ပြန်လည် မွေးဖွားခြင်း။
Vol. 132 Ch. 1847
လင်းယွန် မျက်လုံး ပြန်ဖွင့် လိုက်သော အခါတွင်၊ သူ လိုချင်သော ဓား အမျိုး အစားကို ရှင်းရှင်း လင်းလင်း သိလိုက် ရသဖြင့်၊ ဓား ပင်လယ် ပွက်ပွက်ဆူ လာသည်။
“ ငါ့ဓားက ဘယ်တော့မှ အရှုံး မပေးဘူး။ ”
ကိုယ်လုံး ကိုယ်ပေါက်သည် ဒုက္ခကို ခံနိုင်ရည် မရှိ သော်လည်း၊ ဓား ရည်ရွယ်ချက် ရှိ၏။ ဓား နတ်ဘုရား ဖြစ်ရန်မှာ သူ့ပန်းတိုင် ပေပင်။
မိုးကြိုးများ ပို၍ ပြင်းထန် လာပြီး သူ့အား မြေပြင်ပေါ် လှဲသိပ် လေသည်။ ခန္ဓာ တစ်ခုလုံး ပျက်စီးကာ အရိုးများ ကြေမွှ ကုန်၏။
ပြင်းထန် လွန်းသော ကြောင့်၊ နဂါးပြာ အရိုးဖြင့်ပင် ဒဏ်ရာ များကို ချက်ချင်း ကုသ ပေးနိုင်ခြင်း မရှိချေ။
ပို၍ ပြင်းထန် လာသည်။ ယင်းက နဂါးပြာ အရိုး၏ ကုသ နိုင်စွမ်းကို၊ ကန့်သတ်ချက် သို့ပင် ရောက်ရှိ သွားစေ၏။
အချိန် မည်မျှ ကုန်လွန် သွားသည်ကို မသိ တော့ချေ။ သူတော်စင် ခန္ဓာကိုယ် နှစ်ရပ်လုံး ခုခံ နိုင်အား ကျဆင်း သွားသည်။
လိပ်နက် အငွေ့ အသက်မှာ နှလုံးသား၌ အသက်ဝင် လာပြီး၊ ညှိုးနွမ်း နေသော ခန္ဓာကို ပြန်၍ တောက်ပ လာစေသည်။
ထိုအငေွ့ အသက်မှာ အသက်ကို မြဲမြံ စေသည့်၊ မိုးကြိုး လိပ်နက် ဧကရာဇ်၏ သူတော်စင် ရောင်ဝါ ဖြစ်သည်။
အရာ အားလုံးကို ဖြတ်ကျော် ပြီးပါက၊ ဤအငွေ့ အသက်သည် ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေ မည်။
ချက်ချင်း တင်ပျဉ်ခွေ ထိုင်ချကာ၊ တံဆိပ် တစ်ခု ဖန်တီး လိုက်သည်။ ခရမ်း-ရွှေရောင်နှင့် ကျောက် စိမ်းပြာ နဂါးရူရ် များက နဂါး အဖြစ် ထင်ရှား လာ၏။
နဂါး နှစ်ကောင်က လှည့်ပတ် နေရာ၊ နတ်ဓားကို စောင့်ရှောက် နေသည့် နဂါးများ အလား ထင်မှား စေသည်။
“ ဂျိန်း ... ။“
မိုးကြိုးများ အပစ် ခံရပြီး၊ ဓား ရည်ရွယ် ချက်မှာ ပို၍-ပို၍ သန့်စင် လာခဲ့သည်။ အချိန် မည်မျှ ကုန်လွန် သွား သနည်း။
“ ဂျိန်း ... ။ ”
ဆယ်နှစ် သည်လော၊ သို့မဟုတ် နှစ် တစ်ရာ သည်လော။ အသိ စိတ်များ ကမောက်ကမ ဖြစ် လာပြီး၊ ပြိုလဲလု မတတ် ခံစား နေရသည်။
ဓားဂိုဏ်းသည် အန္တရာယ် ကျရောက် နေကာ၊ ဆရာ သခင်သည် အချိန် မရွေး သေဆုံး သွားနိုင်၏။
ထို့ကြောင့် ဓားဂိုဏ်းနှင့် ဆရာ သခင်အား ကယ်တင် လိုသည်။ သည့်ပြင် ကတိ အတွက် ဆုစီယာ ရှေ့၌ ရပ်ရ ပေဦးမည်။
“ ဖျစ် ... ။ ”
ရုတ်တရက် ငွေရောင် လျှပ်စီးများ ကောင်းကင်၌ တဖျပ်ဖျပ် ခတ် လာပြီး၊ ပေ တစ်သောင်း ရှည်သော မြွေ ကိုးကောင် အဖြစ် ထင်ရှား လာသည်။
အဆုံးတွင် ခေါင်း ကိုးလုံးပါ ရက်စက် ကြမ်းကြုတ်သည့် သားရဲကြီး အသွင် ဖြစ်ပေါ် လာတော့၏။
