← Chapters

ထာဝရ တောက်ပ နေမည့် ဓား ... ။

Vol. 132 Ch. 1846

ထာဝရ တောက်ပ နေမည့် ဓား ... ။

Vol. 132 Ch. 1846

“ ဝုန်း ... ။ ”

လင်းယွန်က ရေကန် အတွင်း ခုန်ချ လိုက်သည်။ အချိန် အတော်ကြာ ပြီးနောက် ကောင်းကင်နှင့် မြေကြီး မရှိသော ကမ္ဘာ တစ်ခုတွင် သူ့ကိုယ်သူ တွေ့ရှိ လာ၏။

“ ဒါက ... မိုးကြိုး လျှို့ဝှက် နယ်မြေလား၊ ကမ္ဘာ တစ်ခုလုံး လျှပ်စီး တွေနဲ့ တည်ဆောက် ထားတာပဲ။ ”

သူ့ကိုယ်လုံး ကိုယ်ပေါက်မှာ ဤဒေသနှင့် လိုက်လျော ညီထွေ ဖြစ်နေ၏။ ကောင်းကင်ဒုက္ခ ကိုးကြိမ် ကြုံတွေ့ ခဲ့ဖူး သောကြောင့်၊ မည်မျှ အန္တရာယ် ရှိသည်ကို သူ သိသည်။

အတွေးများ ငြိမ်သက် သွားပြီး၊ တိမ်မိုးကြိုး ဝိုင်နှင့် အပြာရောင် လွမ် ဝိုင်ကို ထုတ်ယူကာ၊ တကျိုက်စီကို သောက်လိုက်၏။

နဂါး မြစ်သည် တဟုန်ထိုး လှိုင်းထ လာကာ၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်များ မြင့်တက် လာတော့သည်။

ဝိုင် အာနိသင်က ခန္ဓာကိုယ် အတွင်း ပေါင်းစပ် နေခဲ့သည်။ လုပ်ငန်းစဉ် တစ်ခုလုံး ချောမွေ့ သွားပြီး၊ အဆုံးတွင် ရနံ့များ ဓား ပင်လယ် အတွင်း ဝင်ရောက် လာ၏။

ယင်းက စိတ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ဝိုင်ရနံ့၏ အာဟာရ အောက်တွင်၊ မိုးပြာ နဂါး ရည်ရွယ်ချက်သည်၊ ပဉ္စမတန်း အထွတ် အထိပ်သို့ ရောက်ရှိ လာ၏။

“ ဘယ်လိုတောင် ... အစွမ်းထက် လိုက်လဲ၊ တခြား သူသာ ဆိုရင်၊ မိုးကြိုး မုန်တိုင်း ရည်ရွယ် ချက်က ပဉ္စမတန်းကို၊ ချက်ခြင်း ရောက်သွား နိုင်မယ်။ ”

ဒီမီဂေါ့ ဝိုင်ကို မသောက်ရ သေးချေ။ မဆိုင်းမတွ ဝိုင် နှစ်မျိုးကို ထပ်မံ သောက်ယူ လိုက် မိပြန်၏။

ဤသို့ဖြင့် အာနိသင် မပြ တော့သည့် အချိန်ထိ၊ ဝိုင်သောက်ခြင်း လုပ်ငန်း စဉ်ကို လုပ်ဆောင် နေခဲ့သည်။

ဝိုင် များသည် သူတော်စင် စွမ်းအင် အရင်းအမြစ် များနှင့် တူပြီး၊ အကျိုးဆက်မှာ များများ သောက်လေ၊ လျော့ပါးလေ ဖြစ်၏။

ဝိုင် နှစ်မျိုး၏ အကူ အညီဖြင့် မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်မှာ၊ ပဉ္စမတန်း အတား အဆီးကို ဖြတ်ကျော်ပြီး၊ ဆဋ္ဌမတန်း ရောက်ရှိ သွားသည်။

ခွန်လွန်တွင် သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်ဖြင့် မွေးဖွား လာသော ပါရမီရှင် များစွာ ရှိသည်။

