် တာလဲ။ ”

အနန္တ အကြေးခွံ ချပ်ဝတ် ဟူသည်၊ ငရဲလမင်း သူတော်စင် ချပ်ဝတ် ထက်ပင် ပို၍ အားကောင်း၏။ အထွတ် အထိပ် မရဏ အဆင့် မှ လူများ အနေဖြင့် ချိုးဖြတ်ရန် မလွယ်ချေ။

“ ဘာလို့ ထပ်ပြီး မှန်းဆ မကြည့် ရတာလဲ။ ”

“ တော် စမ်း ... ။ ”

ကူကျွင့်က ဒေါသတကြီး ပြန်အော် ထုတ် တော့သည်။

“ ဟား ဟား ဟား ... ၊ စိတ်အေးအေး ထားပါ၊ ဒီချပ်ဝတ်နဲ့ မင်းကို ... ဒုက္ခ ပေးရ လိမ့်မယ်။ ”

လင်းယွန်မှ ပြုံးကာ ပြောလိုက်သည်။

ခရမ်း-ရွှေရောင် နဂါး သရဖူ ကိုပါ၊ ထည့်သွင်း ရေတွက်သော်၊ လင်းယွန် ပိုင်ဆိုင် မှုမှာ စိတ်ကူး မယဉ် နိုင်ချေ။

“ ခရမ်း ရွှေရောင် နဂါး သရဖူ ကိုရော ဘာလုပ်ဖို့ စီစဉ် ထားလဲ၊ အဲဒါက မင်းကို လူထု ပစ်မှတ် ဖြစ်လာ လိမ့်မယ်၊ ဒီအတွက် ငါတို့ရဲ့ သူတော်စင် အကြီး အကဲကို၊ အကာ အကွယ် ပေးဖို့ တောင်းဆို ရမယ် ထင်တယ်။ ”

“ အဲဒါကို နောက်မှ ထပ်ပြော ရအောင်။ ”

ခရမ်း ရွှေရောင် နဂါး သရဖူကို မည်သူ့ ပေးရမည်အား ဆုံးဖြတ် ထားပြီး ဖြစ်၏။ သူမ ထက် ပို၍ လိုက်ဖက်သော လူမျိုး ရှာမတွေ့ နိုင်ချေ။ သူမ သည်သာ သရဖူ၏ ကံကြမ္မာကို ခံယူ နိုင်ပေမည်။

ခွက်များ ထုတ်ကာ၊ လင်းယွန်မှ ဒီမီဂေါ့ ဝိုင်အား ငှဲ့လိုက်၏။ ဝိုင်အဆင်းမှာ ရွှေအိုရောင် ဖြစ်ပြီး၊ လူတိုင်းကို စိတ်လှုပ်ရှား စေသည့် စွဲမက်ဖွယ် ရနံ့များ သင်းပျံ့ နေသည်။

၎င်းကို သောက် ပြီးနောက်၊ မည်မျှ ကြံခိုင်လာ မည်အား၊ လက်တွေ့ ကျကျ ခန့်မှန်း နိုင်ရန် မလွယ်ခေျ။

လင်းယွန်က သူ့အတွက် မငှဲ့ချေ။ မိုးကြိုး လျှို့ဝှက် နယ်မြေထဲ ဝင်ပြီး မှသာ သောက်ရန် စိတ်ကူး ထားသည်။

“ မင်းတို့ အရင် သောက်ပြီး ... ၊ ငါ့ သတင်း ကောင်းကို စောင့်နေ ကြ ... ။ ”

“ ခဏ နေဦး ... ။ ”

လင်းယွန် ထရပ်လိုက် ချိန်၌၊ ဝိုင်ရနံ့ကို ခွဲထုတ် နိုင်သော ဆေးလုံး တစ်လုံး၊ ကူကျွင့်မှ ထုတ်ပေး လာသည်။

“ ကျေးဇူး တင်ပါတယ် ... ။ ”

လင်းယွန်က ပြုံးပြီး၊ ရေကန် ဆီသို့ ဆက်လျှောက် လှမ်း သွားသည်။ ရေကန်ထဲ ဆင်းတော့မည့် အချိန်တွင်၊ ကူကျွင့်မှ အံကြိတ်ကာ၊

“ ငါ့ရဲ့ နှလုံးသွေး တစ်စက် ... မင်းကို ပေးလိုက်မယ်၊ မိုးကြိုး လိပ်နက် သူတော်စင် သွေး မရှိရင်၊ အနက်ရောင် မိုးကြိုး သံကြိုးကို သန့်စင် နိုင်မှာ မဟုတ်ဘူး၊ ဒီအတွက် ...

... မင်း ငါ့ကို အကြွေး ပြန်ဆပ် ရမယ်၊ သတိရပါ ... မိုးကြိုးပစ် ခံရပြီး မသေစေနဲ့၊ ငါ့ အကြွေး ပြန်ဆပ် ရမယ်။ ”

စကားဆုံး သည်နှင့် နှလုံးသွေး တစ်စက် ပျံသန်း သွားသည်။ အန်းလျူယွင်နှင့် မိန်ဇီဟော် ပင်၊ ကူကျွင့် လုပ်ရပ်ကြောင့် မျက်လုံးပြူး သွား၏။

“ စိတ်မပူ ပါနဲ့ ... ၊ မင်း ဆုတောင်း ရင်တောင် ငါ မသေ ပါဘူး။ ”

လင်းယွန်က နှလုံးသွေးကို ဖမ်းယူကာ ရေကန်ထဲ ခုန်ဆင်း လိုက်တော့သည်။ ထို (၃) ယောက်မှာ၊ သူ့အတွက် စိတ်ပူ နေမှန်း သိ၏။

နဂါး သွေးလွှတ်ကြော ကန့်သတ်ချက် ဟူသည်၊ မည်မျှ အန္တရာယ် ရှိသည်ကို မည်သူ မဆို သိကြ ပေသည်။ ကြိုးစားမည့် သူတိုင်း အတွက်၊ သူတော်စင် တစ်ပါးပင် စောင့်ကြပ် ကာကွယ် ပေးရသည်။

***

All Chapters