၎င်းသည် နတ်နဂါးများ၊ ခေါင်းကိုး လုံး ဟိုက်ဒရာ များနှင့် ယှဉ်နိုင်သော ရှေးခေတ် မကောင်း ဆိုးရွား ဖြစ်သည်။
(Hydra = မြွေ ဘီလူးများ။)
လျှပ်စီး မြွေဦးခေါင်း ကိုးလုံးက လင်းယွန်အား စူးစူး ဝါးဝါး စိုက်ကြည့် လာ၏။
“ ဒါက နောက်ဆုံး ဒုက္ခပဲ။ ”
လင်းယွန် မျက်လုံးများ မှေးစင်း သွား၏။ ကြောက်ရွံ့မှု အရိပ် အယောင်မျှ မတွေ့ ရချေ။ လှည့်လည် ကာကွယ် ပေးနေသော နဂါး (၂) ကောင်က ဒေါသတကြီး အော်ဟစ် လာ၏။
ထိုစဉ် မိုးကြိုး လိပ်နက် ဧကရာဇ် ချန်ထားသော ရောင်ဝါမှ ဟိုက်ဒရာ ကြီးကို စိန် ခေါ်ရန် ခေါင်းပြူ လာသည်။
ဟိုက်ဒရာမှာ ကြောက်စရာ ကောင်းလွန်း သဖြင့်၊ လင်းယွန် ခြေထောက်မှာ တဆတ်ဆတ် တုန်လာသည်။
သို့သော် ထိုဖိအား အောက်၌၊ ဓား ရည်ရွယ်ချက်မှာ ခေါင်းထောင် လာလေသည်။ ၎င်းက နောက်ဆုံး အတား အဆီးထံ တရွေ့ရွေ့ ဖြတ်ကျော် လာ၏။
“ ဖျစ် ... ။ ”
ခေါင်းကိုးလုံး ဟိုက်ဒရာက သူ့ထံ တိုးဝင် လာချိန်၌၊ မခုခံ နိုင်တော့ဘဲ၊ ခန္ဓာကိုယ် အငွေ့ပျံ သွားလေသည်။
အဆုံးတွင် အသွေး အသားများ ပျောက်ကွယ် နေသော အရိုးစု အဖြစ်သာ ကျန်ရှိခဲ့ တော့၏။
သို့သော် ထိုအရိုးစုပင်၊ တဖြည်းဖြည်း အက်ကွဲ လာကာ၊ ပြာပုံ အဖြစ်သို့ လျော့ကျ သွားသည်။
“ ဂါး ... ။ ”
ခေါင်းကိုးလုံး ဟိုက်ဒရာသည် အချိန် အတော် ကြာအောင် သူ့ခန္ဓာ ကိုယ်ကို ဖျက်ဆီး နေသည်။
အနက်ရောင် မိုးကြိုး ဧကရာဇ် ချန်ရစ် ခဲ့သော ရောင်ဝါမှ မီးလျှံ ကိုးပါး ထတောက် လာသည်။
ခေါင်းကိုးလုံး ဟိုက်ဒရာမှာ၊ စိတ်တိုင်းကျ ဖျက်ဆီးနေဆဲ ဖြစ်သည်။ အဆုံး၌ ပြာပုံ အတွင်း တောက်လောင် နေသော မီးတောက် ကိုးပါးသာ ကျန်ရှိ တော့၏။
မီးတောက် များက မြင့်မြတ်သော ရောင်ဝါနှင့် အတူ၊ ပတ်ဝန်းကျင်ရှိ သွေးမြူ များကို ပြန်လည် စုပ်ယူ နေသည်။
ဤဖြစ်စဉ်မှာ အချိန်အတော် ကြာအောင် ဖြစ်ပျက် နေ၏။ အဆုံးတွင် ရောင်စဉ် ကိုးသွယ် မြင့်မြတ်သော မီးတောက် များက၊ သူ့ခန္ဓာကိုယ် အသစ်အား ပြန်လည် မွေးဖွား ပေးလာသည်။
မြေပြင် ပေါ်ရှိ ပြာကျ နေသော ခန္ဓာကိုယ် အဟောင်း နေရာ၌ ခန္ဓာကိုယ် အသစ် ဖြစ်ပေါ် လာ၏။
( ဘာတွေ ဖြစ်နေ တာလဲ။ )
လင်းယွန်က သူ့ခန္ဓာ ကိုယ်ကို စစ်ဆေး ကြည့်မိသည်။ ခန္ဓာကိုယ် အသစ်မှာ လင်းယွန် ပြန်ဖြစ် သွား၏။
လက်ဖဝါးက ဖြန့်လိုက် ချိန်၌၊ သွေးကြောများ တစ်လျှောက် ပျံ့နှံ့ နေသည့်၊ စွမ်းအားကို ခံစား လိုက်ရသည်။
လျှပ်စီး မီးတောက် ကိုးမျိုးက ခန္ဓာကိုယ် အတွင်း၊ ထောင့် ကိုးနေရာ၌ ကိန်းဝပ် နေသည်။ ၎င်းမှာ မိုးကြိုး လိပ်နက် ဧကရာဇ် ချန်ရစ် ခဲ့သော အုတ်မြစ် ဖြစ်၏။