သူတို့၏ မိဘများသည် သူတော်စင်များ ဖြစ်ကြပြီး၊ အဘိုး အဘွား များမှာ ဧကရာဇ်များ ဖြစ်ကြ ချေ၏။

ထို့ကြောင့် ၎င်းတို့အား ကောင်းကင်မှ ကောင်းချီး ပေးခြင်း ခံရ လေသည်။ သို့သော် လင်းယွန်မှ အားမငယ်ချေ။ တစ်ချိန်တွင် လိုက်မီ မည်ဟု ယုံကြည်၏။

ကမ္ဘာ ပေါ်၌၊ တုနှိုင်းမဲ့ ဓား နတ်ဘုရား တစ်ပါး ဖြစ်ရ ပေမည်။ ထို့ကြောင့် ကန့်သတ် ချက် တိုင်းကို ကျော်လွန်ပြီး၊ ကိုယ်ပိုင် လမ်း ဖောက်လုပ် နေခြင်း ပေပင်။

“ ဒီမီဂေါ့ ဝိုင်ကို ... စမ်းကြည့် ရအောင်။ ”

ယင်းသည် စိတ်ကူး မယဉ် နိုင်သော ဝိုင်တစ်မျိုး ဖြစ်သည်။ မဆိုင်း မတွဘဲ နှစ်ခွက် ဆက်တိုက် သောက်ချ လိုက်၏။

“ ဂလု ... ဂလု ... ။ ”

ခန္ဓာ ကိုယ်ထဲ ရောက်သည်နှင့်၊ စိတ် ဝိညာဉ်မှ တိုက်ရိုက် စုပ်ယူ သည်။ ထို့ကြောင့် မူးဝေ လာပြီး၊ ထိန်းကြောင်းရန် စိတ် စွမ်းအင် အပေါ်၊ အားကိုး လိုက်ရသည်။

စိတ် ဝိညာဉ်သည် ထူးဆန်းသော နယ်မြေအတွင်း ရောက်ရှိနေ သကဲ့သို့၊ ခန္ဓာ ကိုယ်မှ ထွက်ခွာ သွားသည်။

ဤအခြေ အနေတွင်၊ သူကိုယ့်သူ ကမ္ဘာကြီးအား ဖန်ဆင်း ခဲ့သူဟု ခံစား နေရပြီး၊ နေနှင့် လကို ချက်ချင်း ဆင့်ခေါ် နိုင်၏။

မျက်လုံး ဖွင့်ကြည့် လိုက်ချိန်၌၊ စက္ကန့်များ အစိတ်စိတ် အမွှာမွှာ ကွဲကြေကာ၊ နှစ် (၁)သိန်း ကုန်ဆုံး သွားသလို၊ ခံစားလာ ရသည်။

ကောင်းကင် အမိုးဓားမှာ၊ နောက်ထပ် ခြေတစ်လှမ်း တစ်လှမ်း တက်လှမ်းရန် နီးကပ် သွားပြီ ဖြစ်သည်။

ခရမ်း-ရွှေရောင်နှင့် ကေျာက်စိမ်းပြာ နဂါး ရူရ်များမှာ၊ တစ်သိန်း ငါးသောင်း ဖြစ်လာသည်။ နဂါး ကိုးကောင် သည်လည်း မီတာ နှစ်သောင်း ငါးထောင် အထိ၊ ကြီးထွား လာ၏။

အထက်ပါ ပြောင်းလဲမှု များမှာ၊ သိသိ သာသာ ဖြစ်သည်။ တစ်ဖက်တွင် ဒီမီဂေါ့ ဝိုင်ကို လုံးလုံး မချေဖျက်ရ သေးချေ။

၎င်းသည် ခန္ဓာ ကိုယ်ဖြင့် ပေါင်းစည်း သွားကာ၊ အခြေခံ အုတ်မြစ် ဖြစ်လာ လေသည်။ ယင်းက သူ လောက နိယာမ နယ်ပယ် ရောက် မည့် အချိန် အထိ၊ စောင့်မျှော် နေပုံ ရ၏။

“ ဂျိန်း ... ။ ”

ရုတ်တရက် လျှပ်စီးများ လက်လာကာ၊ ကျယ်လောင်သော မိုးခြိမ်းသံများ ပဲ့တင်ထပ် လာခဲ့သည်။

“ နောက်ဆုံးတော့ ... ငါ့ဒုက္ခ ရောက်လာ ပြီပေါ့။ ”

ကောင်းကင်ပေါ် မော့ကြည့် လိုက်ရာ၊ အာကာပြင် အက်ကွဲလျက်၊ စူးရှသော အလင်း များ စုရုံး နေသည်ကို မြင်လိုက် ရသည်။

ထို့ကြောင့် ကနဦး ဓားကို၊ ပြန်၍ သတိ ရသွား မိသည်။ အဆိုပါ ဓားသည် ဤစကြဝဠာ ကြီး၌၊ ပထမဆုံး ဖြစ်တည် လာသော အလင်းအား တုပ ခဲ့ခြင်း ဖြစ်၏။

သူ့ နားလည် မှုသည်၊ နက်ရှိုင်းခြင်း မရှိ သေးချိန်၌ ဖန်တီးခြင်း ဖြစ်ရာ၊ စကြာ ဝဠာ၏ ထိုမူလ အလင်းကို၊ မယှဉ်နိုင် ခဲ့ချေ။

ဆိုလို သည်မှာ ထိုစဉ်က အင်ပါ ရီယန် တစ်ပါးပင် မဖြစ်သေး သောကြောင့်၊ ကနဦး ဓားသည် လက်ရှိ ခွန်အား အပေါ်၊ လိုက်မမီ တော့ချေ။

မည်သို့ပင် ဆိုစေကာမူ၊ သူ ဖန်တီး ထားသော ဓားရေး တစ်ရပ် အဖြစ်၊ ဂုဏ်ယူ နေရဆဲ ဖြစ်သည်။

အတွေးများ နေစဉ်၊ ကောင်းကင်နှင့် မြေကြီးပြောင်းလဲ သွားကာ၊ လွင်တီးခေါင် အရပ်၌၊ သူ့ကိုယ်သူ တွေ့ရှိ ခဲ့သည်။

“ ဖျစ် ... ။ ”

မဝေး လှသော အရပ်၌ အလင်းများ ရုတ်တရက် တောက်ပ လာပြီး၊ လူ တစ်ယောက် ပေါ် လာ၏။

“ နိဗ္ဗာန် တာအို သခင် ... ၊ ကောင်းကင် ချပ်ဝတ် အမွေ ဆက်ခံသူ ... ၊ ငါတို့ ပြန်တွေ့ ကြ ပြီနော်။ ”

“ စီနီယာ ... မင်း ဘယ်သူလဲ ... ။ ”

“ မင်း ... ငါ့ကို အရင်က တွေ့ဖူး ပါတယ်။ ”

ထိုသူမှ ပြန်ဖြေ၏။ ယင်းကြောင့် လင်းယွန်မှာ အတွေးနက် သွားမိ လေသည်။

( ဘယ်သူ ဖြစ်နိုင် မလဲ၊ နေဦး ... ။ )

“ မိုးကြိုး လိပ်နက် ဧကရာဇ် ... ။ ”

“ မှန်တယ် ... ။ ”

မိုးကြိုး လိပ်နက် ဧကရာဇ်က ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်ကာ၊

“ နဂါး သွေးလွှတ်ကြော နယ်ပယ် ... ကန့်သတ်ချက် အတွက်၊ ကြိုးစားချင်တာ ဆိုရင် ... ဒီနေရာနဲ့ မလုံ လောက်ဘူး။ ”

-ဟု ပြောလာ၏။

“ ဘာလို့လဲ ... ။ ”

“ ဒီလျှို့ဝှက် နယ်မြေက ... ငါ့ သားမြေး တွေကို ခံနိုင်ရည် ရှိစေဖို့ ... ဖန်တီး ထားတာပါ၊ ဒါကြောင့် ဒီက လျှပ်စီး ကြောင်းမှာ၊ လိပ်နက် အရိပ် အာဝါသ ပါရှိတယ်၊ ...