ခေါင်းကိုးလုံး ဟိုက်ဒရာ ကြီးနှင့် မြင့်မြတ်သော မီးတောက် ကိုးပါး၊ ပေါင်းစပ် သွားခြင်း ဖြစ်ချေပြီ။
ဤကျေးဇူး တရားသည် အနည်းငယ် များပြား ပေသည်။ အတွေး တစ်ချက်ဖြင့် ခရမ်း ရွှေရောင်နှင့် ကျောက်စိမ်းပြာ နဂါးရူရ် များကို ဆင့်ခေါ် လိုက်၏။
အရေ အတွက်မှာ တစ်သိန်း ရှစ်သောင်း အထိ ရောက်ရှိ လာ၏။ ထို့ကြောင့် မျက်ခုံး ပင့်မိ သွားသည်။
နဂါး သွေးလွှတ်ကြော တိုင်း၏ အရွယ် အစားမှာ၊ မီတာ (၃၀၀၀၀) အထိ ရှည်လာတော့ ၏။ ပြာပုံ အတွင်းမှ သိုလှောင်အိတ်ကို ကောက် ယူပြီး၊ အဝတ် အစား ဝတ်ဆင်ကာ၊ ခန္ဓာ ကိုယ်အား ဆက်၍ စစ်ဆေး မိ၏။
သူတော်စင် ခန္ဓာကိုယ် နှစ်ခုမှာ ယခင် ကထက် ပိုမို အားကောင်း နေသည်။ ဒီမီဂေါ့ ဝိုင် မှ အာနိသင် အချို့ ကျန်ရှိ နေသေး၏။ လောက နိယာမ နယ်ပယ်သို့ တက်ရောက်ရန် လုံလောက် သည်။
“ ရွှပ် ... ။ ”
ရုတ်တရက် နတ်ဘုရား ပုံရိပ်ယောင် ဓားအား ထုတ်လွှတ် လိုက်ရာ၊ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ယင် လာ၏။
လေဟာနယ် အတွင်း၊ ပြီးပြည့် စုံသော ကောင်းကင် အမိုးဓား ဖြင့် ပြည့်နှက် သွား၏။ မယုံ နိုင်ဖွယ် ဖြစ်လေသည်။ စိတ် လှုပ်ရှား ခြင်းမှာ အနှိုင်းမဲ့၏။
ဤမျှသော အချိန် အနည်းငယ် အတွင်း ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ သွားခြင်း ဖြစ်ချေပြီ။
လက်ရှိ ခွန်အားဖြင့်၊ ခရမ်း ရွှေရောင် နဂါး သရဖူ မသုံးလျှင်ပင်၊ ဘဝ အဆင့် ကျွမ်းကျင်သူ များကို အနိုင်ယူရန်၊ ယုံကြည်မှု ရှိလာသည်။
“ ငါ့ရဲ့ ကျင့်ကြံမှုကို တည်ငြိမ်အောင် အရင် လုပ်ရမယ်။ ”
တင်ပျဉ်ခွေချိတ် ထိုင်လိုက်သည်။ မူလ အသွင် အပြင်သို့ ပြန်လည် ရောက်ရှိ သွားပြီးရာ၊ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားက၊ ပို၍ မှော်ဆန် လာ၏။
ခရမ်းရောင် နန်းတော် အတွင်း နဂါး မြစ် ကျယ်လာပြီး၊ ကြောက်မက်ဖွယ် စွမ်းအားများ သိပ်သည်း လာသည်။
ခန္ဓာကိုယ် အတွင်းရှိ လျှပ်စီး မီးတောက် ကိုးပါးကို ထိန်းချုပ် လိုသည်။ ၎င်းကို ထိန်းချုပ် နိုင်က၊ ခွန်အားမှာ ကြီးစွာ မြှင့်တက် လာပေမည်။
လူသား တို့သည်၊ ၎င်းတို့၏ လုပ်ကိုင်နိုင် စွမ်းထက် ကျော်လွန်သည့်၊ ခွန်အားမျိုး ပိုင်ဆိုင် လာ ပါက၊ ဆိုးရွားသော အကျိုး ဆက်များ ခံစားရ ပေမည်။
လူကောင်း များပင် လူဆိုး ဖြစ်နိုင်၏။ များ မကြာမီ လျှပ်စီး မီးတောက် ကိုးပါးကို၊ အပြည့် အဝ ထိန်းချုပ် လာနိုင် ခဲ့သည်။
***