... အဓိပ္ပါယ်က ငါ့ မိသားစုကို မိုးကြိုး လိပ်နက် သူတော်စင် ခန္ဓာ ကိုယ်တွေ ရအောင် သန့်စင်ပေးဖို့ အတွက်ပဲ၊ မင်း အတွက် အသုံး မဝင်ဘူး။ ”

“ ဒါဆို ... ။ ”

အမှန်ပင် သူ့တွင် သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်မျိုး ရှိနေပြီ ဖြစ်သောကြောင့်၊ လိပ်နက် သူတော်စင် ခန္ဓာ ကိုယ်အား မလို တော့ချေ။

“ ငါက ... ဝိညာဉ် အကြွင်း အကျန်ပဲ ... ၊ ထာဝရ တည်နေမှာ ... မဟုတ်ဘူး၊ နှစ်တစ်သိန်း ကုန်လွန်ပြီး တဲ့နောက်၊ လိပ်နက် သူတော်စင် ရောင်ဝါက၊ ပြင်ပ ကမ္ဘာနဲ့ ချိတ်ဆက် ပေးဖို့၊ လုံလောက်တဲ့ ပမာဏ မကျန် တော့ဘူး။ ”

“ ... ။ ”

ယင်းသည် ဤနယ်မြေ၌ ကြိုးစား၍ မရကြောင်း အဓိပ္ပါယ် ဖြစ်သဖြင့်၊ လင်းယွန်မှာ အသံ တိတ်သွား တော့၏။

နဂါး သွေးလွှတ်ကြော နယ်ပယ် ကန့်သတ်ချက်သို့ တက်ရောက်ရန်၊ အခွင့် အရေးမှာ၊ မြောင်းထဲ ရောက်ရ ချေပြီ။

မည်သည့် အချိန်မှ ပြန်လည် ကြုံရတော့ မည်ကို မသိနိုင် တော့ချေ။ ထို့ကြောင့် စိတ်ပျက် သွားခြင်း ဖြစ်၏။

“ စီနီယာ ... ၊ စောစောက နိဗ္ဗာန် တာအို သခင် ဆိုတာ ဘာကို ဆိုလိုတာလဲ၊ ငါက အဲဒီ တာအိုရဲ့ မျက်နှာပြင် ကိုတောင် ... မထိ တွေ့နိုင် သေးပါဘူး။ ”

“ ဘာလဲ ... ငါ မှားသွား ပြီလို့၊ ပြောချင် တာလား။ ”

မိုးကြိုး လိပ်နက် ဧကရာဇ်မှ စိတ်ပျက် လက်ပျက်ဖြင့်၊

“ ... မင်းက အခု ... အရမ်း အားနည်း နေသေးတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီ တာအိုကို နားလည် လာပါ လိမ့်မယ်၊ နဂါး- ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း ဆိုတာ ...

... အိုင်းရစ် ဓား သူတော်စင်ရဲ့ အမွေပဲ၊ ဒီကမ္ဘာကြီးမှာ ရှေးဦးခေတ် တည်းက လူ နှစ်ဦး သာ၊ နိဗ္ဗာန် တာအို သခင် ဖြစ်ခဲ့ ဖူးတယ်၊ ...

... တစ်ဦးက မူလ နတ်နဂါး ခေတ်ကို တည်ထောင် ခဲ့တဲ့၊ နဂါးပြာ ဘိုးဘေး ...၊ နောက် တစ်ဦး ကတော့ နတ်ဘုရား တွေကို သတ်ခဲ့တဲ့ အိုင်းရစ် ... ၊ အခု မင်းက တတိယ လူ ... ၊ ငါ ပြောတာ မှန်လား။ ”

လင်းယွန်က သက်ပြင်း ချလိုက်ပြီး၊

“ စီနီယာ တောင်းပန် ပါတယ်။ ”

-ဟု ဆိုလိုက် တော့သည်။ ယင်းသည် အနာဂါတ် ဖြစ်သဖြင့်၊ ထူးထွေ ငြင်းချက် ထုတ် နေစရာ အကြောင်း မရှိချေ။

မိုးကြိုး လိပ်နက် ဧကရာဇ်က စကား တစ်ခွန်းမျှ ထပ် မပြောတော့ဘဲ၊ အချိန် အတော် ကြာ ငြိမ်သက် နေသည်။ သည့်နောက်၊

“ မင်းကို ကံကြမ္မာက ... ဒီနေရာ ခေါ်ဆောင်လာ မှတော့ ... နိဗ္ဗာန် တာအိုကို နားလည် လာအောင် ကူညီ ပေးဖို့ ... ငါ့မှာ တာဝန် ရှိလာပြီ ထင်တယ်။ ”

-ဟု ဝေခွဲမရ ဟန်၊ ရေရွတ် တော့သည်။

“ ရှေးဦးခေတ် တုန်းက ... အိုင်းရစ် တစ်ယောက် တိုက်ပွဲ ကနေ ထွက်သွား ခဲ့တာကို မင်း သိလား။ ”

မိုးကြိုး လိပ်နက် ဧကရာဇ်မှ လင်းယွန်အား မေးခွန်း ထုတ်လာ၏။

“ ဟုတ်ကဲ့ ... သိပါတယ်။ ”

လင်းယွန်မှ ခေါင်းညိတ် သည်။ အစ်ကို ကျန့်လင်းက ထိုအကြောင်းကို ဝမ်းနည်း စွာဖြင့် ပြောပြ ဖူး၏။

“ ဒါပေမယ့် ... ၊ သူ မသွားခင် စကား တချို့ကို ချန်ထား ခဲ့တယ်၊ အဲ့ဒါက နောက်ဆုံး တိုက်ပွဲ ကျရင်၊ တတိယ နိဗ္ဗာန် တာအို သခင် ရောက်လာ လိမ့်မယ်တဲ့။ ”

ခရမ်းငယ်မှ တစ်စုံ တစ်ဦးအား သူတို့ အားလုံးက စောင့်ဆိုင်း နေသည်ဟု အမြဲ ပြောခဲ့ ဖူးသည်။ ယင်းက ထိုနိဗ္ဗာန် တာအို သခင်အား ဖြစ်ပေမည်။

သို့သော် နောက်ဆုံး တိုက်ပွဲ ဖြစ်ပွား လာသော အခါ၊ မည်သူမျှ မလာ ခဲ့ချေ။ ယင်းက အဆိုပါ တိုက်ပွဲသည် အဆုံးသတ် မဟုတ် သေးဟု၊ ဆိုလိုချင် နေသည်လော။

ထို့ကြောင့် နတ်နဂါး ခေတ်သည် စစ်ပွဲအား အနိုင် ရခဲ့လော၊ ရှုံးနိမ့်ခဲ့ သည်လော၊ မည်သူမျှ မပြော နိုင်ခြင်း မျိုးလည်း ဖြစ်နိုင်မည်။

မရေးရာသော အတွေးများကို ဖြတ်ချကာ၊

“ ရန်သူက ဘယ်သူလဲ၊ ဝိညာဉ် နတ်မိစ္ဆာ မျိုးနွယ်စု တွေလား။ ”

-ဟု လင်းယွန်မှ မေးလိုက် မိသည်။

“ ဟုတ်တယ်၊ ဒါပေမယ့် ... သူတို့ ချည်ပဲတော့ မဟုတ်ဘူး။ ”

လိပ်နက် ဧကရာဇ်က သူ့အား ပြန်ကြည့်ကာ၊ စိတ်ပျက်သော လေသံဖြင့်၊

“ မင်းက ... အရမ်းကြီး အားနည်း နေသေးတယ်၊ ဒါကြောင့် ထိပ်ဆုံးမှာ ရပ်တည် နိုင်ဖို့၊ ငါ အုတ်မြစ်ချ ပေးပါ ရစေ။ ”

-ဟု ပြောလာ တော့သည်။

သည့်နောက် လိပ်နက် ဧကရာဇ်သည် အလင်းတန်း အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ် သွားခဲ့သည်။

“ ဂျိန်း ... ။ ”

“ အ ... ။ ”

ထို့နောက် ကောင်းကင်မှ လျှပ်စီး တစ်စင်း ထိုးဆင်းလျက်၊ သူ့အပေါ် ကျရောက် လာခဲ့၏။ အရေပြားများ ကွဲအက် ကုန်ကာ၊ ချက်ချင်း လွင့်ပျံ သွားသည်။

ဤသည်မှာ ကြောက်မက်ဖွယ် ကောင်း လွန်းချေပြီ။ ယခင် ကြုံခဲ့ ရသော ဒုက္ခ များထက် ပိုပြင်း ထန်၏။

“ ဂျိန်း ... ။ ”

နာကျင် ကိုက်ခဲမှုကြောင့် မြေပြင်ပေါ် လူလှိမ့် လိုက်မိသည်။ တစ်နာရီ တိုင်အောင် ဆက်တိုက် မိုးကြိုး ပစ်ခံ နေရသည်။

အသားများ ပဲ့ကြွေ ကျကုန်ကာ၊ အရေပြား စုတ်ပြဲလျင်၊ အရိုးသည် ရွှံ့အလား ပျော့ပြောင်း လာ ခဲ့သည်။

“ ဒါ အစပဲ ရှိသေးတယ် ... ၊ မသေခင် နောက်ဆုံး လက်ဆောင် ပေးမယ်၊ ဒီဒုက္ခကို ဖြတ်ကျော် ပြီးရင် ... ၊ မင်း ငါ့ကို ကျေးဇူးတင် မှာပါ၊ လူ တစ်ဦးရဲ့ စိတ်ဆန္ဒက၊ အဲဒီ လူရဲ့ ...

... ကိုယ်လုံး ကိုယ်ပေါက်ထက် ... ၊ ပို သန်မာနေဖို့ လိုတယ် ... ၊ နိဗ္ဗာန် တာအို သခင် နဂါး သွေးလွှတ်ကြော ကန့်သတ်ချက် ထက်၊ မင်း ဘယ်လို ဓားမျိုး လိုချင်လဲ ဆိုတာ ... ၊ စဉ်းစား သင့်တယ်လို့ ငါထင်တယ်။ ”

စကားဆုံး သည်နှင့် မိုးကြိုး လိပ်နက် သူတော်စင်၏ အသံမှာ၊ ထွက်ပေါ် လာခြင်း မရှိ တော့ချေ။ အသိစိတ် လွင့်ပါး သွားပုံ ရသည်။

ထို့ကြောင့် မသေခင်၊ အကောင်းဆုံး လုပ်ဆောင် ပေးခဲ့ခြင်း ဖြစ်၏။ ဒသမမြောက် သွေးလွှတ်ကြော ရောက်ခြင်း-မရောက်ခြင်း ဟူသည်၊ သူ့ ကံကြမ္မာသာ ဖြစ်သည်။

မိုးကြိုး လိပ်နက် လျှို့ဝှက် နယ်မြေသည်၊ လင်းယွန် အတွက် နောက်ဆုံး ဒုက္ခ ဆင်းသက် ရန်၊ နယ်မြေ အဖြစ်သို့ တစ်စစ ပြောင်းလဲ လာ၏။

“ ငါ ဘယ်လို ဓားမျိုး လိုချင်လဲ။ ”

တစ်ချိန်တည်း မှာပင် နာကျင်မှုကြောင့်၊ အသိစိတ်များ တဖြည်းဖြည်း မှိန်ဖျော့ သွားနေ သည်။

သို့သော် မိုးကြိုး လိပ်နက် ဧကရာဇ်၏ စကားသံက သူ့ခန္ဓာကိုယ် အတွင်း ပဲ့တင်ထပ် နေခဲ့၏။

“ ငါ့ ဓားက ကောင်းကင်ဘုံ ကိုးပါးကို ထိုးဖောက်မဲ့ ဓား ... မှန်တယ်။ ”

ရုတ်တရက် မျက်လုံးများ ပြန်ပွင့် လာတော့သည်။ ကောင်းကင် အထက်၌ ထာဝရ တောက်ပမည့်၊ ဓား တစ်လက်သာ လိုချင် ချေ၏။

***

All Chapters